အခန်း ၁၀၀၈
Vol. 68 Ch. 1008
အခန်း (၁၀၀၈) ရှောင်ကျင်း၏ ခွန်အား
မိုးကြိုးဝက်ဝံ၏ အမူအရာက ကြောက်မက်ဖွယ်ကောင်းအောင် အုံ့မှိုင်းနေပါသည်။ သူသည် မရှုံးနိမ့်ခဲ့သော်လည်း၊ အင်မော်တယ် ဧကရာဇ်တစ်ပါးအနေဖြင့်, သူသည် အမှန်တကယ် ပင် အင်မော်တယ်ဘုရင်၏ ပိတ်ဆို့ခြင်း ခံခဲ့ရသည်။ ဆိုလိုသည်မှာ, ယင်းက သူ၏မျက်နှာ ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ခြင်း ဖြစ်ပါသည်။
တစ်ဖက်လူ၏ မောက်မာသော အမူအရာကို ကြည့်လိုက်ရင်း၊ သူ၏ရင်ထဲမှာ အလွန်မင်း အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။
"ဟမ့်၊ မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ဟန့်တားနိုင်ရုံနဲ့ မင်းက အင်မော်တယ် ဧကရာဇ်တစ်ပါး ကို ခုခံဖို့ အင်အားရှိတယ်လို့ မထင်လိုက်နဲ့။ ငါ မင်းကို ပြောပြလိုက်မယ်။ ငါ စောစောက ငါ့ရဲ့ခွန်အားကို အပြည့်အဝ အသုံးမချသေးဘူး။ အဲဒီလက်သီးချက်က စမ်းသပ်မှုတစ်ခုပဲ" မိုးကြိုးဝက်ဝံက အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"တကယ်လား? ဒါဆို ငါလည်း မင်းကို အဲဒီလက်သီးချက်ထဲမှာ ငါ့ရဲ့ ခွန်အားတွေကို အပြည့်အ၀ မသုံးမချခဲ့ဘူးလို့ ပြောနိုင်တာပဲလေ။ ငါလည်း စမ်းသပ်လိုက်ရုံပဲ။" ရှောင်ကျင်းက တဟားဟား ရယ်မောလိုက်ပြီး၊ သူ၏ရယ်မောသံက ပြင်းထန်သော သရော်လှောင်ပြောင်မှုကို သယ်ဆောင်လာခဲ့သည်။
မိုးကြိုးဝက်ဝံသည် ချက်ချင်းပင် သူ၏သွားများကို တင်းတင်းကိုက်လိုက်မိသည်။ ခရမ်းရောင် အခိုးအငွေ့ နှစ်ခုက သူ၏နှာခေါင်းမှ ဖျန်းခနဲ ထွက်လာသည်။ ပြင်းထန်သော ဒေါသစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပြီး၊ ခရမ်းရောင် လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပေါ်လာပါသည်။
"အယုတ်တမာကောင်လေး၊ ဒီနေ့ မင်းကို ငါ အပိုင်းပိုင်းဖြတ်ပစ်ရမယ်" မိုးကြိုးဝက်ဝံက ကျယ်လောင်စွာ ဟစ်ကြွေးသည်။ သူသည် ချက်ချင်းပင် ညာလက်ကို မြှောက်လိုက်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းများသည် သူ၏လက်ထဲတွင် စုရုံးလာပြီး ဆယ်မီတာရှည်သော ကြီးမားသော ခရမ်းရောင်လျှပ်စီးအလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဤလျှပ်စီးလက်နေ သည့် ဤအလုံးကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားများ ပါရှိနေ သည်။
"ဝိုး၊ ဒီလောက်ကြီးတဲ့ လျှပ်စီးအလုံးကြီးပါလား။ မင်း ငါ့ကို သေအောင် ရိုက်ချင်နေတာ လား?။ ငါ အရမ်းကို ကြောက်သွားပြီ" ရှောင်ကျင်းက အံ့သြဟန်ဆောင်ပြီး ပြောလိုက် သည်။ သူ၏အမူအရာသည် အလွန်ရယ်စရာကောင်းပြီး သူကြောက်နေသည်ဟု လုံးဝ မပြောနိုင်ပေ။
အောက်မှ ဧရာမမျောက်ဝံမျိုးနွယ်စုဝင် တော်တော်များများလည်း သူ၏ ထူးဆန်းသော အမူအရာကြောင့် ရယ်မောခဲ့ကြပါသည်။ ချင်ယွင်က ပြုံးပြီး ခေါင်းခါသည်။ ဤ ရှောင်ကျင်းသည် ပျော်တတ်သော သဘာဝရှိသည်။ ဤအရာက အမြဲတမ်း ဖြစ်နေကျပင်။ များသောအားဖြင့် သူသည် ကမ္ဘာလောကကြီးကို ကြောက်ရွှံ့သလို ပြုမူတတ်သည်။ ယခုတော့ သူ စိတ်လှုပ်ရှားစေသော ပြိုင်ဘက်ကို ရှားရှားပါးပါး ကြုံလာရသဖြင့် အချိန်ပိုကြာအောင် ကစားလိုသည်မှာ သဘာဝပင်။
"မင်းက သေချင်နေတာဘဲ" ရှောင်ကျင်းက ကြောက်ရွံ့သွားခြင်း မရှိဘဲ သူ့ကို အမှန်တကယ် လှောင်ပြောင်နေသည်ကို မြင်လိုက်ရတော့ မိုးကြိုးဝက်ဝံသည် ဒေါသထွက် လွန်းပြီး၊ သူလက်ထဲမှ လျှပ်စီးအလုံးကြီးကို ဝှေ့ယမ်းကာ ရှောင်ကျင်းကို ပစ်ချလိုက်သည်။
ဤလျှပ်စီးကြောင်းအလုံးကြီးတွင် ကောင်းကင်တာအို၏ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ ပါ၀င်နေပြီး ၎င်း၏စွမ်းအားက အကန့်အသတ် မရှိပေ။ သူ၏ရှေ့မှ မောက်မာလှသည့် ဤအင်မော်တယ်ဘုရင်သည် သူ၏တိုက်ခိုက်မှုကို လုံးဝ ခံနိုင်မည် မဟုတ်သု သူ ယုံကြည်သည်။
"ငါ မင်းကို ပြန်ပေးလိုက်မယ်"
သို့သော် လျှပ်စီးအလုံးကြီးသည် ရှောင်ကျင်းကို ထိလုနီးနီး ဖြစ်နေချိန်တွင် ရှောင်ကျင်းက လျှပ်စီးအလုံးကြီးကို လျှပ်တပြက် ကန်ထုတ်လိုက်သည်။ ထို့နောက် လျှပ်စီးအလုံးကြီး သည် သားရေဘောလုံးကဲ့သို့ အတင်းပြန်ကန်သွားသည်ကို လူတိုင်းမြင်ကြပြီး မိုးကြိုး ဝက်ဝံဆီသို့ ဦးတည်လေသည်။
"ငါ...ငါ အမြင်မှားနေတာ မဟုတ်ဘူးမလား?" အောက်မှလူတိုင်း အံ့သြသွားကြသည်။
ကျောက်မျောက်ဝံလည်း အံသြသွားသည်။ လျှပ်စီးအလုံးကြီးအတွင်းပါရှိသော အဖျက်စွမ်းအားက သူ့ကိုပင် ချက်ချင်း သေစေနိုင်သည်။ သို့သော်လည်း ဤလူငယ်က ၎င်းကို ပြန်ကန်ထုတ်နိုင်ခဲ့သည်။ ယင်းက သူ၏ အသိပညာကို ပြန်လည် ဆန်းသစ်စေ သည်။
မိုးကြိုးဝက်ဝံလည်း အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုက အင်မော်တယ် ဘုရင်ကို ထိခိုက်ဒဏ်ရာ မရစေရုံတင်မက အမှန်တကယ်ပင် ပြန်ကန်ထုတ်ပစ်ခဲ့သည်။ ဤမြင်ကွင်းကို သူ၏မျက်စိဖြင့် ကိုယ်တိုင်သာ မမြင်ခဲ့ရင်, မဖြစ်နိုင်ဟု သူ ခံစားမိလိမ့်မည်။
“ဘုန်း….”။
မိုးကြိုးဝက်ဝံသည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး၊ ဧရာမ လျှပ်စီးအလုံးကြီးကို ဖောက်ခွဲလိုက်ကာ၊ အားပြင်းသော မိုးကြိုးမုန်တိုင်းတစ်ခုအဖြစ် ပြန်ပြောင်းပစ်လိုက်ရ သည်။
ဝှီး…။
သို့သော် လျှပ်စီးမုန်တိုင်း မပျံ့လွင့်မီတွင် ရွှေရောင်ရုပ်အသွင်တစ်ခုသည် လျှပ်စီးမုန်တိုင်း ကို ဖြတ်ကျော်၍ မိုးကြိုးဝက်ဝံ၏ကိုယ်ပေါ်တွင် ပေါ်လာပါသည်။
“ဘုန်း…”။
ရှောင်ကျင်းသည် ချက်ချင်းပင် လက်သီးတစ်ချက် ထိုးထုတ်ပြီး မိုးကြိုးဝက်ဝံ၏ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ချက်ချင်းဆိုသလို မိုးကြိုးဝက်ဝံ၏ ဝမ်းဗိုက် အတွင်း ပေါက်ကွဲသွားပြီး အကန့်အသတ်မရှိသော စွမ်းအားက မိုးကြိုးဝက်ဝံ၏ ဝမ်းဗိုက်ကို ကွဲအက်သွားစေသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" မိုးကြိုးဝက်ဝံသည် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ သူ၏ဝမ်းဗိုက်မှ နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်သွား သလို ခံစားရပါသည်။ သူသည် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စု၏ ခန္ဓာကိုယ်သည် အခြားနတ်ဆိုးသားရဲများထက် ပိုမို သန်မာသော်လည်း ယခု သူသည် သူ၏ရှေ့မှ ဤလူငယ်၏ တိုက်ခိုက်မှုကို အမှန်တကယ် ပင် ခံနိုင်ရည် မရှိတော့ကြောင်း တွေ့ရှိခဲ့ရသည်။
"မင်းက ငါ့ကို အစိတ်ပိုင်းတစ်သောင်းလောက် ပိုင်းဖြတ်ချင်တယ်လို့ မပြောခဲ့ဘူးလား?။ ကဲ အခုကော ဘယ်လိုလဲ?။" ရှောင်ကျင်းက သရော်ဟန်ဖြင့် ပြောလိုက်သည်။ သူ၏ လက်ထဲက လက်သီးက ချက်ချင်း ထွက်ပေါ်လာပြန်သည်။ ရွှေရောင်တော်ဝင်တာအို စွမ်းအားက သူ၏လက်သီးထဲပေါ် ရိုက်ခတ်သွားခဲ့ပြီး၊ ၎င်း၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်း ရှိပြီး ၎င်း၏ အရှိန်ဟုန်က အလွန်မင်း မြန်ဆန်သည်။
မိုးကြိုးဝက်ဝံက မတုံ့ပြန်နိုင်ခင်မှာ ရှောင်ကျင်း၏ လက်သီးက သူ၏မေးစေ့ကို ရောက်ရှိ သွားပြန်သည်။
သူ၏သွားတွေ ပစ်လွှင့်ပြီး သွေးတွေ လွင့်စင်သွားကာ၊ မိုးကြိုးဝက်ဝံလည်း ချက်ချင်း နောက်ပြန် လွင့်သွားခဲ့သည်။
ရှောင်ကျင်းသည် လေဟာနယ်ထဲသို့ ခြေလှမ်းဝင်လိုက်သည်နှင့် ချက်ချင်း နောက်မှ လိုက်ပါသွားခဲ့သည် ။
လေပွေခြေထောက်တစ်ဖက်က မိုးကြိုးဝက်ဝံ၏ ဝမ်းဗိုက်ထဲသို့ ကျရောက်သွားသည်။
“ဘုန်း…”။
ကျယ်လောင်သော အသံနှင့်အတူ မိုးကြိုးဝက်ဝံ၏ ခန္ဓာကိုယ်သည် ရှောင်ကျင်း၏ ခြေကန်ချက်ကြောင့် ကောင်းကင်ယံမှ ရက်စက်စွာ ပြုတ်ကျသွားသည်။ ၎င်းသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ပြီး၊ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးသွားခဲ့ သည်။ တခဏအတွင်းမှာပင် မြေပြင်တစ်ခုလုံး ဆက်တိုက် တုန်ခါသွားသည်။
ဤအခိုက်အတန့်တွင် ဧရာမမျောက်ဝံမျိုးနွယ်စုဝင်များနှင့် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင် နှစ်ဖက်စလုံးသည် အလွန်မင်း တုန်လှုပ်သွားကြပြီး၊ စကားမပြောနိုင် ဖြစ်ခဲ့ကြသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အမှန်တကယ်ပင် အင်မော်တယ် ဘုရင်တစ်ပါး၏ ရိုက်နှက်ခြင်းကို ခံနေရပါသည်။ အကယ်၍၊ သူတို့ကိုယ်တိုင် သူတို့မျက်စိဖြင့်သာ မမြင်ခဲ့ဘူးဆိုရင်, သူတို့ရှေ့မှ ဤအရာအားလုံးသည် အမှန်တရားဟု ယုံကြည်ကြမှာ မဟုတ်ပါဘူး။
လျှိုကျန်းလည်း အံသြသွားသည်။ ရှောင်ကျင်းသည် ဤမျှ သန်မာမည်ဟု သူ မမျှော်လင့် ထားပေ။ အင်မော်တယ် ဘုရင်တစ်ပါးသည် အင်မော်တယ် ဧကရာဇ်တစ်ပါးကို အနိုင်ယူခဲ့ ပါက၊ သူသည် အလွန်ကြီးမားသော ပါရမီရှင်တစ်ဦးဟု ဆိုနိုင်ပါသည်။
ချင်ယွင်က ဤအရာအားလုံးကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူကတော့ လုံးဝ မအံ့သြပါဘူး။ ရှောင်ကျင်းသည် အဆင့်မြင့် နတ်ဘုရားသားရဲ တစ်ကောင် ဖြစ်လာနိုင်ပြီး၊ ၎င်း၏ သွေးမျိုးဆက်စွမ်းအားက သာမန်နတ်ဆိုးသားရဲထက် များစွာ အားကောင်းပါသည်။
ထို့အပြင်, ရှောင်ဘိုင်သည် သူ့အတွက် နောက်ဆုံးအကြိမ် စတေးခဲ့ရသည့်အတွက် အလွန်မင်း စိတ်ထိခိုက်ခဲ့ရသည်။ ဤကာလတွင်း သူသည် အပြင်းအထန် လေ့ကျင့်ခဲ့ သည်။ သူသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ မဖြတ်ကျော်နိုင်သေးသော်လည်း ဖြတ်ကျော်ရန် သိပ်မဝေးတော့ပေ။ အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ပြီးစ သာမန်နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရခြင်းက သူ့အတွက် သဘာဝအတိုင်း လွယ်ကူပါ သည်။
ရှောင်ကျင်းသည် လေထဲတွင် ဂုဏ်ယူဝင်ကြွားစွာ ရပ်နေပြီး၊ လေထဲတွင် မိုးကြိုးဝက်ဝံကို ငုံ့ကြည့်နေသည်။ သူက ရယ်မောပြီး ပြောသည် "မင်းက မင်းရဲ့အစစ်အမှန် ခန္ဓာကိုယ်ကို ပြောင်းလဲသင့်တယ်။ တကယ်လို့၊ မင်းရဲ့အစစ်အမှန် ခန္ဓာကိုယ်ကို မပြောင်းလဲဘူးဆိုရင် မင်းက ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး"
တွင်းနက်ကြီးထဲမှာ လဲလျောင်းနေတဲ့ မိုးကြိုးဝက်ဝံသည် ထိုစကားကိုကြားတော့ ဒေါသအရမ်းထွက်ပြီး သွေးပင် အန်ချင်လာမိသည်။
သူသည် အင်မော်တယ် ဘုရင်တစ်ပါး၏ အနိုင်ယူခြင်းကို ခံခဲ့ရရုံသာမက၊ တဖက်လူ၏ လှောင်ပြောင်ခြင်းကိုလည်း ခံနေခဲ့ရသည်။ ဤအရာကို သူ လက်မခံနိုင်ပါ။
"ငါ မင်းကို သတ်မယ်" မိုးကြိုးဝက်ဝံက အရူးအမူး အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နောက်တော့ အားလုံးသည် သူ၏ခန္ဓာကိုယ် ပိုထွားကြီးလာသည်ကို တွေ့လိုက်ရသည်။
မူလက အမြင့် ၁.၈ မီတာသာရှိသော်လည်း, သူသည် ချက်ချင်းပင် ၁၀ မီတာကျော်အထိ ကြီးထွားလာခဲ့သည်။ အနက်ရောင်လည်ဆံမွှေးတွေက ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း ပေါ်လာခဲ့ပြီး၊ လူတိုင်း၏အမြင်အာရုံနယ်ပယ်တွင် ဧရာမဝက်ဝံကြီးတစ်ကောင် ချက်ချင်း ပေါ်လာပါသည်။
"ဂါး..”။
ဧရာမဝက်ဝံကြီးသည် ၎င်း၏ပါးစပ်ကြီးကို ဖွင့်ကာ မိုးကုပ်စက်ဝိုင်းအထိတိုင် ပျံ့နှံ့သွားသည့် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"မင်းက ငါ့ကို အတင်းအကြပ် တွန်းအားပေးခဲ့တယ်။ ဒီလိုဆိုမှတော့ ငါ့ရဲ့ အစစ်အမှန် မဟူရာဝက်ဝံဘုရင်က ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ငါ မင်းကို ပြပေးမယ်။" မိုးကြိုးဝက်ဝံကြီးသည် လူသားဘာသာ စကားများကို ထုတ်ပြောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများက လျှပ်စီးမြွေများကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ယခင်ကထက် ပိုမို ပြင်းထန်လာခဲ့သည်။
"စိတ်ဝင်စားဖို့ရော ကောင်းလို့လား? မင်းက ဘယ်လောက်တောင် သန်မာနေလဲ ငါ သိချင်မိသား" ရှောင်ကျင်းက တဟားဟား ရယ်မောလိုက်သည်။
"ဟမ့်၊ မင်းကိုသတ်ဖို့တော့ လုံလောက်ပါတယ်" မိုးကြိုးဝက်ဝံက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရှောင်ကျင်း ဆီသို့ ဦးတည်သွားသည်။ သူ၏ အရှိန်ဟုန်က အရင်ကထက် နှစ်ဆ ပိုမြန်လာသည်။ ထိုကြီးမားသော ခန္ဓာကိုယ်ကြီးသည် သူ၏ လှုပ်ရှားမှုများကို ကိုးရိုးကားယား မဖြစ်စေဘဲ သူ၏လှုပ်ရှားမှုများကို ပို၍ပင် ပျော့ပျောင်းစေပါသည်။
ဘန်း…။
ဧရာမဝက်ဝံလက်သည်းကြီးသည် လေဟာနယ်ထဲသို့ ချက်ချင်း ထိုးဖောက်သွားပြီး၊ ရှောင်ကျင်းရှေ့မှာ ပေါ်လာပါသည်။ ၎င်းသည် ရှောင်ကျင်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။
အေးစက်သော အလင်းရောင်တစ်ခုသည် သူ၏လက်သည်းများပေါ်တွင် လင်းလက်နေပြီး ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားက နှိုင်းစာ၍မရနိုင်လောက်အောင် အားကောင်းသည် ဟု ဆိုနိုင်ပါသည်။