အခန်း ၁၀၀၅
Vol. 67 Ch. 1005
အခန်း (၁၀၀၅) ဘာတွေဖြစ်နေတာလဲ?
ညဉ့်သည် တဖြည်းဖြည်း မည်းမှောင်လာခဲ့ပြီး ကောင်းကင်ယံ၌ လပြည့်ဝန်း သုံးစင်းက လှည်းဘီးများကဲ့သို့ ကြီးမားစွာ ထွက်ပေါ်လာသည်။
ဂြိုဟ်ကမ္ဘာတွေမှာလည်း သူတို့၏ကိုယ်ပိုင် နေ၊ လ၊ ကြယ်တွေ ပါဝင်နေသည့်အတွက် နေ့ရောညပါ တလှည့်စီ ဖြစ်နေကြပါသည်။
ချင်ယွင်နှင့် အခြားလူများသည် တစ်ရက်တာ ခရီးနှင်ပြီးနောက် လမ်းတစ်ဝက်ကျော် လောက် ခရီးပေါက်ခဲ့ကြပါပြီ။ အကယ်၍၊ လျှိုကျန်းကသာ သူတို့ကို အရုဏ်မတက်မချင်း ရပ်ခိုင်းပြီး အနားမယူခိုင်းဘူးဆိုရင်, သူတို့သည် မိုးမလင်းခင်မှာ ဧရာမမျောက်ဝံ မျိုးနွယ်စု ကို ရောက်ရှိပါလိမ့်မည်။
သို့သော် နတ်ဆိုးသားရဲများသည် ညဘက်တွင် ကစားရသည်ကို နှစ်သက်ကြောင်း လျှိုကျန်းက ဆိုသည်။ မလိုလားအပ်သည့် ပြဿနာတွေကို ရှောင်ရှားနိုင်ရန်အတွက် နောက်ဆုံးတွင် သူတို့သည် အနားယူရန် ရပ်လိုက်ကြခြင်း ဖြစ်ပါသည်။ ချင်ယွင်သည် ဂရုမစိုက်သော်လည်း သဘောတူလိုက်ဆဲပင်။
ဟုတ်ပါသည်, နောက်ထပ်အရေးကြီးသည့် အကြောင်းပြချက်တစ်ခုလည်း ရှိနေပါသေး သည်။ ယင်းက သူတို့သည် ပစ်မှတ်ထားခံနေရသည်ကို သူ တွေ့ရှိခဲ့သောကြောင့် ဖြစ်ပါသည်။
ဤရှေးဟောင်းတောအုပ်ထဲသို့ သူတို့ဝင်လာကတည်းက နတ်ဆိုးသားရဲတစ်စုက သူတို့ကို အမှောင်အရိပ်တွေကနေ စိုက်ကြည့်နေကြပါသည်။ အများစုက သန်မာခြင်း မရှိကြပါဘူး။ ချင်ယွင်၏မျက်လုံးထဲမှာတော့ သူတို့အားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ကြပါသည်။ အစွမ်းထက်ဆုံး နတ်ဆိုးသားရဲတောင်မှ တော်ဝင်တာအိုနယ်ပယ် ပထမအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ဦးသာ ဖြစ်ပြီး ကျန်ကိုးယောက်စလုံးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တွင်သာ ရှိကြပါသည်။
ဤအဆင့်ရှိ နတ်ဆိုးသားရဲများအတွက်မူ၊ ချင်ယွင်သည် ၎င်းတို့အားလုံးကို အသက် တစ်ချက် ရှူရုံဖြင့် တွန်းလှန်ပစ်နိုင်ပါသည်။
ရှောင်ကျင်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည်လည်း ဤနတ်ဆိုးသားရဲအုပ်စု ရှိနေကြောင်း ကို ရှင်းရှင်းလင်းလင်း သိရှိကြပြီး၊ ချင်ယွင်ကို စုံစမ်းမေးမြန်းခဲ့ကြသည်။
ချင်ယွင်က ခေါင်းယမ်းပြပြီး သူတို့၏အငွေ့အသက်တွေကို ဆက်ထိန်းထားရန် ပြောလိုက် ပါသည်။
ဤနတ်ဆိုးသားရဲများ၏ ရည်ရွယ်ချက်ကို သူတို့ မသိရသေးပါဘူး။ အကယ်၍ သူတို့သာ သူတို့ဆီ လာမရှာခဲ့ပါက, ချင်ယွင်သည် အပြစ်မဲ့သူများကို သတ်ဖြတ်ရန် မလိုအပ်တော့ဘဲ မည်သည့်အရာကိုမှ မသိသည့်အလား ဟန်ဆောင်နေလိုက်ရုံပင်။
လျှိုကျန်းကတော့ သူတို့ ပစ်မှတ်ထားခံနေရသည်ကို အမှန်တကယ် သိရှိခြင်းမရှိသော် လည်း, သူသည် နိုးနိုးကြားကြား သတိရှိသည့် အမူအရာဖြင့် သူ၏မျက်လုံးတွေကို ပြူးကျယ်စွာဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရူနေပါသည်။
"တိုက်……"
သို့သော် ထိုအချိန်တွင် အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လူဆယ်ဦး သည် ရှေးဟောင်းတောနက်ကြီးထဲမှ လျင်မြန်စွာ ပြေးထွက်လာပြီး ချင်ယွင်နှင့် အခြား လူများဆီသို့ ပြေးသွားကြသည်။
လျှိုကျန်းသည် ချက်ချင်း ထိတ်လန့်သွားသည်။ အမှောင်ထဲမှာ ချုံခိုတိုက်ခိုက်မည့်လူတွေ ရှိနေသည်ကို သူ မမျှော်လင့်ထားသည်မှာ ထင်ရှားပါသည်။
ထို့ကြောင့် သူသည် သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ပြင်ဆင်နေသော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရန် သူ၏ဆေဘာကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
ချင်ယွင်သည် ထိုနေရာမှာပင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး အေးဆေးတည်ငြိမ်သော ဘုန်းကြီးတစ်ပါးလို သူ၏မျက်လုံးများကို တင်းတင်း မှိတ်ထားသည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ နတ်ဆိုးသားရဲ ကျွမ်းကျင်ပညာရှင်၏ ချွန်ထက်သော ခြေသည်းသုံးချောင်းသည် ပစ်ဝင်သွားပြီး၊ ချင်ယွင်၏ဦးခေါင်းကို ဖမ်းဆုပ် လိုဟန်ဖြင့် ချင်ယွင်၏ လည်ချောင်းဆီကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
သို့သော် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ နတ်ဆိုးသားရဲသည် ချင်ယွင်၏ အနီးသို့ ချဉ်းကပ်လာသောအခါတွင် ထူးထူးခြားခြား အရည်ပျော်သွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကျသွားပုံရပြီး လေထဲသို့ ချက်ချင်း ပျောက်ကွယ်သွားပုံရ သည်။
ဤထူးဆန်းသော မြင်ကွင်းသည် အမှောင်ထုထဲတွင် တစ်ခါမျှ ထွက်ပေါ်မလာသေးသော အင်မော်တယ်ဘုရင်အဆင့် နတ်ဆိုးသားရဲကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။
သို့သော် တုန်လှုပ်ချောက်ချားမှု မပြီးဆုံးခင်မှာ ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများ သူ၏နားထဲတွင် ထွက်ပေါ်လာသည်။ ရှောင်ကျင်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ကြက်တွေလို လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ နတ်ဆိုးသားရဲ ခြောက်ကောင် ကို ချက်ချင်း သတ်ပစ်လိုက်ပါသည်။
ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည်လည်း သဘာဝအတိုင်း ခြွင်းချက်မရှိခဲ့ပေ။ သူတို့သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့သာ ရောက်ရှိနေကြသေးသော်လည်း နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သောကြောင့် ထိုလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ နတ်ဆိုးသားရဲများသည် သဘာဝအတိုင်း ၎င်းတို့ကို မယှဉ်နိုင်ကြပေ။
ခါးသီးဖွယ်တိုက်ပွဲကို ဆယ်ကြီမ်နီးပါး အပြန်အလှန်တိုက်ခိုက်ပြီးနောက် လျှိုကျန်းသည် သူ၏လက်ထဲရှိ ဆေဘာကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်ရှိ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ပစ်နိုင်ခဲ့ပါသည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ နတ်ဆိုးသားရဲ ဆယ်ကောင်သည် အချိန်တိုလေးအတွင်းမှာပင် အသတ်ခံခဲ့ရပြီးနောက် မှောင်ရိပ်ထဲမှာ ပုန်းအောင်းနေသော တော်ဝင်တာအိုနယ်ပယ် ပထမအဆင့်ရှိ အင်မော်တယ်ဘုရင်သည် အလွန်ကြောက်လန့်ပြီး ထွက်ပြေးရန် အသင့်ဖြစ်နေပါပြီ။
"ဟမ့်၊ မင်းက ထွက်ပြေးချင်လား" အနက်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ့နောက်ကျောမှာ အနက်ရောင်တောင်ပံတစ်စုံ ပေါ်လာပါသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေထဲသို့ ပျောက်ကွယ်သွားသည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင် သည် ချင်ယွင်နှင့် အခြားသူများရှေ့တွင် အပြင်းအထန် ပြုတ်ကျလာပါသည်။
ရှောင်ဟေး၏ ရုပ်အသွင်သည် ကောင်းကင်မှာ ပေါ်လာခဲ့ပြီး၊ သူသည် တော်ဝင်တာအို နယ်ပယ် ပထမအဆင့် အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲ၏ ရှေ့တွင် လွင့်မျောနေသည်။ သူသည် ထိုအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ကို ခြေတစ်ချောင်းနှင့် တက်နင်းပြီး မြေပေါ်သို့ ဖိချလိုက်ပါသည်။
လျှိုကျန်းသည် ချက်ချင်းပင် အံသြသွားသည်။ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် နတ်ဆိုးသားရဲ ၏ အနိုင်ခြင်းခံရပြီး လက်တုံ့ပြန်ရန်ပင် ခွန်အားမရှိခဲ့ဘဲ မြေကြီးပေါ်သို့ ဖိနင်းခံခဲ့ရသည်။ အကယ်၍၊ သူ၏မျက်လုံးဖြင့် ကိုယ်တိုင်သာ မမြင်ရဘူးဆိုရင်, သူ၏မျက်လုံးတွေကိုပင် သူ ယုံကြည်မှာ မဟုတ်ပါဘူး။
"မင်းကရော နတ်ဆိုးသားရဲလား?" လျှိုကျန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ငါက နတ်ဆိုးသားရဲ မဟုတ်ဘူးလို့ မပြောခဲ့ပါဘူး။ ဒါ့ပြင် ဒါက နတ်ဆိုးသားရဲ တိုက်ကြီး ကို ငါတို့ရဲ့ ပထမဆုံး အကြိမ် ရောက်လာခြင်းပဲ။" ရှောင်ဟေးက ရယ်မောရင်း ပြောလိုက်လိုက်သည်။
လျှိုကျန်းသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။ ထို့နောက် ရှောင်ကျင်းနှင့် အခြားလူများဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည် "မင်းတို့ကရော အတူတူပဲ မဟုတ်လား?"
ရှောင်ကျင်းနှင့် အခြားလူတွေက ပြုံးရုံပြုံးနေပြီး လျှိုကျန်း၏ မေးခွန်းကို မဖြေကြပါဘူး။
"ပြောစမ်း၊ မင်းက ငါတို့ကို ဘာလို့ တိုက်ခိုက်တာလဲ?" ရှောင်ဟေးက မြေပြင်ပေါ်ရှိ အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲကို အေးစက်စွာ အော်မေးလိုက်သည်။
"ဟမ့်၊ မင်းတို့ကရော ဧရာမမျောက်ဝံမျိုးနွယ်စုက မဟုတ်လား။ ဒါဆို မင်းတို့လည်း သေရမှာပဲ။ တခြား ဘာများပြောစရာလိုလို့လဲ?" တော်ဝင်တာအိုနယ်ပယ် ပထမအဆင့် အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲကလည်း မကျေနပ်သည့် အမူအရာဖြင့် မေးခွန်းထုတ် သည်။
ရှောင်ဟေးနှင့် ရှောင်ကျင်းတို့သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် ရှုပ်ထွေးသော အမူအရာများ ထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲကို ကြည့်ကာ ပြောလိုက်သည် "မင်းရဲ့ ပင်မခန္ဓာကိုယ်က မဟူရာဝက်ဝံ ဘုရင်ပဲ။ မင်းက မဟူရာဝက်ဝံဘုရင်မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သင့်တယ် မဟုတ်လား?"
"အဲဒီတော့ ဘာဖြစ်လဲ?။ မင်းရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စုက ငါတို့မျိုးနွယ်စုလက်ထဲမှာ အများကြီးကို သတ်ဖြတ်ခံလိုက်ရပြီ။ ဒီတစ်ခါ ငါတို့ မျိုးနွယ်စုခေါင်းဆောင်က အဆင်ပြေစွာနဲ့ အဆင့်ချိုးဖြတ်သွားခဲ့ပြီ။ မင်းတို့ရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စုက အဆုံးသတ်ရတော့မယ်။ ဟား… ဟား..”။ အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲက လှောင်ပြောင်ရယ်မောပြီး ဂရုမစိုက်သည့် လေသံနဲ့ ပြောလိုက်ပါသည်။
"တကယ်တော့ ငါတို့က ဧရာမမျောက်ဝံမျိုးနွယ်စုထဲက မဟုတ်ဘူး၊ မင်းတို့က လူမှားပြီး ငါတို့ကို လာတွေ့တာပဲ။ ငါသာ ဧရာမမျောက်ဝံမျိုးနွယ်စုကဆိုရင် မင်းရဲ့ မဟူရာဝက်ဝံ ဘုရင်မျိုးနွယ်စုကရော ရှင်သန်ဖို့ အခွင့်အလမ်း ရှိဦးမယ်လို့ ထင်နေလား?" ချင်ယွင်က အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲကို ကြည့်ပြီး သရော်ဟန်ဖြင့် ပြောလိုက်ပါသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအား တစွန်းတစက သူ၏မျက်လုံးတွေကနေ ထွက်ပေါ်လာပါသည်။
“မင်း… မင်းက.. မဟုတ်ဘူး… ဒါက မဖြစ်နိုင်ဘူး…” အင်မော်တယ်ဘုရင် နတ်ဆိုး သားရဲ၏ မျက်နှာသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာပြီး ၎င်း၏မျက်လုံးများသည် နှိုင်းစာ၍မရအောင်ပင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်က ပြုံးပြီး သူ၏လက်မောင်းကို ညင်သာစွာ ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။
ဤအင်မော်တယ်ဘုရင် နတ်ဆိုးသားရဲ အလွန်ထိတ်လန့်သွားရသည့် အကြောင်းရင်းက ချင်ယွင်သည် အစောပိုင်းက အင်မော်တယ် ဧကရာဇ်မင်းတစ်ပါး၏ စွမ်းအားကို အသုံးပြု ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင်၊ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ထိုစွမ်းအားသည် သာမန်ထက်ပို၍ ကြောက်စရာကောင်းနေပါသည်။ ထို့ကြောင့် အင်မော်တယ်ဘုရင် နတ်ဆိုးသားရဲသည် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ကြောက်ရွံ့မှုကိုပင် မေ့သွားခဲ့ရသည်။
"အစ်ကိုကြီး ဘာဖြစ်နေတာလဲ?" ရှောင်ကျင်းက အံ့အားသင့်စွာ မေးလိုက်သည်။ ဧကရာဇ်ပျား ဘုရင်မနှင့် ရှောင်ဟေးတို့သည် ချင်ယွင်ကို ကြည့်ကြသည်။
"ငါ အခုလေးတင် ဧရာမမျောက်ဝံ မျိုးနွယ်စုကို စူးစမ်းလေ့လာကြည့်လိုက်တယ်။ သူတို့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပုံရတယ်။ ပြီးတော့ သူတို့နဲ့ တိုက်ခိုက်ခဲ့နေတဲ့လူတွေက မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုကပဲ။" ချင်ယွင်က ရှင်းပြသည်။
ရှောင်ကျင်းနှင့် ရှောင်ဟေးက ခေါင်းညိတ်လိုက်သည်။ ရှောင်ဟောင်ဆို အလောတကြီးပင် ပြောလိုက်သေးသည် "ဒါဆိုလည်း မြန်မြန်သွား သူတို့ကို ကူညီကြရအောင်လေ။ ငါတို့ရဲ့ မျိုးနွယ်စုတွေကို အနိုင်ကျင့်တာကိုတော့ ငါတို့ လုံးဝ ခွင့်မပြုနိုင်ဘူး"
ရှောင်ကျင်းနှင့် ရှောင်ဟေးတို့လည်း ပြင်းထန်စွာ ခေါင်းညိတ်လိုက်ပြီး ရှောင်ဟောင်၏ စကားကို သဘောတူလိုက်ကြသည် ။
ချင်ယွင်က ရယ်မောလိုက်သည်။ နတ်ဆိုးသားရဲများသည် ၎င်းတို့၏သွေးမျိုးဆက်ကို အလွန်တန်ဖိုးထားကြပြီး၊ မျိုးနွယ်အပေါ် ခိုင်မာသောသဘောထားရှိသည်ဟု ဆိုကြသည်။ အခုတော့ ထိုစကားက မှန်နေသည်ဟု ထင်ရသည်။
သူတို့သုံးဦးသည် မျောက်ဝံများ ဖြစ်ကြသော်လည်း သူတို့သည် ဧရာမမျောက်ဝံမျိုးနွယ်စု သွေးမျိုးဆက်ပေါင်း မိုင်ပေါင်း ၁၀၈၀၀၀ ကွာဝေးပါသည်။ အခု ဧရာမမျောက်ဝံမျိုးနွယ်စု အနိုင်ကျင့်ခံနေရကြောင်းကို သူတို့ကြားသိရလျှင်, သူ ဖြောင့်မတ်သော စိတ်နေစိတ်ထား က အမျက်ဒေါသနှင့် ပြည့်နှက်လာတော့သည်။ သူတို့သည် ကူညီပေးနိုင်ရန်ပင် စိတ်မရှည် ဖြစ်နေပုံရသည်။
"ကောင်းပြီ၊ ဒါဆို သွားကြရအောင်။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သူ ပြောပြီးသည် နှင့် နောက်မှာတော့ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း တာအိုဉပဒေသကို အသုံးပြုလိုက် သည်။
"ဟေး…၊ ဟေး….၊ ဘာဖြစ်နေကြတာလဲ။ မင်းတို့ ဘာတွေပြောနေတာလဲ?။ ငါ ဘာလို့ နားမလည်နိုင်ရတာလဲ?" လျှိုကျန်းက ဝေခွဲမရဖြစ်ဟန် အမူအရာဖြင့် မေးလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်တာအို၏ စွမ်းအားသည် သူတို့ငါးယောက်စလုံး ပျောက်ကွယ်မသွားမီ လူတိုင်းကို တိုက်ရိုက် လွှမ်းခြုံသွားပါသည်။
စာစဉ် (၆၇) ပြီးပြီ။
ဘာသာပန်သူ နေဇင်။