← Chapters

အခန်း ၉၉၄

Vol. 67 Ch. 994

အခန်း ၉၉၄

Vol. 67 Ch. 994

အခန်း (၉၄၄) ကောင်းကင်ဓား အင်မော်တယ်ဧကရာဇ်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ၏နောက်ကွယ်တွင် မည်သည့်အချိန် ကတည်း က ပေါ်လာနေမှန်းမိသော ဤမျက်နှာကို ကြည့်ပြီး ပြင်းထန်သော ကြောက်ရွံ့မှုက သူ၏ နှလုံးသားထဲတွင် ပျံ့နှံ့လာခဲ့ပါသည်။

ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို မည်သို့ရှောင်တိမ်းသွားခဲ့သည်ကို သူ မသိရှိသလို၊ သူ၏ နောက်ကွယ်မှာ သူသတိထားနိုင်းစွမ်းမရှိဘဲ ထူးထူးခြားခြား ပေါ်ထွက်လာနိုင်ပုံကိုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။

တည်နေရာရွေ့ပြောင်းလား…?

မဖြစ်နိုင်ဘူး။ သူ၏ တိုက်ခိုက်မှုများသည် အနီးနားရှိ လေဟာနယ်ကိုပင် ပြိုကျစေသည့် အရိပ်ယောင်များ ပြသနေပါပြီ။ အကယ်၍၊ ယခုလိုအခြေအနေမျိုးမှာ တည်နေရာ ရွေ့ပြောင်းခြင်းကို အတင်းအကျပ် အသုံးပြုခဲ့မည်ဆိုလျှင်၊ သူသည် လေဟာနယ်မုန်တိုင်း ထဲသို့ ဆွဲငင်ခံရမည်မှာ သေချာပါသည်။ ထို့အပြင်၊ သူသည် လေဟာနယ်စွမ်းအင် အတက်အကျလှိုင်း အနည်းငယ်မျှကိုပင် လုံးဝ မခံစားခဲ့ရပါ။ ထို့ကြောင့် ချင်ယွင်သည် တည်နေရာရွေ့ပြောင်းခြင်းကို အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။

တည်နေရာ ရွှေ့ပြောင်းခြင်း မဟုတ်ဘူးလား?။ ဒါဆို ချင်ယွင်က သူ၏တိုက်ခိုက်မှုကနေ နောက်တစ်ကြိမ် လွတ်မြောက်နိုင်ပါ့မလား?။ အင်မော်တယ် ဧကရာဇ် ယန်လျူသည် ဝေခွဲမရ ဖြစ်သွားရသည်။

အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်လိုက်ရ သည့်အခါ, ချင်ယွင်က မထင်မရှား အပြုံးကို ထုတ်ဖော်လိုက်သည်။

“ဘုန်း..”။

လက်သီးက ချက်ချင်း ပေါက်ကွဲသွားပြီး အင်မော်တယ် ဧကရာဇ် ယန်လျူ၏ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားသည်။ အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ဝမ်းဗိုက်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု တိုက်ရိုက် ပေါက်ကွဲသွားသည်။ ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်ပင်လျှင် ထိုကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“ဖူး….”။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချောင်းတစ်ချက်ဆိုးပြီး ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏မျက်လုံးများက ပြူးထွက်ပေါ်လာပြီး, သူ၏မျက်လုံးများသည် သွေးများဖြင့် ပြည့်နှက်နေသည်။ သူ၏ နဂိုကမှ ပိန်ချောင်ချောင် အားနည်းသော မျက်နှာသည် ယခုအခါ အလွန်မင်း သွေးဆာရက်စက်သည့်ပုံ ပေါက်နေသည်။

"ဘာကြောင့်လဲ...ဘာကြောင့်လဲ?" အင်မော်တယ် ဧကရာဇ် ယန်လျူသည် အလွန်မင်း မကျေနပ်သည့် အသံဖြင့် အော်ဟစ်လိုက်ပြီး သူ၏လေသံက သံသယများဖြင့် ပြည့်နှက်နေသည်။

"သိချင်လား?" ချင်ယွင် ရယ်မောလိုက်သည်။

သို့သော် ,အင်မော်တယ် ဧကရာဇ် ယန်လျူသည် ခေါင်းမညိတ်နိုင်ခင်, ချင်ယွင်၏ လက်သီးက အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ဘယ်ဘက်မျက်နှာကို ထိုးဖောက် ဝင်ရောက်သွားသည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည် ကို ခံစားလိုက်ရသည်။ သူ၏ပါးစပ်မှ သွားများနှင့် ဦးခေါင်းခွံက ချက်ခြင်း ပေါက်ကွဲသွား ကာ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကြောင့် အင်မော်တယ် ဧကရာဇ် ယန်လျူ သည် ချက်ချင်းပင် မှင်သေသေဖြစ်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့် အင်မော်တယ် ဧကရာဇ်များနှင့်ပင် ယှဉ်ပြိုင်ရန် လုံလောက်ပါသည်။ အကယ်၍၊ သူ၏လက်ထဲမှာ ကျန်ရှိနေသည့် လုပ်ဆောင်ရမည့်အခန်းကဏ္ဍကြောင့်သာ၊ မဟုတ်ပါက, အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ဦးခေါင်းတစ်ခုလုံးကို လက်သီးတစ်ချက်ဖြင့်ပင် ဖြိုခွဲပစ်ရန် လုံလောက်ပါလိမ့်မည်။

"ဘာ့ကြောင့်လဲဆိုတာ ကျုပ် ပြောပြမယ်။ ခင်ဗျားက ကျုပ်ရှေ့မှာ လက်သီးတစ်ချက်ကို တောင် ခံနိုင်ရည်မရှိလို့ပေါ့.." ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။

တကယ်တော့၊ အစောပိုင်းက သူ အင်မော်တယ် ဧကရာဇ်ယန်လျူ၏ တိုက်ခိုက်ခြင်းကနေ ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကတော့ သူသည် တယ်လီပို့စနစ် သို့မဟုတ်၊ ကနဦးစကြာဝဠာ၏စွမ်းအား မည်သည့်အရာကြောင့်မျှ မဟုတ်ဘဲ၊ ထိုအချိန်တွင် သူသည် သူ၏အမြန်နှုန်းကို အလွန်မင်း မြန်ဆန်စေရန် လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည် ကောင်းကင်တာအို ဉပဒေသကို သူ၏ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ပြင်းစွာ သွန်းလောင်း ထည့်လိုက်ခြင်း ဖြစ်သည်။ နတ်နဂါးကျောက်စိမ်း တံဆိပ်ကိုပါ ပေါင်းထည့်ခြင်းဖြင့်၊ သူ၏ အရှိန်ဟုန်သည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိသွားသည်ဟု ဆိုနိုင်ပါသည်။

ယန်လျူ ခုတ်ပိုင်းပြီး သူ့ကို တိုက်ခိုက်လိုက်သည့် ပုဆိန်က သူ၏ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။ အမှန်တော့ သူသည် ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ ဟုတ်ပါသည်။ ချင်ယွင်သည် ဤအကြောင်းတွေကို အင်မော်တယ် ဧကရာဇ် ယန်လျူအား ရှင်းပြမှာ မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော်, သဘာဝအတိုင်း ရှင်းပြနေစရာ မလိုအပ်သော ကြောင့် ဖြစ်ပါသည်။

ဘန်း…။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူ၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များသည် အမျက်ဒေါသကြောင့် ပွင့်ထွက်သွားခဲ့သည်။ သူ၏နှလုံးသားထဲတွင် ကြီးမားသော အမျက်ဒေါသက အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ ချက်ချင်းပင်၊ အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်က ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင်ရှိသော ဧရာမ ပုဆိန်ကြီးသည် သွေးရောင်ပုံရိပ်ကြီးကဲ့သို့ ချင်ယွင်ဘက်သို့ လျင်မြန်စွာ ခုတ်ပိုင်းလာပါ သည်။

"ဟမ့်၊ ခင်ဗျားက ဒီလိုမကောင်းဆိုးဝါး လက်နက်တစ်ခုကို သန့်စင်ဖို့အတွက် အသက်ပေါင်း ၁၀ ဘီလီယံလောက်ကို အသုံးပြုခဲ့တယ်။ ဒီနေ့တော့ အဲဒီလက်နက်ကို ကျုပ် ဖြိုခွဲပစ်လိုက်မယ်။" ချင်ယွင်သည် ဤသွေးစွန်းနေသော အလင်းရောင်ကို မြင်သော အခါ ဒေါသက သူ၏မျက်လုံးထဲသို တိုးဝင်လာခဲ့သည်။

ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်ပြီး အနှိုင်းမဲ့ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခုက သူ၏လက်ထဲသို့ တိုးဝင်လာခဲ့သည်။ လက်ဖဝါးတစ်ခုလုံးကို ကြောက်မက်ဖွယ် အနက်ရောင်လျှပ်စီးများဖြင့် ဖုံးလွှမ်းထားသည်။

ချွင်…။

ချင်ယွင်သည် သွေးနီရောင် ပုဆိန်ကို ပြင်းထန်စွာ လှုပ်ခါနိုင်ရန် သူ၏လက်ဖဝါးကို တိုက်ရိုက် အသုံးပြုခဲ့သည်။ အက်ကွဲသံနှင့်အတူ ချင်ယွင်၏ အပြင်းအထန် တိုက်ခိုက်မူ အောက်တွင် သွေးနီရောင်ပုဆိန်သည် ပေါက်ကွဲသွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ကုန်ကျစရိတ် ကြီးမားစွာဖြင့် သန့်စင်ထားသော သူ၏သွေးနီရောင် ပုဆိန်သည် ချင်ယွင်၏ လက်ဗလာ တိုက်ခိုက်မူကြောင့် ကွဲကြေသွားခဲ့သည်။

"ဟမ့်၊ ခင်ဗျားသွားရမယ့်လမ်းကို လိုက်ပို့ဖို့ အချိန်ရောက်ပြီ" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင်လျှပ်စီး လက်ဖဝါးက အင်မော်တယ် ဧကရာဇ် ယန်လျူ၏ နှလုံးသားဆီသို့ တစ်ဖန် ထိုးစိုက်သွားပြန်သည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်သွားခဲ့သည်။ အကယ်၍၊ ချင်ယွင်၏ လက်ဖဝါးသည် သူ၏နှလုံးသားကို အမှန်တကယ် ထိမိသွားပါက၊ သူသည် အသက်ရှင်ရန် လမ်းမရှိတော့သည်မှာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော်, သူသည် လျှပ်စီးကြောင်းအတွင်းပါရှိသော ပြင်းထန်သည့် အဖျက်စွမ်းအားကို ခံစားနိုင် သောကြောင့်ဖြစ်ပါသည်။

"ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၊ ငါ့ကို ကယ်ပါဦး.." ထိုအချိန်တွင် အင်မော်တယ် ဧကရာဇ် ယန်လျူက ကောင်းကင်ယံကိုမော့ကာ အော်ဟစ်လိုက်သည်။

ရုတ်တရက် ထက်ရှသောဓားတစ်ချောင်းသည် ကောင်းကင်ယံမှ ချင်ယွင်ဆီသို့ ပျံသန်းသွားပြီး၊ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းနှင့်အတူ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလာပါသည်။

ချင်ယွင်၏ အမူအရာက ပြောင်းသွားသည်။ သူသည် အင်မော်တယ် ဧကရာဇ် ယန်လျူအား တိုက်ခိုက်မည့်အခွင့်ရေးကို စွန့်လွှတ်ရန်တပါး ရွေးချယ်စရာမရှိတော့ဘဲ နောက်သို့ အလျင်အမြန် ပျံသန်းသွားခဲ့ရသည်။

ဝှီး….။

သို့သော်လည်း ထိုဓားပျံသည် ဤဓားအောက်တွင် ချင်ယွင်ကို လုံးလုံးလျားလျား ခုတ်ပိုင်း လိုသည့်အလား အမှန်တကယ်ပင် ချင်ယွင်၏နောက်သို့ လိုက်ပါပျံသန်းသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် အမျက်ဒေါသနှင့်အတူ ချက်ချင်းပင် တောက်ပလာသည်။ မြူနှင်းချောက်ဓားက သူ၏လက်ထဲတွင် ပေါ်လာသည်။

ချွင်…။

ချင်ယွင်သည် သူ၏ဓားဖြင့် ချက်ချင်းဆိုသလို ပြင်းပြင်ထန်ထန် တိုက်ခိုက်လိုက်ပြီး၊ ကောင်းကင်ယံမှ ပျံသန်းလာနေသော ဓားကို တိုက်ထုတ်လိုက်သည်။

ဘန်း…။

အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ရှေ့တွင် ချင်ယွင်ကြောင့် လွင့်ပျံသွားသော ဓားကို ဖမ်းဆွဲထားသည့် ရုပ်အသွင်တစ်ခု ပေါ်လာပါသည်။

ဤလူသည် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ဟု လူသိများသည့် ဟူထန်းမှ လွဲ၍ အခြားလူ မဟုတ်ပါချေ။

ချင်ယွင်လည်း ရောက်ရှိလာသည့် လူကို သတိကြီးစွာထားပြီး ဂရုတစိုက် ကြည့်ရူလိုက် သည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် တစ်စုံတစ်ဦးက ဝင်ရောက်စွက်ဖက်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့အပြင် ရောက်ရှိလာသူမှာ ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေသည်။

သူသည် အင်မော်တယ် ဧကရာဇ် ယန်လျူကို သတ်ဖြတ်ပြီး အရိုးအဆိပ် ဖြေဆေးကို ရယူနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

"ဘေးကို ဖယ်လိုက်ပါ" ချင်ယွင်က ဟူထန်းကို အေးစက်စွာ ပြောသည်။ ယနေ့တွင် အင်မော်တယ် ဧကရာဇ် ယန်လျူသည် သေကိုသေရလိမ့်မည်။

"ဟင့်၊ ချင်ယွင်၊ မင်းက ငါတို့ကောင်းကင်ရေ နန်းတော်ရဲ့ ပိုင်နက်ထဲမှာ တစ်စုံတစ်ယောက် ကို သတ်ဖြတ်ချင်နေတယ်။ မင်းက ငါ့တို့ကောင်းကင်ရေနန်းတော်ရဲ့ သဘောထားကိုရော မေးဖူးလား?။" အင်မော်တယ် ဧကရာဇ် ဟူထန်းက မဆိုင်းမတွ ပြောလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင် စူးရှသော အငွေ့အသက်တစ်ခုက ပျံ့နှံ့လာခဲ့ပြီး အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားက ကီလိုမီတာ ထောင်ပေါင်းများစွာအထိ လွင့်ပျံသွားခဲ့သည်။

ဟူထန်းကို ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ဟု လူသိများသည်။ သူက ကြွားဝါးတတ်သူ တစ်ယောက်မဟုတ်ပေ။ တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးမှာပင် သူ၏ဓားသိုင်းပညာက ထိပ်တန်းသုံးယောက်စာရင်းမှာ သေချာပေါက် ဝင်ပါသည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဓားအငွေ့အသက် သည် တစ်ကမ္ဘာလုံး တုန်လှုပ်သွားစေသည်။

"ဒါဆို ခင်ဗျားက ကျုပ်ကို ခွင့်မပြုဘူးပေါ့" ချင်ယွင်၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။

"အင်မော်တယ် ဧကရာဇ် ယန်လျူက ငါတို့ကောင်းကင်ရေ နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်။ သူ့ကို ရင်ဆိုင်ဖို့ မင်းအလှည့် မရောက်သေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ တကယ်လို့၊ ဒီနေ့ မင်းသာ သခင်လေးရဲ့ အင်မော်တယ် စိတ်ဝိညာဉ်နဲ့ ရှေးဟောင် ဖရိုဖရဲ ရတနာတွေကို လွှဲပြောင်းမပေးဘူးဆိုရင်, မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”။ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူ၏လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သူ၏လက်ထဲမှ ဓားက အလွန်မင်း ပြင်းထန်သည့် ဓားအော်သံကို ချက်ချင်း ထုတ်လွှတ် လိုက်သည်။

ဓားအော်သံသည် ကီလိုမီတာ ထောင်ပေါင်းများစွာအထိတိုင် ကျယ်လောင်သည်။

"ကောင်းပြီလေ၊ ခင်ဗျားက အင်မော်တယ် ဧကရာဇ် ယန်လျူကို လွှဲပြောင်းပေးဖို့ ငြင်းဆန်မှတော့, ဒီနေ့ ကျုပ်ကိုယ်တိုင် လုပ်ရတော့မှာပေါ့။ ကျုပ်ကို တားဆီးရဲတဲ့ ဘယ်သူ့ကိုမဆို ကျုပ် သတ်ပစ်မယ်။ ခင်ဗျားရဲ့ ကောင်းကင်ရေနန်းတော်က ကျုပ်ကို တားရဲရင် ခင်ဗျားရဲ့ ကောင်းကင်ရေ နန်းတော်ကို ကျုပ် ဖျက်ဆီးပစ်မယ်။" ချင်ယွင်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ၏အသံက အကန့်အသတ်မဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို သယ်ဆောင်လာသည်။

"မောက်မာပြီးရင်း မောက်မာနေပါလား။ မင်းကများ ငါ့ရဲ့ ကောင်းကင်ရေ နန်းတော်ကို ဖျက်ဆီးချင်သေးတာလား?။ ငါ့ဓားချက်ကနေ ရှင်သန်နိုင်ပါ့မလား?" ဟူထန်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် ချင်ယွင်၏ ကြီးကျယ်သော စကားများကို အထင်မြင်သေးသည်မှာ ထင်ရှားပါသည်။

ကောင်းကင်ရေ နန်းတော်သည် အလွန်ကြီးမားသော အင်အားစုကြီးတစ်ခု ဖြစ်ပါသည်၊ အင်မော်တယ် ဧကရာဇ်တစ်ပါးက ထိုသို့ပြောလိုက်ရုံဖြင့် ၎င်းကို မည်သို့ လှုပ်ခါနိုင်မည် နည်း?။ ထို့ကြောင့် ဟူထန်းသည် ချင်ယွင်က ကြွားဝါနေသည်ဟုသာ ခံစားခဲ့ရသည်။

ဘန်း…။

ဟူထန်း၏လက်ထဲမှ အင်မော်တယ်ဓားက နောက်ထပ် တုန်လှုပ်အသံတစ်ချက် ထုတ်လွှတ်လိုက်ပြီး ချင်ယွင်ဆီကို ခုတ်ပိုင်းပါတော့မည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို ကြည့်နေရင်း သူ၏မျက်လုံးထဲတွင် အေးစက်မူ အရိပ်ယောင်က လင်းလက်သွားခဲ့သည် သူက အေးစက်စွာ ပြောလိုက်သည် "ခင်ဗျားက ကျုပ်ကို မယုံကြည်တဲ့အတွက် ခင်ဗျား အရင်စလိုက်ရပါ"။

ထိုစကားကို ပြောပြီးနောက်၊ ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ စူးရှသော အငွေ့အသက်က ပတ်ဝန်းကျင်ကို ဖြတ်ကျော်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖြတ်သန်းသွားခဲ့သည်။

All Chapters