← Chapters

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း (၁၀၁၆) ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်မူ။

ဘန်း…။

ကောင်းကင်တာအို၏ စွမ်းအားတွေ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး၊ ချင်ယွင်ကို ချက်ချင်းပင် ကောင်းချီးပေးလာခဲ့ကြသည်။ သူသည် ဤနေရာတွင် ဆယ်ရက်ပတ်လုံး တင်ပျဉ်ခွေ ထိုင်နေခဲ့ပြီး၊ နောက်ဆုံးတွင် သူ့ကို စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်တွင် ပို၍ပင် တိုးတက် အောင်မြင်နိုင်စေခဲ့ပါသည်။

ထိုအချိန်တွင်၊ သူ၏ ဒန်တန်နှင့် ချိတ်ဆက်ထားသော ကနဦးစကြာဝဠာသည် လျင်မြန်စွာ လည်ပတ်နေသည်။ ကောင်းကင်၊ မြေကြီး၊ တောင်တန်းများ၊ မြစ်များ၊ ကြယ်များ အားလုံး သည် ပိုမိုတိုးတက်ကာ ပြောင်းလဲနေပါသည်။ စကြာဝဠာ၏ ဖွဲ့စည်းပုံသည် ပိုမို ရှင်းလင်းလာခဲ့ပြီး စကြဝဠာ၏ နိယာမများသည် တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပါသည်။

ချင်ယွင်အတွက်မူ၊ စကြဝဠာ၏ နိယာမများကို အဆင့်ချိုးဖြတ်မူတစ်ခု လုပ်ဆောင်နိုင်ခဲ့ သောကြောင့်၊ သူ၏ ကောင်းကင်တာအို ဉပဒေသများသည်လည်း ကြီးမားသော အဆင့်ချိုးဖြတ်မူတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါသည်။

သူနားလည်ဆင်ခြင်ထားသော ကောင်းကင်တာအို ဉပဒေသ ခုနှစ်ခုစလုံးသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ (ဉပဒေသခုနှစ်မှာ လေစွမ်းရည်သုံးမျိုး၊ လျှပ်စီးစွမ်းရည် သုံးမျိုးနှင့် အသက်စွမ်းရည် တစ်မျိုးတို့ ဖြစ်ပါသည်)။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကမ္ဘာတစ်ခုလုံးကို သူ၏ ကောင်းကင်တာအိုစွမ်းအားက ဆွဲခေါ်သွားပါသည်။ သူ၏ ကောင်းကင်တာအို စွမ်းအား အောက်တွင်၊ ကောင်းကင်ယံရှိ တိမ်တိုက်များသည် အဆက်မပြတ် ပြောင်းလဲသွားပြီး အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး၏အစွမ်းသည် ကမ္ဘာမြေပေါ်ကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

ဧရာမမျောက်ဝံမျိုးနွယ်စုမှ လူများသည် တယောက်ပြီး တယောက် ထွက်လာကြပါသည်။ ကောင်းကင်တာအို၏ စွမ်းအင်အတက်အကျလှိုင်းများကို သူတို့အားလုံး ခံစားနိုင်သည်။

ယခုအချိန်တွင် ချင်ယွင်သည် အမြင့်မြတ်ဆုံး ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တူပြီး၊ သူ၏ ခန္ဓာကိုယ်သည် ထာဝရသိမ်မွေ့သော အငွေ့အသက်ကို ထုတ်လွှတ်နေကာ သူတို့ လက်လှမ်း မမှီနိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"သခင် ချင်ယွင်က အဆင့်ချိုးမြတ်မှု တစ်ခုကို ပြုလုပ်ခဲ့တာလား?" ဧရာမမျောက်ဝံ မျိုးနွယ်စုဝင် တစ်ယောက်က အံ့သြစွာ မေးလိုက်သည်။

"ဖြစ်သင့်တယ်။ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ကောင်းကင်တာအို စွမ်းအင် အတက်အကျလှိုင်းတွေက အရင်ကထက် အများကြီး ပိုသန်မာတယ်လို့ မထင်ဘူးလား?။" တစ်စုံတစ်ယောက်က ပြန်ဖြေသည်။

ရွှမ်ဟေးလည်း အံ့သြတကြီး မျက်နှာထားဖြင့် လူအုပ်ထဲတွင် ရပ်နေ၏။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်တာအို စွမ်းအင် အတက်အကျလှိုင်းများသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်တွင် ရှိနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိနိုင်ပါသည်။ သို့သော် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်သည် သာမန် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ထက် များစွာ အားကောင်းနေပါသည်။ ၎င်းသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ နှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

"အတိအကျ သူက ဘာလုပ်နေတာလဲ?။" ရွှမ်ဟေးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး တောင်ထိပ်မှာ တင်ပျဉ်ခွေထိုင်နေသည့် ချင်ယွင်ကို စိုက်ကြည့်နေသည်။

ဘန်း…။

ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏မျက်လုံးများမှ ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာပါသည်။

ချက်ချင်းဆိုသလိုပင်, လူတိုင်းသည် သူတို့ခြေထောက်အောက်မှ မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွားသလို ခံစားလိုက်ရပါသည်။ ကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်နေသကဲ့သို့ ဖြစ်နေပြီး၊ ကောင်းကင်နှင့်မြေကြီးသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများဖြင့် ပြည့်နှက်နေပါသည်။

ဝှီး…။

ထိုအခိုက်တွင် ချင်ယွင်၏ ရုပ်အသွင်သည် ရုတ်တရက် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး၊ သူ၏ လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ပေါ်လာပါသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို စွမ်းအားသည် မြူနှင်းချောက်နက်ဓားထဲသို့ ချက်ချင်း တိုးဝင်သွားပါ သည်။

ချင်ယွင်သည် ကောင်းကင်ယံကို မော့ကြည့်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

အလင်းတန်းတစ်ချက်သည် ချက်ချင်းပင် ကောင်းကင်ကို ဖြတ်သန်းကာ ကောင်းကင်ယံ သို့ တည့်တည့် ပျံသန်းသွားပါသည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂြိုဟ်ကမ္ဘာနှင့်ဝေးကွာသော ကြီးမားသော ကြယ်ကြီးတစ်ခုသည် ချင်ယွင်၏ ဓားအလင်းတန်းကြောင့် တစ်ဝက်တစ်ပျက် ပြတ်တောက်သွားခဲ့ပြီး လှပသော မီးရှူးမီးပန်းများ ပေါက်ကွဲသံကဲ့သို့ ကျယ်ပြောလှသော ဖရိုရဲ ပင်လယ်ကြီးကို လင်းထိန်သွားစေပါသည်။

ဧရာမမျောက်ဝံမျိုးနွယ်စု အဖွဲ့ဝင်များသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်နှာများသည် အံ့အားသင့်သည့် အမူအရာများ ပေါ်လွင်လာသည်။

ယခုလေးတင်, ချင်ယွင်၏ဓားချက်သည် သူတို့အား အလွန် ကြောက်စရာကောင်းသော ခံစားချက်ကို ပေးနေခဲ့သည်။ အမှန်တကယ်ဆို, တခဏအတွင်းမှာပင် သူတို့သည် သေခြင်းတရား၏ လွှမ်းခြုံခြင်းခံရသလို ခံစားရပါသည်။ ထိုအချိန်တွင် သူတို့သည် အကြောက်တရားက ဘာလဲဆိုသည်ကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။

ရွှမ်ဟေးသည် ကောင်းကင်ယံတွင် ဓားကိုင်ထားသည့် ချင်ယွင်အား မော့ကြည့်ရင်း၊ သူ၏မျက်လုံးများက တုန်လှုပ်ခြောက်ခြားခြင်းများစွာဖြင့် ပြည့်နှက်နေသည်။

ဤဓားချက်သည် မည်မျှ အစွမ်းထက်သည်ကို အခြားလူများ မမြင်နိုင်သော်လည်း ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးအနေဖြင့်၊ ချင်ယွင်၏ ဓားသည် မည်မျှ အစွမ်းထက်ကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

အစောပိုင်းက ဓားချက်သည် ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခြင်းနှင့် လုံးဝ ယှဉ်နိုင်သည်ဟု ဆိုနိုင်ပါသည်။ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ ကျွမ်းကျင်ပညာရှင်တောင် အစောပိုင်းက ဓားချက်ကို ခံနိုင်မည်မဟုတ်ဟု သူ ယုံကြည်ပါသည်။

ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၀ ရှိ ကျွမ်းကျင်ပညာရှင်များသည် အင်မော်တယ် ကမ္ဘာ၏ အထွက်ထိပ်တွင် ရှိနေသူများဟု ဆိုနိုင်ပါသည်။ အင်မော်တယ်ကမ္ဘာ တိုက်ကြီးတစ်ခုလုံးတွင် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ကျွမ်းကျင်သူများကို ကျော်ဖြတ်နိုင်သူများသည် လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်ပါသည်။

ချင်ယွင်သည် အဝေးမှ ပေါက်ကွဲ ထွက်နေသော အလွန်ကြီးမားသည့် ကြယ်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အပြုံးမပျက် ဖြစ်ပေါ်လာသည်။

ဤအဆင့်ချိုးဖြတ်မူသည် သူ၏ကောင်းကင်တာအို နယ်ပယ်ကို သတ္တမအဆင့်သို့ တိုက်ရိုက် ရောက်ရှိစေခဲ့သည်။ သူသည် အစောပိုင်းက စွမ်းရည်နှစ်ရပ်ကို ပေါင်းစပ်ထား သည့် ကောင်းကင်တာအိုစွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင်၊ ကောင်းကင်တာအိုနှင့် သူပေါင်းစပ်ထားသည့် ကောင်းကင်တာအို စွမ်းအားအပေါ် သူ၏လက်ရှိနားလည်မူဖြင့်ဆိုပါက, သူသည် ကောင်းကင်တာအို နယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးကို သတ်ခြင်းသည် အသေးဖွဲ့ကိစ္စ ဖြစ်သွားပါပြီ။ အကယ်၍, ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ဖြစ်ခဲ့လျှင်ပင်၊ တွန်းလှန်တိုက်ခိုက်ခြင်းက သူ့အတွက် မဖြစ်နိုင်တာ မဟုတ်ပါဘူး။

ဟုတ်ပါသည်။ ဤအနေထားက ကြည်လင်ကောင်းကင်ဓားကို မသုံးသည့် အနေထား ဖြစ်ပါသည်။ အကယ်၍၊ အစောပိုင်းက သူသာ ကြည်လင်းကောင်းကင်ဓားကို အသုံးပြုခဲ့ မည်ဆိုလျှင်၊ ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၁ ရှိ ကျွမ်းကျင်ပညာရှင်များသည် ပင် ၎င်း၏ အစွန်းကို လှုပ်ခါဝံ့မည် မဟုတ်တော့ပေ၊ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ကျွမ်းကျင်သူများဆိုလျှင်, ချက်ချင်းပင် အသတ်ခံရလိမ့်မည်။

"မြွေမျိုးနွယ်ကို သွားရမယ့်အချိန်ပဲ။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူပြောပြီးသည်နှင့် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် သူသည် ရွှမ်ဟေး၊ ရှောင်ကျင်းနှင့် တခြားလူများ ရှေ့မှာ ပြန်ပေါ်လာပါသည်။

"အစ်ကိုကြီး မင်း အဆင့်ဖြတ်ကျော်သွားပြီလား?" ချင်ယွင်ပေါ်လာသည်ကို မြင်တော့၊ ရှောင်ကျင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုတ်တယ်၊ ငါ အဆင့်ချိုးဖြတ်ကျော်မှုတစ်ခု လုပ်နိုင်ခဲ့တယ်။" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒါဆို အစ်ကိုကြီးရဲ့လက်ရှိအင်အားကရော ဘာလဲ?" ရှောင်ကျင်းက ကမန်းကတန်း မေးလိုက်သည်။

"တကယ်လို့, မင်းပြောသလို အဆုံးစွန်ထိ အဆင့်သတ်မှတ်ရရင်တော့ မင်းအနေနဲ့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ် ငါ့ကို သတ်မှတ်သင့်သည်။" ချင်ယွင်က ခဏလောက် စဉ်းစားပြီး ပြုံးပြရင်း ပြောလိုက်သည်။

အနီးနားရှိ လူများသည် ထိုစကားကို ကြားသောအခါ ရင်မောပြီး ပြင်းပြင်းထန်ထန် အသက်ရူသွင်းလိုက်ကြပါသည်။ အထူးသဖြင့် ချင်ယွင်၏ အမြဲတမ်း ညီအစ်ကို ဖြစ်လာခဲ့ သော လျှိုကျန်းသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ် အဖြစ်ကို အသာထား၊ အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ် သတ်မှတ်ခံရခြင်းကပင် သူ လက်လှမ်းမမီနိုင်သော တည်ရှိမူမျိုး ဖြစ်နေပါပြီ။ ထို့ကြောင့်, ယင်းက သူ့အား အံ့အားသင့်မူနှင့်အတူ စိတ်လှုပ်ရှားမူ နှစ်မျိုးလုံးကို ခံစားရစေပါသည်။

ချင်ယွင်က မကျေနပ်ဟန်ဖြင့် ပြုံးလိုက်ပါသည်။ အင်မော်တယ် ဧကရာဇ်များ အထက်တွင် အဆင့်လေးဆင့် ရှိနေသေးကြောင်း သူ၏ရှေးဟောင်းတာအို ဆရာသခင်ထံမှ လေ့လာ သိရှိပြီးကတည်းက၊ အင်မော်တယ် ဧကရာဇ်များသည် ကြီးကျယ်ခမ်းနားသော တည်ရှိမှုများဟု သူ မထင်ခဲ့တော့ပေ။

ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် ရှေးဟောင်း ဖရိုဖရဲပင်လယ်ကြီး၏ နက်ရှိုင်းရာ အရပ်သို့ ခရီးထွက်နေချိန်၌ ကြားခဲ့ရသော ထိုဟိန်းဟောက်သံသည် သူ၏မှတ်ဉာဏ်ထဲတွင် ဆန်းသစ်နေဆဲပင်။

အသံပိုင်ရှင်သည် သေချာပေါက် အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်။ ၎င်းသည် အနည်းဆုံး ကြယ်အထွက်အထိပ်ပုဂ္ဂိုလ် ပညာရှင်တစ်ဦး ဖြစ်ကြောင်း သေချာပါသည်။ ထို့အပြင်, တဖက်လူက သူ့ကို မသတ်ဖြတ်ချင်ခဲ့ပေ။ ထိုသို့မဟုတ်ပါက၊ သူ၏ အင်မော်တယ်ဝိညာဉ်သည် ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။ တဖက်လူက သူ၏အင်မော်တယ်ဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးနိုင်ပေလိမ့်မည်။

ချင်ယွင်က ခေါင်းယမ်းပြီး ထိုအတွေးအာရုံများကို ဖယ်ရှားလိုက်ပါသည်။ သူ၏ လက်ရှိ ခွန်အားသည် အသုံးမဝင်သေးပေ။ စူးစမ်းလေ့လာခြင်း မပြုနိုင်ခင်, သူသည် အနာဂတ်တွင် ပိုမိုအားကောင်းလာသည်အထိ စောင့်စားနိုင်ရုံသာ တတ်နိုင်ပါသည်။ အခုအချိန်တွင် သူ့မှာ ပို၍အရေးကြီးသည့် အလုပ်တစ်ခု ရှိနေပါသည်။

"ငါ မြွေမျိုးနွယ်ကို သွားဖို့ ရည်ရွယ်ထားတယ်။ အခုပဲ သွားကြရအောင်။" ချင်ယွင်က ပြောသည်။

"အစ်ကိုကြီး, ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်" ရှောင်ကျင်းက ချက်ချင်း ပြောလိုက်သည်။

ရှောင်ဟေးနှင့် ရှောင်ဟောင်တို့လည်း ချင်ယွင်နှင့် အတူသွားရန် အဆိုပြုကြသည်။

သို့သော်လည်း ချင်ယွင်က ခေါင်းယမ်းပြီး ပြောသည် "မင်းတို့ ဒီမှာ နေသင့်တယ်။ ရွှမ်ဟေးနဲ့ ငါပဲ သွားမယ်။ ဒီမြွေမျိုးနွယ်ကိုသွားမယ့် ခရီးစဉ်က အန္တရာယ်များလိမ့်မယ်။ မင်းတို့ကို ငါ ခေါ်သွားမယ်ဆိုရင် ငါ စိုးရိမ်နေရဦးတယ်။ ငါ့အလုပ်ပြီးမှပဲ မင်းတို့ကို ပြန်လာရှာမယ်.."။

ရှောင်ကျင်း၊ ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် စိတ်ပျက်နေသော အမူအရာများ ချက်ချင်း ထုတ်ဖော်လာကြသည်။ သို့သော် သူတို့ ခေါင်းငုံ့ပြီး နာထောင်ကြဆဲပင်။

"သွားကြရအောင်.." ချင်ယွင်က ရွှမ်ဟေးကို ပြောသည်။

"ကောင်းပါပြီ" ရွှမ်ဟေး ချက်ချင်း သဘောတူလိုက်သည်။

ချင်ယွင်၏ဓားချက်ကို ယခုလေးတင် သူ တွေ့မြင်ပြီးနောက်၊ ချင်ယွင်က သူ့ကို လက်စားချေရန် ကူညီနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် မြွေမျိုးနွယ် သို့ ထွက်ခွာသွားကြောင်းစကားကို သူကြားသောအခါတွင်၊ သူသည် သဘာဝအတိုင်း တိုက်ရိုက်ပင် သဘောတူခဲ့သည်။

သူသည် ဤနေ့ကို အချိန်အတော်ကြာအောင် စောင့်မျှော်နေခဲ့ပြီး၊ တစ်ချိန်တုန်းက တွေးပင်မတွေးဝံ့သော လက်စားချေလိုသော ဆန္ဒသည်လည်း ချင်ယွင်၏ ခွန်အားကို မြင်ပြီးနောက် ပြန်လည် ရှင်သန်လာခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် လေဟာနယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး လူတိုင်း၏ အကြည့်များအောက်မှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters