← Chapters

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း (၁၀၀၄) မွန်းစတားတိုက်ကြီး။

ထိုလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်လူငယ်သည် အလွန်ရိုးဖြောင့်ပုံ ပေါက်သည်။ ချင်ယွင်၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်လိုက်ရတော့ သူက အမှန်တကယ် ပင် ယုံကြည်သွားသည်။ သူက စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ပြောသည် "ဟုတ်တယ်၊ အရမ်းကြောက်ဖို့ ကောင်းတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ့အသိထဲက အင်မော်တယ် ဘုရင်တစ်ပါးဟာ မွန်စတားတိုက်ကြီးကိုသွားတဲ့ သူ့ရဲ့ပထမဆုံး ခရီးစဉ်မှာပဲ နတ်ဆိုး ပညာရှင်နဲ့ တွေ့ခဲ့တယ်။ နောက်ဆုံးတော့ သူဟာ သေတဲ့အထိ အရိုက်ခံခဲ့ရတယ်။"

"ဘာလို့ အဲဒီလိုဖြစ်ရတာလဲ?။ မင်းလည်း ပထမဆုံးအကြိမ် မဟုတ်လား?။ မင်းကိုကြည့်ရ သလောက် ဘာထူးခြားချက်မှလည်း မတွေ့ရပါဘူး" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဟုတ်တာပေါ့။ ခြားနားချက်တစ်ခုတော့ ရှိတယ်လေ။ ငါတို့ မွန်စတားတိုက်ကြီးကို သွားရဲတဲ့ အကြောင်းရင်းကို မင်းလည်း သိချင်သိမှာပါ။ "အဲဒါကတော့ နတ်ဆိုးသာရဲ မျိုးနွယ်စုတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ထားမှုကြောင့်ပေါ့။ ဒီနည်းလမ်းနဲ့ဆို အဲဒီမျိုးနွယ်စုကလည်း မင်းကို မျိုးနွယ်စုအမှတ်အသားတစ်ခု ပေးထားလိမ့်မယ်။ အဲဒီအမှတ်သားနဲ့ဆို နတ်ဆိုးသားရဲမျိုးနွယ်စုတွေက မင်းကို အန္တရာယ်ပြုဝံ့မှာ မဟုတ်တော့ဘူး။ ငါက ဧရာမမျောက်ဝံမျိုးနွယ်စုနဲ့ မကြာခဏ ဆက်ဆံလေ့ရှိပြီး၊ အခု သူတို့မျိုးနွယ်စုရဲ့ အမှတ်အသားကို ငါ့လက်ထဲမှာ ကိုင်ဆောင်ထားသလိုပဲပေါ့။ ဒါဆိုရင် နတ်ဆိုးသားရဲမျိုးနွယ်စုတွေက ငါ့ကို နည်းနည်းလေးမှ ဒုက္ခမပေးဝံ့တော့ဘူး” လူငယ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်ပါသည်။ သူ၏လက်ထဲတွင် လက်ဖဝါးအရွယ် တံဆိပ်ပြားတစ်ခု ရှိနေသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်းပင် ရယ်မောလိုက်မိသည်။ နတ်ဆိုးသားရဲ တွေက သူ့ကို သတ်ပစ်ကြမှာလား?။ နဂါးမျိုးနွယ်စု၏ ကလန်ခေါင်းဆောင် ကိုယ်တိုင် တောင်မှ ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိမှာ သူ ကြောက်မိပါသည်။

ရှောင်ကျင်းနှင့် ရှောင်ဟေးတို့လည်း ရယ်မောလိုက်ကြသည်။ သေချာသည်မှာ ဤလူငယ်ကြောင့် သူတို့သည် ပျော်ရွင်သွားကြသည်။

ချင်ယွင်နှင့် အခြားလူများ ရယ်မောနေကြသည်ကို မြင်လိုက်ရသဖြင့်, ထိုလူငယ်က ချက်ချင်း ပြောလိုက်သည် “မင်းတို့က ငါ့စကားကို မယုံကြဘူလား?။ ဧရာမမျောက်ဝံ မျိုးနွယ်စုက မွန်းစတားတိုက်ကြီးထဲမှာ မျိုးနွယ်စုကြီးတစ်ခုပဲ။ မျိုးနွယ်စုခေါင်းဆောင်က အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူက လက်ရှိနတ်ဆိုးသားရဲကမ္ဘာထဲမှာ အလွန်မင်း သန်မာတဲ့ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်တယ်”။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ၏စိတ်ထဲတွင် ဘာဖြစ်နေလဲဆိုသည်ကို သိလိုက်ပါသည်။

နတ်ဆိုးသားရဲဂြိုဟ်ကမ္ဘာသည် လူသားမျိုးနွယ် ဂြိုဟ်ကမ္ဘာနှင့် ကွဲပြားပါသည်။ နတ်ဆိုးသားရဲမျိုးနွယ်စုများကိုလည်း မျိုးနွယ်စုများအပေါ် အခြေခံ၍ အင်အားစု အမျိုးမျိုး ခွဲခြားထားပါသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့အားလုံးသည် မျိုးနွယ်စုတစ်ခု နှင့် အင်အားစုတစ်ခု ဖြစ်ကြပြီး၊ ထိုမျိုးနွယ်စုများကို အသေးဆုံးမျိုးနွယ်စု၊ အလယ်လတ် မျိုးနွယ်စု၊ အကြီးဆုံးမျိုးနွယ်စုနှင့် ထိပ်တန်းမျိုးနွယ်စုဟူ၍ အဆင့်လေးဆင့် ခွဲခြားထား သည်။

၎င်းတို့ကို အဆင့်သတ်မှတ်ခြင်းသည် လူသားမျိုးနွယ်နှင့် အကြမ်းဖျင်း တူညီပါသည်။ အင်မော်တယ်ဘုရင်အဆင့် ရှိသူများသည် အကြီးဆုံးမျိုးနွယ်စုများ ဖြစ်ကြပြီး၊ အင်မော်တယ် ဧကရာဇ်အဆင့် ရှိသူများသည် ထိပ်တန်းမျိုးနွယ်စုကြီးများ ဖြစ်ကြပါသည်။

ထို့ကြောင့် လူငယ်က ဧရာမမျောက်ဝံ မျိုးနွယ်စုတွင် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများရှိသောကြောင့် မျိုးနွယ်စုကြီးဟုဆိုခြင်းသည် အမှားယွင်းမရှိပါချေ။

ထိုလူငယ်သည် ဧရာမမျောက်ဝံ မျိုးနွယ်စုနှင့် ဆက်ဆံရသည့် အကြောင်းအရင်းမှာ, သူသည် သဘာဝအတိုင်း ဧရာမ မျောက်ဝံမျိုးနွယ်စုနှင့် စီးပွားရေးလုပ်ခြင်းကြောင့် ဖြစ်ပါ သည်။ ဤဂြိုဟ်ကမ္ဘာပေါ်တွင် ကုန်သည်များစွာရှိသော်လည်း အများစုက လူသားများ၏ ဂြိုဟ်ကမ္ဘာကြီးသုံးခုမှာပင် ဖြတ်သန်းသွားလာကြပါသည်။ အန္တရာယ်များဖြင့် ပြည့်နှက်နေ သည့်အတွက် နတ်ဆိုးသားရဲမျိုးနွယ်စုများဆီ သွားရောက်ကြသည့် လူသားတွေက အလွန်မင်း နည်းပါးပါသည်။ သူတို့ရှေ့မှ ဤလူငယ်ကဲ့သို့ သေခြင်းတရားကို မကြောက်ကြ သည့် လူအနည်းငယ်လောက်သာ သွားရောက်ကြပါသည်။

မျိုးနွယ်စုတစ်ခုနှင့် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် မျိုးနွယ်စု၏ ယုံကြည်မှုကို ရရှိပြီးနောက်၊ ၎င်းတို့သည် မျိုးနွယ်စုများ၏ အကာအကွယ်ကို ရရှိကြပြီး၊ မျိုးနွယ်စုများ၏ အမှတ်အသားကို ပေးအပ်ခြင်းခံရမည် ဖြစ်ပါသည်။ ယင်းက အန္တရာယ်များကို အများကြီး လျှော့ချပေးပါလိမ့်မည်။

သူတို့ရှေ့မှ ဤလူငယ်သည် နတ်ဆိုးသားရဲမျိုးနွယ်နှင့် လူသားမျိုးနွယ်၏ ဂြိုဟ်ကမ္ဘာ နှစ်ခုကြားမှာ မကြာခဏ သွားလာလေ့ရှိသည်မှာ ထင်ရှားပါသည်။

"အိုး..ဒါဆို မင်း ငါတို့ကို ခေါ်သွားလို့ရမလား?" ချင်ယွင်က ရှောင်ကျင်းနှင့် သူ့နောက်မှ တခြားလူတွေကို ညွှန်ပြပြီး ပြောလိုက်သည်။

"ဒါလား?" လူငယ်လည်း ချီတုံချတုံ အမူအရာ ပေါ်လာသည်။ သို့သော်လည်း အဆုံးတွင် သူက ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည် "ကောင်းပြီလေ၊ ငါ မင်းတို့ကို နတ်ဆိုး သားရဲ ဂြိုဟ်ကမ္ဘာဆီ ခေါ်သွားဖို သဘောတူတယ်။ မင်းတို့ ငါ့နောက်က လိုက်ခဲ့လို့ရတယ်။ ဘာပြဿနာမှ မဖြစ်ပါစေနဲ့။ အဲဒီအချိန်ကျရင် ငါ မင်းတို့ကို ဧရာမမျောက်ဝံမျိုးနွယ်စုကို ခေါ်သွားပေးမယ်။ ဧရာမမျောက်ဝံမျိုးနွယ်စုရဲ့ တံဆိပ်ပြားကို မင်းတို့ ရနိုင်မရနိုင်ဆိုတာ တော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်။"

"ဒါဆို ကျေးဇူးတင်ပါတယ်" ချင်ယွင်က ပြုံးရင်း ပြောလိုက်သည် ။

လူငယ်က သူ၏လက်ကို ဝှေ့ယမ်းပြပြီး သူအဆင်ပြေကြောင်း ပြသလိုက်သည်။ ထို့နောက် သူသည် ချင်ယွင်နှင့် စကားအနည်းငယ် ပြောလိုက်သည်။ ချင်ယွင်လည်း ထိုလူငယ်၏ ပြောပြမူကြောင့် ထိုလူငယ်နာမည်ကို လျှိုကျန်းဟု သိခဲ့သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက ဘာလို့ ငါတို့ကို ဧရာမမျောက်ဝံမျိုးနွယ်စုဆီ သူ့ကို ခေါ်သွား ခိုင်းရတာလဲ။" လျှိုကျန်း ပြန်လှည့်သွားသောအခါ ရှောင်ကျင်းက အသံထုတ်လွှတ်ပြီး မေးလိုက်သည်။

"မှန်တယ် အစ်ကိုကြီး။ အစ်ကိုကြီးရဲ့ ခွန်အားနဲ့ဆို အစ်ကိုကြီးအနေနဲ့ မွန်းစတားတိုက်ကြီး ရဲ့ ဘယ်နေရာကိုမဆို သွားနိုင်တာပဲ။ ဘာလို့ သူနဲ့အတူ ဧရာမမျောက်ဝံမျိုးနွယ်စုကို သွားနေမှာလဲ" အနက်ကလေးက ထပ်မေးသည်။

ဧကရာဇ်ပျားဘုရင်မလည်း ချင်ယွင်ကိုကြည့်ပြီး ဝေခွဲမရဖြစ်နေပုံရသည်။

ချင်ယွင်က ပြုံးပြီး အသံပို့လိုက်သည် "ငါတို့ ဒီတစ်ခါ မွန်းစတားတိုက်ကြီးကို သွားရတဲ့ အကြောင်းရင်းက ရှောင်ဘိုင်အတွက် ကောင်းကင်မျိုးစပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို ရှာဖွေဖို့ပဲ" ဒါကြောင့် ငါတို့က စပါးအုံးမြွေမျိုးနွယ်စုကို အရင်ဆုံး ရှာရမယ်။ ဒါပေမယ့်၊ ငါတို့အနေနဲ့ နတ်ဆိုးသာရဲ ဂြိုဟ်ကမ္ဘာကြီးအကြောင်း ဘာမှ သိမထားသေးဘူး။ ဒီတော့ အကောင်းဆုံးနည်းက မျိုးနွယ်စုတစ်ခုခုကို မေးမြန်းကြည့်ဖို့ပဲ။ ဧရာမမျောက်ဝံ မျိုးနွယ်စု က မျိုးနွယ်စုကြီးတစ်ခုဆိုတော့ သတင်းအချက်က သိပ်မဆိုးလောက်ဘူး။ ဒါ့အပြင်၊ သူတို့ က မင်းသုံးယောက်နဲ့ မျိုးနွယ်စုတူတူပဲလေ။ ဒါကြောင့် မေးရမြန်းရတာ ပိုလွယ်လိမ့်မယ်။"

ရှောင်ကျင်းနှင့် တခြားသူတွေလည်း ချက်ချင်း သဘောပေါက်လာကြပါသည်။ သူတို့သည် လူသားမျိုးနွယ်ထဲမှာ အချိန်အတော်အောင် နေထိုင်ခဲ့ကြပြီး၊ သူတို့မျိုးနွယ်စုရဲ့ အယူအဆ တွေမှာ အများကြီး အားနည်းသွားခဲ့ပြီ။ ထို့ကြောင့် ချင်ယွင်၏ စကားကိုကြားသောအခါ သူတို့ သဘောပေါက်သွားကြပါသည်။

ချင်ယွင်က ပြုံးလိုက်သည်။ ရှောင်ကျင်း၊ ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် နတ်ဘုရား သားရဲများ၏ သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြသော မျောက်ဝံများ ဖြစ်ကြသည်။ ဧရာမမျောက်ဝံမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်ကတောင် သူတို့သုံးယောက် ကို ဝမ်းပန်းတသာ ကြိုဆိုကောင်းကြိုဆိုနိုင်သည်။ သူသည် သူ၏ဘိုးဘေးများအဖြစ်ပင် သေချာပေါက် ဆက်ဆံလိမ့်မည်။

ဂြိုဟ်ကမ္ဘာတည်နေရာရွှေ့ပြောင်းခြင်း တယ်လီပို့စနစ်သည် အလွန် လျင်မြန်ပါသည်။ ၎င်းသည် တကြိမ်လျှင် လူခြောက်ယောက် ပို့ဆောင်နိုင်သည်။ ထို့ကြောင့် ချင်ယွင်နှင့် အခြားလူတို့၏အလှည့်က အလွန်လျင်မြန်စွာ ရောက်ရှိလာပါသည်။

ဂြိုဟ်ကမ္ဘာ တည်နေရာရွှေ့ပြောင်းခြင်း တယ်လီပို့စနစ် အသုံးပြုခအတွက် လူတစ်ဦးလျှင် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း အတုံးတစ်ရာ လိုအပ်သောကြောင့် အချို့သော လူများသည် ဤအင်မော်တယ် ကျောက်စိမ်းများကို ထုတ်ပေးရသောအခါ အလွန်မင်း နာကျင်မူကို ခံစားရသည်။ ဥပမာ လျှိုကျန်းဖြစ်သည်။

ထို့ကြောင့် ချင်ယွင်က အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၆၀၀ ကို တိုက်ရိုက် ထုတ်ယူပြီး လျှိုကျန်းအတွက်ပါ ပေးလိုက်သည်။ ထို့ကြောင့် လျှိုကျန်းသည်ပင် သူ၏ ရင်ဘတ်ကို အလျင်အမြန် ပုတ်ပြပြီး၊ သူက ချင်ယွင်တို့ကို ဧရာမ မျောက်ဝံမျိုးနွယ်စုဆီ ဘေးကင်းလုံခြုံစွာဖြင့် သေချာပေါက် ပို့ဆောင်ပေးမည်ဟုပင် ကတိပေးလာသည်။

ချင်ယွင်က ဤအရာကို ဂရုမစိုက်ပါဘူး။ သူလိုအပ်သည်မှာ လမ်းကို ဦးဆောင်မည့် လျှိုကျန်း ဖြစ်သည်။ အင်မော်တယ် ကျောက်စိမ်းများသည် သူ့အတွက် လုံးဝ အသုံးမ၀င် သလို သူ့သိုလှောင်လက်စွပ်မှာပင် နေရာယူထားပါသည်။

ထို့နောက် ချင်ယွင်၊ လျှိုကျန်း၊ ရှောင်ကျင်းနှင့် အခြားသူများသည် ဂြိုဟ်ကမ္ဘာ တည်နေရာရွှေ့ပြောင်းခြင်း တယ်လီပို့စနစ်ခန်းမထဲသို့ လျှောက်သွားကြသည်။

ဘန်း…။

တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို အသက်သွင်းပြီးနောက် ချင်ယွင်နှင့် အခြားသူများ သည် ၎င်းတို့၏ မျက်လုံးများ မည်းမှောင်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ မျက်လုံးတွေ ပြန်လင်းလာသည့်အချိန်မှာတော့ သူတို့သည် တိုက်ကြီးအသစ်တစ်ခုဆီသို့ ရောက်ရှိနေပြီဆိုသည်ကို သိလိုက်ရပါသည်။

တောရိုင်းလွင်ပြင်ကြီး၏ အရိပ်အာဝါသသည် သူတို့ဆီသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။ တောတောင်တွေဘဲ ဖြစ်ဖြစ် သစ်ပင်ပန်းမန်တွေဘဲ ဖြစ်ဖြစ်၊ အရာအားလုံးသည် တောရိုင်းလွင်ပြင်ကြီး၏ အငွေ့အသက်တွေကို ထုတ်လွှတ်ထားကြပြီး သူတို့ရှေ့မှာတော့ ထူထပ်ကျယ်ပြောလှသည့် တောင်တန်းကြီးတွေ ရှိနေပါသည်။

"ဒါက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ တိုက်ကြီးလား?။" ရှောင်ဟောင်သည် စိတ်ခံစားချက် အပြည့်ဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါချေ။ ထိုအရိုင်းဆန်သော အငွေ့အသက်က သူတို့အား အလွန်မင်း ရင်းနှီးမူကို ခံစားရစေပါသည်။ သူတို့သည် နတ်ဆိုးသားရဲ ဂြိုဟ်ကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း, သူတို့အိမ် ပြန်ရောက်သွား သလို ခံစားနေရတုန်းပင်။

ရှောင်ကျင်း၊ ရှောင်ဟေး၊ ရှောင်ဟောင်နှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ရေထဲသို့ ပြန်ရောက်သွားသော ငါးကဲ့သို့ပင် ခံစားခဲ့ရသည်။

ဟုတ်ပါသည်။ ဤအရိုင်းဆန်သော အငွေ့အသက်သည် နတ်ဆိုးသားရဲမျိုးနွယ်များ အတွက် သက်တောင့်သက်သာ ရှိလှသော်လည်း လူသားမျိုးနွယ်ဖြစ်သည့် လျှိုကျန်း အတွက်တော့ ကြီးမားသည့် ဖိနှိပ်မှုကြီး တစ်ခုပါပင်။ ယခုအချိန်တွင် သူသည် ဖိနှိပ်ခံရသည့် ခံစားချက်ကို ခံစားနေရပါသည်။ ချင်ယွင်ကတော့ အဆင်ပြေပါသည်။ ယခုအခါ သူ၏ခန္ဓာကိုယ်ထဲတွင် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်နှင့် နဂါးနတ်ဘုရား၏ စိတ်ဝိညာဉ် ရှိနေသဖြင့်၊ နတ်ဆိုးမျိုးနွယ်တိုက်ကြီး၏ အငွေ့အသက် သူ့ကို အနည်းငယ်မျှ မသက်ရောက်စေပါ။

"သွားကြရအောင်။ ငါတို့က အခု မွန်းစတားတိုက်ကြီးရဲ့ အနောက်ဘက်စွန်းမှာ ရောက်နေ တာ။ ဧရာမမျောက်ဝံမျိုးနွယ်စုက ဒီနေရာနဲ့ သိပ်မဝေးဘူး။ ကီလိုမီတာ ဆယ်သန်းလောက် ပဲ ဝေးတယ်။ ငါတို့ရဲ့အမြန်နှုန်းနဲ့ဆို မနက်ဖြန် ရောက်နိုင်တယ်။" လျှိုကျန်းက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြီး သဘောတူသည်။

အမှန်တကယ်ဆို, သူသည် ကီလိုမီတာ ၁၀ သန်းကျော်ရောက်ဖို့ တည်နေရာ ရွေ့ပြောင်းခြင်း တစ်ချက်သာ လိုပါသည်။ သို့သော်လည်း သူသည် နတ်ဆိုးသားရဲ ဂြိုဟ်ကမ္ဘာနှင့် ရင်းနှီးရန် ဤအချိန်ကို ရယူလိုသောကြောင့် ဤအရာကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိခဲ့ပေ။ အကယ်၍, သူ အလျင်လိုနေလျှင်တောင် ဒီနေ့တစ်ရက်တည်းဖြင့် အလျင်လိုနေစရာ မနေပါဘူး။

ထို့နောက် ချင်ယွင်နှင့် အခြားလူများသည် လျှိုကျန်း၏ ဦးဆောင်မူနှင့်အတူ ဧရာမ မျောက်ဝံမျိုးနွယ်စုရှိရာ ဦးတည်ရာအရပ်ဆီသို့ ပြေးသွားကြပါသည်။

All Chapters