← Chapters

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း (၁၀၂၃) နဂါးမျိုးနွယ်စု၏ တတိယမင်းသား

နဂါးအငွေ့အသက်သည် ကျယ်ပြောပြီး, ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်ကြောင့် ချက်ချင်း ပြန်တွန်းထုတ်ခံခဲ့ရသည်။ သူသည် အဝေးမှာ လွင့်မျောနေပြီး ရုတ်တရက် ပေါ်လာသော ရွှေရောင်ဝတ်လူငယ်ကို ကြည့်လိုက်ပါသည်။

ဤလူကတော့ ဘေးကနေ ကြည့်ရူနေခဲ့သည့် နဂါးမျိုးနွယ်စု၏ တတိယမင်းသားမှ လွဲ၍ တခြားလူ မဟုတ်ပါဘူး။

"နောက်ဆုံးတော့ မင်း လှုပ်ရှားလာပြီပေါ့" ချင်ယွင်က သူ၏စိတ်ထဲတွင် လှောင်ရယ် နေခဲ့သည်။

အစောပိုင်းက သူသည် နဂါးမျိုးနွယ်စု၏ တတိယမင်းသားထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် နဂါးမျိုးနွယ်စု၏ တတိယ မင်းသားသည် လှုပ်ရှားလိမ့်မည်ဟု အချိန်အတော်ကြာကတည်းက ခန့်မှန်းထားခဲ့သည်။ ယခင်က သူသည် နဂါးနတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်ပြသခြင်းသည် နဂါးမျိုးနွယ်စု၏ မင်းသားကို စမ်းသပ်ရန်လည်း ကြံရွယ်ထားခြင်း ဖြစ်ပါသည်။

အောင်းဟန်၏ အေးစက်ပြီး မာနကြီးသော မျက်လုံးများသည် ချင်ယွင်ကို အေးစက်စွာ စိုက်ကြည့်နေသလို သူ၏မျက်လုံးများတွင် လေးနက်သော အကြည့်များလည်း ရှိနေပါ သည်။

"မင်း သူ့ကို သတ်လို့ မရဘူး။ မဟုတ်ရင် မင်းက ငါတို့ နဂါးမျိုးနွယ်စုနဲ့ ရန်သူဖြစ်အောင် လုပ်ရာရောက်လိမ့်မယ်။" နဂါးမျိုးနွယ်စု၏ တတိယမင်းသားက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"အိုး? ဟောင်ယန်က မြွေမျိုးနွယ်စုအဖွဲ့ဝင် တစ်ဦးလေ။ မင်းရဲ့နဂါးမျိုးနွယ်စုနဲ့ သူက ဘာဆိုင်လို့လဲ" ချင်ယွင်က ရယ်မောကာ မေးသည်။

"ဟောင်ယန်က ငါတို့ရဲ့နဂါးမျိုးနွယ်စုကို လက်အောက်ခံဖို့ ရွေးချယ်ထားခဲ့ပြီ။ ပုံမှန်အတိုင်း ငါတို့ရဲ့ နဂါးမျိုးနွယ်စုက သူ့ကို ကာကွယ်ပေးသင့်တယ်။" နဂါးမျိုးနွယ်စု၏ တတိယမင်းသားက အေးစက်စွာ ပြောသည်။ ထို့နောက် သူက ဟောင်ယန် ဘက်သို့ လှည့်ပြီး " မျိုးနွယ်စုခေါင်းဆောင် ဟောင်ယန်ကရော ကျုပ် အမှန်တွေ ပြောနေတယ်လို့ ထင်လား?” ဟု မေးလိုက်ပါသည်။

"မှန်တယ်။ အခုကစပြီး၊ ငါတို့မြွေမျိုးနွယ်စုက နဂါးမျိုးနွယ်စုကို လက်အောက်ခံ လိမ့်မယ်။" ဟောင်ယန်က ကမန်းကတန်း ကြေညာလိုက်သည်။

အဝေးက မြွေမျိုးနွယ်စုဝင်များသည် ချက်ချင်းဆိုသလို စတင်ပြီး ဆွေးနွေးကြသည်။ နဂါးမျိုးနွယ်စုသည် အစွမ်းထက်သည်ကို သူတို့သိထားကြသော်လည်း သူတို့ မြွေမျိုးနွယ်စု လည်း ထိပ်တန်း မျိုးနွယ်စုတစ်ခု ဖြစ်သည်။ အကယ်၍၊ သူတို့အနေဖြင့် ယခုလိုပုံစံမျိုးသာ နဂါးမျိုးနွယ်စုကို လက်အောက်ခံလိုက်မည်ဆိုရင်, ဟာသကြီးတစ်ခု ဖြစ်နေမည်မှာ သေချာပါသည်. ထို့အပြင်၊ ဤနည်းအားဖြင့်၊ သူတို့၏မြွေမျိုးစုဝင်များသည် နဂါးမျိုးနွယ် စု၏ လက်အောက်ခံတစ်ခု ဖြစ်လာကြပြီး၊ နဂါးမျိုးနွယ်စု၏ ကျေးကျွန်များ ဖြစ်လာကြ လိမ့်မည်။ ဤအရာကို သူတို့ လက်မခံနိုင်ပါဘူး။

"ဟမ့်၊ ဟောင်ယန် မင်းက တကယ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းပြီး အရှက်ကင်းမဲ့သူပဲ။ မင်းကိုယ်မင်း ကာကွယ်ဖို့အတွက်နဲ့ မင်းက တကယ်ပဲ မြွေမျိုးနွယ်စုတစ်ခုလုံးကို စတေးပစ်ခဲ့တယ်။" ရွှမ်ဟေး မတ်တပ်ထရပ်ပြီး ဟောင်ယန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

သူသည် မြွေမျိုးနွယ်စုမှ နှင်ထုတ်ခံရပြီး ဖြစ်သော်လည်း၊ သူသည် မြွေမျိုးနွယ်စု၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ယုံကြည်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဟောင်ယန်သည် မြွေမျိုးနွယ်စု တစ်ခုလုံးကို နဂါးမျိုးနွယ်စုထံ အမှန်တကယ် လက်အောက်ခံစေလိုကြောင်း သူ ကြားသောအခါ, သူ၏စိတ်ထဲတွင် ဒေါသဟူသည့် ခံစားချက်ကို ချက်ခြင်း ခံစားလိုက်ရ သည်။

ထိုစကားကို ကြားတော့ ဟောင်ယန်က ရွှမ်ဟေးကို သတ်ချင်စိတ်ဖြင့် ကြည့်လိုက်ရင်း, ဟောင်ယန်၏ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါသည်။

ရွှမ်ဟေး၏ စကားများသည် မြွေမျိုးနွယ်စုဝင်များစွာနှင့် ထပ်တူကျနေသောကြောင့် နဂါးမျိုးနွယ်စု၏ ခေါင်းဆောင်သည့် သူ့အား မကျေမနပ်ဖြစ်စ ပြုလာကြသည်။

“ဟမ့်၊ ရွှမ်ဟေး, မင်းက မြွေမျိုးနွယ်စုရဲ့ သစ္စာဖောက်တစ်ယောက်ပဲ။ မင်းက ဒီလို စကားမျိုးပြောဖို့ တကယ်ကို မျက်နှာရှိသေးတယ်ပေါ့။ တကယ်လို့, မင်းသာ ဒီနေ့ ဒီလူကို ငါ့ကိုသတ်ဖို့ မခေါ်ခဲ့ဘူးဆိုရင်, ငါကရော အခုလိုအတိုင်းတာမျိုးအထိ ဘယ်လိုလုပ် ဖိအားပေးခံရမှာလဲ?။ ငါက မြွေမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်တာကြောင့် မြွေမျိုးနွယ်စု တစ်ခုလုံးအတွက် သဘာဝအတိုင်း တွေးတောရလိမ့်မယ်။ နဂါးမျိုးနွယ်စုက ငါတို့ မွန်းစတားတိုက်ကြီးရဲ့ အုပ်စိုးသူအရှင်သခင်တွေ ဖြစ်တယ်။ ငါတို့မြွေမျိုးနွယ်စုကို သူတို့ဆီမှာ လက်အောက်ခံလိုက်ခြင်းက ဘာများ မှားနေလို့လဲ?။ အနှေးနဲအမြန်ဆိုသလို နဂါးမျိုးနွယ်စုသည် မွန်းစတားတိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းနိုင်လိမ့်မယ်။ ငါက အရင်ကတည်းက လမ်းရှင်းတဲ့ လမ်းကြောင်းကိုပဲ သွားခဲ့တယ်။" ဟောင်ယန်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏လေသံက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

ထိုစကားကို ကြားလျှင် မြွေမျိုးနွယ်စု အဖွဲ့ဝင်များသည် တိတ်ဆိတ်သွားကြသည်။ ဟောင်ယန် ပြောသည့် စကားတွေက မှန်ကန်ပါသည်။ နဂါးမျိုးနွယ်စုသည် မူလကတည်း က နတ်ဆိုးသားရဲမျိုးနွယ်စုတစ်ခုလုံး၏ အုပ်စိုးသူများ ဖြစ်ကြပါသည်။ သူတို့ နတ်ဆိုး သားရဲမျိုးနွယ်စုများကို မပေါင်းစည်းနိုင်ခင် အချိန်တစ်ခုသာ ကြာပါလိမ့်မည်။

ရုတ်တရက်ဆိုသလို, မြွေမျိုးနွယ်စုထဲမှ လူအများသည် စတင် ဆွေးနွေးကြသည်။ လူတချို့သည် ဟောင်ယန်၏ လုပ်ရပ်ကို ထောက်ခံခဲ့ကြပြီး အခြားတစ်ဖက်ကတော့ ဆန့်ကျင်ဘက် သဘောထားရှိနေကြသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို သူ၏မျက်လုံးများတွင် အပြုံးရိပ်သန်းလျှက် ကြည့်ရူနေခဲ့ သည်။

ယခုအခါ၊ သူသည် ဤနေရာတွင် နဂါးမျိုးနွယ်စု၏ တတိယမင်းသား အဘယ်ကြောင့် ပေါ်လာသည်ကို နောက်ဆုံးတွင် သိလိုက်ပါပြီ။

"နတ်ဆိုးသားရဲမျိုးနွယ်စု တစ်ခုလုံးကို ပေါင်းစည်းဖို့။ ကြည့်ရတာ ဤနဂါးမျိုးနွယ်စုရဲ့ ရည်မှန်းချက်က သေးငယ်ပုံမရဘူးပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးတောရင်း ရယ်မောလိုက်မိသည်။

နဂါးမျိုးနွယ်စု၏ တတိယ မင်းသားသည် ဟောင်ယန်ကို လက်အောက်ခံ ဖြစ်လာစေရန် ဆွဲဆောင်ဖို့အတွက် သဘာဝအတိုင်း ဤနေရာသို့ ရောက်ရှိနေခဲ့သည်။ သို့သော်လည်း, ဟောင်ယန်သည် ယခင်က တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော်, သူ၏လှုပ်ရှားမူက ဟောင်ဟန်ကို ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရအောင် လုပ်ဆောင်မိခဲ့သည်။

သူသည် နဂါးမျိုးနွယ်စု၏ ကြံရာပါတစ်ဦးဖြစ်လာလိမ့်မည်ဟု ချင်ယွင် မည်သည့်အခါမှ မထင်ထားမိခဲ့ပေ။

"ဒါဆို မင်းတို့နဂါးမျိုးနွယ်စုက ဒီဟောင်ယန်ကို လုံးဝ ကာကွယ်ပေးဖို့ စီစဉ်နေတာလား?" ချင်ယွင်က ရယ်မောကာ မေးသည်။

"မှန်တယ်။ မင်း ဒီနေ့ ဟောင်ယန်ကို မသတ်နိုင်ရုံတင် မကဘူး၊ မင်းရဲ့ စိတ်ဝိညာဉ် ကာကွယ်ရေး ရတနာကိုလည်း လွှဲပေးရမယ်။ မဟုတ်ရင် မင်း ဒီနေရာကနေ အသက်ရှင် လျှက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။" နဂါးမျိုးနွယ်စု၏ တတိယမင်းသားက ပြောသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်က သူ၏ခန္ဓာကိုယ်မှ ထွက်လာခဲ့ပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။

ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်ကို ခံစားလိုက်ရ သော်လည်း သူ၏မျက်လုံးများက ပေါ့ပါးသော အပြုံးရိပ်ကို ပေါ်လွင်စေသည်။ နဂါး နတ်ဘုရား၏ အငွေ့အသက်သည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာပြီး နဂါးမျိုးနွယ်စု တတိယမင်းသား၏ နဂါးအငွေ့အသက်ကို တိုက်ရိုက် ချိုးနှိမ်ထားလိုက် သည်။

နဂါးမျိုးနွယ်စု တတိယမင်းသား၏ အမူအရာသည် ပြောင်းလဲသွားသည်။ ယခင်က သူသည် အဝေးတွင် ရပ်နေစဉ်မှာကတည်းက, ချင်ယွင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နဂါးနတ်ဘုရား၏တန်ခိုးအစွမ်းကို ခံစားနိုင်သော်လည်း နဂါးနတ်ဘုရား၏ စွမ်းအားသည် မည်မျှ အစွမ်းထက်မည်ကို မခံစားနိုင်ခဲ့ပေ။ ယခုမူကား၊ သူ၏နဂါးအငွေ့အသက်သည် တစ်ဖက်လူ၏ နဂါးနတ်ဘုရား၏ တန်ခိုးအစွမ်းနှင့် ထိပ်တိုက် တွေေဆုံသောအခါတွင်၊ တဖက်လူ၏ နဂါးနတ်ဘုရားစွမ်းအားသည် မည်မျှအစွမ်းထက်သည်ကို သူ တွေ့ရှိလိုက်ရ ပြီ။

ဤအခိုက်အတန့်တွင် သူသည် ထိန်းမနိုင်သိမ်းမရ ခံစားလိုက်ရပြီး၊ သူ၏နဖူးပေါ်မှ ပုတီးလုံးလောက် ချွေးသီးချွေးပေါက်များ မထိန်းနိုင်ဘဲ ပေါ်လာပါသည်။

သူသည် နဂါးမျိုးနွယ်စု၏ မင်းသားတစ်ပါးဖြစ်ပြီး သူ၏သွေးမျိုးဆက်သည် မျိုးနွယ်စုတွင် နဂါးနတ်ဘုရားနှင့် အနီးစပ်ဆုံးလည်း ဖြစ်ပါသည်။ သို့သော်၊ သူထုတ်လွှတ်လိုက်သော နဂါးတန်ခိုးအစွမ်းသည် အမှန်တကယ်ပင် လူသားနတ်နဂါး၏ စွမ်းအားဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ ဤအရာက သူ၏နှလုံးသားကို မယုံကြည်မှုများနှင့် ပြည့်နှက်စေခဲ့သည်။

"မင်းမှာ ငါတို့နဂါးတွေရဲ့ ဘိုးဘေးရဲ့တန်ခိုးအစွမ်းတွေ ဘာလို့ ရှိနေတာလဲ?။" အောင်းဟန် က ကမန်းကတန်း မေးလိုက်သည်။

"လူသားတွေကရော နဂါးနတ်ဘုရားရဲ့ တန်ခိုးအစွမ်းကို မပိုင်ဆိုင်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ?။" ချင်ယွင် သည် အောင်းဟန်၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ လှောင်ပြောင်လိုက်သည်။

"ဟမ့်၊ မင်းလို လူသားတစ်ယောက်ဆီက ထွက်ပေါ်လာတဲ့ နဂါးနတ်ဘုရားရဲ့ တန်ခိုးအစွမ်း က ငါတို့ နဂါးမျိုးနွယ်စုကို စော်ကားလိုက်တာပဲ။ ဒီနေ့ မင်းကို ငါ သတ်ပြီး၊ ငါတို့ နဂါးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မင်းလိုနိမ့်ကျတဲ့ လူသားတွေက နင်းချေလို့ မရဘူးဆိုတာ မင်းကို အသိပေးမယ်။" အောင်းဟန်သည် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက် ကို ထုတ်လွှတ်ရင်း ဟစ်ကြွေးလိုက်သည် ။

"ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ လား?။ ကြည့်ရတာ နဂါးမျိုးနွယ်စုမှာ မင်းရဲ့ အဆင့်အတန်းက နိမ့်ကျပုံမပေါ်ဘူး။ မင်းတို့နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်, လဲ့ထန်းလုံနဲ့ တန်းတူနီးပါးလောက်ပဲ။" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက် သည်။

နဂါးမျိုးနွယ်စု၏ မင်းသားသည် နဂါးမျိုးနွယ်စု, မျိုးနွယ်စုခေါင်းဆောင်၏ သားတစ်ယောက်မဟုတ်ပါ။ ယင်းအစား၊ သူသည် နဂါးနတ်ဘုရားနှင့် အနီးစပ်ဆုံးသော သွေးမျိုးဆက်ရှိသည့် လူငယ်မျိုးဆက်မှ ဖြစ်ပါသည်။ အောင်းဟန်သည် အသန်မာဆုံး နဂါးနတ်ဘုရား၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပါသည်။ ၎င်းတို့အနက်မှ အောင်းဟန်၏ ကျင့်ကြံမူအဆင့်သည် အမြင့်ဆုံးဖြစ်ပြီး နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာရန် အလားအလာ အကောင်းဆုံးလည်း ဖြစ်ပါသည်။

"ဟမ့်၊ မင်းက ငါတို့နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို သူ့နာမည်အတိုင်း ဘယ်လိုလုပ် လွယ်လွယ်နဲ့ ခေါ်လိုက်ရတာလဲ?" အောင်းဟန်က ချက်ချင်း အော်ပြော လိုက်သည်။

"ဟား..၊ ဟား…။ သူ့ကို နာမည်အရင်းတိုင်း ခေါ်လို့လား?။ ငါ မင်းကို ပြောပါရစေ။ ငါ သူ့ကို နာမည်အရင်းတိုင်း ခေါ်ရုံတင်မကဘူး၊ မင်းရဲ့ မျိုးနွယ်စုကို ငါကိုယ်တိုင် သွားပြီးတော့ မင်းတို့မျိုးနွယ်စုဝင်တွေ အားလုံးရဲ့ရှေ့မှာ သူ့ကို ငါကိုယ်တိုင် သတ်ပစ်ဦးမယ်" ချင်ယွင် က လှောင်ရယ်ရယ်လိုက်ပြီး၊ သူ၏လေသံက အဆုံးမဲ့ မောက်မာမှုများဖြင့် ပြည့်နေခဲ့သည်။

အောင်းဟန်၏ နှိမ့်ချသောစကားများက သူ့အား အလွန်စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။ နဂါးများသည် အမြဲတမ်း မြင့်မြတ်သူများဖြစ်ကြောင်း သူ သိပါသည်၊ သို့သော် ၎င်းတို့သည် လူသားများကို သူတို့မျက်လုံးထဲ မထည့်ထားလောက်သည်အထိ မာနကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အဝေးမှ လူတိုင်းသည်လည်း မှင်သေသေဖြစ်သွားကြသည်။ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်ကို သတ်ဖြတ်မည့်အကြံအစည်သည် အလွန်ကြောက်စရာကောင်းသော အကြံစည်တစ်ခု ဖြစ်သည်။ ချင်ယွင်က ထိုကဲ့သို့စကားမျိုး အမှန်တကယ် ထုတ်ပြောလိမ့် မည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

အောင်းဟန်၏ နှလုံးသားထဲသို့ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က တဟုန်ထိုး တိုးဝင်လာခဲ့သည်။ နိမ့်ကျသည့် လူသားတစ်ယောက်က သူတို့ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်ကို သတ်ဖြတ်ချင်သည်ဟု ပြောဆိုခဲ့သည်။ သူ့အတွက်မူ၊ ဤစကားသည် အမှန်တကယ် အနှိုင်းမဲ့ ရယ်စရာစကားမျှသာ ဖြစ်သည်။

"ဟမ့်၊ မောက်မာလိုက်တဲ့ လူသား၊ မင်း ငါတို့နဂါးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ချနင်းလို့ မရဘူးဆိုတာ ဒီနေ့ မင်းကို ငါပြောမယ်" အောင်းဟန်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက် သည်။ ထိုသို့ပြောပြီးနောက်၊ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားက မည်သည့် ကန့်သန့်ချက်မှ မရှိဘဲ ထွက်ပေါ်လာပြီး၊ သူ၏ခြေရင်းအောက်ရှိ မြေပြင်သည် ချက်ချင်း ပေါက်ကွဲသွားသည်။

တဟုန်းဟုန်း မိုးခြိမ်းသံနှင့်အတူ အောင်းဟန်၏ ခန္ဓာကိုယ်သည် အရူးအမူ ပြေးထွက် သွားပြီး ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် ပြေးဝင်သွားပါ သည်။

“နဂါးမျိုးနွယ်စုဝင်ရဲ့ အသားက ပြိုင်ဘက်ကင်းတယ်။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပလာပြီး ဖင်းဂေါ့ဂ်စွမ်းအားက သူ၏ ခန္ဓာယ်ကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါသည်။ (အသားရေ၏ မာကြောမူမှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုလိုပါသည်)။

All Chapters