အခန်း ၁၀၀၃
Vol. 67 Ch. 1003
အခန်း (၁၀၀၃) မွန်းစတားတိုက်ကြီးသို့ သွားရောက်ခြင်း။
ထို့နောက် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်အား အထွက်အထိပ် ပုဂ္ဂိုလ်များ အကြောင်း ဆက်၍မေးမြန်းခဲ့ပါသည်။ သို့သော် ရှေးဟောင်းတာအိုဆရာသခင်က ၎င်းတို့ အကြောင်းကို သိပ်ပြီးမသိတော့ပေ။ ထို့ကြောင့် ချင်ယွင်သည် လက်လျှော့လိုက်ရသည်။
ထိုအချိန်တွင် ချင်ယွင်က အနက်ရောင် ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့လက်ထဲမှ အနက်ရောင် ကျောက်တုံးငါးလုံးကို မြင်သောအခါ အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။ သို့သော်လည်း, သူသည် လျှို့ဝှက်ဆန်းကြယ်သော ဤကျောက်တုံးများသည် မည်သည့်အတွက်ကြောင့် ဖြစ်နိုင်သည်ကို သူ မပြောပြနိုင်ခဲ့ပါချေ။
သို့သော်၊ သူသည် ဤကျောက်တုံးများကို အလွယ်တကူ မထုတ်ပြမိစေရန် ချင်ယွင်ကို သတိပေးခဲ့သည်။ အကြောင်းမှာ အထွက်အထိပ် ပုဂ္ဂိုလ်များသည် ထိုကျောက်တုံးများကို စောင့်ကြည့်နေသည်ဟု သူ သံသယရှိသောကြောင့် ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်မှာ ဤကျောက်တုံးငါးတုံး ရှိနေကြောင်း ထို အထွက်အထိပ် ပုဂ္ဂိုလ်များက သိရှိသွားခဲ့ပါက ၎င်းတို့သည် အဆုံးမဲ့ဒုက္ခများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
ချင်ယွင်သည် ဤစကားကို သဘာဝအတိုင်း သဘောတူပါသည်။ ရှေးဟောင်းတာအို ဆရာသခင်က သူ့အကျိုးအတွက် ပြောခဲ့သည်ကို သူ သိပါသည်။
ထို့နောက် ချင်ယွင်သည် ရှောင်ဘိုင်ကို မည်သို့ ကုသရမည်နည်းဆိုသည့် အကြောင်းကို မေးမြန်းခဲ့ပြီး၊ ရှေးဟောင်းတာအိုဆရာသခင်ကလည်း သူ့ကို အဖြေပေးခဲ့ပါသည်။
ရှောင်ဘိုင်သည် သူ၏ ရှေးဟောင်း သွေးအနှစ်သာရ သွေးမျိုးဆက်ကို လောင်ကျွမ်းပြီး၊ သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အကယ်၍, သူသည် သူ့ကို ကယ်တင်လိုပါက ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို သူ့ကိုယ်ထဲသို့ ထည့်သွင်းပေးရမည် ဖြစ်သည်။ ဤနည်းလမ်းမှလွဲ၍ တခြားနည်းလမ်း မရှိပါဘူး။
သို့သော် ထိုရှေးဟောင်း နတ်ဘုရားသားရဲများသည် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ရှာဖွေခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပါ။
သေချာသည်မှာ၊ ဤကိစ္စသည် မည်မျှပင်ခက်ခဲနေပါစေ၊ ချင်ယွင်က ၎င်းကို ကြိုးစား ပေးချင်ပါသေးသည်။ ထို့ကြောင့်၊ ချင်ယွင်သည် မွန်းစတာတိုက်ကြီးသို့ မသွားခင် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေသို့ အရင်ပြန်သွားပြီး၊ ရှရှန်းယု၏အဆိပ်ကို အရင်ကုသပေးရန် စီစဉ်ထားသည်။
လင်းကြည်တောင်ခရီးစဉ်အတွက်မူ, သူသည် အနည်းငယ်ကြာအောင် စောင့်ဆိုင်းထားရ မည်ကိုပင် စိုးရိမ်မိပါသည်။
ရှေးဟောင်းတာအိုဆရာသခင်နှင့် လျှိုထန်းတို့သည် သူ့ကို နှုတ်ဆက်သွားကြသည်။ သို့သော် သူတို့မထွက်ခွာခင်မှာ ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်ကို တစ်ခုခု ပြောခဲ့ပါသည်။ ဤအကြောင်းကမှ သူတို့ခရီးစဉ်၏ တကယ့်ရည်ရွယ်ချက်မှန်လည်း ဖြစ်ပါသည်။ ထိုအကြောင်းကတော့ နေသာဧကရာဇ်ဟာ မကြာခင်မှာ စည်းတံဆိပ်ကို ဖြတ်ကျော်နိုင်တော့မှာ ဖြစ်ပါသည်။
အနှစ်တစ်သိန်း ကုန်လွန်သွားခဲ့ပါပြီ။ နေသာဧကရာဇ်သည် မည်သည့်နယ်ပယ်သို့ ရောက်ရှိနေကို မည်သူမျှ မသိနိုင်ကြတော့ပေ။
ဤသတင်းသည် ချင်ယွင်၏ နှလုံးသားကို ထပ်တူထပ်မျှ တုန်လှုပ်သွားစေခဲ့သည်။ အင်မော်တယ်ကမ္ဘာကြီးသည် အပေါ်ယံ မျက်နှာပြင်ပေါ်တွင် ငြိမ်သက်နေဆဲ ဖြစ်သော် လည်း ပရမ်းပတာဖြစ်နေပါပြီ။ တစ်ကမ္ဘာလုံး ပရမ်းပတာအခြေအနေမျိုး ဖြစ်နိုင်ဖွယ်ရှိ သည်။ ထိုအချိန်တွင် အားနည်းသူများသာ ဒုက္ခရောက်ရလိမ့်မည်။ ထို့အပြင်၊ ချင်ယွင်တွင် ဤကပ်ဘေးဆိုးသည် အလွန်ရက်စက်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းချက် ရှိနေသည်။ ထိုအချိန်တွင်၊ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် အမြောက်အစာ အဖြစ်သာ အသုံးပြုခံရဖွယ် ရှိသည်။ ထိုနည်းအားဖြင့်၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးသည် ကျိန်းသေပေါက် ခံစားကြရမည် ဖြစ်ပါသည်။
ချင်ယွင်သည် ဩဇာအာဏာကို မမက်မောပါဘူး။ သူသည် သူ၏မိသားစုနှင့် အပေါင်းသင်း မိတ်ဆွေများကို ဘေးကင်းလုံခြုံစေချင်သည်။ ထို့ကြောင့် ထိုစစ်ပွဲမစခင်မှာ သူ၏ ခွန်အား ကို မြှင့်တင်ရန် ကြိုးစားအားထုတ်ရလိမ့်မည်။ ဤနည်းဖြင့်သာ သူကာကွယ်လိုသော လူများကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်နှင့် လျှိုထန်းတိုကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေဆီသို့ အပြေးအလွှား ပြေးသွားခဲ့သည်။
မူလက ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်နှင့် လျှိုထန်းတို့ကို ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ အတူတကွ လိုက်ပါရန် ဖိတ်ကြားလိုခဲ့သည်။ ထိုသို့ဆိုလျှင် သူသည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေ၏ ကာကွယ်ရေး အင်အားကို မြင့်တင်နိုင်လိမ့်မည်။
သို့သော် ရှေးဟောင်းတာအိုဆရာသခင်က သူသည် အထွက်အထိပ် ပုဂ္ဂိုလ်များနှင့် အနက်ရောင် ကျောက်တုံးများ၏ လျှို့ဝှက်ချက်များကို စုံစမ်းလိုသည်ဟု ဆိုသောကြောင့် ချင်ယွင်သည် ထိုအကြံကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ ပြန်လာပြီးနောက် ချင်ယွင်သည် ကနဦးစကြဝဠာထဲ သို့ ဝင်ရောက်ပြီး ရှရှန်းယုအတွက် အဆိပ်ဖြေဆေးကို အသုံးပြုခဲ့သည်။
ရှရှန်းယုသည် အဆိပ်ဖြေဆေးကို စားပြီးနောက် သူမ၏ခန္ဓာကိုယ်ရှိ အရိုးအဆိပ်ကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော်လည်း သူမသည် သူမ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရန် အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းစွာ အနားယူရန် လိုအပ်နေပါသေးသည်။
အမျိုးသမီးလေးဦးနှင့်အတူ အဖြစ်ပျက်များကို အကျဉ်းချုံးပြောဆိုပြီးနောက် ချင်ယွင်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှ တစ်ဖန်ထွက်ခွာကာ နတ်ဆိုးမျိုးနွယ်သားရဲ ဂြိုဟ်ကမ္ဘာဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော် ယခုတစ်ကြိမ် ကွာခြားချက်မှာ ချင်ယွင် တစ်ယောက် တည်းမဟုတ်ပဲ နောက်ထပ် အဖော်လေးယောက် ပါလာပါသည်။
ထိုအဖော်လူလေးယောက်ကတော့ ရှောင်ကျင်း၊ ရှောင်ဟေး၊ ရှောင်ဟောင်နှင့် ဧကရာဇ် ပျားဘုရင်မတို့မှလွဲ၍ တခြားလူများ မဟုတ်ကြပါဘူး။ သူတို့လေးယောက်လုံးသည် နတ်ဆိုးသားရဲမျိုးနွယ်ဝင်များ ဖြစ်ကြပြီး၊ ယခုတစ်ကြိမ်မှာတော့ သူတို့သည် ချင်ယွင်နှင့် မွန်းစတားတိုက်ကြီးဆီကို အမှန်တကယ် သွားရောက်ချင်ကြသည်။ တကယ်ဆို သူတို့ကိုယ်တိုင်လည်း မွန်းစတားတိုက်ကြီးကို အရင်က မရောက်ဖူးကြပါဘူး။
ချင်ယွင်သည် သဘောမတူခင် တခဏလောက် စဉ်းစားခဲ့ပါသေးသည်။ အဆိုးဝါးဆုံး အန္တရာယ်မျိုးနှင့် ကြုံတွေ့ရပါက၊ သူသည် သူတို့အားလုံးကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းထားနိုင်သည်။ ယခုအချိန်တွင် မွန်းစတားတိုက်ကြီးတစ်ခုလုံးမှာ သူချင်ယွင်ကို ဒဏ်ရာရစေနိုင်သည့်လူက လက်တစ်ဖက်ထက်ပို၍ ရှိမည်မဟုတ်ပေ။
အင်မော်တယ် ဧကရာဇ်အဆင့်အောက်တွင်၊ ချင်ယွင်သည် သူကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုအပ်တော့ပါ။ ရှောင်ကျင်း, တခြားလူတွေနှင့်ပင် လုံလောက်ပါသည်။ ယခုဆိုလျှင် ရှောင်ကျင်း၏ စွမ်းအားသည် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တုန်းက ချင်ယွင်သည် အလွန်အံ့သြသွားရသည်။ သူ၏အဒေါ်ကို မေးပြီးနောက် သူ၏အဒေါ်က ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို အသေးစား အပြင်းအထန် လေ့ကျင့်မူ အချို့ကို လုပ်ဆောင်ပေးခဲ့သည်ဟု သိလိုက်ရသည်။ သူ့တို့၏နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော ရတနာအချို့ကိုလည်း သူတို့နှစ်ဦးထံ ပေးအပ်ခဲ့သည်။
ဧကရာဇ် ပျားဘုရင်မ၏ စွမ်းအားသည် သဘာဝအတိုင်း ရှောင်ကျင်း ထက်သာလွန်သည်။ သူမသည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ်ဘုရင်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှောင်ဟေးနှင့် ရှောင်ဟောင်တို့ နှစ်ဦးစလုံးသည် လျှို့ဝှက် ဆန်းကြယ်အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြပါပြီ။ ၎င်းတို့သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ ချင်ယွင်၏ကျင့်ကြံမှုအဆင့်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိပါသေးသည်။ ကောင်းကင်တာအို ၏ စွမ်းအားကို မသုံးမပြုသရွေ့ မည်သူမှ သူ့ကို အင်မော်တယ်ဧကရာဇ်တစ်ပါး အဖြစ် အသိအမှတ်ပြုမည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် ရှောင်ကျင်းနှင့် အခြားလေးယောက်ကို မွန်းစတားတိုက်ကြီး ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤခရီးစဉ်၏ ရည်ရွယ်ချက်က နှစ်ပိုင်းရှိပါသည်။
တစ်ခုက ရှောင်ဘိုင်အတွက် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်စွမ်းအားကို ရှာဖွေရန်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ကောင်းကင်တာအိုသစ်သီးကို ရယူနိုင်ရန်အတွက် နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းကို သွားရောက်ရန် ဖြစ်သည်။
ဤကိစ္စနှစ်ခုစလုံးသည် လွယ်ကူသည့်အရာများ မဟုတ်သည့်အတွက် ချင်ယွင်သည် ဤကိစ္စနှစ်ခုစလုံးအပေါ် ယုံကြည်မှုလည်း မရှိခဲ့ပါဘူး။ ထို့ကြောင့် သူတို့သည် ဤခရီးစဉ်အတွက် ကံကောင်းမူကိုသာ အားကိုးနိုင်ပါသည်။
မွန်းစတားတိုက်ကြီးနှင့် တော်ဝင်ချင်မင်းဆက် ဂြိုဟ်ကမ္ဘာတို့သည် ကပ်လျက်ရှိကြပြီး၊ ကြားထဲတွင် ဖရိုဖရဲပင်လယ်ကြီး ခြားထားပါသည်။ ဤဖရိုဖရဲပင်လယ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့်, သူတိုအနေဖြင့် ဖြတ်ကျော်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ သူတို့သည် တိုက်ကြီးအချင်းချင်း တည်နေရာရွှေ့ပြောင်းနိုင်သည့် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါများ ကိုသာ အားကိုးနိုင်ပါသည်။
နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည် ရင်းနှီးဖော်ရွေမှု သိပ်မရှိကြသောကြောင့် နတ်ဆိုးမျိုးနွယ်နှင့် တော်ဝင်ချင် အင်မော်တယ် မင်းဆက်ကြားတွင် ဂြိုဟ်ကမ္ဘာတစ်ခု တည်းသာ ရှိသော်လည်း၊ ၎င်းတို့သည် ရှေးဟောင်းတိုက်ကြီး၏ အရှေ့ဘက်စွန်းနှင့် အနောက်ဘက်စွန်းကဲ့သို့ ဖြစ်နေပါသည်။
ယခုအချိန်တွင် သူတို့သည် တယ်လီပို့စနစ်တည်ရှိရာ ပေါ်တယ်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မွန်းစတားတိုက်ကြီးသို့ သွားရောက်မည့်လူ များများစားစား မရှိသည့်အတွက်၊ ယခုလိုကြီးမားသည့် နယ်မြေကြီးထဲမှာပင် တယ်လီပို့စနစ် ပေါ်တယ်တစ်ခုသာ ရှိပါသည်။ ထို့ကြောင့်, သဘာဝအတိုင်း ဤနေရာတွင် လူများ ပိုများနေပါလိမ့်မည်။
ယခုလိုပုံစံမျိုးဖြင့် ချင်ယွင်နှင့် အခြားလူများသည် တန်းစီနေရသည်။ သူတို့ရှေ့မှာ လူလေးငါးရာလောက် ရပ်နေပါသည်။
ချင်ယွင်သည် ရှည်လျားသော နဂါးကြီးတစ်ကောင်လို တန်းစီနေသော လူတန်းကြီးကို ကြည့်နေရင်း၊ သူ၏မျက်နှာတွင် အားကိုးရာမဲ့ အပြုံးတစ်ခု ပေါ်လာသည်။
တည်နေရာရွှေ့ပြောင်းခြင်း ကောင်းကင်တာအိုနှင့် ပတ်သက်၍ သူ၏ နားလည်နိုင်စွမ်းမှာ အလွန် နိမ့်ကျနေပါသေးသည်။ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့် တွင်သာ ရှိပါသေးသည်။ အကယ်၍ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမ အဆင့်သို့ ရောက်ရှိခဲ့ပါက၊ ဂြိုလ်ကမ္ဘာများနှင့် အတားအဆီးများကို လုံး၀ လျစ်လျူရှုနိုင်ပြီး မွန်းစတားတိုက်ကြီးသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"ကြည့်ရတာ စကြဝဠာအပေါ် ငါ့ရဲ့နားလည်နိုင်စွမ်းကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ လိုနေပုံပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် စကြဝဠာအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သည်နှင့်, သူ၏ ကောင်းကင်တာအိုအပေါ် နားလည်သဘောပေါက်သည်လည်း တိုးမြင့်လာမှာပါ။
"ဟေ့ အစ်ကို၊ မင်းရဲ့ပုံစံကို ကြည့်ရတာ၊ ဒါက မင်းရဲ့ ပထမဆုံးအကြိမ် မွန်းစတား တိုက်ကြီးကို သွားမလို့မဟုတ်လား?" ထိုအချိန်တွင် ချင်ယွင်၏ရှေ့မှာ ရပ်နေသော လူငယ်လေးက ရုတ်တရက် လှည့်ကြည့်၍ ချင်ယွင်အား ပြောလိုက်သည်။
ချင်ယွင်သည် ဤလူကို တစ်ချက်ကြည့်လိုက်ပြီး ဤလူသည် အမှန်တကယ် လူသား လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ကို တွေ့ရှိခဲ့သည်။ သို့သော် သူသည် သူ့ထက် အနည်းငယ် သာလွန်သည်။ သူ၏ကျင့်ကြံမှုအဆင့်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူစုလူဝေးကြီး၏ ထက်ဝက်ကျော်သည် လူသားများဖြစ်ကြပြီး၊ တစ်ဝက်သည် နတ်ဆိုး သားရဲများ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဆိုးသားရဲဂြိုလ်ကမ္ဘာသို့ ဦးတည်သွားသည့် လူသားအနည်းငယ်သာ ရှိသည်ဆိုသော်လည်း၊ အချို့ကတော့ ရှိနေဆဲပင် ဖြစ်သည်။
ချင်ယွင်သည် ထိုလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်၏ စကားကို ကြားသောအခါ၊ သူ၏စိတ်ထဲတွင် စိတ်ဝင်တစား အရိပ်အယောင် ရုတ်ခြည်း ပေါ်လာသဖြင့် သူ ခေါင်းညိတ်ကာ ပြောသည် "ဟုတ်တယ်၊ ဘာပြဿနာမှ မရှိဘူးမဟုတ်လား?"
"ဘယ်လိုလုပ် ပြဿနာမရှိရမှာလဲ?။ ပြဿနာအကြီးကြီး ရှိလာလိမ့်မယ်။ နတ်ဆိုးသားရဲ အများစုက ငါတို့လူသားတွေကို ခွဲခြားဆက်ဆံနေတယ်ဆိုတာ မင်း သိထားသင့်တယ်။ မင်းမှာ သူတို့ကို ကာကွယ်နိုင်တဲ့ စွမ်းအားတွေ မရှိသင့်ဘူးဆိုရင်, မင်း နတ်ဆိုးသားရဲ ဂြိုလ်ကမ္ဘာဘဲ မဝင်ရောက်နိုင်ခင်မှာ သူတို့က မင်းတို့ကို သတ်ပစ်လိမ့်မယ်။" ထိုလျှို့ဝှက် ဆန်းကြယ်အင်မော်တယ်က ချင်ယွင်ကို အလွန်စိုးရိမ်နေသည့်ပုံဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှောင်ကျင်းနှင့် ရှောင်ဟေးသည် ချင်ယွင်၏ နောက်မှနေ၍ ထိုလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်၏ စကားကိုကြားပြီး ချက်ချင်း ပြုံးလိုက်မိသည်။
"ဒီလောက်တောင် ကြောက်စရာကောင်းလား?" အခြားတစ်ဖက်တွင် ချင်ယွင်သည် အလွန်တုန်လှုပ်ချင်ဟန်ဆောင်ကာ စနောက်လိုဟန်ဖြင့် မေးမြန်းကြည့်သည်။
သူသည် မူလက တန်းစီနေရာ၌ ငြီးငွေ့နေခဲ့သော်လည်း ယခုတွင် ထိုကဲ့သို့သော စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး၊ ထိုငြီးငွေ့ဖွယ် အချိန်ကို ဖြတ်သန်းနိုင်ခဲ့သည်။