အခန်း ၁၀၀၀
Vol. 67 Ch. 1000
အခန်း (၁၀၀၀) ဒေါသ.. ဒေါသ…။
ဒေါင်!
အဝေးမှ လွင့်မျောကျွန်းကြီးတစ်ခုပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့ပြီး၊ ချင်ယွင်၏ ပြုတ်ကျသံက နားကန်းသွားလောက်သည်။
ကျွန်းတစ်ခုလုံး ချက်ချင်း တုန်လှုပ်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် အဆုံးမသတ်နိုင်အောင် မြည်ဟီးနေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ကျွန်း၏ထက်ဝက်ကျော် ပျက်စီးသွားစေခဲ့ပြီး ၎င်းတို့ကို အပိုင်းပိုင်း ဖြတ်တောက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အရိုးတွေလည်း ကွဲအက်သွားသလို ပြင်းထန်တဲ့ နာကျင်မှုက သူ့ကို အံတင်းတင်း ကြိတ်စေမိသည်။
"လခွမ်း…၊ လက်ဖဝါးတစ်ချက် ရိုက်ချက်ရုံနဲ့တင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပါဝင်နေတယ်" ချင်ယွင်သည် သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာ စေရန် ဖင်းဂေါ့ဂ်စွမ်းအားကို လှုံ့ဆော်ပေးလိုက်သည်။
"ဟမ့်၊ မင်းက လန်အာကို သတ်လိုက်တယ်။ မင်း ဒီနေ့ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး"
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ ခရမ်းရောင်လျှပ်စီးများ လင်းလက်နေသော ဓားရှည်တစ်ချောင်းက သူ့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။
ခရမ်းရောင်လျှပ်စီးဓားအတွင်း ပါဝင်နေသော အဖျက်စွမ်းအင် အတက်အကျလှိုင်းများက ချောက်ချားဖွယ်ကောင်းပြီး လူတိုင်း၏နှလုံးသားကို တုန်လှုပ်စေပါသည်။
"ဒါက ကြီးမြတဲ့ ဧကရီဘုရင်မရဲ့ စွမ်းအားပဲလား?။ သိပ်ကို အားကြီးလွန်းတယ်!" အဝေးမှ အင်မော်တယ် ဧကရာဇ်တစ်ပါးက ထိတ်လန့်တကြား ပြောလိုက်သည်။
"မှန်တယ်၊ ဒီဖျက်ဆီးခြင်းစွမ်းအား၊ အဝေးကနေတောင်မှ ငါ့တစ်ကိုယ်လုံး တုန်လှုပ်နေ သလို ခံစားရတယ်။ တကယ်လို့, ဒီဓားသာ ငါ့အပေါ်ကို ကျရောက်လာခဲ့ရင် သံသယမရှိ ငါ သေသွားမှာတောင် ကြောက်မိတယ်။" ကျောင်းလန်၏ ကယ်တင်ခြင်းခံရသော ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်လည်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
သူ့စကားကို ကြားတော့ ဘေးနားမှ လူတိုင်း အံ့ဩသွားသည်။ ကောင်းကင်တာအို နယ်ပယ်၏ နဝမအဆင့်ရှိ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ်တောင်မှ ယခုလို စကားမျိုး ပြောနေခဲ့သည်။ ဤဓားချက်က မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။
ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် လေးနက်သော အမူအရာဖြင့် သူ့ဆီသို့ ပျံသန်းနေသော လျှပ်စီးဓားကို ကြည့်လိုက်သည် ။
ဤခရမ်းရောင် လျှပ်စီးဓားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ဤဓားမှထွက်ပေါ်လာသည့် အလွန်မင်း အန္တရာယ်များသော အငွေ့အသက်ကို သူပင် ခံစားနိုင်သည်။
လျှပ်စီးဓားသည် အလွန်လျင်မြန်ပြီး ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။
"ကြည့်ရတာ ဒီလှုပ်ရှားမူကို အသုံးပြုဖို့ အချိန်တန်ပြီထင်တယ်" ချင်ယွင်က ချက်ချင်းပင် ခက်ထန်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးတွေက ရုတ်တရက် ခရမ်းရောင် ပြောင်းသွားခဲ့ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပေတစ်ထောင်ရှည်လျားသော ခရမ်းရောင် နဂါးကြီး တစ်ကောင်သည် လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။
ခရမ်းရောင် နဂါးကြီး ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အငွေ့အသက်နှင့် နဂါးတစ်ကောင်၏တန်ခိုးစွမ်းအား အငွေ့အသက်တို့က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပါသည်။
အနှိုင်းမဲ့မာကျောသော ခရမ်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော နဂါးခြေသည်းကြီး သည် ချက်ချင်း ဆန့်ထွက်လာကာ ခရမ်းရောင်လျှပ်စီး ဓားဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပါသည်။
“ဘုန်း…”။
လျှပ်စီးဓားသည် ပေါက်ကွဲသွားပြီး ကောင်းကင်နှင့် မြေကြီးသည် ဖျက်စီးခြင်းစွမ်းအားနှင့် ပြည့်နေခဲ့၏။
ချင်ယွင်၏ကြီးမားလှသော နဂါးခြေသည်းကြီးသည်လည် ပိုမိုကောင်းမွန်ခြင်း မရှိပါချေ။ သူ၏နဂါးခြေသည်းကြီးတစ်ခုလုံးရှိ ခရမ်းရောင် အကြေးခွံများ ပေါက်ကွဲသွားသည်။ သူ၏အသားကနေ သွေးတွေ ထွက်ကျနေပြီး သူ၏ခြေသည်းကြီးတစ်ခုလုံးနီးပါး ကွဲအက်သွားခဲ့သည်။
နှလုံးသည်းပွတ်သလို နာကျင်ကိုက်ခဲမှုကြောင့် ချင်ယွင်၏ နဂါးပါးစပ်ကြီးသည် တအီးအီး အော်ညီးသံ ထွက်ပေါ်လာသည်။ ဤဖျက်ဆီးခြင်းစွမ်းအားကြောင့် ပျက်စီးသွားမှုသည် အကယ်၍၊ သူသည် ဖင်းဂေါ့ဂ်စွမ်းအားကို အသုံးပြုမည်ဆိုလျှင်ပင် ပြန်လည်ပြုပြင်ရန် အလွန်မင်း ခက်ခဲလွန်းပါသည်။ ထို့ကြောင့် ချင်ယွင်၏ နဂါးခြေသည်းကြီးသည် ပြန်လည် ကောင်းမွန်လာရန် အလွန်နှေးကွေးပါသည်။
ကျောင်းလန်သည် အေးစက်သော မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။ ချင်ယွင်သည် နဂါးနတ်ဘုရားအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားလိမ့်မည်ဟု သူမသည် မည်သည့်အခါမျှ မတွေးခဲဖူးပေ။ အလွန်လျင်မြန်စွာ သူမသည် ရေခဲသဖွယ် အေးစက်သွား ပြန်သည်။
ချင်ယွင်၏ အနာဂတ် အလားအလာက ကြီးမားလေလေ၊ သူမ၏ သတ်ပစ်မည်ဟု ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာလေဖြစ်သည်။
"ဟမ်၊ မင်း ဘယ်လိုပုံစံပဲ ဖြစ်ဖြစ်, အကြွင်းမဲ့ ခွန်အားတွေ ရှေ့မှာ မင်းက သေရလိမ့်မယ်" ကျောင်းလန်က အေးစက်သော နှာခေါင်းရှုံ့လိုက်ပြီး သူမလက်ထဲတွင် ခရမ်းရောင် ကြာပွတ်တစ်ခု ပေါ်လာသည်။
“ဖျန်း…”။
ကျောင်းလန်သည် သူမ၏ ကြာပွတ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ကြာပွတ်သည် ချက်ချင်းပင် ပြင်းထန်သော အသံကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကြောင်းက လင်းလက်သွားပြီး လေဟာနယ်ကို ဖြိုခွင်းပစ်လိုက် သည်။
"ဒါက ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်မှာ အဆင့်ခြောက်ဆင့်ရှိတဲ့ မိုးကြိုးနတ်ဘုရား ကြာပွတ်ပဲ။ ဧကရီဘုရင်မက မိုးကြိုးနတ်ဘုရား ကြာပွတ်ကိုတောင်မှ တကယ်ပဲ အသုံးပြုခဲ့တယ်ပေါ့” ချင်ယွင်ကတော့ ဒီနေ့ သေတော့မှာ သေချာပါတယ်။"
"မှန်တယ်။ ဧကရီဘုရင်မက လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုကို ကျင့်ကြံထားတာ။ အခု သူမလက်ထဲမှာ မိုးကြိုးနတ်ဘုရား ကြာပွတ်ကို ကိုင်ထားမှတော့ ဒီကြာပွတ်ရဲ့ အစွမ်းက အလွန်မင်း ကြောက်စရာကောင်းလာလိမ့်မယ်။"
ထိုအင်မော်တယ် ဧကရာဇ်များသည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချကြသည်။ “ကိုယ့်ရှေ့မှာ တွေ့ရသည့် ရတနာတိုင်းက ကောင်းတယ်လို့ ပြောလို့မရပါဘူး။ တခါတရံ မှာ ကိုယ်နဲ့လိုက်ဖက်ညီတဲ့ ရတနာတွေကမှ ပိုပြီးထိရောက်ပါတယ်”။
ကျောင်းလန် ထုတ်ယူလိုက်သည့် မိုးကြိုးနတ်ဘုရား ကြာပွတ်ကို ကြည့်ပြီး၊ ချင်ယွင်၏ ခရမ်းရောင် နဂါးမျက်လုံးများက ပို၍ပင် တည်ငြိမ်လာခဲ့သည်။
ဘန်း…။
သူ၏ကြီးမားလှသော နဂါးခြေသည်းကို ဆန့်ထုတ်ကာ သံကြိုးကြီးတစ်ချောင်းကို ဆွဲကိုင်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ သူသည် ကြီးမားလှသော အင်မော်တယ်ကျွန်းကို တိုက်ရိုက် ဝှေ့ယမ်းကာ ကျောင်းလန်ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်သည်။
ကျောင်းလန်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူမလက်ထဲမှ မိုးကြိုးနတ်ဘုရား ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။
“ဘုန်း..”။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ကြီးမားလှသော အင်မော်တယ် ကျွန်းမြို့ကြီးသည် သူမ၏ ကြောက်စရာကောင်းသော မိုးကြိုးနတ်ဘုရား ကြာပွတ်ကြောင့် လုံးလုံး ကွဲကြေသွားကာ၊ ကောင်းကင်တွင် ပြည့်နှက်နေသော ကျောက်တုံးအပိုင်းများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ရွှန်း..”
ရှည်လျားသော ကြာပွတ်သည် နောက်တကြိမ် လှုပ်ယမ်းသွားပြန်သည်။ ခရမ်းရောင် လျှပ်စီးကြာပွတ်သည် ကောင်းကင်ပြင်ကို ဖြတ်သန်းသွားသည်။ ချက်ချင်းပင်၊ ရှည်လျားသော ကြာပွတ်မှ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားသည်။ လျှပ်စီးကြာပွတ်အတွင်းပါရှိသော စွမ်းအားသည် ယခင်ကထက် ပိုမိုပြင်းထန်လာပြီး အဖျက်စွမ်းအားကို ထုတ်လွှတ်သည်။
သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသောကြောင့် ချင်ယွင်သည် တုံ့ပြန်ရန် အချိန်နည်းနည်းလေးတောင် မရခဲပါဘူး။
“ဖျန်း..”။
လျှပ်စီးကြာပွတ်က ပေါက်ကွဲသွားပြီး လျှပ်စီးကြောင်းတွေက ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ပေါ်လာသည်။ ထိုဒဏ်ရာကနေ သွေးတွေ စီးထွက်လာသည်။
"ဟမ့်၊ ငါ့ရဲ့လန်အာကို သတ်ရဲတယ်ပေါ့။ ဒီနေ့၊ မိုးကြိုးပစ်ခံရတဲ့ အရသာ ဘယ်လိုရှိလဲ ဆိုတာ မင်းကို ငါ ပြောပြမယ်။" ကျောင်းလန်က အေးစက်စွာ အော်ပြောလိုက်သည်။
သူမလက်ထဲမှ လျှပ်စီးကြာပွတ်ဟာ ချက်ချင်းဆိုသလို တဖန်တုန်ခါလာပြီး ချင်ယွင်၏ ကြီးမားလှသည့် နဂါးခန္ဓာကိုယ်ကြီးပေါ်ကို လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ချင်ယွင်၏ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးအား ဤလျှပ်စီးကြာပွတ်က ကောင်းကင်မှ အတင်းဆွဲချသွားကာ ဧရာမမြို့ကြီးတစ်ခုပေါ်သို့ ကျရောက်သွားပြီး ဧရာမမြို့ကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
“ရွှန်း..”
နောက်ထပ် လျှပ်စီးကြာပွတ်နှစ်ချက် ကျန်ရှိနေပါသေးသည်။ အဖျက်စွမ်းအားများ ပါရှိသော လျှပ်စီးကြာပွတ် ရိုက်ချက်များသည် ချင်ယွင်၏နဂါးစကေးကို လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်ခဲ့သည်။ ကြာပွတ်တစ်ချက်စီတိုင်းသည် ရှည်လျားပြီး နက်ရှိုင်းသော သွေးထွက်သံယို ဒဏ်ရာကြီးများကို ချန်ထားရစ်ခဲ့သည်။
လေးကြိမ်မျှ ရိုက်နှက်ခံရရုံဖြင့် ချင်ယွင်နဂါ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ထိတ်လန့်စရာ ဖြစ်နေပါပြီ။
အဝေးမှာရှိနေကြသည့် အင်မော်တယ် ဧကရာဇ်များ၏ စိတ်နှလုံးများသည် ပို၍ပို၍ပင် တုန်လှုပ်နေကြပြီး၊ ကြီးမြတ်သော ဧကရီဘုရင်မကို နည်းနည်းလေးမျှ အမိန့်မနာခံဘဲ မည်သည်အခါမှ မနေတော့ဟု တိတ်တဆိတ် ကျိန်ဆိုနေကြပါသည်။
ရွှန်း….။
ရှည်လျားသော ကြာပွတ်သံသည် ကောင်းကင်မှ ထွက်ပေါ်လာပြန်သည်။ မိုးကြိုး နတ်ဘုရား ကြာပွတ်သည် ချင်ယွင်သို့ တစ်ဖန် ကြိမ်းမောင်းသံပေးရင်း ပြေးဝင်သွားပြန် သည်။
"တော်လောက်ပြီ..”။
ချင်ယွင်၏ နဂါးပါးစပ်ကြီးက နက်နက်ရှိုင်းရှိုင်း ဒေါသထန်ပြင်းနေသည့်အသံ ထွက်လာခဲ့ပြီး၊ ချင်ယွင် ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့် အစိမ်းပြာရောင် စွမ်းအင်တစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
အထွက်အထိပ်ပုဂ္ဂိုလ် စွမ်းအား၊ ဟုတ်ပါသည်၊ ချင်ယွင်သည် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားကို နောက်တစ်ကြိမ် ထပ်သုံးလိုက်ရသည်။
သူ၏စိတ်နှလုံးထဲရှိ မောက်မာမှုသည် လုံးဝကို နှိုးဆွခံလိုက်ရပြီ။ သူမက ဧကရီဘုရင်မကြီး ဖြစ်နေရင်တောင်မှ မိန်းမက သူ့ကို ယခုလို ကြာပွတ်ဖြင့် ရိုက်နှက်နေသည့် အဖြစ်မျိုးကို သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း?။
“ဘုန်း..”။
အထွက်အထိပ် စွမ်းအားသည် ချင်ယွင်၏နဂါးခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။ အထွက်အထိပ် စွမ်းအားက ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲ ပြည့်နှက်သွားခဲ့သည်။ ချင်ယွင်၏ အငွေ့အသက်သည်လည်း ချက်ချင်း ပေါက်ကွဲသွားပုံရသည်။
“ဘုန်း…။
ချင်ယွင်သည် သူ၏ကြီးမားလှသော နဂါးခြေသည်းကြီးကို ဝှေ့ယမ်းပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအားများပါရှိသော လျှပ်စီးကြာပွတ်ကို ဖမ်းဆုပ်လိုက်သည်။
"အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအား၊ သူ့မှာ အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားက ဘယ်လိုလုပ် ရှိနိုင်မှာလဲ? သူက အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ တမန်တော် ဖြစ်နိုင်ပါ့မလား?" ကျောင်းလန်၏ မျက်လုံးများသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သော်လည်း သူမကို ပို၍အံ့သြသွားစေသည့် အရာက သူမနောက်တွင် ရှိနေဆဲ ဖြစ်သည်။ သူမသည် မည်မျှပင် ကြိုးစားခဲ့ပါစေ မိုးကြိုးနတ်ဘုရားကြာပွတ်ကို ချင်ယွင်၏ နဂါးလက်သည်းထံမှ ပြန်မဆွဲထုတ်နိုင်တော့ကြောင်း သူမ တွေ့ရှိခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ ခရမ်းရောင် နဂါးခန္ဓာကိုယ်တစ်ခုလုံးသည် အစိမ်းပြာရောင် အလင်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် လွန်ကဲစွာ ကြောက်မက်ဖွယ်ကောင်းနေသည်။
အကယ်၍၊ ဆုဟန်ယွန်သာ အသက်ရှင်နေသေးပါက၊ သူသည် ချင်ယွင်ကို အသုံးဖြုန်းကြီး သည့် သားတစ်ယောက်အဖြစ် သေချာပေါက် ကြိမ်းမောင်းမိပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် တမန်တော် တံဆိပ်ပြားတွင် ရှိနေသည့် သူ ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်လောက် အသုံးပြုနိုင်သော အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား အားလုံးကို တကြိမ်တည်းဖြင့် ဖြုန်းတီးလိုက်သောကြောင့် ဖြစ်ပါသည်။