← Chapters

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း (၉၉၆) ကောင်းကင်ဓား၏တန်ခိုးစွမ်းအား။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ယန်လျူသတ်ဖြတ်ခံရခြင်းမှ တားဆီးရန် သူ၏ ပျံသန်းနေသောဓားကို အသုံးပြုစဉ်ကတည်းက ချင်ယွင်သည် လျှပ်စီးစွမ်းရည် ကိုယ်ပွားကို လျှို့ဝှက်စွာ ခွဲထုတ်ထားခဲ့ပြီး ဖြစ်သည်။ အကြောင်းရင်းက ယန်လျူ အာရုံမစိုက်ဘဲ သတိလက်လွတ်ဖြစ်နေချိန်မှာ သတ်ဖြတ်နိုင်ရန် ဖြစ်ပါသည်။

ကောင်းကင်ရေ နန်းတော်တွင် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း သတိထားရမည်ဖြစ်ပြီး၊ ထိုကျွမ်းကျင်သူများစွာ၏ အကြည့်များအောက် တွင် အင်မော်တယ် ဧကရာဇ် ယန်လျူကို သတ်ဖြတ်ခြင်းသည် လွယ်ကူသော အလုပ် မဟုတ်ပေ။

ထို့ကြောင့် ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်နိုင်သည့် အခြေအနေမှ အခွင့်ကောင်းကိုသာ အရယူရခြင်း ဖြစ်ပါသည်။

ဤကြည်လင်ကောင်းကင်ဓားက ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို ဟန့်ထား နိုင်သည်။ အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ့အား ချင်ယွင်က တိုက်ခိုက် သတ်ဖြတ်နိုင်ခြင်း မရှိတော့ဟုထင်ပြီး သတိတရား ဖြေလျှော့လိုက်သည့် အခိုက်အတန့်ကို လျှပ်စီးစွမ်းရည်ကိုယ်ပွားက အခွင့်ကောင်းယူမည်။ ဤအရာက ချင်ယွင်၏ အစီအစဉ် ဖြစ်သည်။

ချင်ယွင်သည် ဤလှုပ်ရှားမှုကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး သူ ကြိုးစားလိုက်တိုင်း စိတ်မကျေနပ်စရာအဖြစ်မျိုး မရှိခဲ့ပေ။

ဤနတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာအတွက်မူ၊ သဘာဝအတိုင်း ၎င်းကို ချန်လန်နှင့် တိုက်ပွဲမှာ သူ ရရှိခဲ့ခြင်းဖြစ်သည်။ ချင်ယွင်သည် ၎င်းကို လျှပ်စီးစွမ်းရည် ကိုယ်ပွားအတွက် ချန်ထားခဲ့ပြီး၊ သူ၏ဘေးမှာ အမြဲရှိနေခဲ့သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာကို ပိုင်ဆိုင်ထားသည့် လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ကျားတစ်ကောင်ကို တောင်ပံတပ်ပေးခြင်းနှင့် တူသည်ဟု ဆိုရလိမ့်မည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ခုခံရန်အခွင့်အရေးပင် မရှိတော့ဘဲ၊ ချင်ယွင်၏ လက်မှ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာဖြင့် တစ်ဝက် ပိုင်းဖြတ်ခံလိုက်ရသည်။

“ချွပ်.”

ယန်လျူ၏ ခန္ဓာကိုယ်သည် သူ၏ပခုံးမှ ခါးအထိ နှစ်ခြမ်းကွဲသွားသည်။ ယခုအချိန်မှာ သူ၏ခန္ဓာကိုယ်သည် ကွဲထွက်သွားခဲ့ပြီ။

ယန်လျူ၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ ဤကပ်ဘေးဆိုးကြီးမှ လွတ်မြောက် ခြင်းအတွက် သူ ဝမ်းမြောက်မိသော်လည်း ချင်ယွင်သည် နောက်စက္ကန့်ကြာတွင် သူ့ကို နှစ်ခြမ်းခွဲပစ်မည်ဟု သူ မမျှော်လင့်ထားပေ။ လျှပ်စီးစွမ်းရည် ကိုယ်ပွားဖြစ်သော ချင်ယွင်၏ မျက်နှာကို ကြည့်လိုက်ရင်း နောက်ဆုံးတွင် သူသည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နောင်တတရားကို ခံစားလိုက်ရသည်။

သို့သော် ဤလောကတွင် နောင်တအတွက် ဆေးမရှိပါ။ ဤစကားကို သူနားလည်လိုက် သည့် အချိန်က အရမ်းကို နောက်ကျနေပါပြီ။

ဘန်း…။

အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လျှစ်စီးစွမ်းရည် ကိုယ်ပွား ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူ၏လက်ထဲမှ သိုလှောင်လက်စွပ်ကို ချက်ချင်းဆိုသလို ဆုပ်ယူလိုက်သည်။ ၎င်းအား စစ်ဆေးပြီးနောက် အရိုးအဆိပ် ဖြေဆေးသည် သိုလှောင်ကွင်းထဲတွင် အမှန်တကယ် ရှိနေကြောင်း တွေ့ရှိခဲ့ သည်။ ထို့မှသာ သူသည် စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ပါသည်။

ထို့နောက် သူသည် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်နှင့် အစစ်အမှန် ချင်ယွင်တို့ကို ကြည့်လိုက်၏။

“ဘုန်း..”။

ချင်ယွင်နှင့် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်တို့သည် နောက်တကြိမ် အပြင်းအထန် ထပ်မံ ထိပ်တိုက်ရင်ဆိုင်မိပြန်သည်။ သူတို့၏ဓားများသည် အပြင်းအထန် တိုက်မိကြပြီး၊ ဤပြင်းထန်သော ဓားချီအတက်အကျလှိုင်းများက အစိပ်စိပ်မွှာမွှာ ပျံ့ကြဲ သွားပြန်သည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ် ဟူထန်းသည် အက်ကြောင်းများ ဖုံးလွှမ်းနေပြီ ဖြစ်သော သူ၏လက်ထဲရှိ အင်မော်တယ် ဓားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသော အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူ၏ မျက်ခုံးများသည် “ချွန်” ဟူသော စကားလုံးဖြစ်သွားသည့် တိုင် ချက်ချင်း ရှုံ့တွသွားခဲ့သည်။

"လခွမ်းပေါ့” ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ဒေါသတကြီး ကျိန်ဆဲလိုက် သည်။

တစ်စုံတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ရသလို ခံစားရသည်။ ဤ ချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို တမင်တကာ ဟန့်တားထားပြီး၊ ယန်လျူကို လုပ်ကြံရန် သူ၏ကိုယ်ပွားကို အသုံးပြုခဲ့သည်။ ဤအရာက သူ့ကို အမှန်တကယ် မျက်နှာပြောင်ဖြင့် ပါးရိုက်ခဲ့ခြင်း ဖြစ်သည်။

"အယုတ်တမာကောင်၊ မင်းက ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တယ်။ မင်းက မြန်မြန် သေချင်နေပြီဆိုမှတော့, ဒါဆို မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" ချင်ယွင်ကို ကြည့်ပြီး၊ အံတင်းတင်းကြိတ်ကာ ပြောလိုက်ရင်း၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။

"ခင်ဗျားကို တွန်းအားပေးတာလား? ကျုပ်က ခင်ဗျားကို တွန်းအားပေးတယ်ဆိုရင်ရော ဘာဖြစ်လဲကွာ?" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

ယခုအခါ သူသည် အရိုးအဆိပ် ဖြေဆေးကိုရရှိခဲ့ပြီ။ ချင်ယွင်၏ စိတ်က ပို၍ ခံစားရ ကောင်းမွန်လာသည်။ နောက်ပိုင်း, သူသည် ဆော့ကစားချင်စိတ် မကုန်မချင်း သူတို့နှင့် ဖြည်းညှင်းစွာ ကစားနိုင်သည်။

ထို့အပြင်၊ ကောင်းကင်ရေ နန်းတော်မှ ဧကရီမကြီးသည် သူမ၏ဒေါသကို မည်မျှ ကြာကြာ ထိန်းထားနိုင်မလဲဆိုသည်ကို သူ ကြည့်ချင်မိသည်။ ဧကရီဘုရင်မသည် သူမ၏ နယ်မြေထဲ တွင် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မူကြီး ဖြစ်နေကြောင်းကို သူမ မသိဟုဆိုလျှင်၊ သူ ယုံကြည်မည် မဟုတ်ပေ။

"ကောင်းတယ်, ကောင်းတယ်၊ ကောင်းတယ်၊ အယုတ်တမာကောင်လေး၊ မင်း ငါ ဟူထန်းကို စော်ကားရင် ဘာဖြစ်မယ်ဆိုတာ ဒီနေ့ မင်းကို ငါ ပြောပြမယ်" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ဒေါသတကြီးပြောပြီး၊ အလွန်မင်း ဒေါသထွက်ရမည့်အစား ရယ်မောလိုက်သည်။

ဘန်း…။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ စကားများပြီးဆုံးသည်နှင့်၊ သူ၏ဦးခေါင်းထက် ကောင်းကင်ယံသည် ပြောင်းလဲလာသည်။ ကောင်းကင်တွင် တိမ်မည်းများက အရူးအမူး လှုပ်ခတ်လာကာ ကောင်းကင်ပေါ်တွင် ကြီးမားသော ဝဲဂယက်ကြီးများ ဖြစ်ပေါ်လာသည်။

တိမ်စိုင် တိမ်တိုက်များကြားမှ ရွှေရောင်အလင်းတန်းများ လင်းလက်ပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကျဆင်းလာခဲ့သည်။ ၎င်းမြင်ကွင်းသည် ကောင်းကင်ယံမှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အတိုင်းပင်၊ အလွန်မင်း စူးရှသော အငွေ့အသက်တစ်ခုကလည်း ကောင်းကင်နှင့် မြေကြီးအနှံ့ ပြည့်နှက်နေသည်။

"ဖြစ်နိုင်တာ၊ ဒါက ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ရဲ့ ကောင်းကင်ဓားသိုင်း ပညာရပ်များ ဖြစ်နေမလား?"

"မှန်တယ်။ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ဟာ ကောင်းကင်ဓားသိုင်းပညာရပ်ကို အသုံးပြုရတဲ့အထိ တွန်းအားပေးခံရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ချင်ယွင်က သူ့ကို တကယ် ဒေါသထွက်စေခဲ့ပုံပဲ။"

အမှောင်ရိပ်ထဲရှိ အင်မော်တယ် ဧကရာဇ်များ စတင်ဆွေးနွေးကြသည်။ သူတို့သည် ကောင်းကင်ယံမှ ကြီးမားလှသော ဝဲဂယက်ကြီးကို သူတို့၏ မျက်လုံးများဖြင့် အံ့အားသင့်စွာ ကြည့်နေကြသည်။

ကောင်းကင်ရေ နန်းတော်တွင် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ အဆင့်အတန်း သည် နိမ့်ကျခြင်းမရှိဘဲ ၎င်း၏စွမ်းအားသည် ထိပ်တန်းတည်ရှိမှု သုံးယောက်ထံတွင် အဆင့်သတ်မှတ် ခံရသည်။ ထို့ကြောင့်၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ကောင်းကင်ဓားသိုင်းပညာရပ်ကို အသုံးပြုထားသည်ကို မြင်သောအခါ၊ သူတို့သည် သဘာဝအတိုင်း အံ့ဩသွားကြသည်။

ချင်ယွင်လည်း အံ့အားသင့်ဟန် အရိပ်အယောင် ထုတ်ဖော်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ကောင်းကင်ယံမှ ပြင်းထန်သော ဖိနှိပ်မှုကို သူလည်း ခံစားခဲ့ရသည်။

"ချာတိတ်လေး၊ ငါ့ကို ဘာလို့ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်လို့ ခေါ်လဲ မင်း သိလား?။ ငါ့နာမည်က ဟူထန်းဖြစ်နေလို့ ခေါ်တာမဟုတ်ဘူး။ ခန်းရှန်တောင်တန်းမှာရှိတဲ့ သက်ရှိအားလုံးကို သတ်ဖြတ်နိုင်တဲ့ ကောင်းကင်ဓားတစ်လက်ကို ပိုင်ဆိုင်ထားပဲ။ ဒီနေ့ ငါ့ရဲ့ ကောင်းကင်ဓားအောက်မှာ သေဆုံးရတာ မင်းအတွက် ဂုဏ်ယူစရာပဲ။" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် မောက်မာစွာ ပြောသည်။

သူစကားပြောပြီးသည်နှင့် ကောင်းကင်မှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်ဓား ထိပ်ဖျားတစ်ခုသည် ကြီးမားလှသော လေဟာနယ် ဝဲဂယက်ကြီးထဲမှ ထွက်ပေါ်လာသည်။ ဓားထိပ်ဖျားက ပျံ့နှံ့ထွက်ပေါ်လာသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံးသည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသည့် ဓားဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ကီလိုမီတာဆယ်သန်း အကွာအဝေးအတွင်းရှိ အင်မော်တယ်ဘုရင်နယ်ပယ်သို့ မရောက်ရှိ သေးသည့် လူတိုင်းသည် ကြောက်ရွံ့ထိတ်လန့်မှု ပြည့်နှက်နေသည့် စိတ်နှလုံးနှင့်အတူ မြေပြင်ပေါ်မှာ တွားသွားသွားနေကြသည်။ အင်မော်တယ် ဘုရင်များသည် လက်ရှိနေရာ မှာပင် ရပ်နေသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခုခံရန် မဝံ့ရဲကြပေ။ သူတို့သည် သူတို့ဆီ ထွက်ပေါ်လာသော အငွေ့အသက်၏ ဦးတည်ရာ အရပ်ဆီကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေရုံသာ တတ်နိုင်ပါသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် လေးနက်သည့် အမူအရာ ပေါ်လာသည်။ အတွေးတစ်ချက်ဖြင့် အဝေးမှ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် လေဟာနယ်ထဲသို့ လျင်မြန်စွာ ပျံသန်းသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်ကာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။

အနက်ရောင် လျှပ်စီးစွမ်းအင်သည် ပတ်ပတ်လည်တွင် တဝဲလည်လည် ရစ်ပတ်နေပြီး၊ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်အတက်အကျလှိုင်းတွေက အဆက်မပြတ် မြင့်တက်လာခဲ့ သည်။

ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓား၏ ဓားရိုးကို ဆုပ်ကိုင်ထားပြီး ကောင်းကင်၌ တဖြည်းဖြည်း ထွက်ပေါ်လာနေသော ရွှေဓားကြီးကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်သည်။ သူ၏မျက်လုံးများတွင် အထင်သေးခြင်းမရှိသလို မောက်မာဝင့်ကြွား ခြင်းလည်းမရှိသည့် လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်တစ်ခု ရှိနေပါသည်။

"သေလိုက်တော့..၊ ကောင်းကင်ဓားသိုင်းပညာရပ်..၊ ဓားခုတ်ပိုင်းခြင်း.." ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ယံ၌ ကြီးမားသော ရွှေဓားကြီးသည် လျင်မြန်စွာ ပြိုကျသွားသည်။ ချွန်ထက်သောဓားထိပ်က ချင်ယွင်ကို တည့်တည့် ချိန်ထားပြီး သူ့ဆီသို့ ပြင်းပြင်းထန်ထန် ပစ်ဝင်လာသည်။

တခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလာပြီး ခြေထာက်အောက်ရှိ မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ စူးရှသော အငွေ့အသက်က သူ၏ ဦးရေပြားကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

ချင်ယွင်သည် လျင်မြန်စွာ ကျဆင်းနေသော ဧရာမရွှေဓားကြီးကို ကြည့်ကာ သူ၏ မျက်လုံးများတွင် ကြီးစိုးလိုသည့်ဆန္ဒက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ "ဟမ့်၊ ကောင်းကင်ဓားဆိုရော ဘာဖြစ်မလဲ?၊ ဒီနေ့ ခင်ဗျားရဲ့ ကောင်းကင်ဓားကို ကျုပ် ဖြိုခွဲပစ်မယ်" ဟု အေးစက်စွာ အော်လိုက်သည်။

ထိုစကားကို ပြောပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အထွက်အထိပ် စွမ်းအားက ပျံ့နှံ့ ထွက်ပေါ်လာပြီး ကြည်လင်ကောင်းကင်ဓားသို့ သွန်လောင်းထည့်လိုက်သည်။ ချင်ယွင်၏ လက်ထဲရှိ ကြည်လင်ကောင်းကင်ဓားထံမှ နှိုင်းစာ၍မရအောင်ပင် ကြောက်မက်ဖွယ် ကောင်းသည့် အထွက်အထိပ်စွမ်းအားကို ထုတ်လွှတ်လာသည်။

ကောင်းကင်နှင့် မြေကြီးသည် ဒရမ်တီးသံနှင့် ခေါင်းလောင်းသံများကဲ့သို့ မြည်ဟီးနေ သည်။ ကောင်းကင်တာအိုက ဆက်လက်၍ တေးသီဆိုနေပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်သည့် အဓိပတိဉသျှောင် အုပ်စိုးရှင်တစ်ဦးနှင့် တူနေသည်။ သူ၏မျက်လုံးထဲတွင် အရာတွေအားလုံးသည် ပုရွက်ဆိတ်အဖြစ် သတ်မှတ်ရန်ပင် မလုံလောက်တော့ပါချေ။

"ခုတ်ပိုင်းလိုက်စမ်း…”။

ချင်ယွင်သည် ကောင်းကင်ယံရှိ ကြီးမားသော ဧရာမဓားကြီးကို ကြည့်လိုက်ရင်း သူ၏လက်ထဲမှ ဓားသည် ချက်ချင်း ခုတ်ပိုင်းသွားသည်။ အလွန်မင်း တုန်လှုပ်ချောက်ချား ဖွယ် ဓားအလင်းတစ်ခုက ချက်ချင်းပင် ဓားကိုလွှမ်းခြုံသွားပြီး ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ကောင်းသော ဧရာမဓားကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားပါသည်။

ချင်ယွင်၏ပုံရိပ်သည်လည်း ချက်ချင်းဆိုသလို ပျံထွက်သွားသည်။ သူသည် ကြည်လင် ကောင်းကင်ဓားကို လက်ထဲတွင် ကိုင်ထားပြီး ဓားအလင်းနောက်သို့ လိုက်ပါသွားခဲ့သည်။

လူတိုင်းက ကောင်းကင်ယံရှိ ဧရာမရွှေဓားကြီးနှင့် ချင်ယွင် ထုတ်ဖောက်လိုက်သည့် ဓားရောင်ခြည်အလင်းတန်းကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်း ဤတိုက်ပွဲအပြီးတွင် မည်သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနိုင်မလဲဆိုသည်ကို သိချင်နေကြပါသည်။

All Chapters