← Chapters

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း (၁၀၁၅) စကြဝဠာခရီးသွားခြင်း။

ချင်ယွင်သည် ရွှမ်ဟေးကို ဧရာမမျောက်ဝံမျိုးနွယ်စုသို့ ပြန်ခေါ်ဆောင်လာခဲ့ပြီး၊ ယင်းက ဧရာမမျောက်ဝံမျိုးနွယ်စု အကြီးအကဲ ကျောက်မျောက်ဝံကို ထိတ်လန့်သွားစေခဲ့သည်။

သူတို့နေရာ၌ မဟူရာရေနက် စိမ့်စမ်းအိုင်ရှိ မဟူရာရေနက်မြွေကြီးသည် နာမည်ဆိုးဖြင့် အလွန်ကျော်ကြားပါသည်။ အနီးနားရှိ မျိုးနွယ်စုများအားလုံးသည် သူ့ကို ကြောက်ရွှံ့ ကြသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဤမဟူရာရေနက်မြွေကြီးသည် အမှန်တကယ် ပင် မဟူရာရေနက် စိမ့်စမ်းအိုင်ရှိရာမှ ချင်ယွင်နောက်သို့ လိုက်ပါလာခဲ့သည်။ ထို့အပြင်, ၎င်း၏ပုံစံအရ ချင်ယွင်အပေါ် အလွန်လေးစားပုံရသည်။ ဤအရာက သူတို့ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း?။

တစ်ချိန်တည်းမှာပင် ချင်ယွင်အပေါ် သူတို့၏ ကြည်ညိုလေးစားမှုကလည်း တိုးလာခဲ့ သည်။ အစကတုန်းက သူတို့၏လေးစားမှုတွေ ကြည်ညိုလေးစားမှုတွေအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပါသည်။

ချင်ယွင်က ဤကိစ္စကို သိပ်ပြီး ခံစားချက် မရှိခဲ့ပါဘူး။ ယခုအချိန်တွင် သူသည် ဧရာမမျောက်ဝံမျိုးနွယ်စုအနီးရှိ တောင်ထွတ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပါသည်။

ကောင်းကင်မှာ ချိတ်ဆွဲထားသည့် လှည်းဘီးကြီးတွေလို လပြည့်ဝန်းကြီး သုံးစင်းရှိနေပါ သည်။ ၎င်းတို့၏ တောက်ပသော လရောင်သည် ကမ္ဘာမြေတပြင်လုံးသို့ ဖြန့်ကျဲထားပြီး၊ အရာအားလုံးသည် ငွေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပုံရသည်။

ချင်ယွင်က ကောင်းကင်ယံမှာ တောက်ပနေသည့် လမင်းကြီးသုံးစင်းကို ကြည့်နေရင်း, သူ၏မျက်လုံးတွေက ငြိမ်သက်နေသည်။

ရွှမ်ဟေး၏ စကားတွေက မှန်ကန်ပါသည်။ ချင်ယွင်၏ လက်ရှိအင်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ်များကို အနိုင်ယူ နိုင်သော်လည်း၊ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ်များ ကို အနိုင်ယူရန် အခွင့်အလမ်းများစွာ မရှိသေးပါ။ ထို့ကြောင့် ချင်ယွင်သည် ထပ်မံ၍ အဆင့်ဖြတ်ကျော်ရန် လိုအပ်နေသည်။

ယခုအချိန်မှာတော့ သူ၏ရုပ်ခန္ဓာကိုယ်သည် ပိတ်ဆို့နေပါပြီ။ အခွင့်ရေးကောင်းမရှိလျှင် အချိန်တိုအတွင်း သတ္တမအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ ယခု သူတိုးတက်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကောင်းကင်တာအိုအပေါ် နားလည် ဆင်ခြင်ခြင်းပင် ဖြစ်ပါသည်။

အကယ်၍၊ သူသည် ကောင်းကင်တာအိုအပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်လိုပါက, စကြဝဠာကို နားလည် သဘောပေါက်ရန် နည်းလမ်းတစ်ခုသာ ရှိပါသည်။

သူ၏ စကြာဝဠာအပေါ် နားလည်နိုင်စွမ်းကို ဖြတ်ကျော်နိုင်သရွှေ့, ကောင်းကင်တာအို အပေါ်ကို သူ၏နားလည်နိုင်စွမ်းလည်း တိုးမြှင့်လာပါလိမ့်မည်။ ဤနည်းဖြင့် သူ၏ စွမ်းအားသည် သဘာဝအတိုင်း တိုးလာပါလိမ့်မည်။

သို့သော်လည်း စကြဝဠာကို နားလည်သဘောပေါက်ရန်မှာ ၎င်းကို နားလည်ဆင်ခြင်ရုံမျှ ဖြင့် နားလည်နိုင်သောအရာ မဟုတ်ပါ။

အခွင့်အလမ်းတစ်ခု သို့မဟုတ် အထူးအခြေအနေ တစ်ခုခု မရှိပါက၊ စကြဝဠာကို နားလည် သဘောပေါက်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

တခါတရံမှာ သင်သည် အချိန်အကြာကြီး ဤအတိုင်း ထိုင်နေသော်လည်း, အဆုံးတွင် မည်သည့်အကျိုးမှ မခံစားရဘဲ အဆုံးသတ်သွားတတ်ပါသည်။

ချင်ယွင်သည် ဤတောင်ထိပ်ပေါ်တွင် သုံးရက်ကြာ ထိုင်နေခဲ့ပြီးဖြစ်သည်။ ဤသုံးရက် အတွင်းမှာ သူသည် လုံးဝ မလှုပ်ရှားခဲ့ပါဘူး။ စကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်သော အရာများကို သူ နားလည်ဆင်ခြင်နေခြင်း ဖြစ်သည်။

သို့သော် သုံးရက်အကြာတွင် ချင်ယွင်သည် တစ်စုံတစ်ရာကိုမှ မရရှိခဲ့သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

"ပန်းတစ်ပွင့်၊ ကမ္ဘာတစ်ခု၊ သစ်ရွက်တစ်ခု၊ သုဘူတိတစ်ခု!" (သုဘူတိအကြောင်းကို အင်တာနက်မှာ ရှာဖတ်ကြည့်လို့ရပါတယ်)။

သို့သော် ဤအခိုက်အတန့်တွင် ချင်ယွင်၏ စိတ်ထဲမှာ ဤစကားများက ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် နတ်ဆိုးဖမ်းစားမူထဲ ကျရောက်သွားသကဲ့သို့ ရုတ်တရက် မှင်သက်တွေဝေသွားကာ ထိုစကားများကို ဆက်ပြောနေခဲ့ပါသည်။ (ပြောရမည်ဆိုလျှင်၊ သူ၏ပင်ကိုယ်အသိလွတ်ပြီး ထိုစကားများကို ရေရွတ်နေဟန်ကို ဆိုလိုပါသည်)။

"ပန်းတစ်ပွင့်က လောကတစ်ခုဖြစ်ပြီး၊ အရွက်ကတော့ သုဘူတိအရှင် ဖြစ်တယ်။ ပန်းတစ်ပွင့်က ကမ္ဘာတစ်ခုလား?" ချင်ယွင်သည် လေးနက်သည့် အတွေးကမ္ဘာထဲသို့ ကျရောက်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ် အခြေအနေသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားပုံရပါသည်။

အင်မော်တယ် စိတ်ဝိညာဉ်သည် သူ၏ဦးခေါင်းထက်မှ လွင့်မျောထွက်လာကာ ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။

သူသည် ကောင်းကင်ယံသို့ မီတာတစ်သောင်းအထိ ပျံသန်းသွားခဲ့ပြီး မွန်းစတားတိုက်ကြီး ၏ အကာကွယ် အတားအဆီးများကို အလျင်အမြန် ဖြတ်ကျော်ကာ၊ ဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်း ရာအရပ်ဆီသို့ ပျံသန်းသွားခဲ့ပါသည်။

တောင်တန်းများ၊ မြစ်များ၊ နေ၊ လ၊ ကြယ်များသည် သူ၏ အမြင်အားရုံများကို အဆက်မပြတ် ဖြတ်ကျော်သွားကြပါသည်။ ချင်ယွင်သည် စကြဝဠာ၏ နက်ရှိုင်းသော နက်ရှိုင်းသောအရပ်မှ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို ဖိတ်ခေါ်နေသလို ခံစားလိုက်ရသည်။

အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၏ အဆုံးသို့ ပျံသန်းသွားခဲ့သည်။ ထို့ထက်ကျော်လွန်သည်နှင့် စကြဝဠာ၏ နက်ရှိုင်းသည့်အရပ်ဆီသို ရောက်ရှိသွားလိမ့်မည်။

အင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင်များ အနေဖြင့်မူ၊ စကြဝဠာ၏ နက်ရှိုင်းသည့် အရပ်သည် တားမြစ်နယ်မြေတစ်ခု ဖြစ်ပါသည်။ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းနေရာသို့ အလွယ်တကူ မဝင်ဝံ့ကြပေ။ သူတို့ဝင်ပြီးသည်နှင့်, ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ ထို့ကြောင့် လူတိုင်းသည် စကြဝဠာ၏ နက်ရှိုင်းသော နေရာတွင် မည်သည့်အရာ ရှိနေသည်ကို သိချင်ကြသော် လည်း, စကြဝဠာ၏ နက်ရှိုင်းသော အရပ်မှ အန္တရာယ်များကို ကြောက်ရွံ့သည့်အတွက် မဝင်ဝံ့ကြပေ။

ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသော နေရာမှာ အန္တရာယ်တွေနှင့် ပြည့်နှက်နေ သည်ကို ချင်ယွင်သည် သဘာဝကျကျ သိထားပါသည်။ ထို့အပြင်၊ သူသည် အင်မော်တယ် စိတ်ဝိညာဉ် အခြေအနေတွင် ရှိနေပါသေးသည်။ အကြွင်းမဲ့ ရက်စက်ကြမ်းကြုတ်သော နယ်မြေဟု လူသိများသော စကြာဝဠာ၏ နက်ရှိုင်းသော အရပ်ကို အသာထား၊ ယခုလို အခြေနေမျိုးမှာ သူသည် ကျွမ်းကျင်သူတစ်ဦးနှင့် ကြုံတွေ့ရလျှင်ပင် အလွယ်တကူ သတ်ဖြတ်ခံရနိုင်ပါသည်။

"ရပ်…. ရပ်… ရပ်လိုက်စမ်း…"

မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်နှလုံးထဲတွင် မည်ကဲ့သို့ အော်ဟစ်နေပါစေ၊ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျံသန်းနေဆဲပင်။

စကြဝဠာ၏ နက်ရှိုင်းသော အရပ်ဆီသို့ သူရောက်သွားသည်နှင့် တပြိုင်နက်၊ ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်ဝိညာဉ်သည် ပေါက်ကွဲတော့မည်ကဲ့သို့ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ သူ နက်ရှိုင်းသောအရပ်သို ပိုဝင်သွားလေ ဖိအားတွေက ပိုပြင်းထန်လေ ပင်။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက သူ့ကို စကြဝဠာ၏ နက်ရှိုင်းရာ အရပ်ဆီသို့ ဆွဲငင်ခေါ်ဆောင်လာခဲ့သည်။

"ငါ့ကို ဘယ်လိုစွမ်းအားမျိုးက ဆွဲခေါ်နေတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက် သည်။ ယခုအချိန်မှာ သူ၏နှလုံးသားထဲတွင် သံသယတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။

မူလက သူသည် စကြဝဠာကို နားလည်သဘောပေါက်ရန် ဆင်ခြင်နေခဲ့သော်လည်း, အကြောင်းပြချက် မရှိဘဲ သူ၏အင်မော်တယ် စိတ်ဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ဆွဲထုတ်ပြီးနောက် စကြဝဠာ၏နက်ရှိုင်းရာ အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

စကြဝဠာ၏ နက်ရှိုင်းသော နေရာများတွင် ပရမ်းပတာ ဖြစ်နေခဲ့သည်။ အင်မော်တယ် စိတ်ဝိညာဉ်သည်ပင် အမှန်တကယ် စူးစမ်းနိုင်စွမ်းမရှိခဲ့ပေ။ အရာအားလုံးကို သာမန် မျက်စိဖြင့်သာ မြင်နိုင်ပါသည် ။

အဝေးတွင် ကြယ်ရောင်လွှမ်းနေသည့် ကြယ်မြစ်ကြီးက မီးများကဲ့သို့ ကြယ်ရောင်များဖြင့် တောက်ပနေပြီး အရာအားလုံးသည် ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဘန်း…။

ထိုအချိန်တွင် ချင်ယွင်သည် အနက်ရှိုင်းဆုံးအရပ်မှ နတ်ဘုရား အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ထိုအငွေ့အသက် ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ အဝေးမှာ တောက်ပနေသော အလင်းရောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အဖြူရောင် အလင်းတန်းတစ်ခုလိုပင်။ ထိုအရာက မည်သည့်အရာဖြစ်သည်ကို သူ မမြင်နိုင်ပါဘူး။

သို့သော်လည်း ချင်ယွင်သည် ထိုနေရာမှ မြင့်မြတ်ပြီး ခမ်းနားထည်ဝါသော အငွေ့အသက် ထွက်ပေါ်လာခြင်း ဖြစ်လာကြောင်း သူ သေချာပါသည်။

"ဒါ တိုက်ကြီးတစ်ခုများလား?" အလင်းရောင်က စူးရှလွန်းပြီး မည့်သည့်အရာဖြစ်သည်ကို မမြင်နိုင်လောက်အောင် ဖြစ်နေသည့်အတွက် ချင်ယွင်သည် သူ၏စိတ်ထဲ မှန်းဆလိုက် သည်။ သို့သော်၊ ၎င်းသည် ကြီးမားကျယ်ဝန်းသော ဧရိယာကြီးဖြစ်ကြောင်း သေချာပါ သည်။ ၎င်း၏အရွယ်အစားမှာ အင်မော်တယ်ကမ္ဘာကြီး၏ ဂြိုဟ်ကမ္ဘာကြီးလေးခုထက် အောက်မကျသည်မှာ သေချာပါသည်။

ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် အလင်း၏ဦးတည်ရာဆီသို့ ဆွဲငင်ခံနေရဆဲ ဖြစ်သည်။

သို့သော် ချင်ယွင်သည် အလင်းရောင်ကို ထိုးဖောက်ဝင်ရောက်ကာ သူ၏ရှေ့ရှိ အရာ၏ အစစ်အမှန် မျက်နှာကို မြင်လိုက်စဉ်မှာ မြင့်မြတ်ပြီး ခမ်းနားထည်ဝါသော အလင်းရောင်၏ နက်ရှိုင်းသောအရပ်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ အသံသည် အဆုံးမရှိ ခမ်းနားထည်ဝါမူနှင့် ပြည့်နေခဲ့သည်။

"ထွက်သွားစမ်း..”။

စကားတစ်ခွန်းက ကောင်းကင်နှင့်မြေကြီးကို ပြိုကျသွားစေသလိုပင်။ ချင်ယွင် တခါမှ မခံစားဖူးသော ပြင်းထန်သော ဖိအားတစ်ခုက သူ့ဆီသို့ ပြင်းထန်စွာ ထိုးဆင်းလာသည်။ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ အလွန်လျင်မြန်သော အလင်းတန်းတစ်ခုကဲ့သို့ပင်၊ သူ၏အင်မော်တယ်စိတ်ဝိညာဉ်သည် စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီမှ လျင်မြန်စွာ ပြန်လည်ပျံသန်းသွားကာ မွန်းစတားတိုက် ကြီး၏ ကိုယ်ထည်ထဲသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။

"ဟူး!"

အင်မော်တယ် စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသောအခါ၊ ချင်ယွင်သည် ချက်ချင်းပင် သက်ပြင်းအမောကြီး မချဘဲနေနိုင်ခဲ့ပါချေ။ ထိန်းမနိုင် သိမ်းမရသော ကြောက်ရွံ့မှုတစ်ခု သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပါသည်။

အစောလေးက ထိုအသံသည် ကြောက်စရာကောင်းလွန်း၏။ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ကနဦးစကြာဝဠာနှင့် ချိတ်ဆက်ထားသော်လည်း ထိုအသံနှင့် နှိုင်းယှဉ်ပါ က၊ သူ၏ ပုံသဏ္ဍာန်ပင်မရှိသေးသော စကြာဝဠာ၏ ကောင်းကင်ဘုံတန်ခိုးအစွမ်းသည် ဘာမှ မဟုတ်တော့ပေ။

"စောစောက ဒီအသံပိုင်ရှင်က အတိအကျ ဘယ်သူလဲ?။ အထွက်အထိပ်ပုဂ္ဂိုလ်များလား?။ ပြီးတော့ အဲဒီတောက်ပနေတဲ့ အရာကရော ဘာလဲ?။" ချင်ယွင်၏နှလုံးသားသည် သံသယများစွာဖြင့် ရုတ်တရက် ခုန်နေခဲ့သော်လည်း သူ၏စိတ်ထဲတွင် မည်သည့်အဖြေကို မျှ မဖြေနိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤကမ္ဘာကြီးသည် ကြီးမားလွန်းပြီး မဖြေရှင်းနိုင် သော လျှို့ဝှက်ဆန်းကြယ်မှုများ များပြားလွန်းသည်ဟု ရှေးဟောင်းတာအိုဆရာသခင် ပြောခဲ့သည်ကို လေးလေးနက်နက် သဘောပေါက်သွားပါသည်။

အင်မော်တယ် ဧကရာဇ်များသည် အဆုံးမှတ် မဟုတ်ခဲ့ပေ။ အင်မော်တယ် ဧကရာဇ်များ အထက်တွင် ကြယ်အထွက်အထိပ်ပုဂ္ဂိုလ်, မြေကမ္ဘာ အထွက်အထိပ် ပုဂ္ဂိုလ်, ကောင်းကင် အထွက်အထိပ်ပုဂ္ဂိုလ်, ပြီးတော့ အထွက်အထိပ်နတ်ဘုရားတို့ ရှိနေသေးသည်။

ယခုမူ ချင်ယွင်သည် အထွက်အထိပ် နတ်ဘုရားသည် နောက်ဆုံးပန်းတိုင် ဖြစ်နိုင်ပါ သလားဟု မေးမြန်ချင်နေမိပါသည်။

သို့ဆိုလျှင် သူ၏စကြဝဠာ ပြီးပြည့်စုံမှုသည် အဘယ်နည်း။ ထိုအချိန်တွင်၊ သူ၏ နယ်ပယ် သည် အထွက်အထိပ် နတ်ဘုရားထက် သာလွန်မည်မှာ သေချာပါသည်။ ထိုအချိန်ရောက် လျှင် သူ၏နယ်ပယ်သည် မည်သည့်နယ်ပယ်နှင့် သက်ဆိုင်နေမည်နည်း?။

ရုတ်တရက် ဤသံသယများသည် ချင်ယွင်၏နှလုံးသားကို ပြည့်နှက်သွားစေပြီး ထိုမေးခွန်း များကို စတင်တွေးတောရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ကောင်းကင်တာအိုသည် အဆုံးဖြစ်သည်ဟု အားလုံးက ပြောနေခဲ့ကြသည်။ ကောင်းကင်တာအိုသည် စကြဝဠာ တစ်ခုလုံး၏ ဆင့်ကဲပြောင်းလဲမှု ဉပဒေသများကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သော်လည်း ယခုအခါ ကောင်းကင်တာအိုသည် စကြဝဠာတစ်ခုလုံး၏ အဓိပ္ပါယ်ကို မဖော်ဆောင်နိုင်တော့ ကြောင်း ချင်ယွင်သည် ယခု တွေ့ရှိလာခဲ့ရသည်။

All Chapters