← Chapters

အခန်း ၁၀၁၉

Vol. 68 Ch. 1019

အခန်း ၁၀၁၉

Vol. 68 Ch. 1019

အခန်း (၁၀၁၉) ရွှမ်ဟေး၏ပေါက်ကွဲမှု

ဘန်း…။

ရွှမ်ဟေး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး ဤကြောက်မက် ဖွယ် အငွေ့အသက်များက ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

ရွှမ်ဟေး၏ မျက်လုံးများသည် မှင်ကဲ့သို့ နက်မှောင်သွားပါသည်။ သူ၏နောက်မှ အနက်ရောင် ဆံပင်တွေက ရုတ်တရက် နှင်းတွေလို ဖြူဖတ်သွားခဲ့သော်လည်း၊ သူ၏ခန္ဓာကိုယ်က ကြောက်စရာကောင်းသည့် ခွန်အားတွေနှင့် ပြည့်နေပုံရသည်။

"လူတစ်ယောက်ရဲ့ သက်တမ်းကို ခွန်အားနဲ့ လဲလှယ်ပေးနိုင်တဲ့ လျှို့ဝှက်ပညာရပ်လား?" ချင်ယွင် အံ့သြသွားသည်။ အရင်တုန်းက သူ ဟောင်ခွန်ကို သင်ပေးရာမှာ အသုံးပြုခဲ့သော ဤကဲ့သို့ လျှို့ဝှက်ပညာတစ်မျိုး သူ၏စိတ်ထဲမှာလည်း ရှိနေခဲ့သည်။

ထိုကဲ့သို့သော လျှို့ဝှက်နည်းပညာသည် အလွန်မင်း အစွမ်းထက်သော်လည်း ပေးဆပ်ရ သည့် တန်ဖိုးက ၎င်းသည် လူတစ်ဦး၏သက်တမ်းကို များစွာ လျှော့နည်းသွားစေနိုင်ပါ သည်။ ရွှမ်ဟေး၏ ရုတ်ချည်းဆိုသလို ဆံပင်များ တခေါင်းလုံး ဖြူဖွေးသွားခြင်းမှတဆင့် ဤအချက်ကို မြင်နိုင်ပါသည်။

ဘန်း…။

ရွှမ်ဟေးသည် လှိုင်းလုံးများပေါ်ကို ခြေနင်းပြီး ရေကန်၏ မျက်နှာပြင်ပေါ်သို့ တစ်ဖန် လျှောက်သွားခဲ့သည်။ မူလက ရေကန်၏ မုန်တိုင်းတစ်ခုလို ကြမ်းကြုတ်ခက်ထန်နေသော ရေမျက်နှာပြင်သည် မှန်တစ်ချပ်လိုပင် ရုတ်တရက် ပြန်လည် ငြိမ်သက်သွားပါသည်။

'"ဟောင်ယန်၊ မင်းကိုသတ်ဖို့အတွက် ဒီလျှို့ဝှက်ပညာရပ်ကို ငါ လေ့ကျင့်ထားခဲ့တယ်။ နောက်ဆုံး ဒီနေ့အထိတိုင် ငါ စောင့်စားနေခဲ့တယ်။ ဒီလျှို့ဝှက်ပညာရပ်ကို ငါ အသုံးပြု ရင်တောင်မှ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ငါ သိထား တယ်။ ဒါပေမယ့်, ဒီနေ့ မင်းရဲ့ကိုယ်ပွားကို ဖျက်ဆီးဖို့အတွက်တော့ လုံလောက်နေပါပြီ" ရွှမ်ဟေးက အေးစက်စွာ ပြောသည်။ သူ၏အသံက ပြင်းထန်သော ဆုံးဖြတ်ချက် ပြတ်သားမူနှင့် ပြည့်နေသည်။

"ဟမ့်၊ မင်းက ငါ့ကိုယ်ပွားကို လျှို့ဝှက်နည်းပညာသုံးပြီး ဖျက်ဆီးနိုင်မယ်လို့ တကယ် ထင်နေတာလား?။ ငါ မင်းကို ပြောပြဦးမယ်။ ငါ့ကိုယ်ပွားက ရှေးဟောင်းနက်နဲသိမ်မွေ့ မြွေတစ်ကောင်ပဲ။ သူ့ရဲ့ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားသားရဲအောက်သာ နိမ့်ကျ တယ်။ မင်း ငါ့ကိုယ်ပွားကို ဖျက်ဆီးချင်တယ်ဆိုရင်တော့၊ မင်း အိပ်မက်သာ ဆက်မက်နေ လိုက်တော့။" ဟောင်ယန်၏ ကိုယ်ပွားက ဂရုမစိုက်သလို လှောင်ပြောင် ပြောသည်။

"ဒါဆို စမ်းကြည့်ပါဦး။" ရွှမ်ဟေးက အော်လိုက်ပြီး သူ၏တစ်ကိုယ်လုံး စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာကာ၊ သူ၏ခြေထောက်အောက်မှ ရေအိုင်ကြီး ပေါက်ကွဲသွားပါသည်။ ရွှမ်ဟေး၏ ရုပ်အသွင်သည် ချက်ချင်းပင် ရောင်စုံအလင်းတန်းများအဖြစ်သို့ ပြောင်းလဲ သွားပြီးနောက် ဟောင်ယန်၏ ကိုယ်ပွားရှေ့တွင် ပေါ်လာသည်။

ဟောင်ယန်၏ ကိုယ်ပွား၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ ထူထဲသော အကြေးခွံများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပါသည်။ ဤရွှမ်ဟေး၏ အရှိန်ဟုန်သည် ရုတ်တရက် ဤမျှ လျင်မြန်လာမည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါ ဘူး။ သို့သော် သူ့အား ထိတ်လန့်တုန်လှုပ်စေမည့်အရာက ဆက်ရှိ နေပါသေးသည်။

ရွှမ်ဟေးသည် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများနှင့်အတူ သူ၏လက်ဖဝါးသည် ဤဟောင်ယန်ပွားတော်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟောင်ယန်ကိုယ်ပွား၏ ရင်ဘတ်ပေါ်ရှိ အကြေးခွံများသည် ချက်ချင်း ပေါက်ကွဲသွားသည်။ ဟောင်ယန်၏ ကိုယ်ပွားသည် ပါးစပ်ထဲမှ သွေးများ အန်ထွက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်စင်သွားခဲ့သည် ။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟောင်ယန်၏ကိုယ်ပွားက အံ့အားသင့်ဟန် အမူအရာကို ထုတ်ဖော်လာခဲ့သည်။ ဤရွှမ်ဟေးသည် သူ၏ ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွား၏ အကာကွယ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်သည်ဟု သူ မယုံနိုင်ပေ။

ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်နေသော်လည်း သူ၏မျက်လုံးထဲတွင် အပြုံးရိပ်က ပေါ်လာပါသည်။ လျှို့ဝှက်ပညာရပ်ကို အသုံးပြုနေသော ရွှမ်ဟေးသည် ကောင်းကင်တာအို နယ်ပယ်၏ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။ ဤရှေးဟောင်း နက်နဲသိမ်မွေ့မြွေ၏ ခန္ဓာကိုယ်သည် သန်မာသော်လည်း ရွှမ်ဟေး၏ အင်မော်တယ် အနှစ်သာရတွင် အလွန်မင်း ပြင်းထန်သော တိုက်စားခြင်း အဆိပ်သင့်နိုင်သည့် စွမ်းအင်များ ပါဝင်နေသည်ကို မေ့ထား၍ မရပေ။ ထို့ကြောင့် ဤရှေးဟောင်းနက်နဲသိမ်မွေ့မြွေ၏ အကြေးခွံများသည် ရွှမ်ဟေးကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။

ဝှီး…။

ရွှမ်ဟေး၏ လက်ဖဝါးသည် ဟောင်ယန်၏ ကိုယ်ပွားဖြစ်သည့် ရှေးဟောင်းနက်နဲသိမ်မွေ့ မြွေကို ထိမှန်သွားသော်လည်း သူသည် ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူ၏ရုပ်အသွင်က ချက်ချင်း ပျံထွက်ပြီး နောက်ပြန် လွင့်စင်သွားသည့် ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွား နောက်ကို လိုက်ပါသွားခဲ့ပါသည်။

"သေလိုက်တော့.." ဟောင်ယန်၏ ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွားသည် ရွှမ်ဟေးသည် အနီးကပ် ရုတ်တရက် သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရလျှင်၊ ရေဓါးကြီးကို ချက်ချင်း ပစ်လွှတ်လိုက်သည်။ ကြောက်စရာကောင်းသော ရေဓါးကြီးတွင် အလွန်ပြင်းထန်သော ကောင်းကင်တာအို စွမ်းအင် အတက်အကျလှိုင်းများ ပါရှိနေသည်။

သို့သော် ရေဓါးကြီးသည် ရွှမ်ဟေး၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်နှင့်အမျှ၊ ရွှမ်ဟေး၏ ခန္ဓာယ်ကို ချက်ချင်းပင် ထက်ဝက် ကွဲထွက်သွားခဲ့သည်။ ထို့နောက် ရွှမ်ဟေး၏ ခန္ဓာကိုယ်သည် အနက်ရောင်အလုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ရေကန်ထဲသို့ ကျသွားခဲ့သည်။

"ဘာလဲ၊ ဒါက ခန္ဓာကိုယ်အတုလား?" ဟောင်ယန်၏ ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွားသည် ချက်ချင်း ဆိုသလိုပင် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်ပြသ လိုက်ပြီး၊ မကောင်းတဲ့ ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင် လာသည်။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် ဟောင်ယန်၏ ဦးခေါင်းထက်မှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုက ချက်ခြင်း တိုက်ခိုက်လာသည်။ ရွှမ်ဟေးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး အနက်ရောင်ရေမှ လုံးလုံးလျားလျား ပေါင်းစည်း သိပ်သည်းထားသော လှံတစ်စင်းက သူ၏လက်ထဲတွင် ပေါ်လာသည်။

လှံသည် လေဟာနယ်ကို ထိုးဖောက်ပြီး အလွန်မင်း အစွမ်းထက်သော စွမ်းအားများ ပါရှိနေသည်။

လှံဆင်းသက်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့်မြေကြီးသည် အက်ကွဲသွားခဲ့သည်။

ဟောင်ယန်၏နက်နဲသိမ်မွေ့မြွေ ကိုယ်ပွားသည် တုံ့ပြန်ရန် အချိန်မရှိခင်မှာ အနက်ရောင် လှံဖြင့် ထိုးဖောက်ခြင်း ခံခဲ့ရသည်။

“ဘုန်း…”။

ဟောင်ယန်၏ နက်နဲသိမ်မွေ့မြွေကိုယ်ပွားသည် အိုင်ရေထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ သည်။ သူ၏ ရင်ဘတ်တွင် ကြီးမားသော သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာပြီး အဆိပ်သင့်နေသော အင်မော်တယ် အနှစ်သာရက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အရူးအမူး ကျူးကျော် ဝင်ရောက်နေသည်။

"ဟမ့်၊ မင်းတော့ သေပြီ။" ရွှမ်ဟေးက ရယ်မောလိုက်ပြီး သူ၏လက်ထဲမှာ ကြောက်စရာ ကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခု လှိမ့်တက်လာခဲ့ပြီး ဟောင်ယန် ကိုယ်ပွား၏ ဦးခေါင်းကို ရိုက်ချိုးတော့မည်။

အကယ်၍ ဤလက်ဖဝါးချက်သာ ထိမှန်သွားပါက၊ ဤရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွား၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ၊ ၎င်းသည် ဦးခေါင်းသည် ပေါက်ကွဲပြီး အဆုံးသတ်သွားနိုင်ပါသည်။

"ရပ်…"

အဝေးမှ ဟောင်ယန်သည် နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ပေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ကိုယ်ပွား အသတ်ခံရခြင်းမှ ဟန့်တားရန် ကြိုးပမ်းရင်း ရွှမ်ဟေးဆီ ကို ချက်ချင်း ပြေးဝင်လိုက်သည်။

သို့သော်လည်း ရွှမ်ဟေး၏ နှုတ်ခမ်းထောင့်များက အပြုံးမပျက် ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို စွမ်းအင်အတက်အကျလှိုင်းများ သယ်ဆောင်လာသော သူ၏လက်ဖဝါးသည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ရှေးဟောင်း နက်နဲသိမ်မွေ့မြွေကိုယ်ပွား၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။

“ဘုန်း…။

ရှေးဟောင်းနက်နဲသိမ်မွေ့မြွေ ကိုယ်ပွား၏ ဦးခေါင်းသည် ချက်ခြင်း ပေါက်ကွဲသွားပါသည်။ ရှေးဟောင်းနက်နဲသိမ်မွေ့မြွေကိုယ်ပွားသည် ဦးခေါင်းမရှိသော သားရဲအဖြစ်သို့ ပြောင်းလဲ သွားပြီး ရေထဲသို့ နစ်မြုပ်သွားခဲ့သည်။

"မင်းက သေချင်နေတာလား။“

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ဟောင်ယန်၏ မျက်လုံးများသည် ချက်ချင်းပင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေလေသည်။ သူ၏ရုပ်အသွင်က ရွှမ်ဟေး၏ဘေးမှာ ချက်ချင်း ပေါ်လာပြီး ရွှမ်ဟေး၏ ရင်ဘတ်ကို ယဉ်ကျေးမနေတော့ဘဲ ထိုးချလိုက်သည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှမ်ဟေး၏ရင်ဘတ်သည် ချက်ချင်း ပေါက်ကွဲ သွားသည်။ သူ၏အသွေးအသားစတွေက လွင့်စင်သွားပြီး နံရိုးတွေလည်း လုံးလုံး လျားလျား ကွဲအက်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ ကြွေကျနေသော ဥက္ကာပျံကဲ့သို့ နောက်သို့ လွင့်ပျံသွားသည်။ သို့သော် သူ၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

ဟောင်ယန်၏ ကိုယ်ပွားတစ်ဉီးကို သတ်ဖြတ်နိုင်ခြင်းကပင် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ ကျန်ကြွင်းသော အရာများကို ချင်ယွင်ထံ လွှဲအပ်ရန်သာ လိုပါသည်။

All Chapters