← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း (၁၀၁၄) ရွှမ်ဟေး၏ အမုန်းအာဃာတ။

"ငါ့ကို လွှတ်ပေးလိုက်တာလား?။ မင်း ကောင်းကင်မျို စပါးအုံးမြွေအကြောင်း မသိချင်တော့ဘူးလား" မဟူရာရေနက်မြွေကြီးသည် လူအသွင်ပြောင်းသွားပြီး ချင်ယွင်ကို အံ့သြစွာ မေးလိုက်သည်။

"သေချာပေါက် ကျုပ်သိချင်တာပေါ့။ ဒါက ကျုပ်ညီရဲ့အသက်နဲ့ သက်ဆိုင်နေတယ်လေ။ ဒါပေမယ့် ခင်ဗျားက သေရင်တောင်, ပြောပြဖို့ ဆန္ဒမရှိဘူး မဟုတ်လား?။ အဲဒီတော့ ကျုပ်လည်း ဘာတတ်မှာလဲ?" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြန်ပြောသည်။ သူ၏ စိတ်ထဲတွင်လည်း ပြောစရာစကား မရှိတော့ပေ။ အစောပိုင်းက မဟူရာရေနက်မြွေကြီး သည် မည်သည့်စကားမှ မပြောဘဲ သေဖို့ရွေးချယ်နေခဲ့သည်။ အခု သူ့ကို လွှတ်ပေးလိုက် ပြန်တောလည်း သူက တဖန် မှင်သက်အံ့သြနေပြန်သည်။ အခုလိုမေးခွန်းမျိုး မေးခံရခြင်းကပင် သူ့အတွက် အမှန်တကယ် ကြီးမားသည့် အကြွေးတစ်ခု ဖြစ်နေပါပြီ။

မဟူရာရေနက်မြွေကြီးသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက ချင်ယွင်ကို ဝေခွဲမရဖြစ်ဟန် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အဆုံးတွင် ချင်ယွင်က သူ့ကို လိမ်ညာခဲ့ပုံမပေါ်ပေ။ သူက ပြောလိုက်သည် "မင်းက ငါ့ကို မသတ်ဘူးဆိုတော့ ငါ ရွှမ်ဟေးက မင်းအပေါ် အသက်ကြွေးတစ်ခု တင်သွားပြီပေါ့။ ငါရွှမ်ဟေးက ကြင်နာမှုကို ပြန်ဆပ်ပေးတတ်တဲ့ သူတစ်ယောက်ပါ။ ဆိုတော့ ကောင်းကင်မျို စပါးအုံးမြွေအကြောင်း ငါသိထားသမျှ မင်းကို ပြောပြမယ်။”။

ချင်ယွင်သည် မဟူရာရေနက်နက်မြွေကြီးကို အရူးတစ်ယောက်လို ကြည့်လိုက်ပါသည်။ သူသည် စောစောလေးကမှ ကောင်းကင် မျိုစပါးအုံးမြွေအကြောင်း တစ်ခုခုပြောရန် အတင်းအကြပ် ခိုင်းခဲ့သော်လည်း၊ မပြောပြခဲ့ပေ။ အခု သူ့ကို လွှတ်ပေးလိုက်ပြန်တော့, သူက အမှန်တကယ် ပြောပြရန် ဆန္ဒရှိနေခဲ့ပြီ။ "ဒါက ဘာသဘောလဲ?" ဟု ချင်ယွင်သည် တကယ်ကို ထုတ်ပြောချင်နေမိသည်။

သေချာသည်မှာ၊ မဟူရာရေနက်မြွေကြီးသည် ကောင်းကင်မျိုစပါးအုံးမြွေနှင့် ပတ်သက် သည့် သတင်းကို ပြောပြလိုစိတ်ရှိလာသောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေပါသည်။ ထို့ကြောင့် သူက ကမန်းကတန်း ပြုံးပြီး "ကောင်းပြီ၊ မြန်မြန် ပြောပါ" ဟု ဆော်ဩလိုက်မိသည်။

မဟူရာရေနက်မြွေကြီးက ခေါင်းညိတ်ကာ ပြောပြသည် "ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ အဲဒီကောင်ကို ငါ ကောင်းကောင်းကြီး သိတာပေါ့။ အဲဒီလူက မင်းရှာနေတဲ့လူ ဖြစ်သင့်တယ်"။

ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။

ကောင်းကင်မျိုစပါးအုံးမြွေသည် ရှေးဟောင်း နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ပြီး စပါးအုံးမြွေမျိုးနွယ်တွင် ၎င်း၏သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်သူ အလွန်မင်း နည်းပါးပါ သည်။ အကယ်၍, သူတို့ ပိုင်ဆိုင်ခဲ့သည်ဆိုလျှင်ပင် အလွန်မင်း နည်းပါးပါသည်။ ရှောင်ဘိုင်နှင့် သူတို့၏နတ်ဘုရားသားရဲ သွေးမျိုးဆက်များကို နိုးထစေနိုင်ခဲ့ကြသော အခြားလူများသည် လုံးဝ ထူးခြားသော တည်ရှိမှုများ ဖြစ်ကြပါသည်။ တခါတရံမှာ ဆယ်စုနှစ်များစွာအတွင်း တစ်ယောက်တစ်လေတောင်မှ မရှိနိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် နတ်ဆိုးသားရဲတိုက်ကြီးသို့ ရောက်သောအခါတွင်လည်း မျှော်လင့်ချက်များ စွာ မထားဝံ့ခဲ့ပေ။

သို့သော် မဟူရာရေနက်မြွေကြီးသည် ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးမျိုးဆက်ပါရှိ သော နတ်ဆိုးသားရဲတစ်ကောင် ရှိနေကြောင်း သူ သိလိုက်သောအခါတွင်, သူသည် သဘာဝအတိုင်း အလွန် စိတ်လှုပ်ရှားနေပါသည်။ ထို့ကြောင့် သူက ဆောလျင်စွာ မေးလိုက်သည် "တကယ်လား။ အရမ်းကောင်းတာပဲ၊ သူက ဘယ်သူလဲ ပြောပါစမ်း.”။

"ဒီလူက စပါးအုံးမြွေမျိုးနွယ်ရဲ့ လက်ရှိခေါင်းဆောင် ဟောင်ယန်ကိုယ်တိုင်ပဲ။ သူက ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီး၊ အဆင့်မြင့် နတ်ဘုရားသားရဲ ထံမှ ဆင်းသက်လာခဲ့သူပဲ။ ပြီးတော့ သူက အလွန်မင်း မြင့်မားတဲ့ ကျင့်ကြံခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။" ရွှမ်ဟေးက ပြောသည်။ "ဟောင်ယန်" ဟူသော စကားလုံးကို ပြောနေစဉ်မှာ သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာပါသည်။

"စပါးအုံးမြွေမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဟောင်ယန်လား?" ချင်ယွင်က ရေရွတ်လိုက်ပြီး ထိုနာမည်ကို သူ၏နှလုံးသားထဲမှာ မှတ်သားလိုက်သည်။

ကောင်းကင်မျို စပါးအုံးမြွေ၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူကို သူ သိရှိထားသော ကြောင့်၊ ၎င်းကိစ္စသည် ပို၍ လွယ်ကူသွားမည် ဖြစ်သည်။

ရှောင်ဘိုင်သည် သူ၏သွေးအနှစ်သာရကို အကုန်လုံးနီးပါး လောင်ကျွမ်းခဲ့ပြီး၊ သေဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ ဟောင်ယန်သည် သူ၏ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးအနှစ်သာရ အနည်းငယ် ထုတ်ပေးရန် ဆန္ဒရှိနေသရွေ့ ရှောင်ဘိုင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအနှစ်သာရကို အသက်ပြန်သွင်းကာ ကောင်းကင်မျို စပါးအုံး မြွေ၏ သွေးမျိုးဆက်အသစ်ကို ပြန်လည် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးမျိုးဆက်အသစ်ဖြင့် ရှောင်ဘိုင်သည် ပြန်လည်ရှင်သန်နိုင်မည် ဖြစ်သည်။

"မင်း ဟောင်ယန်ကို ရှာဖို့ စီစဉ်နေတာလား?။" ထိုအချိန်တွင် ရွှမ်ဟေးသည် ချင်ယွင်ကို ရုတ်တရက် ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဟုတ်​တယ်​လေ။ ဘာဖြစ်​လို့လဲ?" ချင်ယွင်က ခေါင်းညိတ်ပြီး လက်ခံဟန်ပြသည်။

"မင်းရဲ့ ကြိုးစားအားထုတ်မှုကို အလဟသ ဖြုန်းတီးနေဖို့ မလိုဘူး။ ဒီဟောင်ယန်က သူ့ရဲ့ ကောင်းကင်မျိုးစပါးအုံးမြွေရဲ့ သွေးမျိုးဆက်ကို အရမ်းကို ချစ်မြတ်တဲ့အတွက် လူတွေကို ကယ်တင်ဖို့အတွက် သူ့သွေးအနှစ်သာရ စွမ်းအားကို ပေးဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ငါ သူ့ကို ကောင်းကောင်း သိတယ်။" ရွှမ်ဟေးက ဝမ်းနည်းသည့် လေသံဖြင့် ပြောလိုက်ပါ သည်။

"ခင်ဗျား ဒီဟောင်ယန်နဲ့ ရန်ငြိုးရှိနေသလား?" ကျောက်မျောက်ဝံက သူ့အား ပြောခဲ့ဖူးသည့် စကားတွေကို ချင်ယွင် ရုတ်တရက် သတိရသွားသည်။

မဟူရာရေနက်မြွေကြီးကို မြွေမျိုးနွယ်မှ နှင်ထုတ်ခဲ့ကြောင်းနှင့် ရွှမ်ဟေးသည် ဤဟောင်ယန်အကြောင်း အစောပိုင်းက ပြောသောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်မှာ ထင်ရှားပါသည်။

"မင်းရဲ့ ခန့်မှန်းချက်က မှန်ပါတယ်။ ငါက သူနဲ့ ရန်ငြိုးရှိထားတယ်။ အဲဒါက ကျမ်းသစ္စာ ကျိန်ဆိုစရာမလိုတဲ့ အမုန်းအာဃာတ တစ်ခုပါ။" ရွှမ်ဟေးက မျက်လုံးကို မှိတ်ထားပြီး ပြောလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် သတ်ဖြတ်လိုသည့် အရိပ်ယောင် ပေါ်လာပါ သည်။

ချင်ယွင်က မျက်မှောင်ကြုတ်ပြီး မေးသည် "ဘာတွေ ဖြစ်ခဲ့လို့လဲ?"

"သူက ငါ့မိန်းမနဲ့ ငါ့သားကို သတ်လိုက်တယ်။ သူက ငါ့ကို မြွေမျိုးနွယ်ရဲ့ ကောင်းကင်ဆေးတွေကို ခိုးယူခဲ့တယ်လို့ လုပ်ကြံစွပ်စွဲပြီး၊ မျိုးနွယ်စုခေါင်းဆောင်ဆိုတဲ့ သူရဲ့အဆင့်တန်းကို အသုံးပြုကာ၊ ငါကို မြွေမျိုးနွယ်ကနေ မောင်းထုတ်ခဲ့တယ်။ ဒါကြောင့် သူက ငါ့ဘဝရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးပဲ" ရွှမ်ဟေးက အေးစက်စွာ ပြောသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ သတ်ဖြတ်လိုသည့် အငွေ့အသက်သည် သတ်ဖြတ်လိုသည့် အသွင်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ ရှင်းနေသည်မှာ, ယင်းက သူ၏စိတ်နှလုံးထဲရှိ အမုန်းတရားများကို ကာလကြာရှည်စွာ ဖိနှိပ်ထားမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"ဒါဆို ခင်ဗျား ဘာလို့ လက်စားမချေရတာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူ၏အမြင်အရဆို, ဇနီးနှင့် သားကို သတ်ဖြတ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ခွင့်မလွှတ်နိုင်သည့် အရာဖြစ်ပါသည်။ ထိုကဲ့သို့ ရန်သူမျိုးကို ကိုယ့်လက်ကိုယ့်ခြေနှင့် သတ်ခဲ့ရင်တောင်မှ သူတို့ရင်ထဲက အမုန်းတရားတွေကို ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။

"ငါ မလုပ်နိုင်ခဲ့ဘူး။ ဒီဟောင်ယန်ရဲ့ စွမ်းအားက ငါ့ထက်သာလွန်တယ်။ အဲဒီတုန်းက ငါ မြွေမျိုးနွယ်ကနေ နှင်ထုတ်ခံရချိန်တုန်းက, သူ့ရဲ့ အစွမ်းက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်ကို ရောက်နေခဲ့ပြီ။ ငါကတော့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့် မှာပဲ ရှိနေခဲ့တယ်။ ယခု အနှစ်သုံးထောင် ကျော်သွားပြီဆိုတော့ သူက ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၀ ကိုတောင် ရောက်နေလောက်ပြီဟု ငါ ယုံကြည်ပါတယ်။ ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၁ ဆိုရင်တောင်မှ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”။

“ဒါကြောင့် ခင်ဗျားက လက်လျော့လိုက်တာလား?” မျက်မှောင်ကြုတ်ကာ မေးသည်။

“ငါ လက်မလျော့တော့ရော ဘာများတတ်နိုင်မှာလဲ”။ ငါက ဒီဟောင်ယန်ကို လုံးဝ မသတ်နိုင်ဘူးလေ။ ငါက ဘယ်တော့မှ သူ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး။" ရွှမ်ဟေးက စိတ်ပျက်အားငယ်စွာ ပြောလိုက်ရင်း, သူ၏လေသံက စိတ်ပျက်အားငယ်မူနှင့် ပြည့်နေခဲ့သည်။

"ဒါဆို ကျုပ် ခင်ဗျားအတွက် လက်စားချေပေးမယ်ဆိုရင်ရော?" ချင်ယွင်က ပြောသည်။

"တကယ်လား?" ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေစဉ် ရွှမ်ဟေး၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာသော်လည်း လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။

"မင်းက ဟောင်ယန်နဲ့ မယှဉ်နိုင်ဘူး။ သူ့ရဲ့ခွန်အားက အနည်းဆုံး ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၀ ကို ရောက်ရှိနေပြီ။ မင်းက ဒဏ္ဍာရီလာ နဂါးနတ်ဘုရား ဖြစ်ရင်တောင် မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး။ စောစောက မင်း ထုတ်ဖော်ပြသတဲ့ ခွန်အားက ကောင်းကင်တာအိုနယ်ပယ်ရဲ့နဝမအဆင့်ပဲ ရှိသေးတယ်။ မင်းနဲ့ ကောင်းကင် တာအိုနယ်ပယ် အဆင့် ၁၀ ကြားမှာ ကွာဟချက်ကြီး ရှိနေသေးတယ်။” ရွှမ်ဟေးက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ကျုပ် ဟောင်ယန်ကို မသတ်နိုင်မှာကို ခင်ဗျား စိတ်မပူပါနဲ့။ အခုပဲပြောပါ။ ကျုပ် ဟောင်ယန်ကိုသတ်ဖို့ ခင်ဗျားကို ကူညီပေးရင် ခင်ဗျား ကျုပ်အတွက် ဘာလုပ်ပေးလဲ?" ချင်ယွင်က ရွှမ်ဟေးကိုကြည့်ကာ အေးစက်စွာ မေးသည်။

"ဟောင်ယန်ကို သတ်ဖို့ မင်း တကယ်ပဲ ကူညီပေးနိုင်ရင်, ငါရွှမ်ဟေးက မင်းကို ကျွန်ခံဖို့တောင် ဆန္ဒရှိပါတယ်။ မင်းခိုင်းတာမှန်သမျှ ငါ လုပ်မယ်။ အတွန့်တစ်စကား တစ်ခွန်းမှတောင် ပြန်မပြောဘူး။" ရွှမ်ဟေးက ပြတ်ပြတ်သားသား ပြောသည်။

"ကောင်းပြီလေ၊ ခင်ဗျား ပြောတာကို ခင်ဗျား မှတ်ထားပါ။ ခင်ဗျားအတွက် ကျုပ် ဟောင်ယန်ကို သတ်ပေးမယ်လို့ ကတိပေးတယ်။" ချင်ယွင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏လေသံမှာ ဂုဏ်သိက္ခာနှင့် ပြည့်နေပါသည်။

ရွှမ်ဟေး မှင်သက်အံ့သြသွားသည်။ ဤလူငယ်လေး ဟောင်ယန်ကို သတ်ဖို့ မဖြစ်နိုင်ဟု သူ၏ဆင်ခြင်တုံတရားက သူ့ကိုပြောနေခဲ့သော်လည်း၊ အစောပိုင်းက ချင်ယွင်က ထုတ်လွှတ်လိုက်တဲ့ အငွေ့အသက်အရ ဤလူငယ်လေး မလုပ်နိုင်သည့်အရာ ဤကမ္ဘာပေါ် မှာ ဘာမှမရှိဘူးဟု ဝေဝေဝါးဝါးအရိပ်မြွက် တစွန်းတစ ပေးစွမ်းနေပြန်သည်။

ယင်းကြောင့် သူ၏စိတ်ထဲတွင် "အထွက်အထိပ်ပုဂ္ဂိုလ်" ဟူသော စကားလုံးလေးလုံး ပေါ်လာသည်။

မှန်ပါသည်။ ချင်ယွင်သည် ထိုအခိုက်တန့်တွင် ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် တခဏအတွင်းမှာ ရွှမ်ဟေးကို ခြိမ်းခြောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

"သွားရအောင်။ ဧရာမမျောက်ဝံမျိုးနွယ်စုကို အရင်လိုက်ခဲ့ဦး။ ပြီးရင် မင်းက လမ်းပြရမယ်။ ဟောင်ယန်ကိုရှာဖို့ မြွေမျိုးနွယ်စုဆီ အတူတူသွားကြမယ်" ချင်ယွင်က ရွှမ်ဟေးကို ပြောသည်။ သူပြောပြီးသည်နှင့် သူသည် ရွှမ်ဟေးကိုပင် မကြည့်တော့ဘဲ ဧရာမမျောက်ဝံမျိုးနွယ်စု ဦးတည်ရာအရပ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

ရွှမ်ဟေးသည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်မှ အမြန်လိုက်လာသည်။

ချင်ယွင်က သူ၏နောက်မှ လိုက်လာသည့် ရွှမ်ဟေးကို လှည့်မကြည့်သော်လည်း သူ၏ နှုတ်ခမ်းထောင့်စွန်းက အပြုံးမပျက် ထွက်ပေါ်နေသည်။

ရွှမ်ဟေးက သူ့နောက်ကို သေချာပေါက် လိုက်လာလိမ့်မည်ဟု သူ ကြိုတွေးထားခဲ့ပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ဤအရာက သူ လက်စားချေနိုင်မည့် တစ်ခုတည်း သော အခွင့်အရေး ဖြစ်သောကြောင့်ပင်။

All Chapters