← Chapters

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း (၁၀၀၉) နတ်ဘုရားသားရဲများ၏ အဆင့်အတန်း။

“ဖျန်း..”။

ရှောင်ကျင်း သတိလက်လွတ်ဖြစ်သွားပြီး၊ ဧရာမဝက်ဝံလက်သည်းကြီးကြောင့် သူ၏ ရင်ဘတ်က ချက်ချင်း ကွဲထွက်သွားကာ၊ ဒဏ်ရာကြီး ၃ ခု ကျန်ရစ်ခဲ့ပါသည်။ ဒဏ်ရာများမှ သွေးများ စီးကျလာသည်။

ရှောင်ကျင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မဟူရာဝက်ဝံဘုရင်သည် ၎င်း၏ပုံစံ အစစ်အမှန်သို့ ပြောင်းလဲသွားပြီးနောက် ၎င်း၏ခွန်အားသည် အမှန်တကယ်ပင် တိုးလာခဲ့သည်။ သူသည်ပင် ယခုလေးတင် အလစ်ငိုက် ခံလိုက်ရသည်။

"ဟား…၊ ဟား…၊ ငါ ပြောပြီးပါပြီ။ အင်မော်တယ် ဘုရင်တစ်ပါးက အင်မော်တယ် ဧကရာဇ် တစ်ပါးရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား?။ ကောင်လေး၊ ငါ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်း သိသွားပြီ မဟုတ်လား?" မိုးကြိုးဝက်ဝံသည် သူ၏မျက်နှာ ပြန်လည်ရရှိသွား သည့်အတွက် အလွန်မင်း ပျော်ရွှင်နေသကဲ့သို့ လူသားစကားများဖြင့် ထုတ်ပြောလိုက် သည်။

"ငါ သိပါတယ်၊ ဒါပေမယ့် ဒီလောက် အစွမ်းထက်မယ် မထင်ထားမိဘူး" ရှောင်ကျင်း ရယ်မောရင်း ပြောလိုက်သည်။

ရှောင်ကျင်း၏ ရင်ဘတ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ စောစောက စုတ်ပြဲသွားသည့် ဒဏ်ရာတွေက လူတိုင်း၏မျက်လုံးထဲမှာ မြင်နိုင်သည့် အမြန်နှုန်းဖြင့် သက်သာသွားပါပြီ။

မဟူရာဝက်ဝံဘုရင်သည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သော အမူအရာတစ်ခု ကို ထုတ်ဖော်လိုက်သည်။

ဘန်း…။

သို့သော် သူ၏မျက်နှာပေါ်မှ အံ့ဩခြင်းတွေ ပျောက်ကွယ်မသွားခင် ရှောင်ကျင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ပြောင်းလဲမှုများ ထွက်ပေါ်လာပြန်သည်။

အားလုံးက အဖြစ်အပျက်ကို နားမလည်ဟန်ဖြင့် ရှောင်ကျင်းကို ကြည့်နေကြသည် ။

"မဟူရာဝက်ဝံဘုရင်၊ ဟုတ်တယ်ဟုတ်။ မင်းတို့ရဲ့ရန်ငြိုးအာဃာတတွေကို ငါ ဂရုမစိုက် ဘူး။ မင်း အရင်က ဧရာမမျောက်ဝံမျိုးနွယ်စုရဲ့ မျိုးနွယ်စုဝင်တွေကို သတ်ပစ်ချင်ခဲ့တယ်။ ဒါပေမယ့်, ငါက မင်တို့ကို အောင်မြင်ခွင့် မပေးနိုင်ဘူး။ ဒီနေ့ ငါတို့ မျောက်ဝံ မျိုးနွယ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါ အခုပဲ မင်းကို ပြောပြမယ်။” ရှောင်ကျင်းက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏တစ်ကိုယ်လုံးမှ ပြင်းထန်သည့် ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှတ်လိုက်သည် ။

ထို့နောက် လူတိုင်း၏အမြင်အာရုံထဲတွင် ဧရာမမျောက်ဝံဖြူတစ်ကောင် ပေါ်လာသည်။ အဆိုပါ ဧရာမမျောက်ဝံဖြူသည် သာမန်ကြီးမားသော မျောက်ဝံဖြူမဟုတ်ဘဲ၊ အလွန်မင်း ကြီးမားသည့် မျောက်ဝံကြီးတစ်ကောင် ဖြစ်သည်။

ထိုအခိုက်တန့်တွင် ရှောင်ကျင်း၏ ရုပ်အသွင်သည် အဆက်မပြတ် အရပ်ရှည်လာသည်။ ပေးတစ်ရာ၊ ပေနှစ်ရာ၊ ပေသုံးရာဇန့်… ပေတစ်ထောင်။ ရှောင်ကျင်း၏ ရုပ်အသွင်ပြင်သည် ပေတစ်ထောင်သို့ ရောက်သောအခါတွင် ရပ်တန့်သွားသည်။

လူတိုင်း အလွန် တုန်လှုပ်ချောက်ချားသွားကြီး၊ ၎င်းတို့၏ မေးရိုးများ မြေပေါ်သို့ ပြုတ်ကျ လုနီးပါးပင် ဖြစ်နေသည်။ အထူးသဖြင့် ဧရာမမျောက်ဝံမျိုးနွယ်စုဝင်များ ဖြစ်သည်။ ၎င်းတို့ကို ဧရာမမျောက်ဝံမျိုးနွယ်စုဟု လူသိများကြသော်လည်း ရှောင်ကျင်းနှင့် နှိုင်းယှဉ်ပါ က ၎င်းတို့သည် မြေပြင်ပေါ်တွင် တွားသွားနေသည့် ပုရွက်ဆိတ်များသာသာ ဖြစ်သည်။

ကျောက်မျောက်ဝံသည် ရှောင်ကျင်းကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ဒဏ္ဍာရီလာ အင်မော်တယ် စိန်မျောက်ဝံ။ သူက နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ။ အင်မော်တယ်ဘုရင်တစ်ပါးအနေနဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးကို တိုက်နိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ဘူး။ အင်မော်တယ် စိန်မျောက်ဝံရဲ့ သွေးမျိုးဆက်..." ကျောက်မျောက်ဝံသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏လေသံ က အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။

အနီးနားရှိ ဧရာမမျောက်ဝံ မျိုးနွယ်စုဝင်များသည် ထိုစကားကို ကြားလိုက်ရသည့်အခါ၊ သူတို့၏ မျက်လုံးတွေထဲ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာပါသည်။ အခြားလူများအနေဖြင့် အင်မော်တယ် စိန်မျောက်ဝံသည် မည်သို့သော နတ်ဘုရားသားရဲ အမျိုးအစားဖြစ်သည်ကို မသိနိုင်သော်လည်း မျောက်ဝံမျိုးနွယ်စုအနေဖြင့် ယင်းက ဘာကို ဆိုလိုသည်ကို သဘာဝကျကျ သိကြပါသည်။ ထို့အပြင်၊ ၎င်းတို့၏ ဧရာမမျောက်ဝံ မျိုးနွယ်စုသည် အင်မော်တယ် စိန်မျောက်ဝံ၏ သွေးမျိုးဆက် တစွန်းတစ ရှိကြပါသည်။

"သူက အင်မော်တယ် စိန်မျောက်ဝံရဲ့ ဆင်းသက်လာသူပါ။ ဒါဆို သူက နတ်ဘုရား သားရဲ တစ်ကောင်ပေါ့" မဟူရာဝက်ဝံဘုရင်လည်း ထိတ်လန့်သွားသည်။

နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များသည် သူတို့နတ်ဆိုးသားရဲ မျိုးနွယ်ဝင်များ အတွက် အလွန်မင်း အရေးကြီးပါသည်။ နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင် ထားခြင်း၏ အဓိပ္ပာယ်မှာ ဤနတ်ဘုရားသားရဲ၏ မျိုးနွယ်စုသည် တော်ဝင်မိသားစု ဖြစ်မည်ဟု ဆိုလိုပါသည်။ ထိုအဆင့်အတန်းဖြင့် အဆင့်အတန်းခြင်း နှိုင်းယှဉ်ပါက လုံးဝအနှိုင်းမဲ့ အမြင့်မြတ်ဆုံး ဖြစ်ပါသည်။

နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ပါသော မျောက်ဝံနတ်ဆိုးသားရဲ တစ်ကောင်သည် ဤအခိုက်အတန့်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ထားခဲ့ပါ။

"မိုးကြိုးဝက်ဝံ၊ ငါတို့ ဧရာမမျောက်ဝံမျိုးနွယ်စုကို မင်း အနိုင်ကျင့်လို့ မရဘူးဆိုတာ ငါ အခုပဲ ပြောပြမယ်" ရှောင်ကျင်း၏ အသံကက ပဲ့တင်ထပ်ပြီး တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့သွားခဲ့ သည်။

ထို့နောက် ကြီးမားသော ခြေဖဝါးကြီးကို မြှောက်ကာ မိုးကြိုးဝက်ဝံဆီသို့ အပြင်းအထန် နင်းချေလိုက်သည်။ ထိုဧရာမခြေဖဝါးကြီးတွင် အလွန်အစွမ်းထက်သော နတ်ဘုရားသားရဲ တစ်ကောင်၏ ဖိအားများ ပါဝင်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ မိုးကြိုးဝက်ဝံ၏ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပါသည်။

ရိုးရိုးသားသား ပြောရလျှင်, ရှောင်ကျင်းသည် နတ်ဘုရားသားရဲမှ ဆင်းသက်လာသူ ဖြစ်ကြောင်း သူ သိလိုက်ရသောအခါတွင်, သူသည် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ နတ်ဘုရားသားရဲမှ ဆင်းသက်လာသူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် နတ်ဆိုးသားရဲ ကမ္ဘာကြီးတွင် ကြီးမားသော ပြစ်မှုကြီးတစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ၎င်းသည် မျိုးနွယ်စုအားလုံး၏ တိုက်ခိုက်မှုများကို ဆွဲဆောင်နိုင်မိလိမ့်မည် ဖြစ်သည်။

ဥပမာအားဖြင့်၊ အကယ်၍၊ သူသည် ရှောင်ကျင်းကို သတ်ပါက ဧရာမမျောက်ဝံမျိုးနွယ်စု အားလုံး၏ တိုက်ခိုက်မှုများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင်, သူသည် တော်တော့်ကို ဒုက္ခများလိမ့်မည်။

ဧရာမမျောက်ဝံမျိုးနွယ်စုတစ်ခုသည် သန်မာမည်မဟုတ်သော်လည်း ဧရာမမျောက်ဝံ မျိုးနွယ်စုအားလုံးသည် အမှန်တကယ်ပင် ကြီးမားသော အင်အားစုကြီးတစ်ခု ဖြစ်သွား ပါပြီ။ အင်မော်တယ် ဧကရာဇ်များသည် သေချာပေါက် နည်းလိမ့်မည် မဟုတ်ပေ။ သူသည် ဧရာမမျောက်ဝံမျိုးနွယ်စုအားလုံးကို ဆန့်ကျင်နိုင်မည်ဟု မထင်ပါချေ။

ရှောင်ကျင်း၏ ခြေဖဝါးအပေါ်မှ ဖိအားကို ခံစားလိုက်ရပြီး မိုးကြိုးဝက်ဝံသည် ခုခံရန် အနည်းငယ်မျှ ကြံရွယ်ထားခြင်း မရှိတော့ပေ။ "ငါ အရှုံးကို ဝန်ခံပါတယ်။ ငါ အရှုံးကို ဝန်ခံပါတယ်"

မိုးကြိုးဝက်ဝံ၏ စကားကိုကြားတော့ ရှောင်ကျင်းသည် သူ၏ မြင့်မားသော ခြေဖဝါးကို ပြန်ရုပ်သိမ်းကာ လူသားအဖြစ်သို့ ပြန်ပြောင်းလိုက်သည်။

မိုးကြိုးဝက်ဝံသည် လူသားအသွင်သဏ္ဍာန်သို့ ပြန်ပြောင်းသွားသော ရှောင်ကျင်းအား ကမန်းကတန်း ပြောလိုက်ပါသည် "ထိုက်တောင်ကြီး အကြောင်းကို မသိခဲ့တဲ့အတွက် သခင်ကို ဒေါသထွက်စေခဲ့ပါတယ်။ သခင်က ကျွန်ုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

ထိုစကားကို ပြောပြီးနောက်, သူသည် မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်လိုက်သည်။

သူ ဒူးထောက်ပြီးသည်နှင့် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်များလည်း ဒူးထောက် ထိုင်ချလိုက်ပါသည်။

"မင်းသားကို နှုတ်ခွန်းဆက်ပါတယ်။"

ထိုအချိန်တွင် ကျောက်မျောက်ဝံသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လေးလေးစားစား ပြောဆိုသည်။

သူ၏နောက်မှ ဧရာမမျောက်ဝံမျိုးနွယ်စုဝင်များလည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူတို့၏မျက်နှာများသည် နှိုင်းစာ၍မရသော ရိုသေလေးစားမူများဖြင့် ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကို ရှောင်ကျင်းမြင်တော့ ချက်ချင်း မှင်သက်သွားပါသည်။ ဤလူများ အဘယ်ကြောင့် ရုတ်တရက် ဒူးထောက်ထိုင်ချသည်ကို သူ နားမလည်သောကြောင့် ချင်ယွင်ကို အကူအညီတောင်းရန် လှမ်းကြည့်လိုက်သည်။

ချင်ယွင်လည်း အံ့သြသွားသည်။ နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ဆက်ခံထားသည့် လူများသည် နတ်ဆိုးသားရဲမျိုးနွယ်မှာ အဆင့်အတန်း မြင့်မားကြောင်း သူ သိထားသော် လည်း ဤမျှလောက် မြင့်မားနေလိမ်မည်ဟု သူ မျှော်လင့်မထားခဲ့ပါဘူး။

ဧရာမမျောက်ဝံ မျိုးနွယ်စုဝင်များသည် ဒူးထောက် ထိုင်ချလိုက်ကြသည်။ မဟူရာဝက်ဝံ ဘုရင်မျိုးနွယ်စုဝင်များသည်လည်း အမှန်တကယ်လည်း ဒူးထောက်လျက် ရှိသည်။ အင်မော်တယ် ဧကရာဇ်ဖြစ်သည့် မိုးကြိုးဝက်ဝံကိုယ်တိုင်ပင် ဒူးထောက်လျှက် ရှိပါသည်။ ဤအရာသည် အစွမ်းထက်သည့် ခွန်အားကို ပိုင်ဆိုင်ရုံဖြင် ပြီးမြောက်နိုင်သည့် အရာ မဟုတ်ပါဘူး။

All Chapters