အခန်း ၁၀၂၂
Vol. 69 Ch. 1022
အခန်း (၁၀၂၂) ဟောင်ယန်ကို အနိုင်ယူခြင်း။
"ဟား…၊ ဟား…၊ ငါ့ရဲ့ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိတယ်ပေါ့။ မင်း သေမှာ သေချာသွားပြီ။" ဟောင်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမူ အပြည့်ရှိနေပါသည်။
ချင်ယွင်က ရှောင်တိမ်းခြင်းမရှိဘဲ တိုက်ခိုက်ရန် ခွင့်ပြုလိမ့်မည်ဟု သူ မည်သည့်အခါမှ တွေးမထားခဲ့ပေ။ ဤလက်ဖဝါးရိုက်ခြင်းကြောင့် ချင်ယွင်သည် သေဆုံးလိမ့်မည်ဟု သူ သေချာပေါက် ယုံကြည်ထားခဲ့သည်။
သူ၏အမြင်အရဆို, ချင်ယွင်သည် မည်မျှပင် အစွမ်းထက်နေပါစေ, သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် အလွန်နုနယ်နေဆဲပင် ဖြစ်သည်။ သူ၏လက်ဖဝါးတွင် ပါရှိသော အင်မော်တယ် စိတ်ဝိညာဉ် စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်များကိုပင် သတ်ဖြတ်ရန် လုံလောက်ပါသည်။ ချင်ယွင်သူ၏ ဤတိုက်ခိုက်မှုကို ခုခံနိုင်ပါမှသာ ထူးဆန်းပေလိမ့်မည်။
အဝေးမှ ရွှမ်ဟေး၏ မျက်လုံးများက စိတ်ပျက်အားငယ်နေသည့် အမူအရာများ ပေါ်လွင်နေ သည်။ သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ ကလဲ့စားချေနိုင်သည်အထိ ရောက်ရှိနိုင်သည်ဟု မူလက သူ ထင်ခဲ့သော်လည်း ဤကောင်းကင် ဆေးလုံးအောက်တွင် ချင်ယွင် သေဆုံးရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ သို့သော် ချင်ယွင်သည် အဘယ်ကြောင့် ရှောင်တိမ်းခြင်းမရှိဘဲ ဟောင်ရန်ကို တိုက်ခိုက်ရန် ခွင့်ပြုခဲ့ရသည်ကို သူ နားမလည်နိုင်ခဲ့ပေ။ သူက တကယ်ဘဲ သေချင်နေတာများ ဖြစ်နိုင်မလား?။
အဝေးမှ တတိယမင်းသားသည် ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်ရင်း၊ သူ၏ မျက်လုံးများ တွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပေါ်လာပါသည်။ သေချာသည်မှာ၊ ဤလူသားသည် မုချသေရမည်ဟု သူလည်း ယုံကြည်ထားခဲ့သည်။
"ဟမ့်၊ မင်း ငါ့လက်ထဲ သေရမယ်လို့ ငါ ပြောခဲ့တယ်။ အခုတော့ အရာအားလုံး ပြီးသွားပြီ။ မင်း ဒီကမ္ဘာကနေ ထာဝရ ပျောက်ကွယ်သွားနိုင်ပြီ" ဟောင်ယန်က ရယ်မောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူ၏လက်ဖဝါးကို ရုတ်သိမ်းရန် ကြံရွယ်လိုက်ပါသည်။
ဘန်း…။
သို့သော်လည်း ထိုအချိန်မှာပင် ချင်ယွင်၏ လက်ဖဝါးသည် ချက်ချင်း ဆန့်ထွက်လာကာ ဟောင်ယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပါသည်။
ဟောင်ယန်သည် ချက်ချင်း ထိတ်လန့်သွားသည်။ သူက ချင်ယွင်ကို မယုံကြည် နိုင်လောက် သည့် အမူအရာဖြင့် ကြည့်ကာ အံ့သြစွာ ပြောလိုက်သည် "မင်း... မင်း မသေသေးဘူး လား?"။
ချင်ယွင်သည် ပါးစပ်ထောင့်စွန်းတွင် အပြုံးမပျက် ရှိနေရင်း ခေါင်းမော့လာကာ ပြောလိုက် သည် "ခင်ဗျားရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ကျုပ်ကို သတ်နိုင်မယ်လို့ ခင်ဗျား တကယ်ကြီးကို ထင်နေတာလား?"
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။" ဟောင်ယန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
အဝေးမှလူတိုင်းသည် အလွန်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။ ဤလူသားသည် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းမှ အမှန်တကယ် လွတ်မြောက်ခဲ့သည်။
အဝေးမှာ ရောက်နေသော ရွှမ်ဟေးသည်လည်း အံ့အားသင့်သော အမူအရာရှိနေသည်။ သူ၏မျက်လုံးများသည် တောက်ပသော အလင်းရောင်ဖြင့် တစ်ဖန် တောက်ပလာပြန် သည်။ တစ်ဖက်တွင်မူ နဂါးမျိုးနွယ်စု၏ တတိယမင်းသားသည် အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ တခဏလောက် စဉ်းစားပြီးနောက်၊ သူက ချင်ယွင်ကို ပူလောင်သော အကြည့်ဖြင့် ကြည့်ရင်း "စိတ်ဝိညာဉ် ကာကွယ်ရေးရတနာ" ဟူသော စကား အနည်းငယ်ကို ထုတ်ပြောလိုက်ပါသည်။
စိတ်ဝိညာဉ်အမျိုးအစား ရတနာများသည် အလွန်နည်းပါးသော်လည်း ဤရတနာများသည် မည်မျှ အဖိုးတန်ကြောင်းကိုလည်း ပြသရာရောက်ပေသည်။ တတိယမင်းသား၏ မျက်လုံးများတွင်၊ မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံးကိုပင် ခုခံနိုင်စွမ်းရှိသော စိတ်ဝိညာဉ် ရတနာသည် လုံးဝ အနှိုင်းမဲ့ အဖိုးတန်ပါသည်။ ဤအရာက သူ၏နှလုံးသားကို အလိုလောဘ ကြီးထွားလာစေသည်။
ချင်ယွင်သည် ဟောင်ယန်၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို ကြည့်ပြီး ပြုံးလိုက် သည်။ သူက သူ၏မေးခွန်းကို ပြန်မဖြေပါ။ ဟောင်ယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင် ထားသောလက်သည် ချက်ချင်းပင် ခွန်အားကို ထုတ်ဖော်ပေးလိုက်သည်။
“ဖျစ်..”။
အရိုးအက်ကွဲသံ ကြားလိုက်ရသည်နှင့်, ဟောင်ယန်၏လက်သည် ချင်ယွင်ကြောင့် ပြင်းပြင်းထန်ထန် ကျိုးသွားပါသည်။ ပြင်းထန်သော နာကျင်မှုသည် ဟောင်ယန်ကို အသံထွက်ပြီး အော်ဟစ်မြည်တမ်းစေသည်။
"ဟောင်ယန်၊ ခင်ဗျားက ကျုပ်ကို ထပ်ခါထပ်ခါ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ခင်ဗျား ကျုပ်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးပြီ။ အခု ပြန်ပေးရမယ့်အချိန်ပဲ" ချင်ယွင်က ရယ်မောလိုက်သည်။
ထိုစကားကိုပြောပြီးနောက် သူ၏လက်တစ်ဖက်ကို လက်သီးအဖြစ် ဆုပ်လိုက်ပြီး လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုစွမ်းအားများက ချက်ချင်းပင် သူ၏ လက်သီးထဲသို့ တိုးဝင်လာခဲ့သည်။
သူ၏လက်သီးချက်ကြောင့် လေပြင်းနှင့်မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ၊ ဟောင်ယန်၏ ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော စွမ်းအားတစ်ခု ကျရောက်သွားသည်။
ဒေါင်..…။
ဟောင်ယန်၏ ခန္ဓာကိုယ်သည် ထိုးခံထားရသော ခေါင်းလောင်းကြီးနှင့်ပင် တူနေသေး သည်။ သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ၏လက်သီးတွင်ပါရှိသော စွမ်းအားသည် မြေပြိုကျသည့်အလား တဟုန်ထိုး ပြိုဆင်းသွားခဲ့ပြီး၊ ဟောင်ယန်ကို ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားစေသည်။
ဟောင်ယန်၏ ခန္ဓာကိုယ်သည် အဝေးမှ အဆောက်အဦးတန်းတွေကို ချက်ချင်း ဖျက်ဆီး ပစ်လိုက်သည်။ သူသည် ပေထောင်ပေါင်းများစွာ နောက်သို့ လွင့်ပျံသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေရင်း အပျက်အစီးများပေါ်တွင် လဲကျနေ သည်။
မြွေမျိုးနွယ်စုဝင်များသည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်မင်း တုန်လှုပ်သွားကြ သည်။ သူတို့၏ နှလုံးသားထဲတွင်မူ၊ သူတို့၏ ပြိုင်ဘက်မရှိသော မျိုးနွယ်စု ခေါင်းဆောင် သည် လူသားလူငယ်တစ်ဦး၏ အနိုင်ယူခြင်းကို ခံနေခဲ့ရသည်။ ထို့ပြင် ၎င်းသည် မြွေမျိုးနွယ်စု၏ ကောင်းကင်ဘုံဆေးလုံးကိုလည်း အသုံးပြုထားသေးသည်။
ချင်ယွင်သည် အပျက်အစီးများကြားထဲတွင် ရုန်းကန်နေရသော ဟောင်ယန်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟောင်ယန်ဆီသို့ နောက်တစ်ကြိမ် ပျံသန်းသွားခဲ့သည်။ သူသည် သူ၏ ကောင်းကင်မျိုးစပါးအုံးမြွေ သွေးမျိုးဆက်၏ သွေးအနှစ်သာရကို သိမ်းပိုက်ရန်အတွက် ဤဟောင်ရန်ကို သေချာပေါက် သတ်ပစ်ချင်ခဲ့သည်။
"ခွင့်မလွှတ်နိုင်ဘူး။ ခွင့်မလွှတ်နိုင်ဘူးကွာ။ ငါဟောင်ယန်၊ ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်မယ်" ချင်ယွင်သည် သူ့ဆီသို့ ပျံသန်းလာသည်ကို ဟောင်ယန်က စောင့်ကြည့် နေရင်း၊ သူ၏ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။
ဧရာမအနီရောင်မြွေကြီးသည် လူတိုင်း၏အမြင်အာရုံထဲတွင် ပေါ်လာသည်။ ၎င်းသည် ပေတစ်ထောင် ရှည်လျားသည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မျိုးနွယ်စု နေရာ၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသည်။ သူ၏တစ်ကိုယ်လုံး မီးတောက်ကဲ့သို့ နီရဲနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်သည်။
"ခေါင်းဆောင်က ဒီအချက်ကိုအသုံးပြုရတိုင် တကယ်ကို အတင်းအကြပ် ဖိအားပေးခံနေရ တယ်။ သူက သူ့ကိုယ်ခန္ဓာ အစစ်အမှန်ကို တကယ်ပဲ ပြောင်းလဲလိုက်ပြီ။ သူက သူ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို တကယ်ပဲ အသုံးပြုတော့မှာလား?။" အဝေးမှ မျိုးနွယ်စု ဝင်များသည် အံ့အားသင့်စွာ အော်ပြောကြရင်း သူတို့၏ နှလုံးသားတွေက တဆတ်ဆတ် ခုန်နေလေသည်။
ဤတိုက်ပွဲက သူတို့ကို အမှန်တကယ် ထိတ်လန့်စေခဲ့ပါသည်။ အထွတ်အထိပ်အဆင့်မှာ ရှိနေသည့် ယခုလိုတိုက်ပွဲမျိုးသည် သူတို့ကို သူတို့နှလုံးသားများ၏ နက်ရှိုင်းရာအရပ်ဆီမှ တုန်လှုပ်သွားကြပါသည်။
"ငါ့အတွက် သေလိုက်တော့။ ကောင်းကင်ဘုံကို ဝါးမြိုပြီး မြေကြီးကို စားလိုက်စမ်း။" ဟောင်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏မြွေပါးစပ်ကြီးသည် ချက်ချင်း ပွင့်သွားပြီး ဧရာမတွင်းနက်ကြီးတစ်ခုကဲ့သို့ ချင်ယွမ်ဆီသို့ စုပ်ယူလိုက်လေသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ ကြီးမားပြင်းထန်သော စုပ်ယူမှုစွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရဖြင့် ဟောင်ရန်၏ ကြီးမားသော ပါးစပ်ဆီသို့ ပျံသန်းသွားခဲ့သည်။
သူ၏အနားရှိ ကျောက်တုံးများနှင့် သစ်ပင်များအားလုံး ပျံတက်သွားပြီး ဧရာမအနီရောင် မြွေကြီး၏ ပါးစပ်ထဲသို့ ပျံတက်သွားကြသည်။
"တကယ်ကို ကောင်းကင်မျိုးစပါးအုံးမြွေရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ကောင်းကင်နဲ့ မြေကြီးကို ဝါးမျိုးခြင်းက အရင်တုန်းက ရှောင်ဘိုင်ထက် အဆပေါင်း မရေမတွက်နိုင်အောင် အစွမ်းထက်တာပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဟောင်ယန်သည် ဤလှုပ်ရှားမှုကို အသုံးပြုလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤလှုပ်ရှားမှု၏ စွမ်းအားက ဤမျှလောက် ပြင်းထန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထား ပါဘူး။
"ကြည့်ရတာ နဂါးနတ်ဘုရားရဲ့ စွမ်းအားကို အသုံးပြုရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ နဂါးနတ်ဘုရား၏ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ဤနတ်နဂါး၏ အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့်အမျှ သူ၏ရုပ်အသွင်သည် လေထဲတွင် အေးခဲသွားပုံရသည်။ ဤဟောင်ယန်သည် မည်မျှပင် စုပ်ယူပြီး မျိုချရန် ကြိုးစားနေပါစေ သူ၏ခန္ဓာကိုယ်ကို နည်းနည်းလေးမှ လှုပ်လို့ မရတော့ပါဘူး။
"ဒါက... နဂါးတန်ခိုးအစွမ်းလား?" အဝေးမှလူတိုင်း မျက်လုံးပြူးသွားကြသည်။ သူတို့ စိတ်ဝိညာဉ်၏ နက်ရှိုင်းရာအရပ်မှ ပြင်းထန်သော ဖိနှိပ်မှုကို ခံစားခဲ့ရသည်။
အဝေးမှ နဂါးမျိုးရိုး၏ တတိယမင်းသားသည် မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ မျက်နှာက တုန်လှုပ်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေသည်။ “မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ လူသားတစ်ယောက်ဟာ ငါတို့ရဲ့ နဂါးမျိုးနွယ် ဘိုးဘေးနဂါးရဲ့ တန်ခိုးစွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ?”
နဂါးမျိုးနွယ်စု၏ တတိယမင်းသား အောင်းဟန်သည် သူ၏ရှေ့မှ ဤလူသားလူငယ် ထုတ်လွှတ်နေသော အငွေ့အသက်သည် သူတို့နဂါးမျိုးနွယ်၏ ဘိုးဘေးဖြစ်သော နဂါးနတ်ဘုရား၏ တန်ခိုးအစွမ်းဖြစ်နေသည်ကို မယုံနိုင်လောက်အောင် ဖြစ်နေပါသည်။ ထို့အပြင်, ချင်ယွင်၏ အငွေ့အသက်သည် နဂါးမျိုးနွယ်စု၏ ဘိုးဘေးခန်းမရှိ ဘိုးဘေးရုပ်တု၏ အငွေ့အသက်နှင့် အတူတူပင် ဖြစ်ပါသည်။ ဤအရာက သူ့ကို တွေဝေမှိန်းမောသည့် ခံစားချက်ကို ပေးနေခဲ့သည်။
ဟုတ်ပါသည်။ အတုန်လှုပ်ဆုံးလူကတော့ ဟောင်ယန်ပါ။ သူ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်သည် သူ၏ရှေ့ရှိ လူငယ်အပေါ် သက်ရောက်မှုမရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ဤအရာက သူ၏နှလုံးသားထဲကို စိတ်ပျက်အားငယ်မှု တိုးဝင်လာစေခဲ့သည်။ ထို့အပြင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော နတ်နဂါးတန်ခိုးအစွမ်းသည် သူ့နှလုံးသား၏ အောက်ခြေမှပင် ထိတ်လန့်သွားစေသည်။
"မင်းရဲ့ လှုပ်ရှားမှုတွေ ပြီးဆုံးသွားပြီလား?။ ဒါဆိုလည်း ငါ့အလှည့်ရောက်ပြီပေါ့" ချင်ယွင်က ရယ်မောလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင် အစီအရီ အဖြစ်သို့ ပြောင်းလဲသွားပြီး တခဏချင်း ပျံထွက်သွားခဲ့သည်။ သူ၏လက်သီးပေါ်တွင် စွမ်းအင်အတက်အကျ လှိုင်းများသည် အလွန်ကြောက်စရာ ကောင်းနေပြီး ဟောင်ယန် ဆီသို့ တိုက်ရိုက် ပစ်ဝင်လိုက်သည် ။
ဟောင်ယန်သည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသော ရုပ်အသွင်ကို ကြည့်လိုက် သည်။ ဤသည်မှာ သူသည် သေခြင်းတရားကို ပထမဆုံး ခံစားရခြင်း ဖြစ်သည်။ သို့သော် ချင်ယွင်၏ အငွေ့အသက်သည် သူ၏အပေါ်တွင် ပိတ်ဆို့ထားပြီး ဖြစ်သည်။ ယခုအချိန်တွင် သူသည် ထွက်ပြေးလွတ်မြောက်ရန် နေရာမရှိတော့ပါဘူး။ အကယ်၍၊ ဤလက်သီးချက် သာ သူ့အပေါ်ကို ကျရောက်သွားခဲ့မည်ဆိုရင်, သူသည် သံသယမရှိ သေဆုံးသွားလိမ့်မည် ဟု သူ ယုံကြည်သည်။ သို့သော်လည်း သူ့ဆီသို့ တိုက်ခိုက်လာသော ဤလက်ချက်ကို သူသည် ခိုကိုးရာမဲ့သာ ကြည့်နေနိုင်ခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်က တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
"ရပ်လိုက်.."
သို့သော် ချင်ယွင်၏ လက်သီးချက်သည် ဟောင်ယန်ကို ထိလုနီးပါးအချိန်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏တိုက်ခိုက်ခြင်းကို တားဆီးလိုက်ရင်း ချင်ယွင်နှင့်ဟောင်ယန်တို့၏ရှေ့တွင် ရွှေရောင်ရုပ်အသွင်က ပေါ်လာသည်။