← Chapters

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း (၁၀၀၂) ကမ္ဘာကြီး ဘယ်လောက်ကြီးသလဲ?။

ရှေးဟောင်းတာအိုက ကျောင်းလန်ကို အနိုင်ယူပြီးနောက် ဤတိုက်ပွဲက သဘာဝအတိုင်း ပြီးဆုံးသွားခဲ့ပါပြီ။

ထိုအင်မော်တယ် ဧကရာဇ်များအနေနှင့် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် အညံ့ခံ လာကြပြီး၊ သူတို့အနေဖြင့်လည်း ခုခံရန် မည်သို့ သတ္တိရှိနိုင်မည်နည်း?။ ချင်ယွင်က သူတို့ကို အားလုံးကို မသတ်ဘဲ လွှတ်ပေးလိုက်သည်။ ဟုတ်ပါသည်၊ ကောင်းကင်ဓား အင်မော်တယ် ဧကရာဇ် ဟူထန်းသည် ထိုနေ့တွင် အသက်ချမ်းသာခွင့်မရခဲ့ဘဲ ချင်ယွင်ကြောင့် လုံးဝ ပျက်သုဉ်းသွားခဲ့ရသည်။

ထို့ကြောင့် ကောင်းကင်ရေ နန်းတော်တစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့သည်။

ဘူလျိုမြို့တော်၏ အမြင့်ဆုံးနေရာရှိ ခန်းမတစ်ခုအတွင်းမှာ, လက်ရှိအချိန်တွင် သူသည် ရှေးဟောင်းတာအိုဆရာသခင်နှင့် အင်မော်တယ် ဧကရာဇ် လျှိုထန်းတို့နှင့်အတူ စကားပြောနေပါသည်။ ထုံးစံအတိုင်း၊ ချင်ယွင်သည် ကောင်းကင်ဘုံကျောက်စိမ်းကန်နှင့် ရှေးဟောင်းတာအိုကို ခွဲခွာပြီးကတည်းက ရှေးဟောင်းတာအိုဆရာသခင်ကို မတွေ့ခဲ့ရပေ။ အခု သူသည် ဖြောင့်မတ်သော ရှေးဟောင်းတာအို ဆရာသခင်အား မြင်လိုက်ရသော အခါတွင် သူ၏မျက်နှာသည် ရွှင်လန်းမှုအပြည့် ရှိနေပါသည်။

"ဆရာ၊ အခု ဆရာရဲ့ ရုပ်ခန္ဓာကိုယ် ပြန်ကောင်းလာပြီဆိုတော့ ဆရာရဲ့ ခွန်အားတွေ လုံးဝ ပြန်ကောင်းလာပြီလား?" ချင်ယွင်က ပြုံးပြုံးလေး မေးသည်။

ယနေ့, ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏လက်ချောင်းကို ဓားအဖြစ် အသုံးပြုကာ ဧကရီဘုရင်မကျောင်းလန်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူပြီး, ကျောင်းလန်အား နောက်ထပ် ဓားတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအရာကမှ လွှမ်းမိုးကြီးစိုးနိုင်ခြင်းဟု ခေါ်ပါသည်။

ယခုအချိန်တွင် ကျောင်းလန်သည် ဒဏ်ရာအပြင်းအထန် ရနေဖွယ်ရှိပြီး မဝေးတော့သော အနာဂတ်တွင် သူမသည် နောက်တစ်ကြိမ် ပြန်ပေါ်လာတော့မည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ စွမ်းအားကို အလွန်သိချင်နေခဲ့သည်။

"ငါက အပြည့်အဝ ပြန်ကောင်းမလာသေးပါဘူးကွာ။ အခုအချိန်မှာ၊ ငါ့ရဲ့စွမ်းအားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ မှာပဲ ရှိပါသေးတယ်။ ငါ့ရဲ့ အစွမ်းက ဟိုတချိန်တုန်းက ငါ အထွတ်အထိပ်မှာ ရှိခဲ့စဉ်က ပမာဏရဲ့ သုံးဆယ်ရာခိုင်နှုန်းအောက် တောင်မှ နည်းနေပါသေးတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြန်ဖြေသည်။

"သုံးဆယ်ရာခိုင်နှုန်း..?၊ အဆင့် ၁၂ လား..?" ချင်ယွင်သည် သူ၏မျက်လုံးများကို ပြူးကျယ်စွာဖွင်ကာ တုန်လှုပ်ခြောက်ခြားဖွယ် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

သူ၏နည်းလမ်းများအားလုံးကို အသုံးပြုပါမှ, သူ၏ခွန်အားသည် ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၀ နှင့်သာ ညီမျှပါသည်။ အစောပိုင်းက သူ ကျောင်းလန်ကို အနိုင်ယူနိုင်သည့် အကြောင်းရင်းက အဓိပတိဉသျှောင်ပုဂ္ဂိုလ်၏ စွမ်းအားကြောင့်သာ ဖြစ်ပါသည်။ ယခုအခါတွင် ထိုအထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားသည် လုံး၀ ကုန်ဆုံးသွား ပြီး၊ ကျောင်းလန်က သူ့ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပါပြီ။

ယခုမူ ရှေးဟောင်းတာအိုဆရာသခင်ထံမှ, ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ စွမ်းအားသည် သူ့မူလခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းသာ ရှိသေးကြောင်းကို သူ ကြားသိလိုက်ရသောကြောင့် ချင်ယွင် အံ့သြချောက်ချားသွားရပါသည်။ ရှေးဟောင်းတာအို ဆရာသခင်သည် သူ၏ အထွတ်အထိပ်တွင် ရှိစဉ်အခါက မည်မျှ သန်မာလိုက်မည်နည်း?။

ကောင်းကင်တာအို၏ ပြီးပြည့်စုံခြင်းအဆင့်လား.. ?

ချင်ယွင်သည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်တော့ပေ။

"အဲဒီတုန်းက ဆရာက အဓိပတိဉသျှောင်တစ်ပိုင်းနယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ တကယ်လို့ နေသာဧကရာဇ်ကသာ ဆရာ့ရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးပစ်ခဲ့ ဘူးဆိုရင်၊ ဆရာက အခုအချိန်မှာ အဓိပတိဉသျှောင်နယ်ပယ်ကို ရောက်နေပြီပေါ့" လျှိုထန်းသည် ချင်ယွင်၏ အံ့အားသင့်နေသော အမူအရာကိုမြင်သောအခါ ပြုံးလိုက်သည်။ (နေသာဧကရာဇ်ဟူသည်မှာ မြေအောက်ကမ္ဘာနန်းတော်ကိုအစွဲပြု၍ ဧကရာဇ်ယူမင်၏ ဘွဲ့နာမည်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ နောက်အခန်းများတွင် မြန်မာလိုမပြန်တော့ဘဲ နေသာဧကရာဇ်ဟုသာ ပြန်ဆိုပါမည်)။

ချင်ယွင်၏ ပါးစပ်သည် ကျယ်လောင်စွာ ဖွင့်နေခဲ့ပြီး၊ သူသည် အလွန်မင်း ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။

အဓိပတိဉသျှောင်တစ်ပိုင်းနယ်ပယ်လား…?

ချင်ယွင်က ထိုစကားလုံးများနှင့် သိပ်မရင်းနှီးသလို ခံစားရပါသည်. သူ၏အထင်အမြင်အရ၊ ဤအင်မော်တယ် ဧကရာဇ်နယ်ပယ်၏အထက်တွင် အဓိပတိဉသျှောင်နယ်ပယ် ဖြစ်သင့်ပါ သည်။ သူသည် ဤ အဓိပတိဉသျှောင်နယ်ပယ်အပေါ် နားလည်မှုနှင့် ပတ်သက်၍လည်း ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးဟု ခံစားမိသည်။ (နယ်ပယ်အနေဖြင့်, အဓိပတိဉသျှောင် နယ်ပယ်ဟု သုံးစွဲမှာဖြစ်ပြီး၊ ပုဂ္ဂိုလ်အနေဖြင့် အထွက်အထိပ်ပုဂ္ဂိုလ်ဟု သုံးစွဲပါမည်)။

“ဆရာ၊ ဒီအထွက်အထိပ်ပုဂ္ဂိုလ်တွေကို ဘယ်လိုခွဲခြားထားတာလဲ?။ ပြီးတော့ အဓိပတိ ဉသျှောင်တစ်ပိုင်းနယ်ပယ်ဆိုတာကရော ဘာလဲ?။” ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏စကားကို ကြားသောအခါ သူ၏အမူအရာ က လေးနက်လာပါသည်။

ဤကမ္ဘာကြီးသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်ကိုသာ ကောင်းကောင်း နားလည်ပြီး သဘောပေါက်ထားကြပါသည်။ အင်မော်တယ်ဘုရင်နယ်ပယ်များကဲ့သို့ပင် အင်မော်တယ် ဧကရာဇ်နယ်ပယ်တို့ကိုလည်း ကောင်းကင်တာအိုနယ်ပယ် ၁၂ ခု အဖြစ် ပိုင်းခြားထား သည်။ ကောင်းကင်တာအိုနယ်ပယ် ၁၂ ခုထက်တွင်၊ ကောင်းကင်တာအိုတစ်ခု ရှိနေခဲ့ပါ သည်။

ထိုကောင်းကင်တာအိုအတွက်မူ, ထိုအထွက်အထိပ်အဆင့် ပုဂ္ဂိုလ်များသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်ကြသောကြောင့် ဖြစ်နိုင်ချေနှင့်ပတ်သက်ပြီး မည့်သည့် အခါမှ ရှင်းရှင်းလင်းလင်း မပြခဲ့ကြပေ။

"တကယ်တော့ အထွက်အထိပ်ပုဂ္ဂိုလ်ဆိုတာက နယ်ပယ်တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ဘူး။ အတိအကျ ပြောရလျှင် သူက နယ်ပယ်လေးရပ်ဖြင့် ပိုင်းခြားပြီး ပြောဆိုထား တာပဲ" ရှေးဟောင်းတာအိုဆရာသခင်က တိုးတိုးလေး ပြောသည်။

"နယ်ပယ်လေးခုလား? ဤအဓိပတိဉသျှောင်နယ်ပယ်က တကယ်ပဲ လေးဘုံရှိတယ်" မနေနိုင်တော့ဘဲ ချင်ယွင်လည်း အံ့သြတကြီး မေးလိုက်ရတော့သည်။

“မှန်တယ်၊ ဤဲဒီအထွက်အထိပ်ပုဂ္ဂိုလ်တွေက တကယ်ကို နယ်ပယ်လေးခု ရှိနေတယ်။ ဒါ့ပြင် အဲဒါက အထွက်အထိပ်ပုဂ္ဂိုလ် တစ်ပိုင်းတောင် မပါသေးဘူး။ အထွက်အထိပ်ပုဂ္ဂိုလ် တစ်ပိုင်းပါ ထည့်တွက်လိုက်ရင် နယ်ပယ်ငါးခုပဲ” ရှေးဟောင်းတာအို ဆရာသခင်က ခေါင်းညိတ်သည်။

ချင်ယွင်သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားရသည်။ အင်မော်တယ် ဧကရာဇ်နယ်ပယ်အထက်မှာ တကယ်ကို နယ်ပယ်လေးခု ရှိနေခဲ့သည်။ ဤအရာက သူ၏ စိတ်ကူးကို ကျော်လွန်သွားခဲ့ပါပြီ။

'"အထွက်အထိပ်ပုဂ္ဂိုလ်တွေကို ကြယ်အထွက်အထိပ်ပုဂ္ဂိုလ်, မြေကမ္ဘာ အထွက်အထိပ် ပုဂ္ဂိုလ်, ကောင်းကင်အထွက်အထိပ်ပုဂ္ဂိုလ်, ပြီးတော့ အထွက်အထိပ်နတ်ဘုရား ဆိုပြီး ပိုင်းခြားထားတယ်။ အထွက်အထိပ် နတ်ဘုရားကတော့ အဲဒီလေးယောက်ထဲမှာ အစွမ်းထက်ဆုံးဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းမှာ နားလည်ဖမ်းဆုပ်နိုင်တဲ့ အထွက်အထိပ် စွမ်းအားကလည်း ပိုပြီးသန်မာလာလိမ့်မယ်။ တကယ်လို့, ငါခန့်မှန်းတာ မမှားဘူးဆိုရင်၊ စောစောက မင်း အသုံးပြုခဲ့သော အထွက်အထိပ်စွမ်းအားက လေစွမ်းရည် အထွက်အထိပ် စွမ်းအား ဖြစ်သင့်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပါသည်။

သို့သော် ချင်ယွင်သည် အလွန်မင်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဤအထွက်အထိပ် ပုဂ္ဂိုလ်များကို ဤမျှအသေးစိတ်ပိုင်းခြားမှု ရှိနေလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ခဲ့ပါ ဘူး။

သို့သော်လည်း ဤအထွက်အထိပ် ပုဂ္ဂိုလ်များကို နယ်ပယ်လေးခုဖြင့် ပိုင်ခြားထားသော် လည်း ၎င်းသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ကောင်းကင်တာအိုနယ်ပယ် ၁၂ ခု ဖြင့် ခွဲခြားထားခြင်းနှင့် ညီမျှသည်ဟု ဆိုနိုင်ပါသည်။ ကြယ်အထွက်အထိပ်ပုဂ္ဂိုလ်ကို ကြယ်အထွက်အထိပ်ပုဂ္ဂိုလ်ဟုသာ ခေါ်ဆိုကြပြီး၊ အသေးစိတ် ပိုင်းခြားထားခြင်းမျိုး မရှိပေ။

"ဒါဆို အဓိပတိဉသျှောင်တစ်ပိုင်းနယ်ပယ်ဆိုတာကရော ဘယ်လိုလဲ။" ချင်ယွင်က ဆက်မေးသည်။

“ဒီအထွက်အထိပ်ပုဂ္ဂိုလ်တစ်ပိုင်းဆိုတာက အထွက်အထိပ်စွမ်းအားကို မွေးဖွားပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ” မင်းရဲ့ကောင်းကင်တာအိုနယ်ပယ်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တဲ့အခါ, မင်းက မင်းရဲ့ အထွက်အထိပ်နှလုံးသားကို ပေါင်းစည်းသိပ်သည်းနိုင်ခဲ့ရင်, မင်းရဲ့ခန္ဓာကိုယ်ထဲက အင်မော်တယ် စွမ်းအင်တွေက အထွက်အထိပ် စွမ်းအင်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်။ ဒီလုပ်ငန်းဖြစ်စဉ်ကိုပဲ အဓိပတိဉသျှောင်တစ်ပိုင်း နယ်ပယ်လို့ ခေါ်တာပဲ။ မင်းရဲ့ခန္ဓာကိုယ်ထဲက အင်မော်တယ်စွမ်းအင်တွေ အားလုံး အထွက်အထိပ် စွမ်းအင်တွေအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတဲ့အခါ, မင်းက ကြယ်အထွက်အထိပ်နယ်ပယ်ကို လုံးဝ ရောက်ရှိသွားလိမ့်မယ်" ရှေးဟောင်းတာအို ဆရာသခင်က ရှင်းပြပါသည်။

ချင်ယွင်က နားလည်သွားဟန်ဖြင့် ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်ပါသည်။ ဆိုတော့ ဤအရာသည် အဓိပတိဉသျှောင်နယ်ပယ်, အထွက်အထိပ် စွမ်းအားနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သည်။ ဤအထွက်အထိပ် စွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးမှ ဆင်းသက်လာ ခြင်းမဟုတ်ဘဲ အင်မော်တယ်စွမ်းအင် အသွင်ပြောင်းခြင်းမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့ပါပြီ။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် မေးခွန်းထုတ်စရာတစ်ခု ရှိလာခဲ့ပါပြီ။ သာမန် အင်မော်တယ် ဧကရာဇ်များသည် သူတို့၏ အင်မော်တယ်စွမ်းအင်ကို အထွက်အထိပ် စွမ်းအင်အဖြစ် ပြောင်းလဲနိုင်မှာလား?။ သူ့အနေဖြင့်ရော?။ သူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် အင်မော်တယ်စွမ်းအင်မှ ရှိမနေပါဘူး။ သူသည် ဖရိုဖရဲစွမ်းအင်ကိုသာ ပိုင်ဆိုင်ထားပါသည်။ အဲဒီလိုဆို ဘာဖြစ်လာမှာလဲ?...။

ချင်ယွင်သည် ဤမေးခွန်းသည် အလွန်ရှုပ်ထွေးကြောင်း ရုတ်တရက် သဘောပေါက်သွား သည်။ နောက်ဆုံးတွင်၊ မိုးပြာဧကရာဇ်သည် ဤကျင့်ကြံခြင်းပညာရပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကနဦးစကြာဝဠာအဆင့်ထိသာ ပြောင်းလဲတိုးတက်နိုင်ခဲ့ သည်။ ယခုဆိုလျှင် စကြဝဠာအပေါ် ချင်ယွင်၏အောင်မြင်မှုများသည် ထိုအချိန်က မိုးပြာဧကရာဇ်၏ အောင်မြင်မှုများကို ကျော်လွန်နေပြီဖြစ်ပါသည်။ ထို့ကြောင့် သူသည် ရှေ့ဆက်ရမည့်လမ်းကို ရှာဖွေရန် သူ့ကိုယ်သူသာ အားကိုးနိုင်ပါသည်။

တကယ်တော့ ချင်ယွင်သည် အတွေးလွန်နေခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍, သူ၏ စကြာဝဠာကြီးသာ ပြီးပြည့်စုံသွားခဲ့လျှင်, သူသည် စကြဝဠာ၏ စွမ်းအားကို ပိုင်လိမ့်မှာ ဖြစ်ပါသည်။ ထိုအချိန်ရောက်လျှင် သူသည် အချို့သော အထွက်အထိပ် ပုဂ္ဂိုလ်များထက် များစွာ အားကောင်းနေပေလိမ့်မည်။ ဟုတ်ပါသည်။ စကြဝဠာကြီး မပြီးပြည့်စုံခင်မှာ, သူသည် စကြဝဠာတစ်ခုလုံး၏ စွမ်းအားကို အသုံးမချရဲသေးပါဘူး။ ထိုနည်းအားဖြင့် ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းက သူ့အား ရှင်းလင်းသုတ်သင်ပစ်မည်မှာ သေချာသည်။

“ဆရာ, နောက်တစ်ခု မေးစရာရှိသေးတယ်။ အင်မော်တယ် ဧကရာဇ်တွေရဲ့ အထက်မှာ အထွက်အထိပ်ပုဂ္ဂိုလ် လေးမျိုး တည်ရှိနေတယ်ဆိုမှတော့, အဓိပတိဉသျှောင်နယ်ပယ်ကို ရောက်ရှိတဲ့သူ တစ်စုံတစ်ယောက် ရှိနေရမယ်လေ။ အခု သူတို့ကရော ဘယ်ရောက်သွား လဲ?” ချင်ယွင်က ထပ်မေးသည်။

အမှန်တော့ သူသည် အမြဲတမ်း ဝေခွဲမရဖြစ်နေခဲ့သည်။ ဆုဟန်ယွန်သည် အဓိပတိ ဉသျှောင်တမန်တော်တစ်ယောက် ဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ သူ၏နောက်တွင် အထွက်အထိပ်ပုဂ္ဂိုလ်များ ရှိရပေမည်။ ထို့အပြင်, ဆုဟန်ယွန်အပြင်ကို အင်မော်တယ် ကမ္ဘာတွင် အခြားသော အဓိပတိဉသျှောင် တမန်တော်များ ရှိနေရမည်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့်၊ ဤအထွက်အထိပ်ပုဂ္ဂိုလ်များသည် ယခု မည်သည့် နေရာတွင် ရှိနေကြသည်ကို သူ အလွန်သိချင်နေပါသည်။

ချင်ယွင်၏မေးခွန်းကို ကြားသောအခါ ရှေးဟောင်းတာအို ဆရာသခင်က ခေါင်းယမ်းပြ လိုက်ပါသည်။

အဆုံးမှာတော့, အဓိပတိဉသျှောင်နယ်ပယ်အပေါ် သူ၏နားလည်မှုသည် အကန့်အသတ် ရှိပါသည်။ အထွက်အထိပ်ပုဂ္ဂိုလ်နှင့် အင်မော်တယ် ဧကရာဇ်တို့ကြား သေးငယ်သော ကွာဟချက်မျှသာ ရှိသော်လည်း ထိုကွာဟချက်က အမှန်တကယ်ပင် အလွန်ကြီးမားပါ သည်။

အထွက်အထိပ်ပုဂ္ဂိုလ်များသည် စကြဝဠာတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်နေသော လူတစ်စု ဖြစ်ပါသည်။ အထွတ်အထိပ် နတ်ဘုရားများအတွက်မူ၊ သူတို့သည် ပို၍ပင် လက်လှမ်း မမီနိုင်တော့ပါ။ ထို့ကြောင့် ရှေးဟောင်းတာအိုဆရာသခင် သိမြင်နားလည်ထားသည့် ပုံစံသည် အလွန်ပင် သေးငယ်လွန်းလှပါသည်။

ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ ဤကမ္ဘာကြီးအပေါ် သူ၏နားလည်မှုသည် နည်းပါးသေးကြောင်း သူ တွေ့ရှိခဲ့သည်။

သူ၏စကြာဝဠာသည် သေမျိုးကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာအဖြစ်သို့ ဆင့်ကဲပြောင်းလဲပြီး၊ သူ၏စကြဝဠာသည် ကြီးမြတ်သော ပြည့်စုံခြင်းနယ်ပယ်နှင့် အလှမ်းမဝေးတော့ကြောင်း မူလက သူ ထင်ထားခဲ့သည်။ သို့သော် ယခုမူ သူ သိထားဖူးသည့် စကြာဝဠာသည် သူထင်ထားသလောက် မရိုးရှင်းတော့ကြောင်း သူ သဘောပေါက်လာပါသည်။

ပြီးတော့ စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းက အတိအကျ မည်သည့်နေရာမှာ ရှိနေသလဲ?။ သူ လက်ရှိနေထိုင်သည့် စကြာဝဠာကြီးသည် မည်မျှ ကျယ်ဝန်းပါသလဲ?။ သူလက်ရှိနေထိုင်သည့် အင်မော်တယ်ကမ္ဘာသည် တစ်ခုတည်းသော ကမ္ဘာကြီး ဖြစ်နိုင်ပါ သလား?။

ချင်ယွင်၏ နှလုံးသားထဲသို့ မေးခွန်းများ တလှိုင်းပြီးတလှိုင်း ပျံ့နှံ့ဝင်ရောက်လာခဲ့ပြီး၊ သူအား လုံးလုံးလျားလျား တွေးတောနေမိစေသည်။ သူ ကျင့်ကြံထားသည့် တာအိုက တခြားသူတွေထက် ပို၍ရှည်ပြီး ပို၍ကြီးမားလေ, ပို၍ခက်ခဲလေပင် ဖြစ်ပါသည်။

All Chapters