← Chapters

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း (၉၉၇) ဧကရီဘုရင်မ၏ ဓမ္မအသွင်အပြင်။

“ဘုန်း..”။

ချင်ယွင်၏ဓားအလင်းသည် ဧရာမကောင်းကင်ဓားနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး မိုးကောင်းကင်ပင် တုန်ခါကာ ကမ္ဘာမြေကြီး ကွဲအက်သံပင် ထွက်ပေါ်လာသည်။

လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အလွန်တရာမှ စူးရှ တောက်ပသော အလင်းရောင်ကြောင့် လူတိုင်းသည် မျက်လုံးများ မဖွင့်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ကြောက်မက်ဖွယ် ကောင်းသော တန်ခိုးအစွမ်းက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်.

“ဖျစ်…။

သို့သော် ထိုအချိန်တွင် အလွန်မင်း ရှင်းလင်းပြတ်သားသော အသံတစ်ခုက လူတိုင်း၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက်တွင်၊ ကောင်းကင်ယံ၌ ကြီးမားသော ဧရာမရွှေဓားကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကွဲအက်သွားပြီး ၎င်းအတွင်းပါရှိသော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများသည် ချက်ချင်း ပြိုကျသွားသည်။

"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ကောင်းကင်ဓားက ဘယ်လိုလုပ် ကျဆုံးရှုံးနိုင်မှာ လဲ" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် အက်ကွဲသွားသော ကောင်းကင်ဓားကို သူ၏မျက်လုံးများတွင် အလွန်မင်း တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ကြည့်နေလေ သည်။ သူသည် အလွန်အမင်း မလိုလားဟန်ဖြင့် ဟစ်ကြွေးကြော်သံကိုပင် ထုတ်ပြောလိုက် သည်။

သူသည် လူငယ်တစ်ယောက်၏ အနိုင်ယူခြင်းခံရသည်ကို မယုံနိုင်ခဲ့ပေ။ သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသော ကောင်းကင်ဓားသိုင်းပညာရပ်သည် အမှန်တကယ်ပင် ပျက်စီးသွားခဲ့ပြီ။ ယင်းကြောင့် သူ၏ရှေ့မှာဖြစ်ခဲ့သော အရာအားလုံး သူ့အတွက် မဖြစ်နိုင်တော့အောင် လုပ်ဆောင်ပေးခဲ့ပြီ။ (သူရှေ့တုန်းက ရရှိခဲ့သည့် ဂုဏ်ယူစရာအားလုံး မဖြစ်နိုင်တော့, မရှိနိုင်တော့ဟု ဆိုလိုဟန်တူပါသည်)

"ဟမ့်၊ ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာတစ်ခုမှ မရှိဘူး။ ဒါက ခင်ဗျားရဲ့ ခွန်အားက မလုံလောက်ဘူးလို့ ဆိုလိုတာပဲ။" ချင်ယွင်၏ ရုပ်အသွင်က ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ် ရှေ့တွင် ပေါ်လာပါသည်။ သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားက ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို ထိုးချိန်ထားပြီး ထိုကြောက်စရာကောင်းသည့် အထွက်အထိပ် စွမ်းအားကို ထုတ်လွှတ်နေဆဲပင်။

"မဟုတ်ဘူး၊ ငါ မကျေနပ်ဘူး။ မင်းက အထူးနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့လို့ ဖြစ်ရမယ်။ နောက်ပြီး တကယ်လို့ မင်းမှာသာ ကြည်လင်ကောင်းကင်ဓား မရှိခဲ့ရင်, မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်။" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်က အရူးအမူး အော်ပြောသည်။ ချင်ယွင်က သူ၏ကောင်းကင်ဓားကို ချိုးဖျက်လိုက်သည်ဆိုသည့် အချက်ကို သူ လက်မခံချင်ခဲ့ပါဘူး။

ချင်ယွင်သည် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ စကားတွေအပေါ် မှတ်ချက် မပေးခဲ့ပေ။ သူ့တွင် ကြည်လင်ကောင်းကင်ဓား သို့မဟုတ် အဓိပတိဉသျှောင်ပုဂ္ဂိုလ်၏ အထွက်အထိပ် စွမ်းအား မရှိသော်၊ သူသည် ဤဓားကို ခံယူနိုင်ရန် အမှန်ပင် မလွယ်ကူပါ ချေ။ သို့သော် ဤကမ္ဘာပေါ်တွင် “အကယ်၍”ဆိုသည့် စကားအသုံးနှုန်း မည်သို့ အများပြား ရှိနေနိုင်မည်နည်း?။

နိုင်လျှင်, နိုင်သည်ပေါ့။ ရှုံးလျှင် ရှုံးသည်ပေါ့။ တစ်ခါတလေ ဤကမ္ဘာကြီးက ရက်စက်လွန်း ပါသည်။

ဘန်း…။

ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ အထွက်အထိပ် စွမ်းအားကို နောက်တစ်ကြိမ် စုစည်းလိုက်သည်။ ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော အထွက်အထိပ်ပုဂ္ဂိုလ်၏ တန်ခိုးအစွမ်းက ကြည်လင်ကောင်းကင်ဓားမှ ပျံ့ထွက်လာခဲ့သည်။ လူတိုင်း သူတို့၏ နှလုံးသားတွေ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ မျက်လုံးများသည်လည်း အံ့အားသင့်သွား သည့် အမူအရာ ထင်ရှားပေါ်လွင်စေသည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ ဓားချက် တွင်ပါရှိနေသည့် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို သူလည်း ခံစားရနိုင်သည်။ ဤအရာက သူတစ်ခါမှ မခံစားဖူးတဲ့ အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ဖြစ်သည်။ အကယ်၍၊ ချင်ယွင်၏ ဓားချက်သာ ကျဆင်းလာပါက၊ သူ့ကို သေချာပေါက် သတ်ပစ်လိမ့် မည်ကို သူ သိပါသည်။

ပြေး!

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်၏ နှလုံးသားထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီးနောက်၊ သူသည် အဝေးသို့ ထွက်ပြေးရန် သူ၏ခွန်အား အားလုံးကို လှုံ့ဆော် လိုက်သည်။

ချင်ယွင်သည် အဝေးသို့ ထွက်ပြေးသွားသော ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများက ပြုံးနေပါသည်။

ထွက်ပြေး လွတ်မြောက်ချင်တာလား?။

မဖြစ်​နိုင်​ဘူး!

ချင်ယွင်၏ လက်ထဲမှ ဓားက တိုက်ရိုက် ကျဆင်းသွားသည်။ ထိတ်လန့်ချောက်ချားဖွယ် ဓားအလင်းတန်း တစ်ခုက လေဟာနယ်ကို ဖြတ်သန်းပြီး ချက်ချင်း ဖြတ်ကျော်သွားကာ အဝေးမှ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ဆီသို့ ဖြတ်သန်းသွားခဲ့သည်။ ၎င်းသည် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ် နောက်သို့ လိုက်ပါစဉ် ၎င်း၏အရှိန်ဟုန်သည် အလွန်လျင်မြန်သည်။

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် သူ၏ ဦးခေါင်း နောက်စေ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရစဉ်မှာ သူသည် ပေတစ်ထောင်အကွာထိ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ။ ကြောက်မက်ဖွယ်ကောင်းသော ဓားတန်ခိုးကြောင့် သူ၏ဦးရေပြားသည် ပေါက်ကွဲသွားသလို ခံစားလာရသည်။

"လခွမ်းပေါ့…" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် ဒေါသတကြီး ကျိန်ဆဲလိုက် ပြီး ဤဓားအလင်းကို တားဆီးလိုဟန်ဖြင့် ဓားကိုခုတ်ပိုင်းရန် သူ၏ခွန်အားရှိသမျှကို အလျင်အမြန် စုဆောင်းခဲ့သည်။

သို့သော်၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်ကို ထိလိုက်သည့် အခိုက်တွင် ချက်ချင်း ပြိုကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်က အတားအဆီးမရှိဘဲ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ဆီသို့ ပစ်ဝင်သွားလေသည်။

“မဟုတ်ဘူး…”

ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် သူ့အား နောက်တစ်ကြိမ် တိုက်ခိုက်နေ သည့် ဓား၏ ကြောက်မက်ဖွယ် စွမ်းအားကို ကြည့်ကာ သူ၏ မျက်လုံးများသည် အလွန်မင်း ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။ သူ့မျက်လုံးများသည်လည်း ပြင်းထန်သော မကျေနပ်မူများဖြင့် ပြည့်နှက်နေသည်။

“ရိုင်းစိုင်းလိုက်တာ”။

သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံသည့် ရှင်းလင်းပြတ်သားသော အသံက ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ကို ချေမှုန်းပစ်တော့မည့် ဓားတန်ခိုး သည် ဤကျယ်လောင်သော အော်ဟစ်သံကြောင့် ကွဲအက်သွားသည်။

"ကြီးမြတ်သာ ဧကရီဘုရင်မ..၊ အဲဒါက ဧကရီဘုရင်မရဲ့အသံ မဟုတ်လား။"

"ဟုတ်တယ်၊ ဧကရီဘုရင်က လုပ်ရှားလိုက်ပြီ"

အမှောင်ရိပ်ထဲတွင် အင်မော်တယ် ဧကရာဇ်များသည် ဤအသံကို ကြားသောအခါ အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။ အမှန်အတိုင်း ပြောရလျှင်, ချင်ယွင်သည် သူတို့ကို မတိုက်ခိုက်သော်လည်း၊ သူတိုအနေဖြင့် ချင်ယွင်၏ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ဧကရီဘုရင်မ၏ အသံကို ကြားလိုက်ရသော အခါတွင် သူတို့သည် အလွန်မင်း စိတ်လှုပ်ရှားနေလေသည်။

သေချာပါသည်။ ယခုအချိန် စိတ်လှုပ်ရှားဆုံးလူကတော့ သေမင်းတံခါးရှေ့ စက်ဝိုင်းတစ်ခု အတွင်း ခြေတစ်လှမ်း ဝင်ရောက်နေခဲ့သည့် ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်ပင် ဖြစ်ပါသည်။ အကယ်၍၊ ဧကရီဘုရင်မသာ အချိန်မီ လှုပ်ရှားခြင်း မပြုခဲ့ပါက၊ ယခုအချိန်တွင်၊ သူသည် ချင်ယွင်၏ ဓားချက်အောက်တွင် သေဆုံးဝိညာဉ်တစ်ဦး ဖြစ်နေပေလိမ့်မည်။

"ကျေးဇူးပါပဲ၊ ဧကရီဘုရင်မ..၊ ကျွန်တော့် အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးပါ။" ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်သည် လေဟာနယ်ထဲမှာပင် ကမန်းကတန်း ဒူးထောက်လိုက်သည်။

ချင်ယွင်သည် ဘူလျိုမြို့တော်၏ အမြင့်ဆုံးနေရာရှိ ခန်းမကြီးကို ကြည့်ရန် သူ၏ ခေါင်းကို မော့လိုက်ပါသည်။ အစောပိုင်းက အသံက ထိုခန်းမကြီးဆီကနေ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

"နောက်ဆုံးတော့ ခင်ဗျား ထိုင်ကြည့်မနေနိုင်တော့ဘူးပေါ့" ချင်ယွင်က ရယ်မောလိုက် သည်။

လာရမည့်အရာတွေက အမြဲတမ်း လာနေပါလိမ့်မည်။ ​​သူသည် ဒီနေ့ကို အချိန်အတော်ကြာ စောင့်စိုင်းနေခဲ့သည်ကို စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။

ဘန်း..။

ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသည်။ ကောင်းကင်ယံ၌ ကြီးမားသော မျက်နှာ တစ်ခုက ဖုံးလွှမ်းသွားသည်။ ထိုကြီးမားလှသော မျက်နှာကြီးထံမှ ကြောက်မက်ဖွယ် ဩဇာအာဏာကြီးမားသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး ရောက်ရှိနေကြသည့် လူတိုင်း စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

"ဧကရီဘုရင်မကို နှုတ်ခွန်းဆက်ပါတယ်”။ အမှောင်ရိပ်ထဲတွင် ရှိနေကြသည့် အင်မော်တယ် ဧကရာဇ်များ အားလုံးသည် လေထဲတွင် ဒူးထောက်လိုက်ကြကာ ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးကို ဦးညွှတ်လိုက်ကြသည်။

ချင်ယွင်သည် ကောင်းကင်ယံရှိ ကြီးမားသော မျက်နှာကြီးကို ကြည့်လိုက်သော်လည်း သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးသည် ပို၍ပင် ခက်ထန်လာသည်။

ဧကရီဘုရင်မသည် သူမ၏အစစ်အမှန် ခန္ဓာကိုယ်ပင် အမှန်တကယ် ထွက်ပေါ်မလာခဲ့ဘဲ၊ သူမ၏ ကောင်းကင်တန်ခိုး ဓမ္မအသွင်အပြင်ကို ပေါင်းစည်းသိပ်သည်းရန်ပင် ကောင်းကင် တာအိုဉပေဒသကို အသုံးပြုထားသောကြောင့် ချင်ယွင်သည် ပြင်းထန်သော လှောင်ပြောင် သရော်မူကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

"ချင်ယွင်, ဒီဧကရီဘုရင်မကို ဖူးမြင်နေရတဲ့အချိန်မှာတောင် မင်းက ဘာလို့ ဒူးမထောက် ရတာလဲ?" ကောင်းကင်ယံမှ ဧရာမမျက်နှာကြီးက အေးစက်စက် လေသံဖြင့် ပြောလိုက် သည်။

"ဒူးထောက်ရမှာလား?။ ခင်ဗျားက ကျုပ်ကို ဒူးထောက်စေချင်တယ်ပေါ့။ ခင်ဗျား ခံနိုင်ပါ့မလား?" ချင်ယွင်သည် ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးအား ယဉ်ကျေးနေခြင်း မရှိဘဲ ပြောလိုက်ပြီး၊ သူ၏လေသံက အလွန်မင်း လွှမ်းမိုးနိုင်စွမ်း ရှိသည်။

All Chapters