အခန်း ၁၀၂၄
Vol. 69 Ch. 1024
အခန်း (၁၀၂၄) အောင်းဟန်နှင့် တိုက်ခိုက်ခြင်း။
“ဘုန်း..”။
ချင်ယွင်၏ လက်သီးချက်သည် အောင်းဟန်၏ လက်သီးချက်နှင့် အပြင်းအထန် ထိပ်တိုက် ဆုံမိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ချင်ယွင်နှင့် အောင်းဟန်တို့ နှစ်ယောက်စလုံး နောက်ပြန် ဆုတ်သွားကြကာ သူတို့၏ မျက်နှာများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဒီနဂါးရဲ့ ခန္ဓာကိုယ်က တကယ့်ကို ထူးထူးခြားခြားပဲ။ ချင်ယွင်သည် တစ်ဖက်လူက သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့ပြီး သူနှင့် တန်းတူဖြစ်နေသည်ဟု ချင်ယွင်က တွေးလိုက်သည်။
ထိုအခိုက်တွင် အောင်ဟန်လည်း ထိတ်လန့်သွားသည်။ သူ၏ရှေ့မှ ဤလူသားသည် သူ့ကို တကယ် တိုက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူတို့နဂါးမျိုးနွယ်စု၏ အသားသည် ပင်ကိုယ်အားဖြင့် သန်မာပြီး ကမ္ဘာပေါ်ရှိ မည်သည့်မျိုးနွယ်ကမှ သူတို့၏ အသားရေကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။
"နောက်တကြိမ်” ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ နဂါးနတ်ဘုရား တန်ခိုးအစွမ်းနှင့် ဖင်းဂေါ့ဂ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ဆင်းသက်လာ သည်။ သူ၏ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် ပေတစ်ရာ အကွာအဝေးကို ဖြတ်ကျော်ကာ အောင်းဟန်ဆီသို့ ဦးတည်လိုက်သည်။
အောင်းဟန်သည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော ချင်ယွင်ကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲက နဂါးစွမ်းအားများက ထွက်လာပြီး ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်သည်။
သူတို့နှစ်ဦးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်ကြပြီး လက်သီးများနှင့်အတူ ခြေထောက်များကိုပါ အချင်းချင်း ဆက်တိုက် တရစပ် အသုံးပြုပြီး တိုက်ခိုက်နေကြသည်။
ကောင်းကင်ကြီးသည် တုန်ခါပြီး လေဟာနယ်လည်း တုန်ယင်နေသည်။ နှစ်ယောက်သား ထိပ်တိုက်ဆုံမိသည့် အသံတွေက မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေပါ သည်။
အဝေးက မြွေမျိုးနွယ်စုဝင်များသည် ကောင်းကင်မှာ တိုက်ခိုက်နေကြသော လူနှစ်ယောက် ကို ကြည့်နေကြရင်း၊ သူတို့၏ မျက်နှာများသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာများ ပေါ်လာကြပါသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲကို သူတို့သည် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ လက်သီးတစ်ချက်စီတိုင်း သည် လွှမ်းမိုးနိုင်စွမ်းရှိပြီး ခြေကန်ချက်တစ်ချက်စီတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲပစ်နိုင်သည်။ သူတို့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုက ဤမျှ ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်နိုင်သည်ကို သူတို့ မယုံကြည်နိုင်ကြပါဘူး။
“ဘုန်း”။
ထိုအချိန်တွင် ကောင်းကင်ယံ၌ တိုက်ပွဲအခြေအနေက ပြောင်းလဲသွားသည်။ ချင်ယွင်၏ ပေါ့ဆမှုကြောင့် အောင်းဟန်က သူ၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးချခဲ့သည်။
ကြီးမားလှသော စွမ်းအားတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း သွန်းလောင်း ချလိုက်ပြီး၊ သူသည် အဝေးမှ အဆောက်အအုံတစ်ခုပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်သွားကာ မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
"ဟမ့်၊ တကယ်တော့ ငါတို့နဂါးမျိုးနွယ်ရဲ့ အသားရေပြားက မင်းလို နှိမ့်ကျတဲ့ လူသား တစ်ယောက် ဆန့်ကျင်နိုင်တဲ့အရာ ဖြစ်မှာတဲ့လား?။ သေလိုက်တော့။" အောင်းဟန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး နက်ရှိုင်းသော တွင်းနက်ကြီးထဲရှိ ချင်ယွင်ဆီသို့ မထင်မှတ်ပဲ ပြေးသွားခဲ့သည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်သည် ကွဲအက်သွားသည်။
အောင်းဟန်၏ လက်သီးသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် မြေပြင်ကို အပိုင်းပိုင်း ကွဲသွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်တစ်ခုလုံး ပြိုကျသွားပြီး ဆယ်မိုင်အချင်းဝက်သည် မြေကြီးထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားကာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် လူတိုင်း၏ ပါးစပ်များသည် ကျယ်လောင်စွာ ပွင့်နေခဲ့ပြီး၊ တွင်းနက်ဝကြီး၏ အလယ်ဗဟိုကို ကြည့်ရင်း သူတို့၏မျက်လုံးများသည် မယုံကြည်နိုင် ခြင်းများစွာ ပြည့်နှက်နေခဲ့သည်။
အောင်းဟန်၏ လက်သီးသည် ချင်ယွင်၏ ရင်ဘတ်ကို မထိမှန်ခဲ့ပေ။ ယင်းအစား ချင်ယွင် ဆန့်ထုတ်ထားသော လက်ဖဝါးက ထိုလက်သီးကို ပိတ်ဆို့တားဆီးထားသည်။ မြေကြီးကွဲ အက်သွားခြင်းသည် သူတို့နှစ်ယောက်ကြားက ထိပ်တိုက်ဆုံမိသည့် အရှိန်ကြောင့် အက်ကွဲသွားခြင်း ဖြစ်နေပါသည်။
"မဖြစ်နိုင်ဘူး…" အောင်းဟန်လည်း ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူ၏လက်သီးကို အမှန်တကယ် ပိတ်ဆို့နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မဖြစ်နိုင်တာ ဘာမှမရှိ။" ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ၏ နောက်ထပ် လက်တဖက်ဖြင့် ထိုးလိုက်ရာ နဂါး၏ဟောက်သံက ပဲ့တင်ထပ်သွားသည်။
နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက်သိုင်းကွက်, “ငါက အစစ်အမှန် နတ်နဂါးဖြစ်တယ်” ချင်ယွင်သည် ၎င်းလက်သီးကို အသုံးပြုရန် တွန့်ဆုတ်မနေခဲ့ပါ။
အောင်းဟန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ရွှေရောင်အကြေးခွံအလွှာ က သူ၏ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အောင်းဟန်၏ ရင်ဘတ်ပေါ်ရှိ ရွှေရောင် အကြေးခွံများ ပေါက်ကွဲသွားပြီး သူသည် အထိန်းအကွပ်မရှိ နောက်ပြန် ဆုတ်သွားရသည်။
အောင်းဟန်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး၊ သူ၏ရင်ဘတ် အတွင်းသို့ ချိုင့်ဝင်သွားခဲ့သည်။ ဤထိုးနှက်မှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာသည် ပေါ့ပါးခြင်း မရှိသည်မှာ ထင်ရှားပါသည်။
"ဟစ်…"
အောင်းဟန်သည် လေထဲတွင် သူ၏ခန္ဓာကိုယ်ကို နောက်ပြန် လွင့်မသွားအောင် အတင်းအကြပ် ရပ်တန့်လိုက်ရသည်။ သူက ချင်ယွင်ကို ထိတ်လန့်သည့် အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည် "ဟွမ်ထန်းလုံရဲ့ နဂါးလက်သီးသိုင်း၊ မင်းက ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီက ချင်ယွင်လား။"
"အခု ငါဘယ်သူလဲဆိုတာ မင်း မှတ်မိသွားပြီလား?" ချင်ယွင် ရယ်မောလိုက်သည်။
သူ၏ကိုယ်ရေးအချက်လက်ကို ဖော်ထုတ်ခံရမည်ဟု သူသည် ကာလကြာရှည်စွာကတည်း က သိရှိထားခဲ့သော်လည်း နဂါးမျိုးနွယ်စု၏ တတိယမင်းသားသည် ယခုမှသာ သူ့ကို မှတ်မိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဒါဆိုရင်၊ ငါ့တို့နဂါးမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး ရတနာဖြစ်တဲ့ နတ်နဂါးကျောက်စိမ်း တံဆိပ်က မင်းအပေါ်မှာပဲ ရှိနေတာပေါ့။" အောင်းဟန်က မျက်မှောင်ကြုတ်ပြီးပြောသည်။
"မှန်တယ်။ မင်း အဲဒါကို မြင်ချင်လား?" ချင်ယွင်က ရယ်မောပြီး ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက်၊ နတ်နဂါးကျောက်စိမ်းတံဆိပ်သည် သူ၏ခေါင်းထက်သို့ ပျံထွက်သွားပြီး ချင်ယွင်၏ ဦးခေါင်းထက်တွင် လွင့်မျောနေသည်။
"နတ်နဂါးကျောက်စိမ်း တံဆိပ်၊ ငါတို့နဂါးမျိုးနွယ်ရဲ့ နတ်နဂါးကျောက်စိမ်း တံဆိပ်ပဲ။ အောင်းဟန်က နတ်နဂါးကျောက်စိမ်း တံဆိပ်ကို မြင်သည့်အခါ သူ၏မျက်လုံးတွေက အလွန်မင်းပြင်းပြသည့် ပူလောင်ခြင်းအလင်းနှင့် တောက်ပနေသည်။
နတ်နဂါးကျောက်စိမ်း တံဆိပ်သည် သူတို့နဂါးမျိုးနွယ်စု၏ အဖိုးတန်ရတနာ တစ်ခုဖြစ် သည်။ ထို့အပြင်၊ ၎င်းသည် သူတို့စွမ်းအား၏ သင်္ကေတကို ကိုယ်စားပြုပါသည်။ ထို့ကြောင့်၊ ဤနတ်နဂါး ကျောက်စိမ်းတံဆိပ်သည် သူတို့၏နဂါးမျိုးနွယ်စုအတွက် အလွန်ထူးခြား သည့် ရတနာတစ်ခုပင်။ ထိုရတနာသည် နဂါးမျိုးနွယ်စုထဲရှိ လူတိုင်း အိပ်မက်မက်နေကြ သည့် ရတနာတစ်ခု ဖြစ်နေပါသည်။
"ချင်ယွင်၊ မင်း ငါတို့နဂါးမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး ရတနာကို ပြန်ပေးတာနဲ့ ငါကလည်း အတိတ်က မကျေနပ်ချက်တွေကို မေ့ပျောက်ပေးပြီး မင်းရဲ့အသက်ကို ချမ်းသားပေးလို့ရ တယ်။" အောင်းဟန်က အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ သူ၏လေသံက မောက်မာမူ အပြည့်ရှိနေသည်။
"ငါ့ကိုမသတ်ဘဲ ခွင့်လွှတ်ပေးမယ်။ ကြည့်ရတာ, အခုအချိန်အထိ မင်းက တိုက်ပွဲမှာ အများကြီး အသာစီးမရသေးဘူးလို့ ငါ ထင်တယ် ဟုတ်တယ် မဟုတ်လား?" ချင်ယွင်က လှောင်ရယ်ရယ်ရင်း ပြောလိုက်သည်။
"ချင်ယွင်၊ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို လွှဲပေးဖို့ မင်းကို ငါ အကြံပေးတယ်။ မင်းက ငါတို့နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်ဘူး။ မင်းက နတ်နဂါး ကျောက်စိမ်းတံဆိပ်ကို တကယ်လည်း အသုံးမပြုနိုင်ဘူး။ အဲဒါကို မင်းလက်ထဲမှာ ထားလို့ အသုံးမဝင်ဘူး" အောင်းဟန်က ထပ်ပြောပြန်သည်။
"တကယ်လား?" ချင်ယွင်က မထင်မရှား ပြုံးလိုက်ပြီး၊ အေးစက်စက် အပြုံးရိပ်က သူ၏ မျက်လုံးထဲမှာ ပေါ်လာပါသည်။
သူ၏ဦးခေါင်းထက်မှ နတ်နဂါးကျောက်စိမ်းတံဆိပ်သည် ပြင်းထန်စွာ တုန်လှုပ်နေတော့ သည်။ ထို့နောက် နတ်နဂါးကျောက်စိမ်း တံဆိပ်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းသွားပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ရုတ်တရက် အဆနှစ်ဆယ် တိုးမြင့်လာသည်။
"မဟုတ်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ မင်းက ငါတို့ နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင် မဟုတ်ဘူး လေ။ မင်းက ငါတို့နဂါးမျိုးနွယ်စုရဲ့ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ?။" အောင်းဟန်က မယုံကြည်နိုင်စွာ ပြောလိုက်ပါသည်။
"လာပြန်ပြီလား ဒီမဖြစ်နိုင်သေးဘူး" ချင်ယွင်က ရယ်မောပြီး ချက်ချင်း ပျောက်ကွယ်သွား သည်။
နတ်နဂါးကျောက်စိမ်းတံဆိပ်၏ အကူအညီဖြင့် သူ၏အမြန်နှုန်းသည် တုနှိုင်းမရလောက် အောင် ကြောက်စရာကောင်းသည့် အဆင့်သို့ တိုးမြင့်လာခဲ့သည်။ အောင်းဟန်ပင်လျှင် နောက်ဆက်တွဲ ပုံရိပ်ယောင်တစ်ခုသာ မြင်နိုင်တော့သည်။
အဝေးမှ မြွေမျိုးနွယ်စုဝင်များသည် ချင်ယွင်၏ ရုပ်အသွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင် တော့ပေ။ ဟောင်ယန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်သွား သည်။ ချင်ယွင်ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍၊ သူ၏ ယခင်က ပြောစကားများသည် မည်မျှ ရယ်စရာကောင်းနေလဲဆိုသည်ကို သူ အခုမှပင် သိလိုက်ရတော့သည်။
“ဖျန်း..”။
ချင်ယွင်၏ ရုပ်အသွင်က အောင်းဟန်၏ ရှေ့တွင် ပေါ်လာသည်။ သတိထားမိခင်မှာ လက်ဖဝါးတဖက် အောင်းဟန်၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
အောင်းဟန်သည် သူ၏မျက်နှာမှ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုကိုသာ ခံစားလိုက်ရ သည်။ ထို့နောက် သူ၏ခန္ဓာယ်ကိုတစ်ခုလုံး ဘေးသို့ လွင့်ပျံသွားပြီး၊ ပါးစပ်မှ သွေးတွေ လွင့်စင်သွးကာ၊ သူ၏သွားတွေအကုန်လုံး လွင့်ထွက်သွားပါသည်။
“ဖျန်း..”။
နောက်ထပ် ကျယ်လောင်သော ပါးရိုက်သံများ ထွက်ပေါ်လာသည်။ ချင်ယွင်၏ ရုပ်အသွင် သည် အောင်းဟန်၏ ခန္ဓာကိုယ် တစ်ဖက်ခြမ်းတွင် မည်သည်အချိန်ကတည်းမှန်းမသိ ထွက်ပေါ်လာသည်။ လက်ပြန်တစ်ချက် ရိုက်ချက်နှင့်အတူ အောင်းဟန်၏ ညာဘက် မျက်နှာပြင်သို့ ပြင်းထန်စွာ ရိုက်မိသွားပြန်သည်။ ကြောက်မက်ဖွယ် စွမ်းအားက အောင်းဟန်၏ ပါးပြင်တွေကို တိုက်ရိုက် ဖောင်းယောင်သွားစေသည်။
“ဘုန်း..”။
ခြေဖဝါးတစ်ချက်က အောင်းဟန်၏ နှာတံတံတားပေါ် ပြင်းပြင်းထန်ထန် ကန်ချလိုက်ပြီး၊ အောင်းဟန်သည် ပေထောင်ချီအကွာအထိ လွင့်ပျံသွားကာ၊ ရပ်တန့်ခြင်းမပြုနိုင်ခင် အဆောက်အအုံကြီးတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ လူတွေအားလုံး အေးစက်သည့် လေကို ရှုရှိုက်မိကြသည်။ ဤသည်မှာ နဂါးမျိုးနွယ်စု၏ မင်းသားတစ်ပါး ဖြစ်သည်။ သူသည် အမှန်တကယ်ပင် တစ်စုံတစ်ယောက်၏ မျက်နှာကို ပါးရိုက်ခြင်းနှင့် ဆောင့်ကန်ခြင်းတို့ကို ခံခဲ့ရပါသည်။ ဤအရာက အမှန်တကယ် အရှက်ကွဲသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
အောင်းဟန်သည် အပျက်အစီးများကြားမှ ကုန်းထလာသည်။ ယခုအချိန်တွင် သူ၏ စိတ်နှလုံးထဲမှာ အမျက်ဒေါသက မနှိုင်းယှဉ်နိုင်အောင် ဖြစ်ပေါ်နေပြီ။ နဂါးမင်းသား တစ်ယောက်အနေဖြင့်, သူသည် ယခုလိုအရှက်တကွဲ ဖြစ်ရပ်မျိုး မကြုံဖူးပါဘူး။ ယခုအချိန်တွင် သူ၏နှလုံးသားထဲမှာ သတ်ဖြတ်ချင်စိတ်သာ ပြင်းပြစွာ ဖြစ်ပေါ်နေသည်။
တစ်ဖက်တွင်မူ ချင်ယွင်သည် ဒေါသထွက်နေသော အောင်းဟန်ကို သူ၏မျက်နှာပေါ်တွင် တိုက်ရိုက် လှောင်ပြောင်သော အပြုံးဖြင့် ကြည့်လိုက်သည်။
ဒီလူမှာ ဝါသနာတစ်ခု ရှိနေပါသည်။ လူတစ်ယောက်က ပို၍ မာနကြီးလေလေ၊ ထိုလူ ခေါင်းမငုံ့မချင်း တစ်ဖက်လူ၏ မျက်နှာကို နင်းချေရတာ ပိုကြိုက်လေပင်။