← Chapters

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း (၁၀၁၀) မိုးကြိုးဝက်ဝံကို သတ်ဖြတ်ခြင်း။

"အစ်ကိုကြီး၊ အခု ဘာလုပ်သင့်လဲ။" ရှောင်ကျင်းက ချင်ယွင်ကို အသံပို့လွှတ်ကာ မေးမြန်းသည်။

အကယ်၍၊ မိုးကြိုးဝက်ဝံက သူ့ကို ဆက်ပြီး တိုက်ခိုက်ဦးမည်ဆိုလျှင်, သူသည် မိုးကြိုးဝက်ဝံကို တိုက်ရိုက် နင်းသတ်ပစ်၍ ရပေသည်။ ယခုမူ၊ မိုးကြိုးဝက်ဝံသည် အလွန် လေးစားနေဟန် အမူအရာဖြင့် သူ့ထံ ဒူးထောက်လျှက် ရှိသည်။ သူတို့အားလုံးက ပြုံးနေသည့် လူတစ်ယောက်ကို နာကျင်အောင်မလုပ်နိုင် ပြောလို့ရပါသည်။ အခု, သူသည် မိုးကြိုးဝက်ဝံနှင့် ပတ်သက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူး။

"ဒါက ဧရာမမျောက်ဝံမျိုးနွယ်စုနဲ့ မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုကြားက အငြိုးအာဃာတွေ ဖြစ်တယ်။ ဒီတော့ ဧရာမမျောက်ဝံမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို ကိုင်တွယ်ခွင့် ပြုလိုက်ပါ။" ချင်ယွင်က ပြန်ဖြေသည်။

"ဒါက ကောင်းတယ်" ရှောင်ကျင်းက ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော မိုးကြိုးဝက်ဝံကို လှည့်ကြည့်လိုက်သည်။

ထိုအခိုက်တန့်တွင် မိုးကြိုးဝက်ဝံသည် စိတ်မသက်မသာ ဖြစ်နေပါသည်။ ရှောင်ကျင်းက သူ့အပေါ် ဘာလုပ်မည်မှန်း သူ မသိသေးပါ။ အခု ရှောင်ကျင်းက သူ့ကို လှည့်ကြည့်လာ သည်ကို မြင်လိုက်ရတော့ သူ အံ့သြသွားပါသည်။

"မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဟုတ်တယ်မလား?။ မင်း ငါ့ကို စော်ကားခဲ့တဲ့ကိစ္စကို ငါ ထားပေးလို့ရတယ်။ ဒါပေမယ့် မင်းက ဧရာမမျောက်ဝံမျိုးနွယ်စု ကို သတ်ချင်တဲ့ကိစ္စကိုတော့ သေချာပေါက် လွယ်လွယ်နဲ့ လွှတ်ပေးလို့မရနိုင်ဘူး။" ရှောင်ကျင်းက ပြောသည်။ ထို့နောက် သူသည် ဧရာမမျောက်ဝံမျိုးနွယ်စု၏ ခေါင်းဆောင် ကို လှည့်ကြည့်လိုက်ပြီး ပြောသည် "ဧရာမမျောက်ဝံမျိုးနွယ်စုရဲ့ခေါင်းဆောင်၊ ငါ ဒီ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုခေါင်းဆောင်ကို မင်းအတွက် ထားခဲ့လိုက်မယ်။ မင်း လုပ်ချင်တာ လုပ်လို့ရတယ် " ။

"ဒါ...ဒါက မသင့်တော်မှာ ကြောက်မိပါတယ်" ဧရာမမျောက်ဝံမျိုးနွယ်စုခေါင်းဆောင် ကျောက်မျောက်ဝံက ရှောင်ကျင်းကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်နေစဉ် ထိတ်လန့်သွားသည်။

"ဘာဖြစ်နေတာလဲ?။ တကယ်လို့ မင်း သူ့ကို သတ်ချင်ရင်တောင်, သူ ခုခံရဲတယ်ဆိုရင် ငါ မင်းကို ကူညီပေးမယ်။" ရှောင်ကျင်းက လွှမ်းမိုးနိုင်စွမ်းရှိစွာ ပြောလိုက်သည် ။

ကျောက်မျောက်ဝံသည် ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများက ဝင်းလက် တောက်ပလာပြီး “ကောင်းပါပြီခင်ဗျာ..၊ ကျွန်တော့်တို့အတွက် ဆုံးဖြတ်ချက် ချပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ကမန်းကတန်း ပြောလိုက်သည်။

မိုးကြိုးဝက်ဝံ၏ အမူအရာက လေးနက်လာသည်။ ရှောင်ကျင်းက သူ့ကို ကျောက်မျောက်ဝံ လက်ဆီ အမှန်တကယ် လွှဲပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ကျောက်မျောက်ဝံသည် သူ့အပေါ် အလွန်အမျက်ထွက်နေပြီး သူ့ကို သေချာပေါက် အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်မျောက်ဝံသည် မိုးကြိုးဝက်ဝံကို လှည့်ကြည့်ကာ ပြောလိုက်သည် "မိုးကြိုးဝက်ဝံ၊ မင်းရဲ့ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်တွေအတွက် ငါ ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။ မင်းကိုယ်မင်း သတ်သေလိုက်တာနဲ့, ငါ မင်းရဲ့ မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုကို လွှတ်ပေးမယ်။?

"ကိုယ့်ကိုယ်ကို သတ်သေရမှာလား?။ ကျောက်မျောက်ဝံ၊ မင်းက ငါ့ကို သိပ်ပြီး ဖိအားပေး ရာ မရောက်ဘူးလား?" မိုးကြိုးဝက်ဝံက မကျေနပ်သဖြင့် ဟစ်အော်လိုက်သည်။

"ဟမ့်၊ မင်းက ငါတို့ရဲ့ မျိုးနွယ်စုဝင်တွေ အများကြီးကို သတ်ပစ်လိုက်တယ်။ မင်းကို ကိုယ့်ကိုယ်ကို သတ်ခိုင်းတာတောင် သက်ညှာရာကျနေပြီ။ မင်း သခင်ရဲ့ အမိန့်ကို မနာခံချင်ဘူးလို့ မပြောနဲ့နော်။" ကျောက်မျောက်ဝံက အေးစက်စွာ နှာခေါင်းရှုံ့ပြီး အော်ပြောလိုက်သည်။

မိုးကြိုးဝက်ဝံ၏ မျက်လုံးများတွင် အုံ့မှိုင်းနေသည့် အရိပ်အယောင် ပေါ်လာပါသည်။ ရှောင်ကျင်း၏ ခွန်အားကြောင့်ဖြစ်စေ သို့မဟုတ် ကိုယ်ရေးအချက်လက်ကြောင့်ဖြစ်စေ, ယင်းက သူ့ကို ဖိအားများစွာ ခံစားရစေခဲ့သည်။ သို့သော်လည်း သူ့ကိုယ်သူ သတ်သေဖို့က ပို၍ပင် မဖြစ်နိုင်သေးပါဘူး။

"ဟမ့်၊ သူက မင်းတို့မျောက်ဝံမျိုးနွယ် နတ်ဘုရားသားရဲရဲ့ မျိုးဆက်က ဆင်းသက်လာပြီး, သူ့ရဲ့အဆင့်အတန်းက မြင့်မားတယ်ဆိုရင်တောင်, ငါက သူ့ကို မျက်နှာသာပေးထားပြီး သားပဲ။ ဒါပေမယ့် မင်းက ငါ့ကို သတ်ချင်တယ်ဆိုရင်တော့, ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါထွက်သွားချင်တယ်ဆိုရင် သူ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။" မိုးကြိုးဝက်ဝံက အေးစက်စွာ ဟစ်အော်လိုက်သည်။

လူတိုင်း အံ့ဩသွားကြသည်။ ဤမိုးကြိုးဝက်ဝံသည် အမှန်တကယ် ထွက်ပြေး လွတ်မြောက်ရန် အစီအစဉ်နေမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သူ၏မျိုးနွယ်စုဝင် များစွာ သည် ဤနေရာ၌ ရှိနေသေးသည်ကို သိထားရလိမ့်မည်။ သူက ၎င်းတို့ကို စွန့်ပစ်ရန် စီစဉ်နေခြင်းများ ဖြစ်နိုင်မလား?။

မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်များသည် ၎င်းတို့၏ နှလုံးသားထဲတွင် အဆုံးမရှိ ကျိန်ဆဲနေကြသည်။ သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် သူတို့ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးရန် စီစဉ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

"ဟား..၊ ဟား…၊ ကျောက်မျောက်ဝံနဲ့ မင်း။ ဒီနေ့ မင်းတို့ ငါ့ကို အရှက်ရစေခဲတာကို ငါ မိုးကြိုးဝက်ဝံ မှတ်သားထားမယ်။ နောက်တစ်ကြိမ်, မင်းတို့ကို ဒီနေ့ ငါ့ကို အရှက်ရစေခဲ့တဲ့ အရှက်တရားထက် သေချာပေါက် ဆယ်ဆ ပြန်ပေးဆပ်မယ်" မိုးကြိုးဝက်ဝံသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ အဝေးသို့ ထွက်ပြေးသွားပါသည်။

ကျောက်မျောက်ဝံသည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်မင်း မလိုလားသည့် အမူအရာ ပေါ်လွင်နေသည်။ အကယ်၍၊ မိုးကြိုးဝက်ဝံသာ လွတ်မြောက်သွားပါက, သူတို့၏ ဧရာမမျောက်ဝံမျိုးနွယ်စုသည် အနာဂတ်တွင် ကြီးစွာသော ကပ်ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထိုအချိန်တွင် သူတို့သည် ပျက်စီးခြင်းဘေးဆိုးကို ကြိုဆိုနေရတော့ မည်။

သို့သော်, သူအနေဖြင့် သူ့ကို တားဆီးရန်မှာ မဖြစ်နိုင်ပေ။ ရှောင်ကျင်းသည် သူ့ကို အနိုင်ယူနိုင်သော်လည်း၊ ဤမိုးကြိုးဝက်ဝံသည် အင်မော်တယ် ဧကရာဇ်အဆင့်မှာ ရှိပါသေးသည်။ ၎င်းသည် လျှပ်စီးစွမ်းရည် ကောင်းကင်တာအို ကျင့်ကြံထားသူလည်း ဖြစ်သည်။ ၎င်း၏အမြန်နှုန်းသည် သဘာဝအတိုင်း အလွန်မင်း မြန်ဆန်သည်။ သူ့ကို တားဆီးရန် မဖြစ်နိုင်ပါဘူး။

"စိတ်မပူပါနဲ့၊ သူ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။" ရှောင်ကျင်းသည် ကျောက်မျောက်ဝံကို ပြုံးပြီး ပြောလိုက်သည်။

ကျောက်မျောက်ဝံသည် အနည်းငယ် မှင်သက်သွားပြီး ရှောင်ကျင်း အဘယ်ကြောင့် ထိုသို့ပြောသည်ကို နားမလည်ပေ။

သို့သော် ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်ယံမှ လွင့်ပျံလာသော ကောင်းကင်တာအို၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသည်။

"ဒီကို ပြန်လာခဲ့စမ်း။" ကျယ်လောင်သော အော်သံတစ်ချက် ထွက်ပေါ်လာသည်။

မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသော မိုးကြိုးဝက်ဝံကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် နောက်ပြန်ဆုတ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။ ထို့နောက် ကျောက်မျောက်ဝံ၏ ရှေ့သို့ ပြင်းထန်စွာ ပြုတ်ကျလာပြီး ပါးစပ်မှ လတ်ဆတ်သော သွေးများ ထွက်ကျလာသည်။

"ဟင်... ဘာဖြစ်နေတာလဲ?" အားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ပြီး ဖြစ်ပျက်ခဲ့သည်ကို နားမလည်ကြပါဘူး။

မိုးကြိုးဝက်ဝံသည် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအရာဖြင့် ကောင်းကင်ယံ ရှိ ချင်ယွင်ကို ကြည့်လိုက်သည်။ သူသည် သရဲတစ္ဆေ မြင်လိုက်ရသည့်အလား ချင်ယွင်ကို စိုက်ကြည့်နေသည်။

"မင်းက... မင်းက အင်မော်တယ် ဧကရာဇ်ပဲ။" မိုးကြိုးဝက်ဝံက ချင်ယွင်ကို လက်ညှိုးထိုး ပြပြီး အော်ပြောလိုက်သည်။

"ဝှီး..”။

ချက်ချင်းပင်၊ လူတိုင်းသည် ချင်ယွင်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

ချင်ယွင်သည် လေထဲတွင် ရပ်နေပြီး၊ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အဆုံးမရှိသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး၊ မိုးကြိုးဝက်ဝံ၏ ခန္ဓာကိုယ်ကို ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ဖိနှိပ်သွားသည်။

"ဘန်း…။"

မိုးကြိုးဝက်ဝံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ပေါ်တွင် လဲကျနေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

အကြောက်တရား၊ အကြောက်တရား၊ ပြင်းထန်သော အကြောက်တရားက မိုးကြိုးဝက်ဝံ၏ နှလုံးသားတွင် ပြည့်နှက်နေခဲ့သည်။ မူလက သူသည် မိုင်တစ်ထောင် အကွာဝေးထိ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် အတင်းအကြပ် ပြန်ဆုတ်ခွာခဲ့ရသေး သည်။ ဤစွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး ခုခံနိုင်စွမ်းမရှိဟု ခံစားရလေ သည်။

"အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်၊ သူက သေချာပေါက် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်ဖြစ်ရမယ်။ အဘယ်ကြောင့် ဤနေရာတွင် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ရှိနေရသနည်း?။" မိုးကြိုးဝက်ဝံ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ဤလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် လူသားသည် အမှန်တကယ် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဘေးနားရှိ လူတိုင်းလည်း အံ့သြသွားကြသည်။ ချင်ယွင်၏ အင်မော်တယ် ဧကရာဇ် စွမ်းအားသည် မိုးကြိုးဝက်ဝံ တစ်ယောက်တည်းကိုသာ ဦးတည်နေသော်လည်း ၎င်းတို့သည် တုနှိုင်းမရလောက်အောင် ပြင်းထန်သောဖိအားကို ခံစားနေကြရဆဲ ဖြစ်သည်။ ဤဖိအားသည် အလွန်ပြင်းထန်သဖြင့် အသက်ပင် မရှူနိုင်ပေ။ အကယ်၍၊ ဤကဲ့သို့ ကြောက်စရာကောင်းသော ဖိအားသာ သူတို့အပေါ် သက်ရောက်စေပါက, သူတို့ကို သွေးသားပုံကြီးဖြစ်သည်အထိ တိုက်ရိုက် ကြိတ်ချေသွားလိမ့်မည်။

ဘန်း….။

ကောင်းကင်နှင့် မြေကြီး၏ လှိုင်းလုံးတစ်ချက် ရိုက်ခတ်သွားပြီး ချင်ယွင်၏ ရုပ်အသွင်က လည်း မြေပြင်ပေါ်သို့ ကျဆင်းလာကာ၊ အေးစက်သော မျက်လုံးတစ်စုံက မိုးကြိုးဝက်ဝံကို စိုက်ကြည့်နေသည်။

"အစကတော့ မင်းကိုယ်မင်း သတ်သေပြီး မင်းရဲ့မျိုးနွယ်စုဝင်တွေကို ကာကွယ်ဖို့ ရွေးချယ်ခဲ့မယ် ဆိုရင် ငါ မင်းကို အသက်ရှင်လျက် ထားဦးမလို့ပဲ။ ဒါပေမယ့်, မင်းကတော့ မင်းရဲ့ မျိုးနွယ်စုဝင်တွေကို နောက်မှာချန်ထားခဲ့ပြီး ကိုယ့်လွတ်ရုန်း ထွက်ပြေးဖို့ ရွေးချယ်ခဲ့သည်။ ဒါက တကယ့်ကို စိတ်ပျက်စရာပါပဲ။" ချင်ယွင်က အေးစက်စွာ ပြောသည်။

အကြင်နာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် လူတွေကို သူ အမုန်းဆုံး ဖြစ်သည်။ အမှန်ပင် ဤမိုးကြိုးဝက်ဝံသည် သူ၏ မျိုးနွယ်စုဝင်များကို စွန့်ပစ်ကာ ထွက်ပြေးခဲ့သည်။ ဤလူသည် သူ့ကိုယ်သူသာ ဂရုတစိုက်သူတစ်ယောက်ဆိုသည်မှာ ထင်ရှားပါသည်။ ဒီလိုလူမျိုးကို သတ်ဖြတ်လိုက်ရင်တောင် သနားစရာမကောင်းပါဘူး။

သတ်ဖြတ်လိုစိတ်က ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးကြိုးဝက်ဝံသည် ရေခဲခန်းထဲ ပြုတ်ကျသကဲ့သို့ သူ၏ခန္ဓာယ်တစ်ခုလုံး အေးစက်နေသည့် အငွေ့အသက်များ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

"မင်း...မင်း ငါ့ကို သတ်လို့မရဘူး။ မင်းက လူသားတစ်ယောက်ပဲ။ တကယ်လို့, မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင်, နဂါးနတ်နန်းတော်က မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး" မိုးကြိုးဝက်ဝံက ကမန်းကတန်း ခြိမ်းခြောက်လိုက်သည်။

"နဂါးနတ်နန်းတော်လား..?" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြပြီး ပြောလိုက်သည် "ဒါဆိုလည်း သူတို့ ငါ့ကို လာရှာပါစေ.."

ထိုသို့ပြောပြီးသည်နှင့် ချင်ယွင်သည် သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ရာ သူ၏လက်မှ ဓားအလင်းတစ်ခု လွင့်ပျံသွားပြီး မိုးကြိုးဝက်ဝံ၏ မျက်ခုံးမွှေးများကြား နေရာသို့ ဖောက်ထွင်း ဝင်ရောက်သွားပါသည်။

မိုးကြိုးဝက်ဝံသည် သူ၏မျက်လုံးများကို ပြူးကျယ်စွာဖွင့်ထားပြီး၊ သူ၏မျက်လုံးများက မကျေမနပ်ဖြစ်ဟန် ပေါ်လွင်နေသည်။ သူသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး သူ၏ပျော်ရွှင်သော ဘဝသည် အစပြုနေပြီဟု မူလက ထင်ခဲ့သော်လည်း ဤကဲ့သို့ အသတ်ခံရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

အဝေးမှ လူတိုင်းသည် မထိန်းနိုင်ဘဲ တံတွေးတစ်လုတ် မျိုးချမိကြသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ထိုကဲ့သို့ပင် ချက်ချင်း အသတ်ခံလိုက်ရသည်။ ထိုစွမ်းအားက မည်မျှ ကြောက်စရာကောင်းလိုက်သနည်း?။

ချင်ယွင်ကို ကြည့်နေကြသည့် သူတို၏ အကြည့်များသည် အနှိုင်းမဲ့ ရိုသေလေးစားနေကြ သည်။ အထူးသဖြင့် မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုဝင်များ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့၏ နှလုံးသားထဲတွင် အကြောက်တရားက ပို၍ပင် ပြင်းထန်လာခဲ့သည်။

All Chapters