အခန်း ၁၀၀၁
Vol. 67 Ch. 1001
အခန်း (၁၀၀၁) ဆရာသခင် ရောက်ရှိလာခြင်း။
ချင်ယွင်သည် အမှန်တကယ်ပင် ဒေါသထွက်နေသဖြင့် ကျန်ရှိနေသော အထွက်အထိပ် စွမ်းအား အားလုံးကို တကြိမ်တည်းဖြင့် အကုန်အသုံးပြုခဲ့သည်။ နဂါးကြီး၏ခန္ဓာကိုယ် သည် အလွန်ကြီးမားသောကြောင့်၊ လိုအပ်သောခွန်အားသည်လည်း သဘာဝအားဖြင့် အလွန်ကြီးမားပါသည်။
"ဟမ့်၊ ငါ့ရဲ့ကြာပွတ်ဒဏ်ကို ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ။" ချင်ယွင်နဂါးကြီးထံမှ ဒေါသကြီးစွာ အသံထွက်ပေါ်လာသည်။
ထို့နောက်၊ ချင်ယွင်၏ နဂါးခြေသည်းကြီးသည် ချက်ချင်းဆိုသလိုပင် ခွန်အားကို ထုတ်လွှတ်လိုက်ပြီး၊ အမှန်တကယ်ပင်၊ ၎င်းစွမ်းအားသည် ကျောင်းလန်၏ခန္ဓာကိုယ်ကို အဝေးသို့ တိုက်ရိုက် ပစ်လွှင့်သွားစေပြီး၊ ချင်ယွင်သည်လည်း သူမ လွင့်ထွက်သွားသည့် ဦးတည်ရာအရပ်တိုင်း ပျံသန်းသွားခဲ့သည်။
“ဘုန်း..”။
ချင်ယွင်သည် ချက်ချင်းပင် သူ၏ နဂါးအမြီးကြီးကို ထုတ်လွှတ်လိုက်ပြီး ကျောင်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်သွားသည်။
ကျောင်းလန်သည် ချက်ချင်းပင် ပါးစပ်ထဲ သွေးများ အန်ထွက်လာပြီး သူမ၏ မျက်လုံးများ က ထိတ်လန့် တုန်လှုပ်သွားသည်။
ချင်ယွင်သည် နဂါးနတ်ဘုရားအဖြစ်သို့ အသွင်ပြောင်းထားစဉ်မှာပင် သူ၏စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ခွန်အားကို ကျော်လွန်နေပြီ ဖြစ်သည်။ ယခု သူသည် သူ၏ အထွက်အထိပ် စွမ်းအား အားလုံးကို အသုံးပြုခဲ့ပြီး၊ သူ၏ ခွန်အားသည် ချက်ချင်းပင် ကြောက်မက်ဖွယ် အဆင့်သို့ တိုးမြင့်လာခဲ့သည်။ ကျောင်းလန်သည်ပင် ကြိုတင်မပြင်ဆင်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် ချင်ယွင်နဂါးကြီးသည် ကျောင်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်ကာ၊ သူမကို ချက်ခြင်း လွင့်ထွက်သွားစေသည်။
ချင်ယွင်သည် ထိုနေရာမှာပင် ရပ်တန့်မနေခဲ့ပါဘူး။ ကြီးမားသော နဂါးခြေသည်းကြီးက သံကြိုးတစ်ခုပေါ်သို့ တိုက်ရိုက် ဆွဲကိုင်ကာ ပြင်းထန်စွာ ပစ်ချလိုက်သည်။ ၎င်းသံကြိုးကြီး သည် ကျောင်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
"ဘန်း… ဘန်း…”။
ချင်ယွင်သည် သူ၏ရှည်လျားသော ကြာပွတ်ကြီးအဖြစ် သံမဏိကြိုးကြီးကို အသုံးပြုပြီး ကျောင်းလန်အား နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ကြိမ်ဒဏ်ပေးလိုက်သည်။
ကြာပွတ်ရိုက်ချက် တစ်ချက်စီတိုင်းသည် ကောင်းကင်ယံကို တုန်ခါပြီး၊ မြေကြီးကိုပင် ပြိုကျနိုင်ဟု ဆိုရလောက်သည့် ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ကျောင်းလန်၏ မူလက လွှမ်းမိုးနိုင်စွမ်းရှိသော စိတ်ဓာတ်သည် ချင်ယွင်ကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးသည် အဝေးရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ကောင်းကင်ကြီး တုန်ခါနေသည့် အသံပင် ထွက်ပေါ်လာသည်။
လှုပ်ရှားမှုသုံးခုက ကျောင်းလန်ကို လက်တုံ့ပြန်နိုင်ခြင်း မပြုနိုင်ဘဲ ဖြစ်စေခဲ့သည်။ ယင်းက တစ်ကြိမ်တည်းဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။
ဟုတ်ပါသည်။၊ ဤပေါက်ကွဲမှု သုံးခုနှင့်အတူ ချင်ယွင်၏ အထွက်အထိပ် စွမ်းအားတွေ လည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ သူ၏စွမ်းအားသည် ကြီးမားလာသော်လည်း သုံးစွဲမှုပမာဏက သဘာဝအတိုင်း ကြီးမားလှပါသည်။
အဝေးမှ အင်မော်တယ် ဧကရာဇ်များသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် ပြူးထွက်လုနီးပါး ဖြစ်နေခဲ့သည်။
သူ အထွက်အထိပ် စွမ်းအား ပိုင်ဆိုင်ထားသည့်အကြောင်းကို သူတို့ မသိခဲ့ကြပေ။ ထို့ကြောင့် ချင်ယွင်သည် ဤမျှကြောက်စရာကောင်းသော ခွန်အားဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသဖြင့် သူတို့သည် တုန်လှုပ်သွားကြသည်။
ဘန်း..။
ချင်ယွင်၏ ရုပ်အသွင်သည် နဂါးနတ်ဘုရား အသွင်ပြောင်းထားခြင်း ဆုတ်ခွာသွားခဲ့သည်။ ဤပေါက်ကွဲမှုသည် သူ၏ အထွက်အထိပ် စွမ်းအား အားလုံးကို အဆက်မပြတ် အသုံးပြု ခဲ့ပြီး သူ၏ ရုပ်ခန္ဓာယ်ကိုယ်ကို အလွန်မင်း ပင်ပန်းနွမ်းနယ်စေပါသည်။
သို့သော် ဤအကျိုးသက်ရောက်မှုသည် သဘာဝအတိုင်း ကြီးမားလှသည်။ ထိုအချိန်တွင် ချင်ယွင်၏ စိတ်သည် အလွန်ပင် ပေါ့ပါးပြီး စိတ်သက်သာရာ ရသွားပါသည်။ ဟုတ်ပါသည်၊ သူ၏စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းနည်းသလို ခံစားရပါသည်။ အကယ်၍၊ သူ့မှာသာ ယခုထက်ပိုပြီး အထွက်အထိပ် စွမ်းအားတွေ ရှိနေခဲ့မည်ဆိုရင်, သူသည် ကျောင်းလန်ကို လုံးဝ သတ်ပစ်နိုင်မှာပါ။
“ဘုန်း..”။
ကျယ်လောင်သော ဆူဆူညံသံ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများ ပေါက်ကွဲသွားပါသည်။ လူတိုင်း၏ အမြင်အာရုံထဲတွင် သနားစဖွယ် ရုပ်အသွင်အပြင်တစ်ခု ပေါ်လာပါသည်။
ဧကရီဘုရင်မ ကျောင်းလန်၏ ဆံပင်တွေက ရှုပ်ပွနေပြီး၊ သူမ၏ အဝတ်အစားတွေက စုတ်ပြဲနေကာ၊ သူမ၏အဝတ်အစားတွေက သွေးများဖြင့် စွန်းထင်းနေပါသည်။ သူမ၏ နဂိုက ချောမောလှပသော မျက်နှာသည်လည်း ပြာနှမ်းနေပြီး သူမ၏ ပါးစပ်ထောင့်တွင် သွေးများ စီးကျနေပါသည်။
အားလုံးက ကျောင်းလန်ကို တအံ့တသြ ကြည့်နေကြသည်။ အစောပိုင်းက ကျောင်းလန် သည် မြင့်မြတ်ပြီး တန်ခိုးကြီးလှပါက မည်သူမျှ ကဲ့ရဲ့အပြစ်တင်ခြင်း လုံးဝ မပြုနိုင်သည့် ဧကရာဇ်ဘုရင်မအဖြစ် ရှိနေပါသေးသည်။ သို့သော် ယခုအချိန်မှာတော သူမသည် လုံးဝ ရူးသွပ်နေသည့် အရူးမကြီးတစ်ယောက်လို ဖြစ်နေပါပြီ။
"ချင်ယွင် နင့်ကို ငါ သတ်မယ်" ကျောင်းလန်သည် အလွန်မင်း ဒေါသထွက်နေပြီး၊ အသံကုန် အော်ဟစ်လိုက်ကာ၊ ချင်ယွင်ကိုကြည့်သည့် သူမအကြည့်တွေ ပို၍ပင် နီရဲလာလေသည်။
သတ်ဖြတ်လိုသည့်ဆန္ဒက လွှမ်းမိုးနေပြီး လူတိုင်းသည် ရေခဲတိုက်ခန်းထဲသို့ ကျရောက် သွားပုံရသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်လုံးများက မထင်မရှား အပြုံးအရိပ် တစ်ခု ပေါ်လာသည်။ မိန်းမတွေအားလုံးက အလှအပကို နှစ်သက်ကြသည်ဟု အားလုံးက ပြောကြသည်။ ထိုစကားက မည်သည့်အမှားယွင်းမှ မရှိပါဘူး။ ယခုအချိန်တွင်၊ ကျောင်းလန်၏ အမျက်ဒေါသသည် သူ့သားချင်လန်ကို ချင်ယွင်သတ်သည့် အချိန်ကထက် အများကြီးပိုပြင်းထန်ပြီး စိတ်ခြောက်ချားနေပါသည်။
ဘန်း….
ကျောင်းလန်သည် ချက်ချင်းပင် လေဟာနယ်ထဲသို့ ပျံသန်းသွားပြီး၊ သူမ၏ ခန္ဓာကိုယ် သည် ကြောက်မက်ဖွယ်ရာ လျှပ်စီးစွမ်းအားများနှင့်အတူ မြင့်တက်သွားကာ၊ ချင်ယွင်ကို လုံးလုံးလျားလျား သတ်ပစ်တော့မည်။
ထိုအချိန်တွင် ချင်ယွင်သည်လည်း သူ၏ခွန်အားမရှိတော့သလောက် ဖြစ်နေပါပြီ။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ၏ယခင်အနေအထား၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ပေ။ ထိုကြောင့် သူသည် ကျောင်းလန်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
"နောက်ဆုတ်ရမယ့် အချိန်ရောက်ပြီ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ကနဦးစကြာဝဠာထဲသို့ တိုက်ရိုက်ဝင်တော့မည် ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက်က ကောင်းကင်ယံမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဟမ့်၊ မင်းကများ ငါ့တပည့်ကို မင်းစိတ်တိုက်ကျ ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ဓားအလင်းတန်းက ကောင်းကင်ကို ချက်ချင်း ဖြတ်သန်းပြီး ပျံသန်းလာနေသော ကျောင်းလန်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။ ဓားအလင်းတွင်ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။
ကျောင်းလန်၏ အမူအရာက ချက်ချင်းပြောင်းသွားသည်။ သူမသည် ဤဓားအလင်းကို တားဆီးရန် သူမ၏လက်ထဲရှိ မိုးကြိုးနတ်ဘုရားကြာပွတ်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
“ရွှန်း..”။
မိုးကြိုးနတ်ဘုရားကြာပွတ်နှင့် ဓားအလင်းတို့သည် ပြင်းထန်စွာ ထိမှန်သွားပြီး၊ ကောင်းကင်တုန်ခါသည့်အသံ ထွက်ပေါ်လာသည်။ လေဟာနယ်သည် ပြိုကျသွားခဲ့ပြီး ကျောင်းလန်၏ ခန္ဓာကိုယ်သည်လည်း အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ရသည်။
"ဘယ်သူလဲ?" ကျောင်းလန်က အော်မေးလိုက်သည်။
ဘန်း…။
လေဟာနယ် လှိုင်းဂယက်တစ်ချက် ရိုက်ခတ်သွားသည်ကို မြင်တွေ့ရပြီး ပုံရိပ်နှစ်ခုသည် လေဟာနယ်ထဲမှ လျှောက်ထွက်လာခဲ့သည်။
ဉီးဆောင်သူသည် ထက်ရှသော မျက်ခုံးမွှေးနှင့် အသက်လတ်ပိုင်းအရွယ် ဖြစ်သည်။ သူ့မျက်နှာ၏ ကောက်ကြောင်းများက ဓားဖြင့် ထွင်းထုထားသည့်အလား အလွန်မင်း ချောမောခန့်ညားပြီး ကြီးစိုးနိုင်သော အငွေ့အသက်ကို ထုတ်ဖော်နေသည်။
ထိုလူ၏နောက်တွင် သဘာဝအတိုင်း လှပသော အသက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး ရှိနေသည်။ ထိုအမျိုးသမီးသည် ချင်ယွင်၏စီနီယာအစ်မ လျှိုထန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။
"ဆရာကြီး၊ ဆရာကြီးရဲ့ ရုပ်ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီပေါ့" ချင်ယွင်သည် ချောမောခန့်ငြားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားကို အမြန်အော်ခေါ်လိုက်ပြီး သူ၏မျက်လုံးများတွင် အံ့သြမှုနှင့်အတူ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
မှန်ပါသည်။ ဤချောမောခန့်ညားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သေမျိုးကမ္ဘာမှ သူနှင့်အတူ လိုက်ပါလာခဲ့သော သူ၏ဆရာသခင် ရှေးဟောင်းတာအိုမှလွဲ၍ အခြားလူ မဟုတ်ပေ။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းရဲ့ဆရာသခင်ကို ကောင်းကင်ဘုံ ကျောက်စိမ်းကန်မှာ တစ်ယောက်တည်း ပစ်ထားခဲ့တာ မဟုတ်လား?" ရှေးဟောင်းတာအိုက ချင်ယွင်ကို ချက်ချင်း စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
ချင်ယွင်သည် အနေရခက်ဟန်ဖြင့် ခေါင်းကို ကုတ်ဖွလိုက်မိသည်။ ချင်ယွင်သည် နောက်ဆုံးအကြိမ် ရှင်ခြင်းသေခြင်းဆေးကို လျှိုထန်းအား ပေးအပ်ပြီးကတည်းက ရှေးဟောင်းတာအိုဆရာသခင်၏ သတင်းကို မည်သည့်အခါမှ ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ရှေးဟောင်းတာအိုဆရာကြီးက ဤသို့ပြောသောအခါ သူသည် ချက်ချင်း ရှက်ရွှံ့သွား၏။
"ဒီကိစ္စကို နောက်မှ ဖြေရှင်းရမယ်။ အခု ငါတို့ရှေ့က ယင်ကောင်တွေကို အရင် ရှင်းရအောင်" ရှေးဟောင်းတာအိုက ချင်ယွင်ကို တဖန် စိုက်ကြည့်ပြီးနောက် အဝေးမှ ကျောင်းလန်ကို လှည့်ကြည့်လိုက်သည်။
ကျောင်းလန်သည် ဤအခိုက်အတန့်တွင် မျက်မှောင်ကြုတ်လိုက်သည်။ ယခုလို အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ထွက်ပေါ်လာမည်ဟု သူမ ဘယ်တုန်း ကမှ မမျှော်လင့်ထားပါဘူး။ သူမရှေ့မှ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူမထက် အများကြီး ပိုသန်မာသည်ဟု သူမ ခံစားရသည်။
အရေးကြီးဆုံးကတော့ ဒီချင်ယွင်က သူ့ကို ဆရာကြီးဟု ခေါ်လိုက်သည်။ သူမသည် လျှိုထန်းကိုတော့ သဘာဝအတိုင်း သိရှိထားသည့်အတွက် ထိုအမျိုးသား၏ ကိုယ်ရေး အချက်လက်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။
"ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး" ကျောင်းလန်ဟာ သူမကိုယ်သူမ တွေးလိုက်ပြီး၊ သူမသည် လေဟာနယ် ဝဲဂယက်တစ်ခုကို ဖန်တီးကာ ထွက်ပြေးရန် အသင့်ပြင်လိုက် သည်။
"ဟမ့်၊ တကယ်လို့, မင်း ထွက်သွားချင်တယ်ဆိုရင် ငါ့ဓားကို ခံယူပြီးမှ ဒီအကြောင်း ပြောကြစို့" ရှေးဟောင်းတာအိုက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ချောင်းကို ဓားအဖြစ် တိုက်ရိုက်အသုံးပြုကာ အလွန်အစွမ်းထက်သည့် ဓားအလင်းကို ပစ်ထုတ်လိုက် သည်။
ဓားအလင်းသည် ချက်ချင်းဆိုသလို လေဟာနယ်ကို ထိုးဖောက်သွားကာ ကျောင်းလန် နောက်ကနေလိုက်ပြီး လေဟာနယ် ဝဲဂယက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပါသည်။
"အား..”
တုန်လှုပ်ချောက်ချားဖွယ် အော်ဟစ်သံက လေဟာနယ် ဝဲဂယက်ထဲမှ ထွက်ပေါ်လာသည်။ ထိုဓားအလင်းကြောင့် သူ ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့သည်မှာ ထင်ရှားသည်။
ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် ဤမျှ အစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ၏လက်ချောင်းကို ဓားတစ်လက်အဖြစ် အသုံးပြုကာ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ မှာ ရှိနေသည့် ကျောင်းလန်ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။ ယင်းက အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူပါဖြစ်သည်။
သို့သော် အနီးနားရှိ ရှေးဟောင်းတာအိုဆရာသခင်သည် ခေါင်းယမ်းကာ သက်ပြင်းချပြီး ညည်းတွားခဲ့သည် "ဟင်း…။ ဒီအသားရေခန္ဓာကိုယ် နည်းနည်းတော့ ကျင့်သားမကျသေး ဘူး။ ဒီလိုမှမဟုတ်ရင် ဒီကျောင်းလန်က လုံးဝ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့ဘူး"
ထိုစကားကို ကြားတော့ ချင်ယွင်သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားရသည်။ လျှိုထန်းသည်ပင် ခါးသီးသော အပြုံးကို ထုတ်ဖော်နေသည်။
သို့သော်လည်း အဝေးတွင် ပုန်းအောင်းနေကြသော အင်မော်တယ် ဧကရာဇ်များသည် အကြောက်လွန်ပြီး၊ သူတို့ ခြေထောက်များပင် အားနည်းပြီး စတင် တုန်ယင်လာကြပါ သည်။