အခန်း ၁၀၁၇
Vol. 68 Ch. 1017
အခန်း (၁၀၁၇) မြွေမျိုးနွယ်စု။
မြွေမျိုးနွယ်စုသည် လွင်ပြင်ဒေသဖြစ်ပြီး၊ မွန်းစတားတိုက်ကြီး၏ တောင်ဘက်ခြမ်းတွင် တည်ရှိပါသည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် နှစ်ရက်လုံးလုံး ခရီးထွက်ခဲ့ကြပြီး နောက်ဆုံးတွင်၊ သူတို့သည် မြွေမျိုးနွယ်စုသို့ ရောက်ရှိလာခဲ့သည်။
"မြွေမျိုးနွယ်က ရှေ့မှာဆို ရောက်ပြီ။" ရွှမ်ဟေးသည် ရှေ့မလှမ်းမကမ်းရှိ အဆောက်အဦး များကို ညွှန်ပြပြီး ပြောလိုက်သည်။
"သွားကြည့်ရအောင်။" ချင်ယွင်က ခေါင်းညိတ်ကာ ပြောပြီးနောက် မြွေမျိုးနွယ်စု၏ ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။
ရွှမ်ဟေးသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း မြန်မြန်ဆန်ဆန် လိုက်ပါသွားခဲ့သည်။
"ဘယ်သူလဲ?" သို့သော် ချင်ယွင်သည် မြွေမျိုးနွယ်စုသို့ ဝင်ခါနီးတွင် အနီနက်ရောင် ဝတ်ထားသော လူငယ်တစ်ဦးက သူတို့ကို တားဆီးလိုက်သည်။
ချင်ယွင်သည် ဤလူငယ်ကို စေ့စေ့စပ်စပ် ကြည့်ရူစစ်ဆေးပြီးနောက် သူ၏ ကျင့်ကြံမှု အဆင့်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်တွင်သာ ရှိကြောင်း တွေ့ရှိခဲ့ရ သည်။ သူသည် မျိုးနွယ်စုကို စောင့်ကြပ်နေသော မြွေမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သင့်သည်။
"ငါ မင်းရဲ့ ခေါင်းဆောင်ကို တွေ့ချင်လို့ပါ" ချင်ယွင်က တခစ်ခစ် ရယ်မောလိုက်သည်။
သူ၏ပစ်မှတ်မှာ မြွေမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သည့် ဟောင်ယန်ဖြစ်သည်။ အဆုံးတွင်၊ သူသည် မြွေမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးတည်းကိုသာ သတ်ဖြတ်ရန် လိုအပ်သည်။ အကယ်၍၊ တခြားသူတွေက သူ့ကို ရန်မစဘူးဆိုရင်, သူ့အနေဖြင့် အပြစ်မဲ့သူတွေကို သတ်ပစ်ရန် မလိုပါဘူး။
"ဟမ့်၊ ငါတို့ရဲ့ခေါင်းဆောင်က ဂုဏ်ယူလေးစားရတဲ့ ဧည့်သည်တစ်ဦးကို ဖျော်ဖြေ ဧည့်ခံ နေတယ်။ ငါတို့အနေနဲ့ မင်းကို တွေ့ဖို့ အချိန်မရှိဘူး။ ဒါ့အပြင်, မင်းစိတ်ရှိသလို ငါ့ကို ခေါင်းဆောင်ကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ? မင်း လုံလုံလောက်လောက် ဉာဏ်ကောင်း ပြီး၊ ထွက်သွားတာ အကောင်းဆုံးပဲ” ထိုလူငယ်သည် ချင်ယွင်ကို လုံးဝ ဂရုမစိုက်သလို အေးစက်စွာ ဟစ်အော်လိုက်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဒေါသ ထွက်မနေတော့ပေ။ အဘယ့်ကြောင့်ဆို သော်၊ ဤအရာက သူ၏မျှော်လင့်ချက်ထဲမှာ ရှိနေပြီးသားဖြစ်သောကြောင့်ပင်။
သို့သော် သူတို့၏ခေါင်းဆောင်သည် ဂုဏ်ယူလေးစားရည့် ဧည့်သည်များကို လက်ခံနေ ကြောင်း ပြောဆိုသောအခါ ထိုလူငယ်သည် မည်သူဖြစ်မည်ကို သူ အလွန် သိချင်နေခဲ့ သည်။
ဤနေရာသို့ သွားရာလမ်းတွင်၊ ချင်ယွင်သည် မွန်းစတားတိုက်ကြီး တစ်ခုလုံးတွင် ထိပ်တန်းမျိုးနွယ်စု ငါးခုရှိကြောင်း ရွှမ်ဟေးထံမှ သိရှိထားပြီး ဖြစ်သည်။
၎င်းတို့သည် နဂါးမျိုးနွယ်စု၊ ဗာမီလီယမ်ငှက်မျိုးနွယ်စု ကျားဖြူမျိုးနွယ်စု၊ လိပ်နက် မျိုးနွယ်စုနှင့် မြွေမျိုးနွယ်စုတို့ ဖြစ်ကြပါသည်။ ထိပ်တန်း မျိုးနွယ်အင်အားစုများဟု ခေါ်ဆိုရသည့် အဓိပ္ပါယ်မှာ ၎င်းတို့မျိုးနွယ်စုတွင် အသန်မာဆုံးကျွမ်းကျင်သူသည် အနည်းဆုံး ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ သို့မဟုတ် ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၀ ထက် ကျော်လွန်နေသောကြောင့် ဖြစ်ပါသည်။
မြွေမျိုးနွယ်စုမှ ဂုဏ်ထူးဆောင်ဧည့်သည်များအဖြစ် သတ်မှတ်နိုင်သူများသည် မြင့်မားသော အဆင့်အတန်းနှင့် ခွန်အားရှိရပါမည်။
"ဟောင်ယန်နဲ့ နဂါးမျိုးနွယ်စုဟာ အမြဲတမ်း နီးနီးကပ်ကပ် ရှိနေတယ်လို့ ကျွန်တော် ကြားထားပါတယ်။ သူ အခုတွေ့နေရတဲ့ ထင်ရှားတဲ့ ဧည့်သည်ဟာ နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင် ဖြစ်နိုင်ချေများတယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။" ရွှမ်ဟေးက ချင်ယွင်ကို အသံဖြင့် ထုတ်လွှင့်ပြောသည်။
"အိုး..?။ နဂါးတွေလား?" ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သူ၏လက်ကို လှန်လိုက်သည်နှင့် မီးနဂါးတံဆိပ်ပြားတစ်ခု သူ၏လက်ထဲတွင် ပေါ်လာသည်။
"ငါက နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်းရဲ့ ခေါင်းဆောင်က နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့ အခု တွေ့ဆုံနေတယ် မဟုတ်လား?" ချင်ယွင်က သူ၏လက်ထဲမှာ မီးနဂါး တံဆိပ်ပြားကို လူငယ်လေးဆီ ပစ်ပေးလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် ခပ်ဖျော့ဖျော့ နဂါးအငွေ့အသက်ကို ထုတ်လွှတ်ပြီး စကားပြောလိုက်သည်။
ဤမီးနဂါးတံဆိပ်ပြားသည် သဘာဝအတိုင်း သေမျိုးကမ္ဘာမှ ပြန်လည်တက်လှမ်းသွား သော မီးနဂါးတစ်ကောင်က သူ့ထံ ပစ်ပေးခဲ့သည့်အရာ ဖြစ်ပါသည်။ မူလက ချင်ယွင် သည် ၎င်းကို မလိုအပ်ဟု ထင်သောကြောင့် ၎င်းကို ကောင်းကင်ဘုံကိုးလွှာကြယ်စင်စု ပုံကြမ်းထဲသို့ အမြဲ ထည့်ထားခဲ့သည်။ ရွှမ်ဟေးက နဂါးမျိုးနွယ်စုဟု ပြောသည်ကို သူကြားလိုက်သည့်အခါ သူ၏လက်ထဲမှာ ထိုတံဆိပ်ပြား ရှိနေတုန်းဘဲဆိုသည်ကို သတိရလိုက်မိသည်။ ထိုကြောင့် အလုပ်ဖြစ်မဖြစ် သူ သိချင်မိပါသည်။
လူငယ်သည် မီးနဂါးတံဆိပ်ပြားကို ယူကာ ချင်ယွင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တွင် သူ၏အမူအရာက လေးစားမှု ရှိလာပြီး အလောတကြီး ပြောသည် "တောင်းပန်ပါ တယ်၊ မင်းတို့နှစ်ယောက်က နဂါးမျိုးနွယ်စုထဲကမှန်း ငါ မသိလိုက်ဘူး။ မှန်ပါတယ်၊ ငါတို့ရဲ့ခေါင်းဆောင်က လောလောဆယ်မှာ နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသားလေးကို လက်ခံ တွေ့ဆုံနေရတယ်"။
"ဟုတ်တယ်။ ငါလည်း တတိယမင်းသားကို ရှာဖွေဖို့ အရေးကြီးတာတစ်ခုခု ရှိနေလို့ပါ။ ငါ့ကို မြန်မြန်ခေါ်သွားပေးပါ" ချင်ယွင်က ဆက်ပြောသည် ။
"ကောင်းပြီ၊ မင်းတို့ နှစ်ယောက်စလုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ မင်းကို တတိယမင်းသားနဲ့ ခေါင်းဆောင်ဆီ ခေါ်သွားပေးမယ်။" လူငယ်က ချင်ယွင်ကို ပြောပြီး ချင်ယွင်နှင့် ရွှမ်းဟေးအား သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် လူငယ်နောက်သို့ လိုက်ပါလာရင်း မြွေမျိုးနွယ်စု၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းကာ အကြည့်ချင်း ဖလှယ်လိုက်ကြပါသည်။
မြွေမျိုးနွယ်စုသည် အလွန်ကြီးမားသည်။ နတ်ဆိုးသားရဲများသည် သဘာဝအတိုင်း လူသားပုံစံဖြင့် နေထိုင်ကြသောကြောင့် ၎င်းတို့နေထိုင်သည့် အဆောက်အအုံများသည် ဝင်းလက်တောက်ပသော ရွှေအိမ်များ ဖြစ်ကြပါသည်။ သို့သော်လည်း မြွေမျိုးနွယ်စု၏ ဗိသုကာပုံစံလက်ရာများကို ၎င်းတို့ကိုယ်တိုင် ထည့်သွင်းတည်ဆောက်ထားကြပါသည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် မြွေမျိုးနွယ်စုမှ လူငယ်၏ ဦးဆောင်မှုအောက်တွင် အဆောက်အဦးတန်းများကို ဖြတ်သန်းပြီးနောက် မြွေမျိုးနွယ်စု၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့၏ ရှေ့မှာ ပေါ်လာသည့်အရာက ရေကန်ကြီးတစ်ခုပါ။ ရေကန် အလယ်မှာ ကျွန်းငယ်လေးတစ်ကျွန်း ရှိနေပါသည်။ ကျွန်းပေါ်တွင် အလွန်ခမ်းနား ထည်ဝါသည့် အဆောက်အအုံတစ်ခု ရှိနေပုံရသည်။
"ဒါက ငါတို့ရဲ့ ခေါင်းဆောင် နေထိုင်တဲ့ နေရာပဲ။ မင်းတို့ကို ဒီနေရာအထိပဲ ခေါ်လာပေးလို့ ရတယ်။ ဒီရေကန်က ငါတို့အတွက် တားမြစ်နယ်မြေပဲ။ ခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ၀င်ခွင့်မရှိဘူး။" လူငယ်က ပြောသည်။
"အိုး..ဒါဆို ငါတို့လည်း မဝင်ရဘူးပေါ့" ချင်ယွင်က မေးသည်။
"သီအိုရီအရတော့ ဒီလိုပါပဲ။" လူငယ်က ပြန်ဖြေသည်။
"အင်း ဒါဆိုလည်း.." ချင်ယွင် ပြုံးလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏လက်ချောင်းက လျှပ်စီးလက်သလို လှုပ်ရှားသွားသည်။ သူ၏လက်ချောင်းမှ အလင်းတန်းတစ်ခုသည် လူငယ်၏နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး မြေပြင်ပေါ်တွင် မေ့လဲကျသွားခဲ့သည်။
"မြွေမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို သွားကြည့်ရအောင်။" ချင်ယွင်နှင့် ရွှမ်ဟေးကို ပြောသည်။
ရွှမ်ဟေးက အေးစက်စက် ခေါင်းညိတ်ပြသည်။ သူ ဒီမျိုးနွယ်စုထဲကို ဝင်လာကတည်းက သူ၏အမူအရာက တော်တော်လေးကို ဆိုးရွားသွားသည်။ ဤအရာများသည် သူ၏ ဝမ်းနည်းစရာ အမှတ်တရများကို နှိုးဆွပေးသည်မှာ ထင်ရှားပါသည်။ အထူးသဖြင့် သူ၏ရှေ့မှ ရေကန်ကြီးကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တွေ ပေါ်လာနေပါသည်။
ထိုအချိန်တုန်းက သူ၏မိန်းမနှင့်သာ်သည် ဤရေကန်မှာ ဆုံးပါးသွားခဲ့ပြီး၊ ယခုအချိန် ဤရေကန်ကို ပြန်မြင်လိုက်ရတော့ သူ၏နှလုံးသားထဲမှ သတ်ပစ်ချင်စိတ်တွေက သဘာဝအတိုင်း ခုန်ပေါက်ထွက်လာခဲ့သည်။
ဝှီး….။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် အလင်းတန်းနှစ်သွယ်အဖြစ် ပြောင်းလဲကာ ရေကန် အလယ်ရှိ ကျွန်းဆီသို့ ပျံသန်းသွားကြသည်။
“ဘုန်း…”။
သို့သော် ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် ရေကန်အလယ်ခေါင်သို့ ပျံသန်းသွားစဉ်မှာပင် ရေကန်အောက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရေကန်၏ ရေမျက်နှာပြင်တစ်ခုလုံးသည် ပြင်းထန်စွာ မြင့်တက်လာ သည်။ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုသည် ရေကန်၏မျက်နှာပြင်ပေါ်သို့ တက်လာပြီး တွင်းနက်ကြီးတစ်ခုကဲ့သို့ ရေကန်ထဲမှ ကြီးမားသော မြွေပါးစပ်ကြီးသည် ချင်ယွင်တို့ဆီသို့ မျိုချလိုက်လေသည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် ကမန်းကတန်း နောက်ဆုတ်လိုက်ရသည်။ ယင်းကြောင့်, သူတို့သည် ခဏတာ ထိတ်လန့်သွားကြသည်။
ဧရာမလှိုင်းလုံးကြီး ပြိုကျသွားပြီး ဧရာမမြွေကြီးသည် ချင်ယွင်ကို မျိုမချနိုင်ခဲ့ပေ။ ၎င်းရေကန်ထဲသို့ ပြန်ဝင်သွားပြီး ရေကန်မျက်နှာပြင်က လှိုင်းထန်နေသည်။
ချင်ယွင်နှင့် ရွှမ်ဟေးတို့သည် ရေကန်ဘက်သို့ ဆုတ်ခွာသွားကြပြီး မညီမညာဖြစ်နေသော ရေကန်မျက်နှာပြင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
အကယ်၊ သူ ခန့်မှန်းချက်သာ မမှားခဲ့ရင်, အစောပိုင်းက သူတို့ကို တိုက်ခိုက်ခဲ့သည့် ဧရာမမြွေကြီးသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ကို ရောက်နေသင့်သည်။ တစ်နည်းဆိုရသော် ဤမြွေကြီး၏ စွမ်းအားသည် ချင်ယွင်နှင့် ရွှမ်ဟေးနှင့် တူညီသင့်သည်။
သို့သော်လည်း ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်သော ပညာရှင်တစ်ဦးသည် ရေကန်ထဲတွင် တံခါးကို အမှန်တကယ် စောင့်ကြပ်နေရသောကြောင့် အလွန် အံ့အားသင့်သွားသည်။
"ငါတို့ မြွေမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရလောက်အောင် ဘယ်သူက ဒီလောက် သတ္တိကောင်းနေတာလဲ?။"
ထိုအချိန်တွင် ရေကန်အလယ်ရှိ ကျွန်းကလေးမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ အမြင်အာရုံထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာပြီး၊ ၎င်းတို့သည် ရေကန်ကိုဖြတ်၍ ချင်ယွင်နှင့် ရွှမ်ဟေးတို့ကို မျက်နှာမူလိုက်ကြသည်။
ဘန်း….။
ထိုဧရာမမြွေကြီးသည်လည်း ရေကန်ထဲမှ ခေါင်းကို ထုတ်လိုက်ပြီး နီမြန်းသော မျက်လုံး တစ်စုံက ချင်ယွင် နှင့် ရွှမ်ဟေးကို စိုက်ကြည့်နေသည်။
ထိုလူနှစ်ယောက်သည် မြွေခေါင်းပေါ် သက်ဆင်းလိုက်သည်။ တစ်ယောက်က အနီရောင် ၀တ်စုံဝတ်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ နောက်တစ်ဦးမှာ ချောမောပြီး ဂုဏ်သိက္ခာရှိသော လူငယ်တစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးလုံးရှိ အငွေ့အသက်များသည် အထူးအဆန်းဖြစ်ပြီး အလွန်မင်း အစွမ်းထက်ပါသည်။
"မင်းပါလား?။ မင်း တကယ် ပြန်လာရဲတယ်ပေါ့" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ရွှမ်ဟေးကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဟမ့်၊ ဟောင်ယန်၊ ငါရွှမ်ဟေးက မင်းကို ထပ်လာရှာရမယ်ဖို့ မထင်ထားခဲ့မိဘူး။ အဲဒီနေ့က မင်းက ငါ့မိန်းမနဲ့ ကလေးကို ဒီနေရာမှာ သတ်ပစ်ခဲ့တယ်၊ ဒီနေ့ မင်းကို ဒီရေကန်မှာ ငါကိုယ်တိုင် သင်္ဂြိုဟ်ပစ်မယ်။" ရွှမ်ဟေး၏ မျက်လုံးတစ်စုံသည် အနီရောင် ဝတ်လုံဝတ်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို စူးစူးစိုက်စိုက် ကြည့်နေပြီး ပြင်းထန်သော သတ်ပစ်လိုစိတ်များက သူ၏မျက်လုံးများမှ ထွက်ပေါ်လာသည်။