အခန်း ၁၀၁၈
Vol. 68 Ch. 1018
အခန်း (၁၀၁၈) ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ။
"ဒါဆို မင်း ဒီနေ့ လက်စားချေဖို့ ဒီကို ရောက်လာတာပေါ့။" ဟောင်ယန်က ရွှမ်ဟေးကို ကြည့်ရင်း ရယ်မောလိုက်သော်လည်း သူ၏လေသံက လှောင်ပြောင် သရော်ဟန် အရိပ်အမြွက် ပြသနေပါသည်။
"မှန်တယ်၊ ဟောင်ယန်၊ ဒီနေ့ဟာ မင်းရဲ့သေနေ့ပဲ။ လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်က မင်းကိုသတ်ပြီး ငါ့မိန်းမနဲ့ ကလေးအတွက် လက်စားချေဖို့ အမြဲတမ်း ဆန္ဒရှိနေခဲ့တယ်။" ရွှမ်ဟေးက သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြောလိုက်သည်။ သူ၏မျက်လုံးများသည် အနှိုင်းမဲ့ နီမြန်းနေပြီး သူ၏ဒေါသက သူ၏နှလုံးသားကို တိုက်ခိုက်နေသည်မှာ ထင်ရှားသည်။
ရွှမ်ဟေး၏ စကားကိုကြားတော့ ဟောင်ယန်၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုက ပိုမို၍ ပြင်းထန်လာခဲ့သည်။
"ဒါဆို ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်မှာရှိတဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်း ထင်နေတယ်ပေါ့။ ငါ့ရဲ့ ရှေးဟောင်း နက်နဲသိမ်မွေ့ မြွေကိုယ်ပွားကို တောင် မင်း အနိုင်မယူနိုင်မှာကို ငါ ကြောက်မိတယ်။ မင်းမှာ လက်စားချေဖို့အတွက် ဘယ်လိုအရာမျိုးတွေ ရှိနေသေးလဲ?။" ဟောင်ယန်က ခိုင်းနှိုင်းပြ၍ မရသည့် ရယ်စရာကောင်းသည့် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား လှောင်ပြောင် ရယ်မောလိုက်ပါသည်။
ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ အစောပိုင်းက သူတို့ကို တိုက်ခိုက်ခဲ့သော ဧရာမမြွေကြီးသည် အမှန်တကယ်ပင် ဤဟောင်ယန်၏ ကိုယ်ပွားတစ်ခုဖြစ်ပြီး ၎င်းသည် ရှေးဟောင်းနက်နဲသိမ်မွေ့ မြွေလည်း ဖြစ်နေသည်။
ဤရှေးဟောင်း နက်နဲသိမ်မွေ့မြွေသည် နတ်ဘုရားသားရဲမဟုတ်သော်လည်း၊ ၎င်းသည် ရှေးဟောင်းခေတ် သားရဲနှင့်တူသော အစွမ်းထက်သော မြွေတစ်ကောင် ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းသည် အလွန်အားကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ဤဟောင်ယန်သည် ဤရှေးဟောင်းနက်နဲသိမ်မွေ့မြွေ၏ အလောင်းကို မည်သည့် နေရာက ရရှိသွားမှန်း မသိနိုင်သလို၊ ၎င်းကို သူ၏ကိုယ်ပွားအဖြစ်တောင် သန့်စင်ထားခဲ့ သည်။
"ခင်ဗျားက မြွေမျိုးနွယ်စုရဲ့ခေါင်းဆောင် ဟောင်ယန်လား?" ချင်ယွင်က ရှေ့ကို လှမ်းထွက်လာပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ?" ဟောင်ယန်က ချင်ယွင်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ အစကတည်းက သူသည် ချင်ယွင်က ရွှမ်ဟေး၏ နောက်လိုက်တစ်ယောက်ဟု အမြဲတွေးထားသောကြောင့် သူ့ကို တိုက်ရိုက် လျစ်လျူရှုထားခဲ့သည်။
ယခု ချင်ယွင်သည် ရုတ်တရက် သူ၏ပါးစပ်ကို ဖွင့်လိုက်ရာ ချက်ချင်းပင် သူ၏ မကျေနပ်မှုက ပြင်းထန်လာခဲ့သည်။
ချောမောသော လူငယ်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
“ကျွန်တော်က ဘာမှ မဟုတ်ဘူး။ လူသားတစ်ယောက်ပါ။" ချင်ယွင်က ပြုံးပြပြီး သူ၏လေသံက နှိမ့်ချခြင်းမရှိသလို၊ မောက်မာခြင်းလည်း မရှိပါဘူး။
"ဟမ့်၊ ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို ဒီလိုစကားပြောဖို့ ဘယ်အချိန်ကတည်းက သတ္တိရှိသွားတာလဲ?။ ချင်ယွင်က သူသည် လူသားဖြစ်ကြောင်း ပြောစကားကို ကြားတော့ ဟောင်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဧရာမမြွေအမြီးကြီးသည် ချင်ယွင်ကို အသားတုံးပိုင်းများအဖြစ် လုံးလုံးလျားလျား ခုတ်ပိုင်းလိုသည့်အလား ကန်ရေပြင်မှ ချင်ယွင်ဆီသို့ ရုတ်တရက် ပြင်းထန်စွာ ရိုက်ချ လိုက်လေသည်။
ချင်ယွင်သည် ဧရာမ ကြာပွတ်ကြီးကဲ့သို့ ပြင်းထန်စွာ ရိုက်နှက်လာသော မြွေအမြီးကြီးကို ကြည့်လိုက်သော်လည်း သူ၏မျက်လုံးများက အပြုံးမပျက်ပင်။
သူသည် လျင်မြန်စွာ ရွေ့လျားခြင်းမရှိဘဲ တောင်ကြီးကဲ့သို့ ရပ်နေပြီး၊ သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တာအိုစွမ်းအားက ရိုက်ခတ်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မြွေအမြီးနှင့် တိုက်ရိုက် တိုက်မိသွားသည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင် ထုတ်လွှတ်လိုက်သော ကောင်းကင် တာအိုစွမ်းအားသည် ဧရာမမြွေကြီး၏အမြီးကြီးကို တိုက်ရိုက် ပြန်လည် တွန်းထုတ်လိုက် ပြီး၊ ရေကန်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားကာ နောက်တကြိမ် လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေခဲ့သည်။
ရေစက်တွေက ရေတံခွန်လို ကျဆင်းသွားပါသည်။ သို့သော်လည်း ချင်ယွင်နှင့် ရွှမ်ဟေးတို့ကို ထိမှန်ခြင်းမရှိပါဘူး။
"ခေါင်းဆောင်ဟောင်၊ ခင်ဗျားက ဧည့်သည်တွေကို ဒီလိုဆက်ဆံတာလား?။" ချင်ယွင်က ရယ်မောပြီး မေးလိုက်သည်။
သူ၏ ယခင်ထိတွေဆက်ဆံမူအရ, ဤဟောင်ယန်သည် ဒီကိုမလာခင်ကတည်းက သူ မှန်းဆထားသည့်အတိုင်း ရက်စက်ကြမ်းကြုတ်သူ တစ်ယောက် ဖြစ်ကြောင်း သူ ပြောနိုင်ပါပြီ။
"ဧည့်သည်လား?။ မင်းတို့ကရော ငါ့ရဲ့ဧည့်သည်ဖြစ်ဖို့ ထိုက်တန်လို့လား? လူသားတွေ ဆိုတာက နှိမ့်ကျတဲ့ ပုရွက်ဆိတ်တွေပဲ။ မင်းက ငါ့ရဲ့ဧည့်သည်ဖြစ်ဖို့ ဘယ်လို အရည်အချင်း တွေ ရှိနေလို့လဲ?" ဟောင်ယန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း အလျင်စလို လှုပ်ရှားခြင်းမျိုးတော့ မရှိခဲ့ပေ။ အခုလေးတင် တိုက်ပွဲအရ, သူ၏ရှေ့မှ ဤလူငယ်သည် အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူးဟု သူ ဆုံးဖြတ်ထားပြီးသားပင်။
"ဟောင်ယန်၊ ခင်ဗျားမှာ ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက် ရှိတယ်လို့ ကျုပ် ကြားထားတယ်။ အဲဒါ ဟုတ်လားလို့ ကျုပ် သိချင်မိတယ်။" ချင်ယွင်သည် ဟောင်ယန်ကို ကြည့်ပြီး သရော်ဟန်ဖြင့် ပြောလိုက်သည်။
"ဟမ့်၊ ငါ့မှာ ကောင်းကင်မျိုစပါးအုံးမြွေရဲ့ သွေးမျိုးဆက် ရှိနေတယ်။ ဒါက မြွေမျိုးနွယ်စုထဲ က လူတိုင်းသိတဲ့ အရာပဲ။ မင်းက ဘာလို့ ဒီအကြောင်းကို လာမေးရတာလဲ?။" ဟောင်ယန်က အေးစက်စွာ မေးလိုက်သည်။
"ကောင်းလိုက်တာ။ ကျုပ်ညီကို ကယ်တင်ဖို့ ခင်ဗျားဆီကနေ ကောင်းကင်မျို စပါးအုံးမြွေ သွေးမျိုးဆက်ရဲ့ သွေးအနှစ်သာရအချို့ကို ကျုပ် ယူချင်တယ်" ချင်ယွင်က ရယ်မောကာ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်သည်။
သို့သော် ဟောင်ယန်၏ နှလုံးသားသည် ပြင်းထန်သော အမျက်ဒေါသဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက် သွေးအနှစ်သာရသည် သူ၏ တန်ဖိုးအရှိဆုံး အရာဖြစ်သည်။ သွေးအနှစ်သာရ ဆုံးရှုံးခြင်းသည် သူ၏ ခွန်အားကို အနည်းငယ် ထိခိုက်စေလိမ့်မည်။ တစ်စက်တည်းဆိုလျှင်ပင် သူသည် မည်သူ့ကိုမှ မပေးမည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးမျိုးဆက် သွေးအနှစ်သာရကို ရယူလိုကြောင်း ပြောလာသည်ကို အမှန်တကယ် သူကြားလိုက်ရသောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏မျက်လုံးများမှ ပေါက်ထွက်လာခဲ့သည်။
"ဟမ့်၊ မင်းကများ ငါ့ရဲ့ သွေးအနှစ်သာရကို ယူချင်တယ်ပေါ့။ မင်းက သေခြင်းတရားကို တောင်းခံနေတာလား?။ ဟောင်ယန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အောက်ရှိ ကြီးမားလှသော ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွားသည် လူသား အသွင်သို့ ချက်ချင်း ပြောင်းသွားသည်။ သူ၏အသွင်အပြင်က ဟောင်ယန်နှင့် အတူတူပင်။ ၎င်းသည် ချင်ယွင်ကို လုံးဝ သတ်ပစ်ချင်သည့်အလား ချင်ယွင်ဆီသို့ ခက်ထန်စွာ ပြေးဝင်လိုက်သည်။
ချင်ယွင်သည် သူ၏မျက်လုံးများတွင် အပြုံးရိပ်ဖြင့် ပြေးလာနေသော ရှေးဟောင်း နက်နဲ သိမ်မွေ့မြွေ ကိုယ်ပွားကို ကြည့်နေသည်။ ထို့နောက် သူသည် ကိုယ်ပွားကို သတ်ပစ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခုအချိန်တွင် ရွှမ်ဟေးက ရုတ်တရက် ပြောလိုက်သည် "သူ့ကိုယ်ပွားကို ကျွန်တော့်ကို ပေးလိုက်ပါ။ ကျွန်တော် သူ့ကိုယ်ပွားကို သတ်ချင်တယ်"
ရွှမ်ဟေး၏ စကားကိုကြားတော့ ချင်ယွင်က ရွှမ်ဟေးကို ကြည့်ရန် ခေါင်းပြန် လှည့်လိုက်ပြီး၊ ရွှမ်ဟေး၏ မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူနဲ့ လက်စားချေလိုသည့် အရိပ်ယောင်တွေ ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။
"ကောင်းပြီလေ။ ဒီကိုယ်ပွားကို မင်းအတွက် ငါ ထားခဲ့ပေးမယ်။ ဒါပေမယ့် မင်း သတိထားရမယ်။ ဒီရှေးဟောင်းနက်နဲသိမ်မွေ့မြွေက အခြားတဖက်လူဆီမှာ ရှိနေတာ မကောင်းဘူး။" ချင်ယွင်က ရွှမ်ဟေးကို ပြောလိုက်သည်။
ရွှမ်ဟေးက ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွားဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
“ဘုန်း…”။
ရွှမ်ဟေး၏ ရုပ်အသွင်သည် ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွားနှင့် ပြင်းထန်စွာ ထိပ်တိုက် ဆုံမိသွားသည်။ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး သူ့ခြေရင်းအောက်က ရေအိုင်သည် ကောင်းကင်ယံကို လှုပ်ခတ်သွားစေ နိုင်သည့် လှိုင်းလုံးကြီးတွေကိုတောင် ထုတ်လွှတ်လိုက်ပါသည်။
ရွှမ်ဟေးနှင့် ဟောင်ယန်၏ ကိုယ်ပွားတို့သည် နောက်သို့ တွန်းကန်သွားခဲ့ပြီး၊ ၎င်းတို့နှစ်ဦးသည် ဆန့်ကျင်ဘက်အနေထားဖြင့် ရပ်နေခဲ့ကြသည်။
"ရွှမ်ဟေး၊ မင်းက တကယ်ကို သေချင်နေတာလား?" ဟု ဟောင်ယန်၏ကိုယ်ပွားက အေးစက်စွာ မေးသည်။
"ဟမ့်၊ ငါ့ရဲ့ခွန်အားက မင်းရဲ့အစစ်အမှန် ခန္ဓာကိုယ်ကို မသတ်နိုင်ပေမယ့် မင်းရဲ့ ကိုယ်ပွားကိုတော့ ငါ သတ်နိုင်ပါသေးတယ်။ အဲဒါကြောင့် မင်းရဲ့ကိုယ်ပွားကို ဒီနေ့ ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်မယ်။" ရွှမ်ဟေးက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ လေသံက လွှမ်းမိုးမှုအပြည့် ရှိနေပါသည်။
"ဟမ်၊ မင်းက သေဖို့ ဒီလောက် အလျင်လိုနေမှတော့ ငါ မင်းကို အရင်သတ်မယ်။ ပြီးမှ ဒီလူကောင်ကို သတ်ပစ်မယ်" ဟောင်ယန်၏ ကိုယ်ပွားသည် အေးစက်စွာ အော်ဟစ်လိုက် ပြီး ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို စွမ်းအင်အတက်အကျလှိုင်းများကို သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဝှီး…။ ဟောင်ယန်၏ကိုယ်ပွားသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှမ်ဟေးဆီသို့ ပစ်ဝင်လိုက်သည်။ ဧရာမရေမြွေကြီး နှစ်ကောင်သည် လက်နှစ်ဖက်ဖြင့် ရေကန်ထဲမှ ခုန်ထွက်လာသည်။
ရွှမ်ဟေးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး အလားတူ မြွေကြီးနှစ်ကောင်ကို ဖန်တီးကာ၊ ဟောင်ယန်၏ကိုယ်ပွားအသွင် ပြောင်းလဲထားသော ဧရာမမြွေကြီးဆီသို့ တရစပ် အပြင်းအထန် တိုက်ခိုက်လိုက်လေသည်။
“ဘုန်း..”။
ရေမြွေကြီး လေးကောင်သည် အပြင်းအထန် တိုက်မိပြီး ပေါက်ကွဲသွားကာ မိုးရေစက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝှီး….။
ဟောင်ယန်၏ကိုယ်ပွားသည် ကြီးမားသော ရေကန့်လန့်ကာကြီးကို ဖြတ်ကျော်ပြီး၊ ရွှမ်ဟေး၏ ရှေ့တွင် ချက်ချင်း ပေါ်လာပါသည်။ သူသည် ရွှမ်ဟေး၏ ရင်ဘတ်ကို နှိုင်းစာ၍မရသော အရှိန်ဟုန်ဖြင့် လက်သီးတစ်ချက် ပစ်ထိုးလိုက်သည် ။
ခပ်အုပ်အုပ်အသံနှင့်အတူ ရွှမ်ဟေး၏ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန် ဆုတ်သွားရ သည်။ သူသည် ရေကန်ကြီးအနားရှိ ဧရာမသစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိသဖြင့် ပေါက်ကွဲသွားကာ ရွှမ်ဟေး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
“ဖူး..”။
ရွှမ်ဟေး၏ပါးစပ်မှ သွေးများ ဖျန်းခနဲ အန်ထုတ်သွားသည်။ သေချာသည်မှာ၊ ဟောင်ယန်၏ ကိုယ်ပွားထံမှ လက်သီးချက်က သူ့ကို အတော်လေး ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။
"ဟား…၊ ဟား…၊ မင်းက ငါ့ကိုယ်ပွားကိုတောင် အနိုင်မယူနိုင်ဘူးလို့ ငါ ပြောခဲ့ပြီးသားပဲ။ ဒါနဲ့တောင်မှ လက်စားချေချင်နေသေးတယ်။ မင်းက တကယ်ကို ရူးသွပ်နေတာပဲ" အဝေးမှာ ရပ်နေသည့် ဟောင်ယန်က ထိုမြင်ကွင်းကို မြင်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ၏ဘေးမှာ ရပ်နေသည့် မောက်မာသော လူငယ်လေးကလည်း ခပ်ဖျော့ဖျော့ အပြုံးဖြင့် အပြုံးမပျက် ရှိနေပါသည်။
ရွှမ်ဟေး၏ မျက်လုံးများသည် အလွန်အမင်း မှိုင်းညို့ပြီး အေးစက်နေသည်။ သူသည် အခြားတဖက်လူကို ဝါးမျိုရန် ရွေးချယ်လိုက်ရင်း သူ၏မျက်လုံးတစ်စုံက အနှိုင်းမဲ့ နီရဲနေလေသည်။
"မင်း ငါ့ကို လှုပ်ရှားစေချင်လား?" ချင်ယွင်က အသံဖြင့်ပို့လွှတ်ကာ မေးလိုက်သည်။
"မလိုဘူး" ရွှမ်ဟေးက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ သူသည် သူ၏ရင်ဘတ်ကို အုပ်ပြီး မတ်တပ် ပြန်ထလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများ ကိုလည်း ထိမ်းချုပ်ထားခြင်း မရှိတော့ပဲ ထုတ်လွှတ်လိုက်ပါသည်။