← Chapters

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း (၉၉၉) ကျောင်းလန်ကို ရန်စခြင်း။

ချင်ယွင်သည် ထိုစကားကို ပြောနေစဉ်မှာပင် သူသည် လျှပ်စီးစွမ်းရည် ကောင်းကင်တာအို စွမ်းအားကို အသုံးပြုထားသောကြောင့် သူ၏စကားလုံးတိုင်းသည် မိုင်တစ်သောင်း အကွာအဝေးတစ်လျှောက် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေပါသည်။

အဝေးမှ အင်မော်တယ် ဧကရာဇ် အားလုံးသည် ၎င်းတို့၏ တံတွေးများကို မျိုချလိုက်ကြ သည်။ ချင်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အပြုအမူကြောင့် ၎င်းတို့သည်လည်း ခြိမ်းခြောက် ခံနေရသည်ဟု ဆိုရမည်ဖြစ်သည်။

ခင်ဗျားက ကောင်းကင်ဘုံကို ကိုယ်စားပြုဖို့ ထိုက်တန်လို့လား?။

ဤစကားတွေက မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိလိုက်သနည်?။ ထို့အပြင် ထိုစကားတွေကို အင်မော်တယ် မင်းဆက်တစ်ခုလုံးကို အုပ်စိုးရသော ဧကရီဘုရမတစ်ဦးအား ပြောလိုက် ခြင်းဖြစ်သည်။ အကယ်၍၊ သူတို့သာဆိုလျှင် တွေးတောင် တွေးဝံ့မှာ မဟုတ်ပါဘူး။ ဧကရီဘုရင်မကို မြှောက်ပင့်မပြောရလျှင်ပင် အလွန်တော်နေပါပြီ။

ကျောင်းလန်၏ အမူအရာသည် အလွန်ပင် အုံ့မှိုင်းသွားသည်။ သူမရှေ့မှ လူငယ်လေးကို ကြည့်လိုက်ရင်း၊ သူမနှလုံးသားက အနည်းငယ် တုန်ခါသွားသည် ။

ယခင်က သူမရှေ့တွင် စကားတစ်ခွန်းမှပင် မပြောဝံ့သော လူငယ်လေးသည် အမှန်တကယ်ပင် ယခုအခါ သူမအား ဤမျှ နာခံမှုမရှိသော စကားလုံးများကို ထုတ်ဖော် ပြောဆိုဝံ့နေပြီ။ ဤအရာက သူမအား အလွန်မင်း အံ့အားသင့်စေခဲ့သည်။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဤလူငယ်လေးသည် အတိုင်းအတာတစ်ခုအထိ ကြီးထွားလာနေပါပြီ။ ယင်းက သူမကို ပြင်းထန်သည့် အကြောက်တရားဟူသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ချင်ယွင်သည် သူ၏ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး၏ အနှစ်သာရကို လုယက်ခံရပြီးနောက် သူ၏ ကျင့်ကြံမူအခြေခံသည် သုံးစားမရဖြစ်သွားခဲ့ပြီး၊ သေမျိုး ကမ္ဘာသို့ ဝင်ရောက်သွားခဲ့သည်ဟု မူလက သူမ ထင်ထားခဲ့သည်။ သူသည် အင်မော်တယ် ကမ္ဘာသို့ ပြန်တက်လှမ်းလာရန် ဘယ်တော့မှ အခွင့်မသာနိုင်တော့ပေ။ ထို့ကြောင့်, သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကို မသတ်ပစ်ခဲ့ပေ။

သို့သော်၊ အခုတော့ သူမ နောင်တရသွားပါပြီ။ ထိုအချိန်တုန်းက စိတ်ပျော့ညံ့ခဲ့သည့် အတွက် သူမ နောင်တရနေပါပြီ။ ထိုသို့မဟုတ်လျှင်၊ ဤအယုတ်တမာကောင်လေးက ဒီနေ့ ယခုလိုမျိုးရပ်ပြီး သူမကို ယခုပုံစံမျိုးဖြင့် မည်သို့ စကားပြောနိုင်မည်နည်း?။

ဘန်း….။

ထိုအခိုက်တွင်၊ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားပြီး ချင်ယွင်သည် သူ၏လက်ဖဝါးကို လှန်လိုက်ရာ သူ၏လက်ထဲတွင် စိတ်ဝိညာဉ်အလင်းလုံးတစ်ခု ပေါ်လာသည်။

ဤစိတ်ဝိညာဉ် အလင်းလုံးထဲတွင် ဝေဝေဝါးဝါး သေးငယ်သော ရုပ်အသွင်အပြင်တစ်ခု ရှိနေပါသည်။ ဤလူသည် ချင်ယွင်၏ အကျဉ်းချခြင်း ခံထားရသော ချင်လန်မှလွဲ၍ အခြားလူ မဟုတ်ပေ။

ယခုအချိန်တွင် ချင်လန်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် အလွန်မင်း အားနည်းနေပါ သည်။ ဤကာလအတွင်း၊ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ချင်ယွင်၏ ညှဉ်းပန်း နှိပ်စက်မှုကို ခံနိုင်ရည်ရှိအောင် တောင့်ခံနေခဲ့ရသည်။ သူ၏ အင်မော်တယ် စိတ်ဝိညာဉ် သည် လျှပ်စီးများဖြင့် အဆက်မပြတ် တိုက်ခိုက်ခံနေရသည်။ ဤကဲ့သို့ နာကျင်မှုမျိုးက သူ သေသွားတော့မည့်အလား ခံစားရသည်။

ချင်လန်သည် သူ၏အားနည်းသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကျောင်းလန်သည် အဝေးတွင် ရပ်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။ ယင်းက သူ့ကို လန်းဆန်းသွား စေသည်။ သဲကန္တာရထဲမှာ အချိန်အတော်ကြာ ရေဓာတ်ခန်းခြောက်နေသည့် ခရီးသွား တစ်ယောက်သည် ရေအရင်းအမြစ်ကို မြင်တွေ့လိုက်ရသလိုပင်။ သူ၏မျက်လုံးတွေက ဝင်းလက်တောက်ပလာပြီး ကျောင်းလန်ကို အော်ပြောလိုက်သည် "အမေ၊ ကယ်ပါဦး၊ ကယ်ပါဦး…”။

ကျောင်းလန်သည် ချင်လန်၏ အော်ဟစ်သံကို ကြားသောအခါတွင် သူမ၏မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

"လန်အာ…" ကျောင်းလန်က ကမန်းကတန်း ပြန်ခေါ်လိုက်သည်။

ကျောင်းလန်သည် ရက်စက်ကြမ်းကြုတ်သော်လည်း သူမ၏တစ်ဦးတည်းသော သားကို အလွန်မင်း အလေးထားသည်။ ချင်လန်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် အနှိုင်းမဲ့ အားနည်းနေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာသည် ချက်ချင်းပင် ဝမ်းနည်း ပူဆွေးမှုများဖြင့် ပြည့်နှက်သွားသည်။ ချက်ခြင်းပင်၊ ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်တွေက သတ်ချင်စိတ်များ ပြည့်နှက်လာသည်။

"တကယ်လို၊ ခင်ဗျားသားကို ကယ်ချင်တယ်ဆိုရင် ခင်ဗျား ကပ်ပေးနိုင်ပါတယ်။ ကျုပ်က အခြေအနေတစ်ခုပဲ လိုအပ်တယ်။ ကျုပ် အမေ ဘယ်ရောက်နေလဲ ပြောပြပါ။" ချင်ယွင်က အေးစက်စွာ ပြောသည်။

"အဲဒီခွေးမလား?။ ဟမ့်၊ မင်းအဖေက မင်းရှေ့မှာပဲ အမှောင်ထုတ်ချောက်နက်ကြီးထဲ ပစ်ချခဲ့တာ မဟုတ်ဘူးလား?" ကျောင်းလန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူမ၏ လေသံက အမှန်တကယ်ပင် ပြင်းထန်သော အထင်မြင်သေးခြင်းနှင့် ပြည့်နှက်နေခဲ့သည်။

သူမ၏မျက်လုံးထဲတွင် ချင်ယွင်၏မိခင်သည် နိမ့်ကျသော အစေခံတစ်ဦးမျှသာ ဖြစ်သည်။ အဲဒီတုန်းက ဖရိုဖရဲ အင်မော်တယ်အရိုးကို ပိုင်ဆိုင်ထားသည့် ချင်ယွင်ရှိနေခြင်း ကြောင့် သာ၊ ထိုသို့မဟုတ်ပါက, သူမသည် ဤအင်မော်တယ်မြို့ထဲကို ဝင်ရောက်ရန်ပင် မထိုက်တန်ပေ။ ယခုအချိန်ထိတိုင် ချင်ယွင်၏မိခင်သည် နိမ့်ကျသော လူတစ်ယောက်ဟု သူမ ခံစားမိဆဲဖြစ်သည်။

ထို့ကြောင့် ချင်ယွင်၏စကားကို သူမ ပြန်ကြားသောအခါတွင် သူမ၏ အထင်အမြင်သေးမှု ကို ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။

ကျောင်းလန်၏စကားကိုကြားတော့ ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။

'ခွေးမ' ဟူသော စကားလုံးများက သူ့ကို လွန်စွာမှ နားထဲထိုးဖောက်လိုက်သလို ခံစားလိုက် ရပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။

"ဒါဆို ကျုပ် အမေ ဘယ်ရောက်နေလဲ မသိဘူးပေါ့" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။

ကျောင်းလန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ချင်ယွင် ဆိုလိုသည့်သဘောကို သူမ ပြောပြနိုင်ပါသည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် အမှောင်ထုချောက်နက်ကြီးထဲ သွားရောက်ခဲ့ပြီးဖြစ်သော်လည်း သူ၏အမေကို ရှာမတွေ့ခဲ့ပေ။

"ကောင်းလိုက်တဲ့ ချင်ချင်ဟန်။ ရှင်က နောက်ကွယ်မှာ ဒီလိုအကွက်မျိုးတွေ ထားရှိခဲ့လိမ့် မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။ ဟိုတုန်းက ရှင်က ဒီအယုတ်တမာ ကောင်လေးကို သေမျိုးကမ္ဘာကိုပို့ပြီး တမင်တကာ သတ်ပြခဲ့ပုံရတယ်။ ကျွန်မတောင် ရှင့်ရဲ့လှည့်စားမူကို ခံခဲ့ရတာပဲ" ကျောင်းလန်သည် သူမ၏ မျက်လုံးများကို မှေးကျဉ်းထားပြီး ပြင်းထန်သော အမုန်းတရားဖြင့် ပြောလိုက်သည်။

"ခင်ဗျား ဘာမှမသိဘူးဆိုတော့ သူလည်း ဒီကမ္ဘာကြီးမှာ နောက်ထပ် နေစရာမလိုတော့ ဘူး။" ချင်ယွင်က ကျောင်းလန်ကို ကြည့်ပြီး သရော်ဟန်ဖြင့် ပြောလိုက်သည်။

ကျောင်းလန်၏ စကားများက သူ့ကို အလွန်မင်း ဒေါသထွက်စေခဲ့သည်။ ယခုအချိန်တွင် သူ၏နှလုံးသားထဲမှာ သတ်ဖြတ်ချင်စိတ်သာ ရှိနေပါသည်။ ထို့နောက် ချင်ယွင်သည် သူ၏လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး၊ သူ၏လက်ဖဝါးထဲရှိ ချင်လန်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ဖိလိုက်ပါသည်။

"မင်းလုပ်ရဲရင်.." ကျောင်းလန်သည် ချင်ယွင်က ချင်လန်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို သတ်ပစ်တော့မည်ကို မြင်သောအခါတွင်, သူမ၏ ကြော့ရှင်းသော မျက်နှာသည် ထိတ်လန့် တကြား ဖြစ်သွားသည်။ ထို့နောက် သူမသည် ချင်ယွင်ကို တားဆီးလိုဟန်ဖြင့် ချင်ယွင်ဆီသို့ ထိပ်တန်းအမြန်နှုန်းဖြင့် ပြေးသွားခဲ့သည်။

ချင်ယွင်သည် အရှိန်အဟုန်ဖြင့် ပြေးလာနေသော ကျောင်းလန်ကို ကြည့်လိုက်ပါသည်။ သို့သော် သူ၏မျက်လုံးများက အပြုံးရိပ်မပျက်ပါချေ။ “ကျုပ် လုပ်ရဲမယ်လို ခင်ဗျား ထင်လား” ဟု သူက ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ၏လက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး သူ၏ လက်ဖဝါးတွင် ကပ်နေသော စိတ်ဝိညာဉ်အလင်းလုံးသည် ကြေမွသွားကာ၊ သူ၏လက်ထဲ မှာ ပေါက်ကွဲသွားပါသည်။

"မဟုတ်ဘူး" ချင်လန်သည် အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူ၏စကား မဆုံးခင်မှာ၊ သူ၏အင်မော်တယ် စိတ်ဝိညာဉ်သည် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွားခဲ့သည်။

ကျောင်းလန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ သူမ၏ မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာခဲ့သည်။

အကယ်၍, လူတစ်ယောက် ရုပ်ကိုယ်ခန္ဓာ ပျက်စီးသွားလျှင်ပင်, မိမိ၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ပါသည်။ သို့သော် လူတစ်ယောက်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်လျှင်တော့, အထွက်အထွပ်အဆင့်ရှိ ကျွမ်းကျင်သူများပင် လျှင် ကောင်းကင်ဘုံကို ဖျက်ဆီးရသကဲ့သို့ နည်းလမ်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ် စိတ်ဝိညာဉ် ပျက်ဆီးသွားခြင်းသည် အမှန်တကယ် သေဆုံးသွားပြီဟု ဆိုလိုသောကြောင့် ဖြစ်ပါသည်။

"ငါ မင်းကို သေစေချင်တယ်" ကျောင်းလန်သည် စကားလေးခွန်းကို ညှစ်ထုတ်လိုက်ပြီး သူမ၏ နှလုံးသားထဲမှ ဒေါသလှိုင်းကြီး ထွက်လာပါသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါး ၏ ကြောက်မက်ဖွယ် စွမ်းအားသည် အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာသည်။

ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ။ ၎င်းသည် ချင်ယွင် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်မားသောအဆင့် ဖြစ်သည်။

သို့သော် ချင်ယွင်၏ မျက်လုံးများတွင် ထိတ်လန့်သွားခြင်း အလျဉ်းမရှိချေ။ သူသည် ကြီးမြတ်သော ဧကရီဘုရင်မကို အနိုင်ယူရန် ရည်ရွယ်ချက် မရှိပေ။ သူ ဧကရီဘုရင်မ ရှေ့တွင် ချင်လန်၏ အင်မော်တယ်စိတ်ဝိညာဉ်ကို ချေမွှပစ်ရခြင်းမှာ သူမ ချစ်မြတ်နိုင်းရသူ ဆုံးရှုံးလိုက်ရခြင်း၏ နာကျင်မှုကို သူမအား သိစေရန်ဖြစ်သည်။

ထိုအချိန်တုန်းက သူသည် သေမျိုးကမ္ဘာသို့ ပစ်ချခံရခြင်းက သူမကြောင့် ဖြစ်သလို ကောင်းကင်နှင်း မြင့်မြတ်နယ်မြေရှိ လူတိုင်းကို သတ်စေခဲ့သူကလည်း သူမဖြစ်သည်။ သူ၏အဒေါ် ချင်ဝမ်ယုသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး၊ သူမခန္ဓာကိုယ်ရှိ ကောင်းကင် တာအိုသည် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ရခြင်းမှာလည်း သူမ အမိန့်ပေးခဲ့ခြင်း ကြောင့် ဖြစ်သည်။ ရှရှန်းယုသည် ချန်မင်ရှီကို ကယ်တင်ရန်အတွက် အဆိပ်ခတ်ခံခဲ့ရပြီး၊ ယင်းကလည်း သူမကြောင့်ပင်။

သူချင်ယွင်သည် ဘယ်တုန်းကမှ ကြင်နာသနားတတ်သည့် လူတစ်ယောက် မဟုတ်ပါဘူး။ သူသည် အခြားသူများက ဆက်ဆံသည့်ပုံစံအတိုင်း ၎င်းတို့အား ပြန်ဆက်ဆံပါလိမ့်မည်။ အကယ်၍၊ အခြားသူများက သူ၏ဆွေမျိုးများကို အသုံးပြုပြီး သူ့ကို ခြိမ်းခြောက်လာပါက သူသည် ၎င်းတို့ထက်ပင် ပို၍ပင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူပြလိမ့်မည်။

ဤသည်မှာ သူချင်ယွင် တချိန်လုံး လျှောက်လှမ်းပြီး ကျင့်ကြံခဲ့သော ကောင်းကင်တာအို ဖြစ်ပါသည်။

"သေလိုက်တော့..”။

ကျောင်းလန်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူမ၏ ရုပ်အသွင်က ချင်ယွင်၏ ရှေ့မှာ တစ္ဆေသရဲလို ပေါ်လာပါသည်။ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ပါရှိသော လက်ဖဝါးသည် ချင်ယွင်၏ နဖူးဆီသို့ ချက်ခြင်း ရိုက်ချလိုက်ပါသည်။

သူမသည် ကောင်းကင်ဘုံရှိ လန်အာ၏စိတ်ဝိညာဉ်ကို ဖြေသိမ့်ပေးနိုင်ရန် ချင်ယွင်ကို လုံးဝ ချေမှုန်းပစ်ချင်နေခဲ့သည်။

ချင်ယွင်သည် ရုတ်တရက် တိုက်ခိုက်လာသည့် လက်ဖဝါးရိုက်ချက်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အံ့သြသွားသည်။ ကျောင်းလန်၏ အမြန်နှုန်းသည် သူထင်ထားသည် ထက် အနည်းငယ် ပိုမြန်နေပါသည်။

ဘန်း….

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်ယွင်သည် ထိုအထွက်အမြတ်ပုဂ္ဂိုလ်၏ အထွက်အထိပ် စွမ်းအားကို တိုက်ရိုက် စုစည်းကာ ကြည်လင်ကောင်းကင်ဓား၏ မျက်နှာပြင်ကို အသုံးပြုပြီး ၎င်းလက်ဖဝါးရိုက်ချက်ကို တားဆီးလိုက်သည်။

“ဘုန်း..”။

တစ်ချိန်တည်းမှာ မိုးခြိမ်းသံတစ်သိန်း ပေါက်ကွဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ရာ မြည်ဟီးသံကြီးက ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်ထဲရှိ ကြည်လင်ကောင်းကင်ဓားမှတဆင့် ပြင်းထန်သော စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ သူ၏တစ်ကိုယ်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားကာ သူ၏တစ်ကိုယ်လုံး ထုံကျင်သွားစေသည်။

ထို့အပြင်၊ သူ၏ခန္ဓာကိုယ်သည် ဥက္ကာပျံကြွေကျသကဲ့သို့ နောက်သို့ ပြင်းထန်စွာ လွင့်ပျံသွားခဲ့လေသည်။

“ဖူး..”။

ချင်ယွင်သည် ပါးစပ်ထဲမှ သွေးတပွက် ထွေးထုတ်လိုက်ရသည်။ သူသည် အဝေးမှနေ၍ ကျောင်းလန်ကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ အဆုံးတော့၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ကို လျှော့တွက်နေခဲ့မိသည်။

All Chapters