← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း (၁၀၁၂) ဖြည်းဖြည်းချင်း..။

ဝှီး….။

ချင်ယွင်သည် အနောက်ဘက်သို့ ဦးတည်ရင်း လေပြင်းများကဲ့သို့ လွင့်မျောသွားနေသည်။ မှန်ပါသည်၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်က မဟူရာစိမ့်စမ်းအိုင်သို့ သွားပြီး မဟူရာရေနက် မြွေကို ရှာဖွေရန်ဖြစ်ပါသည်။

ယခုတစ်ကြိမ်မှာတော့ သူတစ်ယောက်တည်း လှုပ်ရှားမှာဖြစ်ပြီး၊ ရှောင်ကျင်းနှင့် အခြားလူတွေကို သူနှင့်အတူ ခေါ်မသွားခဲ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ထိုမဟူရာ ရေနက်မြွေကြီး မည်မျှ အစွမ်းထက်သည်ကို သူ မသိသေးသောကြောင့် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်၏ရုပ်အသွင်သည် စိမ့်စမ်းအိုင်ထဲမှာ လွင့်မျောနေသည်။ ဤသည်မှာ မဟူရာ စိမ့်စမ်းအိုင်နေရာ ဖြစ်သည်။ ရေကန်၏ မျက်နှာပြင်သည် အနှိုင်းမဲ့ မည်းမှောင်နေ၏။ အလွန်မင်း ပြင်းထန်သည့် အဆိပ်များပါဝင်သော အနံ့အသက်ဆိုးကို ထုတ်လွှတ်နေသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စိမ့်စမ်းအိုင်၏ အနံ့အသက်တွေ က သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ ယခုလိုနေရာမျိုးမှာ နေထိုင်ချင်သည့် နတ်ဆိုးသားရဲတွေ ရှိနေသည်ကို သူ တကယ် မယုံကြည်နိုင်ခဲ့ပါဘူး။

"ကြည့်ရတာ, ငါကိုယ်တိုင် သူ့ကို အပြင်​ထွက်လာ​ဖို့ ဖိတ်​​ခေါ်ရမယ့်​ပုံပဲ" ချင်ယွင်က ရေကန်ဆီသို့ ဓားအလင်းကို ပစ်လွှတ်လိုက်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ဓားအလင်းသည် ရေအိုင်ထဲသို့ လျင်မြန်စွာ ပျံနှံ့သွားခဲ့ပြီး ကန်ရေထဲတွင် ပေါက်ကွဲ သွားကာ ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲကွဲက ထွက်ပေါ်လာသည်။ မူလ ငြိမ်သက်နေသော အနက်ရောင် ရေကန်သည် ချက်ချင်းပင် ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

"ဘယ်သူလဲကွ၊ ဘယ်သူက ငါ့မဟူရာစိမ့်စမ်းအိုင်မှာ ပြဿနာလာရဲတာလဲ?။" ကျယ်လောင်သော ဆူဆူညံညံသံများ ထွက်ပေါ်လာသည်ရင်း ရေကန်ထဲမှ ကြောက်စရာကောင်းသော ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။

ထို့နောက်တွင် အနှိုင်းမဲ့ကြီးမားသော မြွေနက်ကြီးတစ်ကောင်သည် ချက်ချင်းပင် ရေကန်ထဲမှ ပြေးလာခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကို ဆန့်ထုတ်လိုက်သည်။ မီးပုံးကြီးကဲ့သို့ ကြီးမားလှသော မျက်လုံးကြီးများက ချင်ယွင်ကို စိုက်ကြည့်နေသည်။

"မင်းက ငါအိပ်​​နေတာကို လာ​နှောက်​ယှက်​​နေတာလား?" မဟူရာရေနက်မြွေက ဒေါသတကြီး ပြောလိုက်ပြီး၊ သူ၏လေသံက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။

"ကျွန်တော်ပါ။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားကို ထွက်လာစေချင်ရုံ" ချင်ယွင်က ပြန်ဖြေသည်။

သို့သော် သူစကားမဆုံးမီတွင် ဧရာမမြွေနက်ကြီးသည် ကြီးမားသော အနက်ရောင် ရေတိုင်လုံးကြီးကို ပစ်လွှတ်ပြီး ချင်ယွင်ကို ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

ဤအနက်ရောင်ရေတိုင်လုံးကြီးသည် အလွန်အမင်း အဆိပ်သင့်ရုံသာမက၊ အလွန်မင်း အစွမ်းထက်သော ရေစွမ်းရည်လည်း ပါရှိနေသည်။ ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်၊ သို့မဟုတ် ပဉ္စမအဆင့် သာမန် အင်မော်တယ် ဧကရာဇ်များပင်လျှင် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဟုတ်ပါသည်၊ ဒါက ချင်ယွင်အတွက်တော့ အသေးဖွဲ့လေးပင်။

ချင်ယွင်သည် ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ရုပ်အသွင်က ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းသွားပြီး သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။

ရေတိုင်လုံးကြီးသည် ချက်ချင်း ပြိုကျသွားပြီး ချင်ယွင်ရပ်နေသည့် မြေပြင်သည် ချက်ချင်း ကွဲအက်သွားသည်။ ဆယ်မိုင်ပတ်လည်အတွင်း အသီးအရွက်များနှင့် ကျောက်တုံးတွေ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

မဟူရာရေနက်မြွေသည် ဤအရာအားလုံးကို ကြည့်ရန် ၎င်း၏ခေါင်းကို မြှောက်လိုက်ပါ သည်။ သို့သော်လည်း ၎င်း၏မျက်လုံးများက အံ့အားသင့်ဟန် အရိပ်အယောင် ထုတ်ဖော်လာသည်။ သူက ကောင်းကင်ယံမှာ လွင့်မျောနေသော ချင်ယွင်ကို ကြည့်ရင်း အေးစက်စွာ အော်မေးလိုက် သည် "မင်းကရော အင်မော်တယ် ဧကရာဇ်တစ်ပါးလား?"

ချင်ယွင်က ပြုံးပြီး ဖြေသည် "ဟုတ်တယ်လို့ ပြောလို့ရသလို၊ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အင်အားက အင်မော်တယ် ဧကရာဇ်တချို့ ထက်တော့ အားမနည်းပါဘူး"။

"မင်း ဘာလို့ ငါ့ကို လာရှာတာလဲ?" မဟူရာရေနက်မြွေက သူ၏စကားတွေကို ထုတ်ဖော်လိုက်ပြီး သူ၏လေသံက အေးစက်နေပြီး မည်သို့မှ ထူးခြားခြင်းမရှိပေ။

"လက်ရှိ နတ်ဆိုးသားရဲတိုက်ကြီးမှာ ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို ဘယ်သူက သိလဲလို့ ကျွန်တော် မေးချင်လို့ပါ။" ချင်ယွင်သည် တွယ်ဝိုက်မနေဘဲ တိုက်ရိုက် ပြန်ဖြေသည်။

ထိုစကားကိုကြားတော့ မဟူရာရေနက်မြွေ၏ နီမြန်းသော မျက်လုံးတစ်စုံက ချင်ယွင်ကို သတ်ဖြတ်ချင်စိတ် ပြင်းပြစွာ စိုက်ကြည့်နေပါသည်။

"ကောင်စုတ်လေး၊ မင်း ငါ့ကို ရန်စဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လာခဲ့တာလား?။ “ကောင်းကင်မျို စပါးအုံးမြွေ” ဆိုတဲ့ စကားလုံးက ငါ့ရဲ့ တားမြစ်ချက်ဆိုတာ မင်း မသိဘူးလား?။ မဟူရာရေနက်မြွေသည် ဒေါသတကြီး ဟိန်းဟောက်သည်။ ထိုသို့ပြောပြီးနောက်တွင် ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုပေါ်လာပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဤမဟူရာရေနက်မြွေသည် ရုတ်တရက် ဒေါသထွက်လာသည်။ သူ ရှင်းပြချင်သော်လည်း အရမ်းကို နောက်ကျနေပြီ။

ဘန်း….။

မဟူရာရေနက်မြွေ၏ လက်ဖဝါးကြီးသည် ချင်ယွင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာရင်း ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ မြင့်တက်လာပါ သည်။ ၎င်း၌ပါဝင်နေသော ကောင်းကင်တာအို စွမ်းအင်အတက်အကျလှိုင်းများသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချင်ယွင်လည်း အလျင်အမြန်တုံ့ပြန်ပြီး သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

"ဘုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်နှင့် မဟူရာရေနက်မြွေ နှစ်ယောက်လုံး နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကြပြီး နှစ်ယောက်လုံး မည်သူကမှ သာလွန်ခြင်းမရှိပေ။

“ကျွန်တော် ခင်ဗျားကို ရန်စမိဖို့ မရည်ရွယ်ပါဘူး။ ပြီးတော့ ခင်ဗျားရဲ့ တားမြစ်ချက်တွေကို ကျွန်တော် မသိလိုက်မိဘူး။ ခင်ဗျား စပါးအုံးမြွေမျိုးနွယ်က လာတယ်လို့ပဲ ကျွန်တော် ကြားဖူးထားတာပါ။ ဒါကြောင့် ခင်ဗျားဆီက အကူအညီကို တောင်းပြီး ကောင်းကင်မျို စပါးအုံးမြွေရဲ့အကြောင်း သိချင်လို့ပါ" ချင်ယွင်က ကမန်းကတန်း ရှင်းပြသည်။

"ဟမ့်၊ ငါ မင်းကို မကူညီနိုင်ဘူး။ မင်း အခု ထွက်သွားလို့ရပြီ။" မဟူရာရေနက်မြွေသည် ယဉ်ကျေးသိမ်မွေ့မှု မရှိဘဲ အေးစက်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ သူ၏ရှေ့ရှိ မဟူရာရေနက်မြွေသည် ကောင်းကင်မျိုးစပါးအုံးမြွေ၏ သွေးမျိုးဆက်အကြောင်းကို သေချာပေါက် သိနေပါသည်။ သို့သော်၊ သူသည် ကောင်းကင်မျိုစပါးအုံးမြွေ သွေးမျိုးဆက်ပိုင်ရှင် ထိုလူအပေါ် ရန်ငြိုးထားနေပုံရပြီး၊ သူ၏မုန်းတီးမှုသည် အလွန်ကြီးမားပုံရပါသည်။ ထိုသို့မဟုတ်လျှင်၊ ကောင်းကင်မျို စပါးအုံးမြွေဆိုသည့်စကားက မဟူရာရေနက်မြွေ ပေါက်ကွဲလောက်သည့် စကားလုံးမျိုး မဖြစ်နိုင်ပါဘူး။

"စီနီယာ, ကျွန်တော့်ညီက ဒဏ်ရာအပြင်းအထန်ရနေပြီး သူ့ကို ကယ်တင်ဖို့ ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက် လိုနေပါတယ်။ စီနီယာ ကျွန်တော်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ချင်ယွင်က မကျေမနပ်အသံဖြင့် ပြောလိုက်ရသည်။

"မင်းက အခုထိ ဒီစကားကို ပြောဝံ့သေးတာလား?။ ထွက်သွားစမ်း။ တကယ်လို, ငါ သိရင်တောင် မင်းကို မပြောဘူးကွာ.." မဟူရာရေနက်မြွေက ဒေါသတကြီး ပြောပြီး တစ်ဖန် ချင်ယွင်ဆီသို့ အနက်ရောင်ရေ လက်ဖဝါးကြီးကို ရိုက်လွှတ်လိုက်သည်။

ချင်ယွင်၏နှလုံးသည် ချက်ချင်းပင် ဒေါသနှင့်အတူ ခုန်လာပါသည်။ သူသည် ဓားတစ်ချောင်းကို ဖန်တီးရန် သူ၏လက်ကို တိုက်ရိုက်အသုံးပြုကာ၊ ဓားအလင်းကို ထုတ်ဖော်ပြီး အနက်ရောင် ရေလက်ဖဝါးကြီးလက်ကို နှစ်ပိုင်း ခွဲပစ်လိုက်သည်။

"ဟမ့်၊ ကောင်လေး၊ ငါ မင်းကို ထပ်ပြောမယ်။ ငါ့ကို မနှောင့်ယှက်ပါနဲ့။ မဟုတ်ရင်, ငါ မင်းကို တိုက်ရိုက် သတ်ပစ်မယ်။ ထွက်သွားစမ်း။” မဟူရာရေနက်မြွေသည် အေးစက်စွာ အော်ဟစ်လိုက်သည်။

ချင်ယွင်၏ အမူအရာက လုံးဝကို အုံ့မှိုင်းသွားခဲ့သည်။ သူသည် နှိမ့်ချစွာ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော်လည်း မဟူရာရေနက်မြွေသည် သူ့အား အခွင့်ကောင်းယူကာ သူ၏မျက်လုံးထဲတွင် မထားခဲ့ပေ။ ယင်းကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် ဒေါသများ မြင့်တက်လာခဲ့သည်။

"ခင်ဗျားကြီးက ကျုပ်ပြောစကားကို နားမ​ထောင်​ဘူးဆိုမှတော့, ကျုပ်က ခင်ဗျားကို ကိုယ်တိုင်ကိုယ်ကျ ​ခေါ်သွားရတော့မှာပေါ့​" သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်လာရင်း ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

All Chapters