← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း (၉၉၅) ယန်လျူကို သတ်ဖြတ်ခြင်း။

ချွင်…။

ချင်ယွင်နှင့် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်တို့ နှစ်ယောက်စလုံးသည် ပြေးထွက်လာကြပြီး၊ ချက်ချင်းဆိုသလို သူတို့၏ဓားတွေက တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရင်ဆိုင်မိကြသည်။

ကြောက်စရာကောင်းသော ဓားချီသည် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး၊ ပတ်ဝန်းကျင်မှာ မိုးရွာသွန်းသကဲ့သို့ ဓားချီအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ဓားချီ အပိုင်းအစများ ကျရောက်သွားသည့် နေရာတိုင်းတွင် အပျက်အစီးများ ဖြစ်သွားပါသည်။

ချင်ယွင်သည် ရှုံးနိမ့်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တဟုန်ထိုး ပျံ့နှံ့လာသည့် ဓားချီကြောင့် လွင့်ပျံသွားရကာ၊ သူ၏ခန္ဓာကိုယ်သည် နောက်သို့ အလျင်အမြန် ပြန်ဆုတ် လိုက်ရသည်။

ဟူထန်းသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထို့အပြင်၊ သူ၏ဓားသိုင်းပညာရပ်၌ အောင်မြင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်၊ ထို့ကြောင့် ချင်ယွင်၏ ဓားသည် ဟူထန်း၏ ဓားနှင့် ထိတွေ့သောအခါတွင် ဓားမှတ်တဆင့် တိုးဝင်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် လွင့်ပျံသွားခဲ့ရသည်။

ချင်ယွင်၏ ပုံရိပ်သည် ဆက်လက်ဆုတ်ခွာသွားခဲ့ပြီး၊ သူ၏ မျက်လုံးများထဲတွင် လွင့်မျောကျွန်းများကို အဆက်မပြတ် ဖြတ်ကျော်သွားခဲ့သည်။

"ဟမ့်၊ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။ ဒီနေ့ ငါ့ရှေ့မှာ ဓားနဲ့လာကစားတာက ဘယ်လောက် မိုက်မဲလဲဆိုတာ မင်းကို ငါ ပြောပြမယ်" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က သူ၏ဓားဖြင့် ခုတ်ပိုင်းရင်း အထင်သေးစွာ ပြောလိုက်သည်။

ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော သတ္တုစွမ်းရည် ထက်ရှမူ ကောင်းကင်တာအို ဉပဒေသများ ပါဝင်နေသည့် ဓားအလင်းတစ်ခုက ချင်ယွင်ဆီသို့ ပျံ့လွင့်သွားခဲ့သည်။

ဤဓားအလင်းသည် ရောင်စုံ‌ရွှေရောင်အလင်းတန်းကဲ့သို့ ဝင်းလက်စွာ တောက်ပနေပြီး၊ ၎င်းတွင်ပါရှိသော စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်မော်တယ် ဧကရာဇ် ယန်လျူ၏ မျက်လုံးများ သည် အံ့အားသင့်ဟန် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

"ဟမ့်၊ ချင်ယွင် မင်းကို မောက်မာနိုင်ဦးမလား ငါ ကြည့်ဦးမယ်”။ အင်မော်တယ် ဧကရာဇ် ဟူထန်းရဲ့ ဓားချက်အောက်မှာ မင်း ဘယ်လို ကြေကွဲဝမ်းနည်းဖွယ် သေဆုံးသွားမလဲဆို တာ ငါ မြင်ချင်မိတယ်" အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချင်ယွင်ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ပြီး တဟားဟား ရယ်မောလိုက်သည်။

သူ၏အမြင်အရဆို၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ဓားသိုင်းပညာရပ်ကို အကောင်ထည်ဖော်ရန်အတွက် ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုခဲ့သည်။ သာမန် ကောင်းကင်တာအိုနယ်ပယ် နဝမအဆင့် အင်မော်တယ် ဧကရာဇ်များပင်လျှင် သေမင်းနှုတ်ခမ်းဝကနေ အသည်းအသန် ဆုတ်ခွာရပေမည်။ ဤချင်ယွင်သည် ဟူထန်းနှင့် တိုက်ခိုက်မှတော့ သေရုံသာ ရှိပါလိမ့်မည်။ ထို့ကြောင့်, ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် အလောင်းဖြစ်နေပါပြီ။

ချင်ယွင်သည် ကောင်းကင်ယံမှ အဆုံးမရှိ ထက်ရှိသော အလင်းတန်းများ ထုတ်လွှတ်သော ရွှေဓားရောင်ခြည်စက်ဝန်းကို ကြည့်ရင်း၊ သူ၏မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင် ပေါ်လာသည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ အစွမ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည်ကို ပေါင်းစပ်အသုံးပြုစဉ်မှာပင် ဤလူကို ရင်ဆိုင်ရန် မဖြစ်နိုင်ခဲ့ပေ။ ယင်းအစား သူသည် လွင့်ပျံသွားခဲ့ရပြီး ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရပါသည်။ ဤအရာက ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။

"ကြည့်ရတာ ငါကြည်လင်ကောင်းကင်ဓားကိုပဲ သုံးနိုင်မယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။

ထိုသို့ပြောပြီးနောက် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ပျောက်ကွယ်သွားကာ ရှေးဟောင်း ကြည်လင်ကောင်းကင်ဓားဖြင့် အစားထိုးလိုက်ပါသည်။

ကြည်လင်ကောင်းကင်ဓား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်း သော ဓားအစွမ်းသည် ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လှုပ်ယမ်းသွားပါသည်။ ရောက်ရှိနေသည့် လူတိုင်း ကြည်လင်ကောင်းကင်ဓားမှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားနိုင်သည်။

ကမ္ဘာပေါ်တွင် နံပါတ်တစ်ဓားဖြစ်သော ကြည်လင်ကောင်းကင်ဓားသည် သဘာဝအားဖြင့် ကိုယ်ပိုင် လွှမ်းမိုးကြီးစိုးနိုင်စွမ်း ရှိပါသည်။

ဘန်း…။

ချင်ယွင်သည် သူ၏ဓားဖြင့် ချက်ချင်း တိုက်ခိုက်လိုက်ပြီး ကောင်းကင်ယံမှ ရွှေရောင် ဓားရောင်ခြည်အလင်းတန်းကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်လည်း အနည်းငယ် အံ့အားသင့်သွားကာ ချင်ယွင်၏ လက်ထဲက ကြည်လင်ကောင်းကင်ဓားကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများ သည် အလွန်မင်း လောင်ကျွမ်းနေသည့် အမူအရာကို ပေါ်လွင်စေပါသည်။

ကြည်လင်ကောင်းကင်ဓားသည် ဓားသမားတိုင်း အိပ်မက်မက်ခဲ့ရသော ဓားတစ်လက် ဖြစ်ပါသည်။ ဟွမ်ထန်းလုံက ၎င်းကို သိမ်းပိုက်သွားပြီးကတည်းက ၎င်းသည် သေမျိုးကမ္ဘာ သို့ ရောက်သွားခဲ့ပြီး၊ နှစ်ပေါင်းထောင်ချီ၍ ထွက်ပေါ်မလာခဲ့ပေ။ လူတိုင်းသည် ၎င်း၏ ဒဏ္ဍာရီကိုပင် မေ့လျော့သွားကြသည်။

သို့သော်၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်တော့ မတူပါချေ။ သူသည် ငယ်စဉ်က တည်းက ကြည်လင်ကောင်းကင်ဓား၏ ဒဏ္ဍာရီများကို ကြားဖူးခဲ့ပြီး၊ တစ်နေ့တွင် ကြည်လင်ကောင်းကင်ဓားကို ထိန်းချုပ်နိုင်ရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့ဖူးသည်။

အခု ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို ထုတ်ဖော်လိုက်သည်ကို မြင်လိုက်ရ သည့်အခါ၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း?။

"ကြည်လင်ကောင်းကင်ဓားက မင်းလက်ထဲမှာ တကယ်ရှိနေတာပဲ။ ကြည့်ရတာ, မင်းက ကြည်လင်ကောင်းကင်ဓားကို သူ့ရဲ့ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဆောင်ထား ပြီးပုံပဲ”။ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က ချင်ယွင်ကိုကြည့်ကာ ပြောလိုက် သည်။ သူ၏မျက်လုံးထဲတွင် အလွန်အမင်း လိုချင်နေသည့် အမူအရာ ပေါ်လွင်နေပါသည် ။

ချင်ယွင်ကိုသတ်ပြီး ကြည်လင်ကောင်းကင်ဓားကို သိမ်းပိုက်ရမည်ဟု သူ၏ရင်ထဲမှာ အသံတစ်ခုက သူ့ကိုယ့်သူ ပြောလိုက်သည်။

"မှန်ပါတယ်၊ ကြည်လင်ကောင်းကင်ဓားက ကျုပ်ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ် ပြုထားပြီးသား။ ဘာလဲ? ခင်ဗျား လိုချင်လို့လား?" ချင်ယွင်သည် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို ကြည့်ကာ ရယ်မောလိုက်သည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ဤစကားကို ကြားသောအခါ၊ သတ်ဖြတ် လိုသည့် အရိပ်အယောင်က သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူက အေးစက်စွာ ဟစ်အော်ရင်း ပြောလိုက်သည် "ဟမ့်၊ ကြည်လင်ကောင်းကင်ဓားက ကမ္ဘာမှာ နံပါတ်တစ် နတ်ဘုရား ဓားတစ်လက်ပဲ။ မင်းပိုင်ဆိုင်ဖို့ လုံးဝ မထိုက်တန်ဘူး။ အဲဒီဓားကို လွှဲပေးဖို့ ငါ မင်းကို အကြံပေးလိုက်မယ်။"

"ကျုပ်က မထိုက်တန်လား? ခင်ဗျားက မထိုက်တန်လား?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် အင်မော်တယ် ဧကရာဇ် ယန်လျူကဲ့သို့ သွေးဆာနေသူ မဟုတ်သော်လည်း သူသည် လူကောင်းမဟုတ်သည်မှာ သေချာပါသည်။ သူသည် လွန်စွာကြောက်စရာကောင်းသော ကြောင်သူတော်တစ်ယောက်ဟု ဆိုနိုင်သည်။

"ဒီကြည်လင်ကောင်းကင်ဓား မင်းလက်ထဲမှာရှိနေတာက ဓားကို စော်ကားမှုတစ်ခုပဲ။ ဒီနေ့ ငါ အဲဒီဓားကို ကယ်တင်ရမယ်။" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လေသံသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

ထိုစကားပြောပြီးသည်နှင့်, သူ၏လက်ထဲမှ ဓားက ကြောက်မက်ဖွယ်ကောင်းသည့် ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်ကာ, ပြင်းထန်သည့် သတ္တုစွမ်းရည် ကောင်းကင်တာအို စွမ်းအင် အတက်အကျလှိုင်းတွက ကောင်းကင်ယံတစ်ခုလုံးကို ပြည့်လျှံသွားစေပါသည်။

"သေလိုက်တော့..” ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏လက်ထဲတွင်ရှိသော ဓားသည် ပြင်းထန်သော ဓား အငွေ့အသက်ကို သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ခုတ်ပိုင်းလာခဲ့သည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်မှ စူးရှသော အငွေ့အသက်များ တဟုန်ထိုး မြင့်တက်လာ သည်ကို ကြည့်လိုက်သော်လည်း သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည် ပေါင်းစပ်ထားသော ကောင်းကင်တာအိုစွမ်းအားကို ကြည်လင်ကောင်းကင်ဓားထဲ့သို့ ချက်ချင်း ပေါင်းထည့်လိုက်သည် ။

ချွင်…။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ ဓားထိပ်ဖျားက ကြည်လင်ကောင်းကင်ဓား၏ ဓားသိုင်းပညာရပ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ ကောင်းကင်တာအို၏ ကြောက်စရာ ကောင်းသော စွမ်းအားသည် ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည့် ဧရာမတူကြီးနှင့် တူလေသည်။ ဓားရိုးမှတမှ တိုးဝင်လာသည့် ကြောက်မက်ဖွယ်ရာ တန်ပြန်စွမ်းအားသည် ချင်ယွင်၏ လက်ကို ထုံကျင်သွားစေခဲ့သည်။

သေချာသည်မှာ၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်လည်း အခြေအနေ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ချင်ယွင်၏ ကောင်းကင်တာအို စွမ်းအား ပေါင်းစပ်မှု သည် ကြည်လင်ကောင်းကင်ဓားထဲသို့ ဝင်ရောက်လာပြီးနောက် ပေါက်ကွဲထွက်လာသည်။ သူသည်လည်း ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို နောက်ပြန်ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့ကာ သူ၏ဓားပေါ်၌ အက်ကြောင်းတစ်ခုကိုပင် ချန်ထားနိုင်ခဲ့သည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် သူ့ဓားပေါ်ရှိ အက်ကြောင်းကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဓားသည် ထိပ်တန်းအဆင့် ရတနာတစ်ခု မဟုတ်သော်လည်း အနည်းဆုံး ရှေးဟောင်း ရတနာများထဲမှ တစ်ခု ဖြစ်သည်။ ၎င်း၏ မာကျောမှုသည် သာမန်အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းများ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်သည်မှာ သေချာပါသည်။

ယခုမူ၊ ဤဓားသည် ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားနှင့် အပြင်းအထန် တိုက်မိသွား ပြီးနောက် အက်ကြောင်းချက်တစ်ခု ပေါ်လာသည်။ ဤအရာက သူ့ကို မယုံကြည်နိုင်မူကို ခံစားရစေသည်။

သို့သော်၊ ၎င်းသည် ကြည်လင်ကောင်းကင်ဓား၏ စွမ်းအားကိုလည်း သက်သေပြရာ ရောက်ပြီး၊ ကြည်လင်ကောင်းကင်ဓားအတွက် သူ၏ဆန္ဒကို ပို၍ပင် ပြင်းထန်လာစေသည်။

"ဟမ့်၊ ငါ ဒီနေ့ ဒီကြည်လင်ကောင်းကင်ဓားကို ရအောင်ယူရမယ်။" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က အေးစက်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏လက်ထဲတွင် ရှိနေသော ဓားထံမှ စူးရှသော အငွေ့အသက်က တစ်ဖန် မြင့်တက်လာပြီးနောက် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ဆက်လက် ပြေးဝင်လိုက်ပြန် သည်။

သူသည် သူ၏အလိုလောဘကို လုံးလုံးလျားလျား အသက်သွင်းထားပြီး ဖြစ်သောကြောင့်၊ သူ၏စိတ်က သတ်ဖြတ်ဖို့ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ချင်ယွင်သည်လည်း သဘာဝအားဖြင့် အကျောခံလိုစိတ် မရှိပေ။ သူသည် ကောင်းကင် တာအိုစွမ်းအားကို ကြည်လင်ကောင်းကင်ဓားထဲသို့ ဆက်လက် ထည့်သွင်းလိုက်သည်။ လေနှင့်လျှပ်စီး စွမ်းအင်များက တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်​​ယောက်​ ​နောက်​တစ်​ကြိမ်​ တိုက်ခိုက်ကြပြီး၊ သူတို့၏ ဓားတွေက အဆက်​မပြတ်​ အပြင်းအထန် တွေ့ဆုံ​မိပြီး ဓားချီများ ပေါက်ကွဲထွက်နေသည်​။

အဝေးမှ လွင့်မျော ကျွန်းကြီးတစ်ခုတောင် သူတို့ နှစ်ယောက်တိုက်ခိုက်မူကြောင့် ထက်ခြမ်းကွဲသွားပြီး မူလကချည်နှောင်ထားသော သံကြိုးများလည်း တို့ဟူးကဲ့သို့ ပြတ်တောက်သွားပါသည်။

ဓားရောင်ခြည်အလင်းတန်းတွေက ကောင်းကင်ယံကို လွှမ်းခြုံနေပြီး၊ ဓားအော်သံတွေ ကြောင့် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေရင်း, သူ၏ မျက်လုံးများသည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ဟူထန်းနှင့် အမှန်တကယ် လက်ရည်တူ တိုက်ခိုက်နိုင်သည့်အထိ အလွန်အစွမ်းထက်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်ချိန်တည်းမှာပင်, သူသည် ချင်ယွင်၏လက်မှ လွတ်မြောက်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိနေသည်။

“ဖူး..”။

သို့သော် သူ၏စိတ်ထဲတွင် ဤအတွေးပေါ်လာစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတန်းတစ်ခုက သူ၏နောက်ကျောကို ဖြတ်ပိုင်းသွားခဲ့သည် ။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာများကို မယုံကြည်နိုင်စွာ ကြည့်နေပြီးနောက်, သူ၏နောက်ကွယ်မှ မျှော်လင့်မထားသော မျက်နှာကို လှည့်ကြည့်လိုက်ပါသည်။ ပြင်းထန်သော နောင်တတရားက သူ၏နှလုံးသားထဲ သို့ ချုပ်တည်းနိုင်စွမ်းကင်းမဲ့ပြီး တိုးဝင်လာခဲ့ပါသည်။

ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားက သူ၏လက်ထဲတွင် နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာကို ကိုင်ထားရင်း ရပ်နေပါသည်။ သူက အလယ်တဝက်ကနေ ခုတ်ပိုင်းခံလိုက်ရ သည့် အင်မော်တယ် ဧကရာဇ် ယန်လျူကို အေးစက်စွာကြည့်နေသည်။ သူ၏ မျက်လုံးထဲ တွင် စာနာစိတ် အလျဉ်းမရှိပါချေ။

All Chapters