← Chapters

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း (၁၀၁၁) မဟူရာရေနက်မြွေ။

ချင်ယွင်သည် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်များကို ခက်ခဲအောင် မလုပ်တော့ဘဲ ၎င်းတို့အားလုံးကို လွှတ်ပေးခဲ့သည်။

ကျောက်မျောက်ဝံလည်း သဘောတူပါသည်။ မိုးကြိုးဝက်ဝံသည် သေဆုံးသွားခဲ့ပြီး၊ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုနှင့် ဧရာမမျောက်ဝံမျိုးနွယ်စုတို့ကြားမှ အမုန်းအာဃာတက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤအချိန်သည် မဟူရာဝက်ဝံ ဘုရင်မျိုးနွယ်စုနှင့် လက်ဆွဲနှုတ်ဆက်ရန် အခွင့်အရေးကောင်း ဖြစ်သည်။

မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုဝင်များ ဆုတ်ခွာသွားသောအခါ ဧရာမမျောက်ဝံမျိုးနွယ်စု ဝင်များ အားလုံးသည် အလွန်မင်း စိတ်လှုပ်ရှားနေကြသည်။ ကျောက်မျောက်ဝံသည် ချင်ယွင်နှင့် အခြားလူများကို ၎င်းတို့၏မျိုးနွယ်စုထဲသို့ ဖိတ်ခေါ်ကာ နွေးထွေးစွာ ဖျော်ဖြေပေးရန် အလွန်မင်း စိတ်လှုပ်ရှားနေပါသည်။

ထို့နောက် ချင်ယွင်သည် ကျောက်မျောက်ဝံနှင့် ရိုးရှင်းသော လဲလှယ်မှုတစ်ခုကို ပြုလုပ်ခဲ့ သည်။ ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသော ဧရာမမျောက်ဝံမျိုးနွယ်စုဝင်များ ဖြစ်ကြောင်း ကျောက်မျောက်ဝံ သိလိုက်သောအခါ ကျောက်မျောက်ဝံသည် အလွန်မင်း စိတ်လှုပ်ရှားသွားပါသည်။

နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲများသည် နတ်ဆိုးမျိုးနွယ်တွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိကြပါသည်။ သူတို့၏ သွေးမျိုးဆက် စွမ်းအား အားကောင်းလေ၊ သူတို့၏ အဆင့်အတန်းက ပို၍ မြင့်မားလေ ဖြစ်ပါသည်။

ဧရာမမျောက်ဝံမျိုးနွယ်စုတွင် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သော သာစဉ်မြေးဆက် သုံးဦးရှိနေသည်။ ယင်းက နတ်ဆိုးသားရဲတိုက်ကြီးတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။ သူကိုယ်တိုင် ထိတ်လန့်နေရသည် မဟုတ်ပါလား?။

လျှိုကျန်းသည် ခေါင်းဆောင် ကျောက်မျောက်ဝံ၏ ဝပ်သွားခယနေပြီး၊ မြှောက်ပင့် ပြောဆိုနေသည့် အသွင်အပြင်ကို ကြည့်ရင်း သူ၏မျက်လုံးများပင် အမြင်အာရုံဆုံးရှုံးလု နီးပါး ဖြစ်လာခဲ့သည်။ ဟိုအရင်တုန်းကဆို ဤခေါင်းဆောင် ကျောက်မျောက်ဝံသည် အနှိုင်းမဲ့ အေးစက်သည်။ အခု အစေခံတစ်ယောက်သာသာ အသွင်​အပြင်​က သူ၏စိတ်​ကို အမှန်တကယ် ​အံ့ဩ​သွားစေခဲ့သည်​။

"ခေါင်းဆောင် ကျောက်မျောက်ဝံ၊ ရှောင်ကျင်း၊ ရှောင်ဟေးနဲ့ ရှောင်ဟောင်တို့ကို နတ်ဆိုးသားရဲမျိုးနွယ်ဆီ ပြန်ခေါ်ဆောင်လာခြင်းအပြင်, ငါ နတ်ဆိုးသားရဲတိုက်ကြီးကို ရောက်လာရတဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က နတ်ဘုရားသားရဲ ကောင်းကင်မျို စပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို ရှာဖွေဖို့ပဲ " ချင်ယွင်က ပြောသည်။

"ကောင်းကင်မျို စပါးအုံးမြွေရဲ့ သွေးမျိုးဆက်လား?" မျိုးနွယ်စုခေါင်းဆောင် ကျောက်မျောက်ဝံလည်း ထပ်ခါထပ်ခါ အံ့အားသင့်နေရတော့သည်။

ကောင်းကင်မျို စပါးအုံးမြွေသည် စပါးအုံးမြွေမျိုးနွယ်၏ အဆင့်မြင့် နတ်ဘုရား သားရဲတစ်ကောင် ဖြစ်ကြောင်း သူ သဘာဝအတိုင်း သိထားပါသည်။ ၎င်းသည် နတ်ဘုရား သားရဲများကြားမှာပင် အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်၊ လူသားတစ်ဦး ဖြစ်သည့် ချင်ယွင်သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို အဘယ်ကြောင့် ရှာဖွေနေသနည်းဟု သူ အလွန် သိချင်နေခဲ့သည်။

ချင်ယွင်က ကျောက်မျောက်ဝံ၏ သံသယတွေကို မြင်လိုက်ပုံရပြီး၊ ရှင်းပြလိုက်သည် "ရိုးရိုးသားသားပြောရရင်, ငါ့မှာ ညီတစ်ယောက် ရှိသေးတယ်။ သူကလည်း နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ပြီး၊ ကောင်းကင်မျို စပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကနေ ဆင်းသက်လာသူပဲ။ ဒါပေမယ့်, သူက ရှောင်ကျင်းကို ကယ်တင်ဖို့အတွက် သူ့ကိုယ်ပိုင်နတ်ဘုရားသားရဲ သွေးအနှစ်သာရကို လောင်ကျွမ်းပစ်ခဲ့တယ်။ ငါက သူ့အသက်ကို ယာယီ ကယ်တင်နိုင်ဖို့ ငါ့ရဲ့နည်းလမ်းတွေကို အသုံးပြုထားပေမယ့်, သူ့ကို ကယ်တင်နိုင်ဖို့ဆို သူ့အနေနဲ့ ကောင်းကင်မျို စပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို မျိုချဖို့ လိုအပ်နေတယ်။”

ကျောက်မျောက်ဝံသည် ချင်ယွင်၏စကားကို ကြားသောအခါ အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားရသည်။

အစောပိုင်းကမှ ရှောင်ကျင်း၊ ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် ချင်ယွင်၏ညီများ ဖြစ်ကြောင်း သူသိထားပြီး ဖြစ်သည်။ အဆင့်မြင့် နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးသားရဲသုံးကောင်သည် လူသားတစ်ဦးနှင့် ညီအစ်ကိုများ ဖြစ်နေခြင်းကပင် အံ့သြစရာဖြစ်နေပါပြီ။ ယခုမူ ချင်ယွင်သည် သူ့တွင် ညီတစ်ယောက် ရှိသေးပြီး၊ သူသည် နတ်ဘုရားသားရဲ ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်မှ ဆင်းသက်လာသူ ဖြစ်ကြောင်း အမှန်တကယ်ပင် ပြောလာခဲ့သည်။ ဤအရာက သူ့ကို ပြောစရာစကား မဲ့သွားစေသည်။ နတ်ဘုရားသားရဲသွေးမျိုးဆက်တွေက ဘယ်တုန်းကများ အခုလို ပေါများသွားတာလဲ?။

"ကောင်းကင်မျို စပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကိုတော့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စု အနီးအနားမှာ စပါးအုံးမြွေမျိုးနွယ်လို မျိုး မျိုးနွယ်စုတွေ မရှိကြဘူး။ စပါးအုံးမြွေတွေဟာ များသောအားဖြင့် တောင်ဘက် အရပ်မှာ နေထိုင်ကြပြီး ကျွန်တော်တို့နဲ့ အလှမ်းဝေးလှတယ်။ ဒါကြောင့် ကျွန်တော်တို့က စပါးအုံးမြွေမျိုးနွယ်ရဲ့ သတင်းတွေအကြောင်း သိပ်မသိပါဘူး" ကျောက်မျောက်ဝံက မျက်မှောင်ကြုတ်ပြီး ပြန်ဖြေသည်။

ထိုစကားကို ကြားတော့ ချင်ယွင်လည်း မျက်မှောင်ကြုတ်ပြီး စိတ်ထဲကနေ သက်ပြင်း ချလိုက်ပြီး "ဒီတစ်ခါတော့ အကျိုးအမြတ် များများစားစား မရရှိမှာ ငါ ကြောက်မိတယ်။ ကြည့်ရတာ, ငါ တောင်အရပ်ကိုပဲ သွားရမယ့်ပုံပဲ"

"ဒါပေမယ့်" ထိုအချိန်မှာဘဲ ကျောက်မျောက်ဝံက ရုတ်တရက် ပြောလိုက်သည်။

"ဒါပေမယ့် ဘာဖြစ်တာလဲ?။ မြန်မြန်ပြောစမ်းပါ။ တကယ်လို့ ငါ့အစ်ကိုနဲ့ ပတ်သက်လို့ တစ်ခုခုဖြစ်ခဲ့ရင်, ငါ မင်းကို မေးခွန်းထုတ်ရလိမ့်မယ်" ရှောင်ကျင်းသည် ကျောက်မျောက်ဝံ ၏ ခေါင်းကို ချက်ချင်း ခေါက်ပစ်လိုက်သည်။

ကျောက်မျောက်ဝံသည် စကားမပြောနိုင် ဖြစ်သွားရပြန်သည်။ ဤကိစ္စသည် သူ့ကိစ္စ မဟုတ်ပေ။ သေချာသည်မှာ၊ ရှောင်ကျင်း၏ အဆင့်အတန်းက မြင့်မြတ်ပါသည်။ သူသည် မခုခံရဲပေ။ ထို့ကြောင့် သူက အလောတကြီး ပြောလိုက်ရသည် "ဒါပေမယ့် ကျွန်တော်တို့ရဲ့ အနောက်ဘက် မိုင်သန်းချီဝေးတဲ့ စိမ့်ရေတောတစ်ခု ရှိတယ်။ အဲဒီမှာ အလွန် အစွမ်းထက်တဲ့ မဟူရာရေနက်မြွေ တစ်ကောင်ရှိတယ်။ ဒီမြွေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကတည်းက အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ ၎င်းရဲ့လက်ရှိနယ်ပယ်က ပို၍အထင်ကြီးစရာကောင်းတယ်။ သူက လွန်ခဲ့တဲ့ နှစ်သုံးထောင် က စပါးအုံးမြွေမျိုးနွယ်ရဲ့ အပြစ်ပေးခြင်းခံရပြီး မျိုးနွယ်စုကနေ နှင်ထုတ်ခံရတယ်လို့ ပြောကြတယ်။ ဒါကြောင့် သူက အဲဒီကရေကန်ထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။ စပါးအုံးမြွေမျိုးနွယ်အကြောင်းကို သူ သိသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”။

“အနှစ်သုံးထောင်။ ဒါက တော်တော်ကြာနေပြီလေ။ စပါးအုံးမြွေ မျိုးနွယ်အကြောင်း သူ ဘယ်လိုလုပ် သိတော့မလဲ။ မင်း ငါ့ကို အသုံးဝင်တဲ့ အချက်အလက်တစ်ခုခု ပေးလို့ မရဘူးလား" ရှောင်ကျင်းက ကျောက်မျောက်ဝံ၏ ခေါင်းကို ခေါက်လိုက်ပြီး ကျိန်ဆဲ လိုက်ပြန်သည်။

ကျောက်မျောက်ဝံသည် အလွန် စိတ်ဓာတ်ကျသွားခဲ့ပြီး ငိုချင်လာမိသည်။ "ဘိုးဘေးငယ် လေး၊ လူတိုင်းက ဘိုးဘေးငယ်လေးလို မြန်မြန် ကျင့်ကြံနိုင်တယ်လို့ ထင်နေတာလား?။ အနှစ်တစ်ရာအတွင်းမှာ ဘိုးဘေးငယ်လေးတို့က အင်မော်တယ်ဘုရင်နယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။ အထူးသဖြင့် နတ်ဆိုးသားရဲတွေအတွက် အနှစ်သုံးထောင်ဆိုတာ ဘာမှမကြာပါဘူး။ ကျွန်တော့်ကိုပဲကြည့်, ကျွန်တော့်အသက်က တစ်သောင်းရှစ်ထောင် ရှိနေပြီ။"

ရှောင်ကျင်းသည် ထိုစကားကိုကြားတော့ သူလည်း ပြောစရာစကား မရှိတော့ဘဲ၊ မည်သို့ ပြန်ချေပရမှန်းလည်း မသိတော့ပေ။

ချင်ယွင်လည်း ပြုံးလိုက်မိသည်။ သူသည် အနှစ်တစ်ရာအောက်သာ ကျင့်ကြံခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားလာလေ သူ့အတွက် အဆင့်ချိုးဖြတ်ရန် ပိုခက်ခဲလာ လေဆိုသည့် အကြောင်းကို သူ သိပါသည်။ နတ်ဆိုးသားရဲမျိုးနွယ်များ၏ သက်တမ်းက အလွန်ရှည်ကြပါသည်။ ထို့ကြောင့် ကျောက်မျောက်ဝံအတွက် ယခုလိုအသက်ရှိနေခြင်းက ပုံမှန်ပင် ဖြစ်သည်။

“မဟူရာရေနက်မြွေက စပါးအုံးမြွေမျိုးနွယ်ကဆိုတာ မင်း သေချာရဲ့လား?။ ချင်ယွင်က မေးလိုက်သည်။

"မှန်ပါတယ်။ ကျွန်တော် သေချာပါတယ်။ အဲဒီတုန်းက သူဟာ စပါးအုံးမြွေမျိုးနွယ်မှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ခဲ့ပြီး၊ သူ့ရဲ့ဂုဏ်သတင်းကလည်း အရမ်းကို မြင့်မားခဲ့ပါ တယ်။ နောက်ပိုင်းမှာတော့ သူ့ကို စပါးအုံးမြွေမျိုးနွယ်က ထုတ်ပယ်လိုက်တဲ့ သတင်းဟာ နတ်ဆိုးသားရဲကမ္ဘာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်။ ကျွန်တော့်ရဲ့ မျိုးနွယ်စုဝင်တွေကို မေးမြန်းကြည့်လို့ရပါတယ်။ အများစုက ဒီအကြောင်း သိကြပါတယ်” ကျောက်မျောက်ဝံက အခိုင်အမာ တုန့်ပြန်ပြောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် ဤမဟူရာရေနက်မြွေကို ရှာဖွေရန် သူ၏စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ, ဤမဟူရာရေနက်မြွေထံမှ စပါးအုံးမြွေမျိုးနွယ်၏ အခြေအနေကို အရင်ဆုံး လေ့လာသင့်ပါသည်။ အကယ်၍၊ သူသည် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူကို သိရှိထားပါက၊ အချိန်အနည်းငယ် ချွေတာနိုင်မည် ဖြစ်သည်။

"သခင် ချင်ယွင်၊ သခင်ချင်ယွင်က အဲဒီမဟူရာရေနက်မြွေကို သွားရှာမလို့လား?။" ကျောက်မျောက်ဝံက သူ၏လေသံတွင် တုံ့ဆိုင်းနေသော အရိပ်အမြွက်ကို ထပ်မေးသည်။

"တစ်ခုခု မှားနေလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါက ဒီလိုပါ၊ ဒီမဟူရာရေနက်မြွေက အရမ်းကို ဒေါသအရမ်းကြီးတယ်။ သူ့နွံအိုင်နားက နတ်ဆိုးသားရဲတွေအားလုံး သူ ဝါးမျိုးစားသောက်ခြင်း ခံလိုက်ရတယ်လို ပြောကြတယ်။ နောက်ပြီး စိမ့်အိုင်ကြီးနားကို လာရဲတဲ့လူတွေကိုလည်း သူက သူ့ဝမ်းဗိုက်ရဲ့အစာအဖြစ် ချက်စားဖို့ စောင့်လိမ့်မယ်၊ ဒါကြောင့် အဲဒီစိမ့်အိုင်ကြီးအနားကို ဘယ်သူမှ မသွားရဲကြဘူး။” ကျောက်မျောက်ဝံက ပြန်ပြောသည်။ သူ၏လေသံက ကြောက်စိတ်တွေနှင့် ပြည့်နေသည်။ (ချက်စားသည်ဟု ဆိုခြင်းက တင်စား၍ ပြောခြင်းဖြစ်ပါသည်။)

"အိုး? ပြဿနာက ဒီလိုလား?။ ဒါဆို အဲဒီမဟူရာရေနက်မြွေရဲ့ စွမ်းအားက ဘာလဲ" ချင်ယွင်က ဆက်မေးသည်။

"ဒါက ဘယ်လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားလဲတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။ ဒါပေမယ့် တစ်ချိန်တုန်းက အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်အဆင့် နတ်ဆိုးသားရဲ တစ်ကောင်က သူ့ကို ရန်စခဲ့တယ်။ သူ အဲဒီရေကန်ကြီးထဲကို ဝင်သွားပြီးတဲ့နောက် ဘယ်တောမှ ပြန်ထွက်မလာတော့ဘူး။ သူလည်း အဲဒီမြွေကြီးရဲ့ ဝါးမျိုခြင်းခံရတာ ဖြစ်လိမ့်မယ်" ကျောက်မျောက်ဝံက ပြန်ဖြေသည်.

"အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါးတောင် မျိုချခံလိုက်ရတယ်။ ဒီမဟူရာရေနက်မြွေရဲ့ အစွမ်းက မရိုးရှင်းလောက်ဘူး" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သော်လည်း သူ၏ပါးစပ်ထောင့်က အပြုံးမပျက်ပေ။

"သခင် ချင်ယွင်၊ ဒါကြောင့် သခင်ချင်ယွင် သေချာစဉ်းစားတာ ပိုကောင်းပါတယ်။ မဟူရာရေနက်မြွေက သခင်ချင်ယွင်ကို ဘာအကြောင်းပြချက်မှ ပေးမှာမဟုတ်ဘူး။ တကယ်လို သူတကယ် လှုပ်ရှားလာခဲ့ရင် ဘယ်လိုလုပ်မလ?..." ကျောက်မျောက်ဝံက ပြောသည်။

"တကယ်လို့, သူ တကယ် လှုပ်ရှားလာခဲ့ရင်, ငါ့အစ်ကိုကြီးက သူ့အရေခွံကို ချွတ်ပြီး အဝတ်အစားအဖြစ် ဝတ်လိုက်မှာပေါ့။ မြွေနက်သေးသေးလေးက ငါ့အစ်ကိုကြီးရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား" ရှောင်ကျင်း က ချက်ချင်း ပြန်ပြောလိုက်သည်။

ကျောက်မျောက်ဝံသည် ဤစကားကိုကြားသောအခါ သူနှင့် သဘောထားမတိုက်ဆိုင် သော်လည်း ငြင်းဆိုဝံ့ခြင်း မရှိပေ။

ချင်ယွင်က ပြုံးပြီး ပြောသည် "ငါက ဒီတခေါက် အခြေအနေကိုပဲ မေးမြန်းကြည့်မှာပါ။ သူ မလှုပ်ရှားရင်, ငါလည်း မလုပ်ရှားပါဘူး။ တကယ်လို့, ငါ့ကို တကယ် လှုပ်ရှားရအောင် လုပ်ရင်တော့ မြွေသားစားရမယ်ဆိုရင်လည်း ငါ စိတ်ထဲမထားဘူး"

ချင်ယွင်၏ လေသံက တည်ငြိမ်ပြီး, လွှမ်းမိုးကြီးစိုးနိုင်စွမ်း အပြည့်ရှိသည်။

ကျောက်မျောက်ဝံသည် အံ့အားသင့်သွားကာ သူ၏စိတ်ထဲတွင် ပြောစရာစကား လုံးဝ မရှိတော့ပါ။ ညီအကိုနှစ်​​ယောက်စလုံးက ​​တစ်​​ယောက်​ထက် တစ်ယောက် ပိုပြီး လေကြီး လေကျယ်​ ​​ပြောနေကြသည်​။

All Chapters