အခန်း ၉၉၈
Vol. 67 Ch. 998
အခန်း (၉၉၈) ကောင်းကင်ဘုံလမ်းစဉ်။
ချင်ယွင်၏စိတ်ဆန္ဒသည် ကနဦးစကြာဝဠာနှင့် ချိတ်ဆက်နေခဲ့သည်မှာ ကြာလှပါပြီ။ ကနဦးစကြာဝဠာကြီး ဆက်လက်တိုးတက်လာသည်နှင့်အမျှ သူ၏စိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာပါလိမ့်မည်။
ယခုပင်လျှင် ချင်ယွင်၏စိတ်ဆန္ဒသည် သာမန် အင်မော်တယ် ဧကရာဇ်များထက် သေချာပေါက် အထက်မှာရှိနေပြီ ဖြစ်သောကြောင့် ဤဧကရီဘုရင်မ၏ ဘုန်းတန်ခိုး အာနုဘော်သည် သူ့အား လုံးဝ သက်ရောက်စေမည် မဟုတ်ပေ။
ချင်ယွင်၏ စကားများက ပတ်ဝန်းကျင်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာကာ လူတိုင်းက ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ဤသည်မှာ မဟာဧကရီ ဖြစ်သည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် ဧကရီဘုရင်မအား ထိုသို့သော ပုံစံဖြင့် ပြောဆိုဝံ့သည်။ သူသည် အမှန်တကယ်ပင် မောက်မာပြီးရင်း မောက်မာလွန်းနေသည်။
ချင်ယွင်၏ စကားကိုကြားသောအခါ ကောင်းကင်မှ ဧရာမမျက်နှာကြီးသည် အနည်းငယ် ဒေါသထွက်နေပုံရသည်။ အေးစက်စက်လေသံက ဧရာမပါးစပ်ကြီးထံမှ ထွက်ပေါ်လာ သည် "ချင်ယွင်၊ မင်း ငါ့ကို ဒူးထောက်လို့ ရတယ်။ ဒါပေမယ့် လန်အာရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို လွှတ်ပေးရမယ်။ သူက မင်းရဲ့အစ်ကိုကြီးပဲ။ မင်း သူ့ကို ဒီလိုနာကျင်အောင် လုပ်လို့မရဘူး"။
"အစ်ကိုကြီးလား?။ ထိခိုက်နာကျင်အောင်လား?" ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ရယ်သံ ထွက်ပေါ်လာသည်။ သူက ကောင်းကင်ယံမှ ဧရာမမျက်နှာကြီးကို ကြည့်ပြီး ပြောလိုက်သည် "ချင်လန်က ကျုပ်ရဲ့အစ်ကိုကြီး ဖြစ်ထိုက်တယ်လို့ ခင်ဗျား ထင်နေတာ လား?။ သူ ကျုပ်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တာကို ပြောဆိုဖို့ ခင်ဗျား ဘယ်တုန်းကမှ တကယ်ကို အာရုံမရှိခဲ့ဘူး မဟုတ်လား?။"
ချင်ယွင်၏ လေသံက ပြင်းထန်သော လှောင်ပြောင်သရော်ဟန်ကို သယ်ဆောင်နေသည်။ ဤကျောင်းလန်သည် ချင်လန်ကို လွှတ်ပေးရန်အတွက် စိတ်ခံစားမှုဆိုသည့်ကဒ်ဖြင့် အမှန်တကယ် ကစားနေပါသည်။ သို့သော် သူသည် ထိုအချိန်တုန်းက ကလေးငယ်လေး မဟုတ်တော့ပေ။ ယခုတော့ ကျောင်းလန်၏ စကားများက သူ့ကို ရွံရှာစဖွယ် ဖြစ်စေသည်။
"ဟုတ်ပါတယ်၊ လန်အာက အရင်တုန်းက မင်းကို အမှားတစ်ခုခု လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်, သူက သူ့အမှားကို နားလည်ထားပြီးသားပါ။ အခု မင်းက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ့ကို အပြစ်ပေးလိုက်ပြီ။ မင်းအနေနဲ့ သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ငါဆီ ပြန်လွှတ်ပေးသင့်တယ် မဟုတ်လား?" ကျောင်းလန်၏ အသံက ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးဆီမှ ထွက်ပေါ်လာပြီး သူမ၏ လေသံက ဝမ်းနည်းဟန်ဖြင့် အသက်ဝင် လွန်းလှသည်။
ကျောင်းလန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း သိထားသည့်အတွက်ကြောင့်သာ။ ထိုသို့မဟုတ်ပါက၊ ချင်ယွင်သည် ကျောင်းလန်၏စကားတွေကို ယုံကြည်သွားနိုင်ပါသည်။
ထိုအစဉ်တုန်းက သူ၏အမေသည် ကျောင်းလန်ကြောင့် အမြဲတမ်း အရှက်ရခဲ့ပြီး၊ အဲဒီအချိန်တုန်း ထိုဖြစ်ရပ်ဆိုးကြီးကိုလည်း သူမကိုယ်တိုင် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းလန်သည် ဤကဲ့သို့စကားမျိုး ပိုပြောလေလေ၊ သူ၏စိတ်ထဲတွင် ပို၍ မုန်းတီးရွှံ့ရှာလာလေ ဖြစ်သည်။
"ကျောင်းလန်, ခင်ဗျားရဲ့ ကြောင်သူတော်မျက်နှာဖုံးကို ဖယ်ထားလိုက်ပါ။ ခင်ဗျားက ခင်ဗျားသားရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို လိုချင်နေတာ မဟုတ်လား? ဒါဆိုလည်း ခင်ဗျားကိုယ်တိုင် လာယူနိုင်ပါတယ်။ ခင်ဗျား ဒီနေရာလာပြီး ဘာလို့ ခင်ဗျားတံတွေးတွေ ကို ဖြုန်းနေတာလဲ" ချင်ယွင်က ရယ်မောရင်း ပြောလိုက်သည်။
အဝေးမှာရှိနေကြသည့် လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် မဟာဧကရီကို သူမ၏နာမည်ဖြင့် တိုက်ရိုက် ခေါ်ဝံ့ခဲ့သည်။ ဤလူကတော့ အမှန်တကယ် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်သည်။
ကောင်းကင်ယံ၌ ဧရာမမျက်နှာကြီးသည်လည်း ခဏတာ တိတ်ဆိတ်သွားသည်။ ကောင်းကင်ယံ တစ်ခုလုံးသည် ပြင်းထန်သော ဖိနှိပ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ အစောပိုင်းက ချင်ယွင်၏ စကားကြောင့် သူမ ဒေါသထွက်သွားပုံရသည်။
"ဟမ့်၊ ချင်ယွင်၊ မင်းက ငါ့ရဲ့ကြင်နာတဲ့ စကားတွေကို နားမထောင်ဘူးဆိုမှတတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ ဒီနေ့ မင်းအဖေကိုယ်စား ငါ မင်းကို သေသေချာချာ ဆုံးမပဲ့ပြင်ပြီး၊ သက်ကြီးရွယ်အိုတွေကို ဘယ်လို လေးစားရမလဲဆိုတာ မင်းကို ပြောပြပေးမယ်။" ကျယ်လောင်သော အော်သံကြီးက ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးထံမှ ထွက်ပေါ်လာသည်။
ကောင်းကင်ယံမှာ တိမ်တိုက်တွေက ချက်ချင်း ပျံ့နှံ့လာပြီး၊ ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားက ထွက်ပေါ်လာသည်။
“ဘုန်း..”။
ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် လျှပ်စီးကြောင်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး ချင်ယွင်အား ပြင်းထန်စွာ တရစပ် တိုက်ခိုက်ခဲ့သည်။ ၎င်းတွင်ပါရှိသော လျှပ်စီးစွမ်းရည် ကောင်းကင်တာအို၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
အဝေးမှကြည့်နေသော အင်မော်တယ် ဧကရာဇ်များသည် ဤကြောက်မက်ဖွယ်ကောင်း သည့် လျှပ်စီးကြောင်းကို မြင်သောအခါ၊ သူတို့၏မျက်လုံးများသည် ရိုသေမှုအပြည့် ရှိနေကြသည်။
ဤလျှပ်စီးကြောင်းတွင်ပါရှိသော အဖျက်စွမ်းအားသည် ၎င်းတို့၏ ဦးရေပြားကို ထုံကျင်စေ သည်။ အကယ်၍၊ ဤလျှပ်စီးကြောင်းသာ သူတို့ကို ထိမှန်လိုက်မည်ဆိုရင် သူတို့အနေဖြင့် အသက်ရှင်ဖို့ လမ်းမရှိတော့ဟု သူတို့ ယုံကြည်ကြသည်။
သို့သော် ချင်ယွင်သည် ကောင်းကင်မှာ လင်းလက်နေသည့် လျှပ်စီးကြောင်းတွေကို မြင်သောအခါတွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာသည်။ "ဟမ့်၊ ကောင်းကင်နဲ့ မြေကြီးကို ဓမ္မအသွင်အပြင်ကို အားကိုးပြီး ကျုပ်ကို သတ်ချင်တယ်ဆိုရင်တော့ ခင်ဗျားက ကိုယ့်ကိုကိုယ် သိပ်ပြီး အထင်ကြီးလွန်းနေတာပဲ" ကောင်းကင်ကိုကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်၏စကားများသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်တစ်ခွင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ လူအများ၏ နှလုံးသားများကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့သည်။
ချင်ယွင်၏ ထင်မြင်ယူဆချက်အရ၊ ဧကရီဘုရင်မ၏ ကျင့်ကြံမှုအဆင့်သည် အများဆုံး ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ သို့မဟုတ် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ တောင်မှ ဖြစ်နိုင်ပါသည်။
အကယ်၍၊ သူမသည် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့မည်ဆိုလျှင်၊ သူသည် အနည်းငယ် ကြောက်ရွှံ့ကောင်း ကြောက်ရွှံ့ပေလိမ့်မည်၊ သို့သော် သူ့ကို ချေမှုန်းရန်အတွက် ကောင်းကင်တာအို၏ တာအိုဓမ္မအသွင်အပြင်ကို အားကိုးခြင်းက လုံးဝကို အဓိပ္ပါယ်မဲ့လွန်း ပါသည်။
“ဘုန်း..”။
သေချာသည်မှာ, လျှပ်စီးကြောင်းတွေက ကျဆင်းလာခဲ့ပါပြီ။ ချင်ယွင်သည် ၎င်းတို့ကို ရှောင်တိမ်းခြင်းမပြုဘဲ သူအား တိုက်ရိုက် ထိမှန်စေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားပါရှိသော လျှပ်စီးကြောင်းများသည် လူတိုင်း၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များအောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ် က ကို ဝါးမြိုသွားခဲ့သည်။
လူတိုင်းသည် ချက်ချင်းပင် အံသြသွားကြသည်။ ဤမျှ ကြောက်စရာကောင်းသည့် လျှပ်စီး ကြောင်းတွေက ဤကဲ့သို့ ဝါးမျိုခံလိုက်ရသည်လား?။
ချင်ယွင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအသွင် တွန့်ကွေးသွားခဲ့သည်။ သူ၏ လျှပ်စီးဝါးမျိုးခြင်းပညာရပ်သည် ပြီးပြည့်စုံမူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤလျှပ်စီးကြောင်းများက ပြင်းထန်သော်လည်း သူ့ကို ဒဏ်ရာရစေရန် မလုံလောက်သေးပါဘူး။ ထို့အပြင်၊ ယခုအချိန်တွင် သူ၏လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် သူ၏အစစ်အမှန် ခန္ဓာကိုယ်သည် ပေါင်းစပ်ပြီးသား ဖြစ်ကာ၊ သူ၏ခန္ဓာကိုယ်သည် မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ကျုပ် ခင်ဗျားကို ပြန်ပေးလိုက်မယ်!"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လျှပ်စီးလုံးတစ်ခုကို ထွေးထုတ်ပစ်လိုက် သည်။ ချက်ချင်းပင်၊ ထိုကြောက်စရာကောင်းသော လျှပ်စီးလုံးသည် ချင်ယွင်၏ပါးစပ်မှ ပျံထွက်သွားပြီး ကောင်းကင်ယံ၌ ဧရာမမျက်နှာကြီးကို အပြင်းထန်တိုက်ခိုက်လိုက်သည်။
ချင်ယွင်၏ လျှပ်စီးလုံးသည် အားနည်းခြင်းမရှိသည့်အပြင်၊ ဖရိုဖရဲ လျှပ်စီးကြောင့် ပို၍ပင် အားကောင်းလာခဲ့သည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏လျှပ်စီးလုံးကြောင့် ကောင်းကင်ယံမှ ဧရာမမျက်နှာကြီးသည် ကွဲအက်သွားခဲ့သည်။ တိမ်များသည် ချက်ချင်းဆိုသလို မည်သည့်အခါမှ မရှိခဲ့သည့်အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ကြီးလည်း ငြိမ်သက် သွားလေသည်။
ထိုအင်မော်တယ် ဧကရာဇ်များသည် အလွန်မင်း တုန်လှုပ်သွားကြသည်။ ဤချင်ယွင်သည် မဟာဧကရီ၏ ကောင်းကင်တာအို ဓမ္မအသွင်အပြင်ကို အမှန်တကယ် ချိုးဖျက်ခဲ့သည်။
သို့သော် ချင်ယွင်၏ မျက်လုံးများသည် ငြိမ်သက်သွားခဲ့သည်။ သူ့အတွက် ကောင်းကင်ရေ နန်းတော်သို့ ရောက်လာနိုင်ခြင်းက ရှားပါးသည်။ အကယ်၍, မည်သည့် လှုပ်ရှားမှု မရှိခဲ့ရင်, ဤနေရာသို့ ရောက်လာရခြင်း၏ ရည်ရွယ်ချက်က ဘာအဓိပ္ပာယ်ရှိတော့မည် နည်း?။ ယနေ့တွင် သူသည် မဟာဧကရီအား သူမ၏ အစစ်အမှန် ခန္ဓာကိုယ် ကိုယ်တိုင် ထွက်ပေါ်လာရပြီး၊ သူမအတွက် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်တရတစ်ခုခုကို ချန်ထားခဲ့ရန် သူမကို တွန်းအားပေးချင်ခဲ့သည်။
ဤမဟာဧကရီကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍မူ ချင်ယွင်ကိုယ်တိုင်က လိုလားသော် လည်း သူ၏အင်အားက အနည်းငယ် အားနည်းနေပုံရသည်။
“ဘုန်း..”။
သေချာပါသည်။ ချင်ယွင်သည် ကောင်းကင်တာအို ဓမ္မအသွင်အပြင်ကို ဖြိုခွဲပြီးနောက်မှာ, ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားတစ်ခုဟာ အင်မော်တယ်မြို့၏ အမြင့်ဆုံး နေရာဖြစ်သည့် လွှင့်မျောနန်းတော်တစ်ခုပေါ်ကနေ ထွက်ပေါ်လာပြီး ကြီးမားသည့် ဘုန်းတန်ခိုးအာနုဘော်က ဒီရေလှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာပါသည်။
ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ တဟုန်ထိုး မြည်ဟီးလာခဲ့ပြီး ကမ္ဘာကြီး ပျက်သွားသ လိုမျိုး လျှပ်စီးတွေက တဖျပ်ဖျပ် ခတ်နေပါသည်။
"ချင်ယွင်, မင်းရဲ့အဖေကြောင့်သာ ငါ ဒီကို လာခဲ့တာ။ မင်း လန်အာရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို လွှဲပြောင်းပေးတာနဲ့ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမလို့ဘဲ။ ဒါပေမယ့် မင်းက တကယ်ကို မျက်စိကန်းလွန်းတယ်။ မင်းက ငါ့ကိုစော်ကားရဲတဲ့အထိ မောက်မာပြီး မောက်မာလာခဲ့တယ်။ မင်းက သားတစ်ယောက်ဖြစ်ဖို့ တကယ်ကို မထိုက်တန်တဲ့ လူတစ်ယောက်ပဲ။ ဒီနေ့ ငါ ကောင်းကင်ဘုံ ကိုယ်စား လုပ်ရှားပြီး မင်းကိုသတ်ပြီး မင်းရဲ့ ဘဝကို ကယ်တင်ရတော့မယ်။" ခမ်းနားထည်ဝါသော အသံတစ်သံက ထွက်ပေါ်လာ သည်။
ခရမ်းရောင် နဂါးဝတ်ရုံကို ၀တ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး သည် ကောင်းကင်မှ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူမ၏ အမြန်နှုန်းက မမြန်သော် လည်း သူသည် လီတစ်ထောင်ကို ခြေတစ်လှမ်းသာ လှမ်းခဲ့သည်။ သူမ၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့သို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ ဤအမျိုးသမီး ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသည့် အငွေ့အသက်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပါသည်။
ချင်ယွင်သည် ဤရင်းနှီးသော မျက်နှာကို ကြည့်ပြီး မျက်လုံးများကို မှေးကျဉ်းထားသည်။
ကျောင်းလန်သည် သူ၏ခမည်းတော်ဖြစ်သူ အင်မော်တယ် ဧကရာဇ်ချင်ဟန်၏ ဇနီးအစစ် ဖြစ်သည်။ သူမသည် တော်ဝင်ချင်မင်းဆက်၏ ဧကရီတစ်ပါးဖြစ်သလို အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။
သူသေမျိုးကမ္ဘာသို့ ပစ်ချမခံရခင် ချင်ယွင်သည် သူမကို ကြည့်လိုက်သည့် အခါတိုင်း၊ သူ၏ နှလုံးသည် တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ကြောက်ရွံ့မှု အရိပ်အယောင်က သူ၏နှလုံးသားထဲတွင် အလိုအလျောက် ပေါ်လာတတ်မည်။ ထို့ကြောင့် ဤကျောင်းလန် သည် ယခင်က သူ၏နှလုံးသားထဲတွင် အကြီးမားဆုံးသော အရိပ်မည်းကြီး ဖြစ်ခဲ့ဖူးသည်။
ယခုမူ ချင်ယွင်သည် တစ်ချိန်တုန်းက သူ ကြောက်ရွံ့တုန်လှုပ်ခဲ့ဖူးသော ဧကရီကို ကြည့်ပြီး၊ သူ၏အကြည့်များက အနှိုင်းမဲ့ တည်ငြိမ်နေခဲ့သည်။ အတိတ်တုန်းကလို ကြောက်ရွံ့မှု အရိယောင် ထွက်ပေါ်လာခြင်းမရှိသော်လည်း, လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်က အစားထိုး ဝင်ရောက်လာခဲ့သည်။
"ကောင်းကင်ဘုံလမ်းစဉ်က ဘာလဲ?။ ခင်ဗျားကိုယ်တိုင်ကရော ကောင်းကင်ဘုံကို ကိုယ်စားပြုနိုင်လို့လား?" ချင်ယွင်က ဧကရီအိုကြီးကို ကြည့်ရင်း လှောင်ပြောင် ပြောလိုက် သည်။ လက်ရှိဧကရီဘုရင်မသည် သူမမျက်လုံးထဲတွင် ဂရုမစိုက်ဟန် မထီမဲ့မြင်ပြုသည့် အကြည့်မျိုး ရှိနေသည်။