အခန်း ၁၀၁၃
Vol. 68 Ch. 1013
အခန်း (၁၀၁၃) မဟူရာရေနက်မြွေကို နှိမ်နင်းခြင်း။
ဖင်းဂေါ့ဂ်စွမ်းအင်သည် နဂါးနတ်ဘုရားစွမ်းအင်နှင့် ပေါင်းစပ်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာပါသည်။ ပြင်းထန်သော အငွေ့အသက်တစ်ခုသည် ပတ်ဝန်းကျင်ကို ချက်ချင်း ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
“ဘုန်း..”။
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးလက်သကဲ့သို့ ပစ်လွှတ်သွားသည်။ သူ၏ရုပ်အသွင် သည် နောက်ကွယ်တွင် ပုံရိပ်ယောင်အဆင့်ဆင့်ကဲ့သို့ ဖြစ်သွားပြီး၊ သူ၏လက်များတွင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေသည်။
"ဟမ့်၊ ကောင်စုတ်၊ ငါက မင်းကို ထွက်သွားဖို့ ပြောခဲ့တယ်။ ဒါပေမယ့် မင်းက ထွက်မသွားခဲ့ ဘူး။ ကောင်းပြီလေ၊ ဒါဆိုလည်း မင်းကို ငါ ငရဲဘုရင်ဆီ ပို့ပေးလိုက်မယ်။" မဟူရာရေနက်မြွေသည် ချင်ယွင်ကို ကြည့်ကာ အထင်အမြင်သေးစွာဖြင့် အေးစက်စွာ ဟစ်အော်လိုက်သည်။ ရေစွမ်းရည် ကောင်းကင်တာအို ဉပဒေသတွေက ကြောက်စရာ ကောင်းသည့် ရေလှိုင်းလုံးကြီးအဖြစ် သူ၏လက်ထဲက ထွက်လာပါသည်။
"ဖန်း..”။
မဟူရာရေနက်မြွေကြီးသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ အနက်ရောင် ရေမြွေကြီးတစ်ကောင်က အနက်ရောင်ရေထဲမှ လုံးလုံးလျားလျား ပေါက်ဖွားလာကာ၊ ချင်ယွင်ဆီ တည့်တည့် ပျံသန်းသွားပါသည်။ သွေးသံရဲရဲ ဧရာမပါးစပ်ကြီးက တွင်းနက်ကြီးနှင့်တူပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ကိုက်စားနိုင်ပါသည် ။
ကောင်းကင်တာအို၏ စွမ်းအားများ တဟုန်ထိုး ပျံ့နှံ့ကာ မြင့်တက်လာခဲ့ပြီး အနက်ရောင် ရေများသည် ပြင်းထန်သော အဆိပ်ငွေ့ကို ထုတ်လွှတ်သည်။ သာမာန်အားဖြင့်၊ အင်မော်တယ် ဧကရာဇ်များပင်လျှင် ၎င်းနှင့် ထိပ်တိုက် ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။
ချင်ယွင်သည် ဤမြင်ကွင်းကို သူ၏မျက်လုံးများတွင် လှောင်ပြောင်ဟန်ဖြင့် ကြည့်နေ သည်။ သူ၏ခန္ဓာကိုယ်သည် ရှောင်တိမ်းခြင်းမရှိဘဲ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်ရေမှ ဖြစ်ပေါ်လာသော ဧရာမမြွေကြီးဆီသို့ တိုက်ရိုက် ပစ်ဝင်သွားခဲ့သည်။
“ဖျန်း…”။
ချင်ယွင်၏ရုပ်အသွင်သည် အနက်ရောင်မြွေကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် ထက်ရှသော ဓားတစ်စင်းနှင့်တူသည်။ အနက်ရောင်မြွေကြီးတစ်ကောင်လုံးသည် အနက်ရောင် မိုးရေများအဖြစ်သို့ လွင့်စင်သွားလေသည်။
မဟူရာရေနက်မြွေကြီးသည် အနည်းငယ် ထိတ်လန့်သွားသည်။ သူ အနက်ရောင်ရေမှ ပေါင်းစည်းသိပ်သည်းထားသော အနက်ရောင်မြွေကြီးသည် အလွယ်တကူ ပျက်စီးသွား လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သာမန် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့် ရှိ အင်မော်တယ် ဧကရာဇ်များပင်လျှင် သူ၏တိုက်ခိုက်မှုကို သေချာပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုသည်ကို သိထားရပါမည်။
သို့သော် ဤအခိုက်အတန့်တွင်၊ မဟူရာရေနက်မြွေကြီးသည် သူ့ဆီသို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ရုတ်တရက် ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။ ဤကြောက်စရာကောင်းသည့် စွမ်းအင်က သ်၏ပါးတွေကိုပင် အမှန်တကယ် နာကျင်စေပါ သည်။
ဘန်း..။
ကြောက်စရာကောင်းသည့် လေပြင်းတိုက်ခတ်မူနှင့်အတူ ချင်ယွင်၏ လက်သီးချက်က မဟူရာရေနက်မြွေကြီး၏ မျက်နှာဆီသို့ တဝှီးဝှီးမြည်ဟီးသံပေးရင်း ရောက်ရှိလာခဲ့သည်။
မဟူရာရေနက်မြွေကြီး၏ အမူအရာသည် ချက်ချင်း အေးခဲသွားပြီး၊ သူ၏ မျက်လုံးများက ရုတ်တရက် စူးရှလာသည်။ သူသည် ချင်ယွင်၏ လက်သီးကို တိုက်ရိုက် ရိုက်ချလိုက်သည်။
“ဘုန်း…”။
လက်သီးချက်နှင့် လက်ဖဝါးချက်တို့သည် ပြင်းထန်စွာ တိုက်မိကြပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ကွဲထွက်လာကာ၊ သူ၏တို့ခြေရင်းအောက်ရှိ အနက်ရောင်အိုင်ကြီးမှာ လည်း လှိုင်းလုံးကြီးများဖြင့် တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ချင်ယွင်နှင့် မဟူရာရေနက်မြွေကြီး နှစ်ယောက်စလုံးသည် မရပ်တန့်မီ လေထဲတွင် ပေတစ်ရာခန့် ဆုတ်ခွာသွားခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် စူးစူးစိုက်စိုက် စိုက်ကြည့်နေကြသည်။
"ဟမ့်၊ မင်း အရမ်းကို မာနကြီးနေတာ မဆန်းပါဘူး။ မင်းမှာ ခွန်အားတွေ ရှိနေသေးပုံ ရတယ်။ ငါ့ရဲ့တိုက်ခိုက်မှုကိုတောင် မင်းက တကယ် တားဆီးနိုင်နေပြီ" မဟူရာရေနက် မြွေကြီးသည် အေးစက်စွာ ပြောလိုက်သော်လည်း ၎င်း၏လေသံက လှောင်ပြောင်သည့် အရိပ်အမြွက် ဖော်ပြနေသည်။
"ဒီလိုလား။ ခင်ဗျားရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်တာ အံ့သြစရာလား?။" ချင်ယွင်က ရယ်မောကာ မေးလိုက်သည်။ သူ၏လေသံမှာလည်း မောက်မာမှုအပြည့်နှင့်ပင်။
"ကောင်စုတ်လေး၊ ငါ မင်းကို မယှဉ်ဘူးနိုင်လို့ မင်း တကယ် ထင်နေတာလား?။ မင်း ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်ရုံနဲ့ မင်းက ငါ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်ပြီလို့ မထင်နဲ့။ အစောက တိုက်ပွဲမှာ မင်းရဲ့အင်အားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်မှာပဲ ရှိနေသင့်တယ်ဆိုတာ ငါ သိသွားပြီ။ ဒါပေမယ့် ငါ့ရဲ့ခွန်အားက ကောင်းကင်တာအို နယ်ပယ်ရဲ့ နဝမအဆင့်နဲ့ အကန့်သတ်မဲ့ နီးကပ်နေပြီ။ မင်းကို သတ်ဖို့က အလွယ်လေးပဲ။” မဟူရာရေနက်မြွေသည် အေးစက်စွာ အော်ပြောလိုက်သည်။
ချင်ယွင်က ရယ်မောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ နဂါးနတ်ဘုရား အငွေ့အသက်က သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။
ဤမဟူရာရေနက်မြွေကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက်မူ၊ သူသည် ၎င်းအား ဖိနှိပ်နိုင်ရန်အတွက် အကြွင်းမဲ့ ခွန်အားကို အသုံးပြုရမည်ဟု နားလည်ထားသည်။ ထို့မှသာ နာခံမှုရှိစွာဖြင့် နာခံလိမ့်မည်။
“ဘုန်း..”။
ကြောက်စရာကောင်းသော နဂါးနတ်ဘုရား အငွေ့အသက်က ချင်ယွင်၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး အားကောင်းသော အငွေ့အသက်သည် ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ချင်ယွင်၏ရုပ်အသွင်သည် ကြီးမားသော ခရမ်းရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွား သည်။ သူ၏ မျက်လုံးအစုံသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးနတ်ဘုရား တန်ခိုးအစွမ်းဖြင့် မဟူရာရေနက်မြွေကြီးကို ငုံ့ကြည့်နေသည်။
"မင်းက နဂါးအစစ်လား?" မဟူရာရေနက်မြွေကြီးသည် တုန်လှုပ်ချောက်ချားသော အမူအရာဖြင့် ပြောသည်။ သို့သော်၊ ၎င်းသည် လေသံကို လျင်မြန်စွာ ပြန်ပြောင်းလိုက်ပြီး ပြောသည် "မဟုတ်ဘူး၊ ဒါက အစစ်အမှန် နဂါးတစ်ကောင်ရဲ့ အငွေ့အသက် မဟုတ်ဘူး။ ဒါက နဂါးနတ်ဘုရားရဲ့ အငွေ့အသက် ဖြစ်တယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဤကမ္ဘာပေါ်တွင် နဂါးနတ်ဘုရား တစ်ကောင် ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ?”။
မဟူရာရေနက်မြွေကြီးသည် အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။ ဤအခိုက်အတန့် တွင်, ချင်ယွင်၏ခန္ဓာကိုယ်မှ ထွက်လာသော နဂါးနတ်ဘုရား အငွေ့အသက်သည် သူ့ကို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
ဤသည်မှာ သွေးမျိုးဆက်ဖြင့် ဖိနှိပ်ချုပ်ချယ်မူဖြစ်ပြီး၊ သူ၏နက်ရှိုင်းသော သွေးမျိုးဆက်ထဲမှ ကြောက်ရွံ့မှုတစ်ခုလည်း ဖြစ်သည်။
"ခင်ဗျား မသိတာနဲ့ မရှိဘူးလို့ မဆိုလိုဘူးလေ။" ချင်ယွင်သည် လေဟာနယ်ထဲမှ ဧရာမ ခြေသည်းကြီးတစ်ချောင်းကို တိုက်ရိုက် ထုတ်လိုက်ပြီး မဟူရာရေနက်မြွေကြီးကို ဖမ်းဆွဲလိုက်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။
မဟူရာရေနက်မြွေကြီးသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အနက်ရောင် ရေအိုင်ထဲသို့ ပြေးဆင်းသွားရင်း ဧရာမ ရေမြွေကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"ခင်ဗျားက ထွက်ပြေးချင်သေးတာလား?" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ကြီးမားလှ သည့် နဂါးခြေသည်းကြီးက မဟူရာရေနက်မြွေကြီးကို ဖမ်းဆုပ်လိုက်ပါသည်။
မဟူရာရေနက်မြွေကြီးသည် အနက်ရောင် ရေအိုင်ထဲသို့ ငုပ်ဆင်းတော့မည်ကို မြင်လိုက်ရ သောအခါ ကြီးမားသော နဂါးခြေသည်းသည် မဟူရာရေနက်မြွေကြီး၏ အမြီးကို တိုက်ရိုက် ဖမ်းယူလိုက်ပါသည်။ ထို့နောက် ၎င်းကို အပြင်းအထန် ဆွဲပြီး မဟူရာရေနက်မြွေကြီးကို အနက်ရောင်ရေအိုင်ထဲမှ အတင်းကြပ် ဆွဲထုတ်လိုက်သည်။
“ဘုန်း..”။
မဟူရာရေနက်မြွေကြီး၏ ခန္ဓာကိုယ်ကို ချင်ယွင်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် ကျယ်လောင်သော အသံက ထုတ်လွှတ်နေပြီး မြေပြင်သည် တစ်လက်မချင်းအနေအားဖြင့် ကွဲထွက်သွားခဲ့သည်။
မဟူရာရေနက်မြွေကြီးသည် ကမ္ဘာကြီး ချာချာလည်နေသည်ကိုသာ ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲမှ နာကျင်ကိုက်ခဲမှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
“ဘုန်း..”။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ကျဆင်းသွားသည်။ သံမဏိနှင့်တူသည့် နဂါးခြေသည်းကြီးက မဟူရာရေနက်မြွေကြီး၏ ခန္ဓာကိုယ်ကို ခုနစ်လက်မအကွာမှ တိုက်ရိုက် ဖိနှိပ်ထားသည်။ သူ မည်မျှပင် ကြိုးစား ရုန်းကန်နေပါစေ ချင်ယွင်၏ ဧရာမနဂါးခြေသည်းကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
မဟူရာရေနက်မြွေကြီး၏ ခန္ဓာကိုယ်သည် ကြီးမားသော်လည်း၊ ချင်ယွင်မှ အသွင်ပြောင်းသောနဂါးနတ်ဘုရားအသွင်နှင့် နှိုင်းယှဥ်ပါက၊ ချင်ယွင်မှ အသွင်ပြောင်းထား သော နဂါးနတ်ဘုရားနှင့် နှိုင်းယှဉ်စရာ မဟုတ်ဟုပင် ခံစားမိသေးသည်။
"ကောင်းကင်မျိုးစပါးအုံးမြွေ အကြောင်း ခင်ဗျားသိသလောက် ပြောပြပါ။ မဟုတ်ရင် ခင်ဗျားရဲ့အရိုးတွေကို ချိုးပစ်ရလိမ့်မယ်" ချင်ယွင်၏ကြီးမားလှသော နဂါးပါးစပ်ကြီးမှ အလွန်ဂုဏ်သိက္ခာရှိသော အငွေ့အသက်ဖြင့် ရှူထုတ်လိုက်သည်။
"ဟမ့်၊ မင်း ငါ့ကို သတ်ရင်တောင် ငါ မပြောဘူးကွ။ မင်းလည်း ဒီစိတ်နဲ့ သေရမှာပဲ မဟုတ်လား" မဟူရာရေနက်မြွေကြီးသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး ၎င်း၏ မျက်လုံးများတွင် မခံမရပ်နိုင်သည့် အမူအရာများဖြင့် ပြည့်နေသည်။
"ဟုတ်လား?" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏မျက်လုံးများလည်း သတ်ဖြတ်ချင်စိတ်ကို ပြသနေသည်။
“ဘုန်း..”။
သံမဏိနှင့်တူသည့် နဂါးခြေသည်းကြီးက ချက်ချင်း ပြုတ်ကျလာပြီး အရိုးတွေ ကျိုးနေသည့် တဖျစ်ဖျစ်မြည်သံက မဟူရာရေနက်မြွေကြီး၏ သနားစရာစဖွယ် အော်ဟစ်သံနှင့်အတူ မဟူရာရေနက်မြွေကြီး၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာနေသည်။
"ပြောမလား? မပြောဘူးလား?။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
"မပြောဘူးကွာ။" မဟူရာရေနက်မြွေကြီးသည် လက်မြှောက်အရှုံးပေးခြင်းထက် သေခံချင်သည့်အလား နာကျင်စွာ ဟစ်အော်လိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် လုံးဝ အုံ့မှိုင်းနေ၏။ မဟူရာရေနက်မြွေကြီး၏ အရိုးတွေက ဤမျှလောက် မာကျောနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
"ဒါဆို ခင်ဗျားက မပြောတော့ဘူးပေါ့၊ ဟုတ်လား?။ ဒါဆို ခင်ဗျား သေသင့်ပြီ" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူပြောပြီးသည်နှင့် ထိုကြောက်မက်ဖွယ် ကောင်းသော နဂါးခြေသည်းကြီးသည် မဟူရာရေနက်မြွေကြီး၏ ဦးခေါင်းဆီသို့ တိုးလာခဲ့သည်။ အကယ်၍ ချင်ယွင်သည် ဤခြေသည်းဖြင့်ဖြင့် ဖိနှင်းလိုက်သည်နှင်၊ မဟူရာရေနက်မြွေကြီး၏ ဦးခေါင်းတစ်ခုလုံး ချက်ခြင်း ပေါက်ကွဲသွားပေလိမ့်မည်။
သို့သော်လည်း မဟူရာရေနက်မြွေကြီး၏ မျက်လုံးများက ခံစားချက် အနည်းငယ်မျှ မပြခဲ့ပေ။ လက်မြှောက်အရှုံးပေးခြင်းထက် သေခြင်းတရားကို ရွေးချယ်ထားပုံရသည်။ သူသည် မျက်လုံးကို အနည်းငယ် မှိတ်ထားပြီး သေခြင်းတရားကို စောင့်မျှော်နေပါသည်။
ကမ္ဘာကြီးက လုံးဝ တိတ်ဆိတ်သွားပါသည်။ မဟူရာရေနက်မြွေကြီးသည် အချိန်အတော် ကြာအောင် စောင့်ဆိုင်းနေခ့းသော်လည်း ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးက ဆင်းသက်လာခြင်း မရှိသေးပေ။
သူသည် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ချင်ယွင်သည် လူသားပုံစံ ဖြစ်နေပြီဆိုသည်ကို သိလိုက်ရပါသည်။ သူက မထူးခြားသော မျက်လုံးတစ်စုံဖြင့် ၎င်းကို ကြည့်လိုက်သည်။
"ခင်ဗျား ထွက်သွားလို့ ရပြီ။ ခင်ဗျားက မပြောချင်ဘူးဆိုမှတော့, ဒါက ခင်ဗျားရဲ့ လွတ်လပ်မှုပဲ။ ကျုပ်က ခင်ဗျားကို အတင်းအကြပ် လုပ်ပိုင်ခွင့်မရှိဘူး" ချင်ယွင်သည် သူ၏မျက်လုံးများတွင် အားကိုးရာမဲ့သော အမူအရာဖြင့် လျစ်လျူရှုကာ ပြောလိုက်သည်။
သူနှင့် မဟူရာရေနက်မြွေကြီးတို့သည် ရန်ငြိုးဖွဲ့ခြင်း သို့မဟုတ် နာကြည်းချက်များ မရှိခဲ့ပါ။ ယခုတိုက်ခိုက်မှုသည် မဟူရာရေနက်မြွေကြီးကို ကောင်းကင်မျိုးစပါးအုံးမြွေ၏ သတင်းကို ထုတ်ပြောလာရန် တွန်းအားပေးခြင်းသာ ဖြစ်သည်။ မဟူရာရေနက်မြွေကြီးက ထုတ်ပြောခြင်းထက် သေခြင်းတရားက ပိုကောင်းသည်ဟု ရွေးချယ်ထားသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူလည်း ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ အကယ်၍၊ သူ အသတ်ခံရရင်တောင်မှ အသုံးမကျပါဘူး။ သူသည် သူ၏သေဆုံးစိတ်ဝိညာဉ်ကို သူ၏ လက်ထဲမှာ သိမ်းထားရန် ကြိုးစားရုံမျှသာ တတ်နိုင်ပါလိမ့်မည်။
မဟူရာရေနက်မြွေကြီးလည်း အံ့အားသင့်သွားသည်။ သူက ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။ တစ်ဖက်က သူ့ကို ခွေးတစ်ကောင်လို သတ်ဖြတ်လို့ရသော်လည်း, သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်သည်။ ဤအရာက သူ့ကို အရမ်းကို ဝေခွဲမရဖြစ်နေပါ သည်။