အခန်း ၁၀၀၇
Vol. 68 Ch. 1007
အခန်း (၁၀၀၇) အင်မော်တယ်ဘုရင်နှင့် အင်မော်တယ် ဧကရာဇ်တို့ တိုက်ပွဲ။
“ဘုန်း..”။
သတ္တုတုတ်နှင့် လျှပ်စီးတိုင်လုံးကြီးတို့သည် ပြင်းထန်စွာ တိုက်မိသွားကြပြီး ကြောက်မက် ဖွယ် မြည်ဟီးသံများ ထွက်ပေါ်လာသည်။
သို့သော် လျှပ်စီးတိုင်လုံးကြီးသည် သတ္တုတုတ်ဖြင့် အမှန်တကယ် ပိတ်ဆို့ထားခံရသည်။ လျှပ်စီးတိုင်လုံးကြီးသည် ပျောက်ကွယ်သွားကာ သတ္တုတုတ်သည် လွင့်ပျံပြီး မြေပြင်သို့ ထိုးစိုက်သွားပြီ။
ဧရာမမျောက်ဝံမျိုးနွယ်စုမှ လူတိုင်းသည် ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း စကားမပြောင်နိုင်အောင်ပင် တုန်လှုပ်သွားကြသည်။ သူတို့၏ နှလုံးသားများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ရှင်သန်ခြင်း၏ ပျော်ရွှင်မှုကိုလည်း ရရှိခဲ့သည်။
"ဘယ်သူလဲကွ၊ ဒီကို ထွက်လာခဲ့စမ်း" ထိုအချိန်တွင် မိုးကြိုးဝက်ဝံက ကောင်းကင်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး၊ သူ၏ မျက်လုံးတွေက ပြူးထွက်နေသည်။ သူ၏ လျှပ်စီးတိုက်ခိုက်မှုကို ပိတ်ဆို့ခံလိုက်ရသော ကြောင့် ဒေါသထွက်နေသည်မှာ ထင်ရှားသည်။
ဧရာမမျောက်ဝံ မျိုးနွယ်စု ဖြစ်ဖြစ် သို့မဟုတ် Black King Bear Race ပဲဖြစ်ဖြစ်၊ သူတို့အားလုံး ကောင်းကင်ကို မျှော်ကြည့်ကြပါသည်။ ဤအရာကို မည်သူ လုပ်ခဲ့သနည်း ဆိုသည်ကို သူတို့အနေဖြင့် သိလိုသည်မှာ ထင်ရှားပါသည်။
ဘန်း….။
ကောင်းကင်နှင့် မြေကြီးကြားတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာခဲ့ပြီး လူတိုင်း၏ အမြင်အာရုံထဲတွင် ပုံရိပ်ခြောက်ခု ပေါ်လာပါသည်။
ဤလူခြောက်ယောက်သည် ချင်ယွင်၏ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် အလျင်အမြန် ပြေးလာကြသော လူတွေမှလွဲ၍ အခြားလူများ မဟုတ်ကြပေ။
ချင်ယွင်နှင့် အခြားခြောက်ယောက်တို့သည် ကောင်းကင်ယံတွင် ရပ်နေကာ အပေါ်စီးမှ လူအုပ်ကြီးကို ငုံ့ကြည့်နေကြသည်။
သူတို့ခြောက်ယောက် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရတော့ အားလုံးက အံ့သြသွားပြီး စိတ်ထဲမှာ သံသယတွေနှင့် ပြည့်နှက်နေခဲ့သည်။
မိုးကြိုးဝက်ဝံသည် ချင်ယွင်နှင့် အခြားခြောက်ယောက်ကို ကြည့်ကာ သူ၏စိတ်ထဲတွင် သက်သာရာရသွားခဲ့သည်။ အကြောင်းမှာ ၎င်းတို့ထဲတွင် တစ်ဦးတစ်ယောက်မျှ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်ပါသည်။
"မင်းက အစောပိုင်းက ငါ့တိုက်ခိုက်မှုကို နှောင့်ယှက်ခဲ့သူလား?" မိုးကြိုးဝက်ဝံသည် ရှောင်ကျင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူ၏အမြင်အရ ရှောင်ကျင်းသည် ဤခြောက်ယောက်တွင် အစွမ်းထက်ဆုံး လူဖြစ်ပြီး သူတစ်ယောက်သာလျှင် သူ၏ တိုက်ခိုက်ခြင်းကို တားဆီးနိုင်လိမ့်မည်။
"မှန်တယ်၊ မင်းရဲ့အဘိုးပဲ" ရှောင်ကျင်းက အေးစက်စွာ အော်ပြောလိုက်သည်။ သူက သူ၏လက်ကို ပြန်ဖွင့်ပြီး မဟူရာသတ္တုတုတ်ကို စုပ်ယူလိုက်ပါသည်။
ရှောင်ကျင်းသည် အင်မော်တယ်စိန်မျောက်ဝံ သွေးမျိုးဆက်မှ ဆင်းသက်လာသော်လည်း သူသည် ဧရာမမျောက်ဝံမျိုးနွယ်စုနှင့် တူညီနေဆဲ ဖြစ်သည်။ မိုးကြိုးဝက်ဝံသည် ဧရာမမျောက်ဝံ မျိုးနွယ်ဝင်အားလုံးကို ချေမှုန်းရန်အတွက် ကောင်းကင်တာအိုကို အသုံးပြုတော့မည်ကို သူမြင်လိုက်ရသောအခါတွင် သူသည် ချက်ခြင်းပင် သူ၏ရင်ထဲ၌ အလွန်မင်း ဒေါသဖြစ်မူကို ခံစားလိုက်ရသည်။ ထို့ကြောင့်၊ သူသည် မိုးကြိုးဝက်ဝံ အပေါ်တွင် ယဉ်ကျေးပျူငှာမှု မရှိသည်မှာ သဘာဝပင် ဖြစ်သည်။
"ဟမ့်၊ အင်မော်တယ် ဘုရင်လေးကများ။ မင်းက ငါ့ကို ဒီလိုမျိုး ပြောဖို့ သတ္တိရှိတယ်ပေါ့။ မင်းက သေချင်နေတာပဲ" မိုးကြိုးဝက်ဝံသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ လူးလိမ့်နေသည်။
မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုရှိ လူတိုင်းသည် ဤအသံကို ကြားသောအခါ ထိတ်လန့်သော အမူအရာများကို ထုတ်ဖော်လာကြသည်။ ၎င်းတို့၏ မျိုးနွယ်စု ခေါင်းဆောင်သည် ဤအခိုက်အတန့်တွင် အမှန်တကယ် ဒေါသဖြစ်နေကြောင်း သူတို့သိကြပြီး၊ သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် ဒေါသဖြစ်လာလျှင် အကျိုးဆက်များက လုံး၀ ခန့်မှန်း၍ မရနိုင်တော့ပေ။
"ဟမ့်၊ မင်းက ကောင်းကင်တာအိုနယ်ပယ် ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါးပဲလေ။ မင်းက ကိုယ့်ကိုကိုယ် တကယ်ကြီး အလေးအနက် ထားနေသေးတယ်။ ငါဆိုတဲ့ အင်မော်တယ် ဘုရင်တစ်ပါးက မင်းကို အနိုင်ယူနိုင်တယ်လို့ပြောရင် မင်း ယုံလား?" ရှောင်ကျင်းက အေးစက်သော အပြုံးဖြင့် ပြောသည်၊ သူ၏လေသံသည် အမှန်တကယ် မောက်မာသည့်ခံစားမူမျိုး ဖြစ်ပေါ်နေသည်။
လူအုပ်ကြီးသည် ထိုစကားကို ကြားသောအခါ အားလုံး အံ့အားသင့်သွားကြသည်။
အင်မော်တယ် ဘုရင်တစ်ပါးက အင်မော်တယ် ဧကရာဇ်တစ်ပါးကို တိုက်ခိုက်နိုင်တယ် လား?။
သူတို့ နားကြားများ မှားနေသလား?။ အင်မော်တယ် ဘုရင်နှင့် အင်မော်တယ် ဧကရာဇ် တို့၏ ကွာခြားချက်က တွင်းနက်ကြီးတစ်ခုလိုပင်။ သာမန်ပါရမီရှင်တစ်ဦးပင်လျှင် အင်မော်တယ် ဧကရာဇ်တစ်ပါးကို အဆင့်ခုန်ကျော်ကာ စိန်ခေါ်နိုင်မည် မဟုတ်ပေ။ ဤလူငယ်သည် အင်မော်တယ်ဘုရင်တစ်ပါးအဖြစ်ဖြင့် အင်မော်တယ် ဧကရာဇ်တစ်ပါးကို တိုက်ခိုက်လိုသည်ဟု အမှန်တကယ် ဆိုနေခဲ့သည်။ ဤစကားက မယုံနိုင်စရာပင်။
ကျောက်မျောက်ဝံလည်း အံ့သြသွားပါသည်။ သူသည် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ သူသည် ဤ မိုးကြိုးဝက်ဝံ၏ လှုပ်ရှားမှုများကို ရင်ဆိုင်နိုင်သူ မဟုတ်ခဲ့ပေ။ ဤလူငယ်သည် သူနှင့်တူညီသည့် ကျင့်ကြံခြင်းနယ်ပယ်တွင် ရှိနေသော်လည်း မိုးကြိုးဝက်ဝံကို အနိုင်ယူနိုင်သည်ဟု ရဲရဲတောက်တောက် ပြောနေခဲ့သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုက ယင်းက မဖြစ်နိုင်ဟုပင် ဆိုရလိမ့်မည်။
ဟုတ်ပါသည်၊ လျှိုကျန်းလည်း ထိတ်လန့်သွားသည်။ ရှောင်ကျင်းသည် တော်ဝင်တာအို နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ်ဘုရင် ဖြစ်နေခြင်းကြောင့်ပင် သူ အံ့အားသင့်နေပါပြီ။ ဤအခိုက်အတန့်တွင်၊ သူသည် အင်မော်တယ် ဧကရာဇ်တစ်ပါးကို ဆန့်ကျင်တိုက်ခိုက်ရန် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားကို အသုံးပြုတော့မည်။ ထိုအခိုက်တန့်တွင်, သူ၏နားထဲမှာ ပြဿနာတစ်ခုခုရှိနေပြီဟုပင် သူ သံသယဖြစ်မိသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ ရှောင်ကျင်းက မိုးကြိုးဝက်ဝံကို တိုက်ခိုက်ချင်သည်ဆိုရင် သဘာဝအတိုင်း သူ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဘေးမှာသူရှိနေသဖြင့် ရှောင်ကျင်းသည် မည်သည့်အန္တရာယ်မှ ရှိလာမည် မဟုတ်ပေ။ ထို့အပြင် ရှောင်ကျင်း၏ ပင်ကိုယ်စွမ်းရည်ကြောင့် နောက်တစ်ဆင့်မြင့်သည့် ကျွမ်းကျင်သူတစ်ဦးကို စိန်ခေါ်ရန် မဖြစ်နိုင်ခြင်းမဟုတ်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့် သူသည် စကားတစ်ခွန်းမှ မပြောဘဲ အနားတွင် ငြိမ်သက်စွာ ရပ်ကာ ကြည့်နေခဲ့သည်။
မိုးကြိုးဝက်ဝံသည် အပြင်းအထန် ဒေါသ ထွက်နေ၏။ သူသည် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ဧရာမမျောက်ဝံမျိုးနွယ်စုကို ချေမှုန်းနိုင်မည်ဟု တွေးထားခဲ့သော်လည်း ယခုအခါတွင်၊ အင်မော်တယ်ဘုရင်တစ်ပါးသည် မည်သည့် နေရာမှ ခုန်ဆင်းလာမှန်းမသိဘဲ ထိုကဲ့သို့ပင် ရန်စရဲနေပြီ။ ဤအရာက သူ၏အဆုတ်တွေ ပေါက်ကွဲနေသလိုပင် ခံစားရစေသည်။
"ဟမ့်၊ အင်မော်တယ် ဘုရင်တစ်ပါးကလည်း မောက်မောက်မာမာ ပြောတတ်တာပဲလား။ ကောင်းပြီ၊ ဒီနေ့ အင်မော်တယ် ဘုရင်နဲ့ အင်မော်တယ် ဧကရာဇ်တို့ကြား ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာ ငါ မင်းကို ပြောပြမယ်။" မိုးကြိုးဝက်ဝံက အေးစက်စွာ ဟစ်အော်လိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းသည် သူ၏လက်များမှ ထွက်ပေါ်လာပြီး ကောင်းကင်တာအို၏ စွမ်းအားများက ပျံ့နှံ့သွားသည်။
ရှောင်ကျင်း ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ မဟူရာသတ္တုတုတ်ကို ရုတ်သိမ်းလိုက်သည်။ သို့သော် သူသည် လူတိုင်းကို ထိတ်လန့်စေသော စကားတစ်ခုကို ပြောလိုက်သည်။ "မင်းကို ကိုင်တွယ်ဖို့လောက်က လက်ဗလာနဲ့တင် လုံလောက်တယ်။ လက်နက် မလိုဘူး။"
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြကာ၊ သူတို့စိတ်ထဲ မှင်တက်သွားကြသည်။
"ဒီကောင်က ငါတို့ရဲ့ ခေါင်းဆောင်ကို အင်မော်တယ်ဘုရင်အဆင့်နဲ့ အနိုင်ယူနိုင်ပါ့မလား?" မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုထဲမှ တစ်စုံတစ်ယောက်က သံသယစိတ်ဖြင့် မေးသည်။
"ဟမ့်၊ ဒီလူမိုက်ရဲ့ ကြွားလုံးသံကို နားထောင်ကြည့်ပါ။ သူက လက်ဗလာ ဖြစ်နေသေး တယ်။ အခုဆို နွားဖြူတစ်ကောင်ကတောင် သူ့ကို ကောင်းကင်အထိ လွင့်သွားအောင် ခတ်ပစ်နိုင်ပြီ။ နောက်ပိုင်း သူ ဘယ်လို ငိုရမလဲဆိုတာ ငါတို့ စောင့်ကြည့်ရတော့မယ်။" ထိုလူ၏ဘေးနားမှလူက ချက်ချင်းပင် အထင်သေးဟန်ဖြင့် ပြန်ဖြေသည်။
ဝက်ဝံနက်လည်း ခေါင်းညိတ်ပြပြီး, သူ့မျိုးနွယ်စုဝင်လူ၏စကားကို သဘောတူလိုက်ပါ သည်။
အမှန်ဆို မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်တွေသာ ရှောင်ကျင်း ကြွားလုံးထုတ်နေသည်ဟု ထင်နေကြတာ မဟုတ်ပါဘူး။ ဧရာမမျောက်ဝံမျိုးနွယ်စုဝင်တွေလည်း ရှောင်ကျင်း ကြွားလုံးထုတ်နေသည်ဟု ထင်နေကြပါသည်။ အဆုံးမှာတော့၊ အင်မော်တယ်ဘုရင် တစ်ပါးက သူ့ထက် အဆင့်ပိုမြင့်သည့် အင်မော်တယ် ဧကရာဇ်တစ်ပါးကို စိန်ခေါ်နေခြင်း ဖြစ်သည်။ သူသည် လက်နက်သုံးရန်ပင် မလိုအပ်ဟု အမှန်တကယ် ဟန်ဆောင်နေသေး သည်။ အခြားမည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
ရှောင်ကျင်း၏စကားကို ကြားသောအခါ မိုးကြိုးဝက်ဝံက ဒေါသတကြီးဖြစ်ပြီး ခေါင်းနောက်လှန်သည်အထိပင် ရယ်မောပစ်လိုက်သည်။
မာန်မာနထောင်လွှားသူများကို သူ အရင်က မြင်ခဲ့ဖူးသော်လည်း ယခုလို မာန်မာန ထောင်လွှားသူမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ လက်နက်တောင်မသုံးဘဲ အင်မော်တယ် ဧကရာဇ်ကို အနိုင်ယူနိုင်သည်ဟု အမှန်တကယ် ပြောနေခဲ့သည်။
"ကောင်စုတ်၊ မင်းက သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့။ မင်း ငိုကြွေးနေတဲ့အခါ ဘယ်လောက်တောင်မှ ရုပ်ဆိုးလဲဆိုတာ ငါ ကြည့်ချင်မိတယ်" မိုးကြိုးဝက်ဝံသည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏ရုပ်အသွင်သည် ရှောင်ကျင်းဆီသို့ ခက်ထန်စွာ ပြေးဝင်ရင်း ချက်ချင်း ပျံထွက်သွားခဲ့သည်။
လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုက တဖျပ်ဖျပ် လင်းလက်နေပြီး အင်မော်တယ် ဧကရာဇ်၏ စွမ်းအားများက တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။ မိုးကြိုးဝက်ဝံ၏ ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ရှောင်ကျင်းသည် မိုးကြိုးဝက်ဝံကို ကြည့်ရင်း သူ၏မျက်လုံးများက အပြုံးရိပ်မပျက် ရှိနေသည်။ သေ၏မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထို့နောက်တွင်၊ သူ့ခန္ဓာကိုယ်သည် ရွှေရောင်မီးတောက်အလွှာဖြင့် ရေချိုးနေသကဲ့သို့ ဖြစ်လာခဲ့ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးဝက်ဝံနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
အောက်မှ လူတွေအားလုံး အရမ်းကို အံ့သြသွားသည်။ ဤလူငယ်သည် မိုးကြိုးဝက်ဝံနှင့် ထိပ်တိုက် ရင်ဆိုင်ချင်ခဲ့သည်။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်ဘူးလား?
"အရူး၊ အရူး!" လျှိုကျန်းလည်း အံ့ဩသွားပြီး သူ၏ရှေ့မှ မြင်ကွင်းကြောင့် လုံးဝကို ထိတ်လန့်သွားသည် ။
ချင်ယွင်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သည်။ သူသည် လက်ပိုက်ကာ တည်ငြိမ်သော အမူအရာဖြင့် ဤအရာအားလုံးကို ကြည့်နေခဲ့သည်။
“ဘုန်း..”။
ကောင်းကင်နှင့်မြေကြီးသည် ပေါက်ကွဲသွားပြီး ရှောင်ကျင်းနှင့် မိုးကြိုးဝက်ဝံတို့၏ လက်သီးများက လေထဲတွင် အပြင်းအထန် တိုက်မိသွားသည်။ တခဏအတွင်းမှာပင် သူတို့၏ စွမ်းအားက ကီလိုမီတာ တစ်ထောင်အထိ ပျံ့နှံ့သွားခဲ့သည်။
ရှောင်ကျင်း လွင့်ထွက်သွားသည့် မြင်ကွင်းမျိုးက ထွက်ပေါ်မလာခဲ့ပေ။ ရှောင်ကျင်းနှင့် မိုးကြိုးဝက်ဝံတို့သည် လက်ရည်တူကာ သရေကျသွားသကဲ့သို့ အပြင်းအထန် နောက်ပြန် ဆုတ်သွားကြပါသည်။
"ပိတ်ဆို့လိုက်တယ်... ပိတ်ဆို့လိုက်တယ် အမှန်တကယ် ပိတ်ဆို့လိုက်တာလား" ကျောက်မျောက်ဝံနှင့် အခြားလူများလည်း အံ့အားသင့်သွားကာ သူတို့၏မျက်လုံးများတွင် အံ့ဩသွားသည့်အမူအရာ ပေါ်လွင်နေသည်။
ရှောင်ကျင်းသည် မိုးကြိုးဝက်ဝံ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပြီး၊ ယင်းက ဧရာမမျောက်ဝံ မျိုးနွယ်စုသည် ရှင်သန်ရန် အခွင့်အရေးရှိသည်ဟု ဆိုလိုသည်။
မဟူရာဝက်ဝံဘုရင် မျိုးနွယ်စု၏ မျိုးနွယ်စုဝင်များသည် အံသြသွားကြသည်။ ဤ ထိတ်လန့်စရာကောင်းသော ရှောင်ကျင်းသည် ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်၏ တိုက်ခိုက်ခြင်းကို အမှန်တကယ် ခံနိုင်ရည်ရှိမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
မိုးကြိုးဝက်ဝံ၏ အမူအရာက ကြောက်မက်ဖွယ်ကောင်းအောင် အုံ့မှိုင်းနေခဲ့သည်။ သူက ရှောင်ကျင်းကို မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေပါသည်။ အစောပိုင်းက ထိုလက်ချက်ထဲ မှာ သူ့ခွန်အား၏ ၇၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး။ ယင်းက သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်မည်ဟု သူ တွေးထားခဲ့သည်။ သို့သော်လည်း သူသည် တကယ်ပင် ရှောင်ကျင်းနှင့် သရေကျခဲ့သည်။ ဤအရာက သူ့ကို မယုံကြည်နိုင်အောင် ဖြစ်စေခဲ့သည်။