← Chapters

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း (၁၀၂၅) နဂါးစိတ်ဝိညာဉ်လှံ။

ဤအခိုက်တန့်တွင် အောင်းဟန်၏နှုတ်ခမ်းများသည် ဒေါသနှင့်အတူ တုန်ယင်နေပါသည်။ သို့သော် သူ၏ပါးစပ်ထောင့်မှ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏မျက်နှာပေါ်တွင် နှလုံးထိုးဖောက်သည့် နာကျင်မှုကို ခံစားရနိုင်သည်။

အစောပိုင်းက ချင်ယွင်၏တိုက်ခိုက်မှုသည် သူ၏ချောမောသော ရုပ်ရည်ကို ဝက်ခေါင်း အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပြီး သူ၏စိတ်ထဲတွင် အလွန်မင်း ဒေါသထွက်သွားခဲ့သည်။

"ဒီနေ့ ငါ မင်းကိုမသတ်နိုင်ရင် နဂါးတစ်ကောင် မဟုတ်တော့ဘူး" အောင်းဟန်သည် ရုတ်တရက် သူ၏နှာခေါင်းပေါက်မှ နဂါးချီအမျှင်တန်းနှစ်ချောင်းကို မှုတ်ထုတ်လိုက်ပြီး၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ အောက်တွင်၊ ပတ်ဝန်းကျင်ရှိ အပျက်အစီးများသည် အမှုန့်အဖြစ်သို့ တိုက်ရိုက် ကြေမွသွားကာ ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ဘန်း…။

လက်ရာမြောက်သော နဂါးပုံစံများဖြင့် ထွင်းထုထားသည့် လှံတစ်ချောင်းက အောင်းဟန်၏ လက်ထဲတွင် ပေါ်လာသည်။

သတ္တုစွမ်းရည် ကောင်ကင်တာအို အတက်အကျလှိုင်းများသည် လှံထိပ်ဖျားတွင် တစစ ရစ်ပတ်နေပြီး၊ ရင်တလှပ်လှပ်ဖြစ်စေသည့် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ် နေသည်။ ညင်သာသော လှုပ်ရှားမူနှင့်အတူ လေဟာနယ်ထဲတွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။

"ဘယ်လောက် အစွမ်းထက်တဲ့ အငွေ့အသက်လဲ?။ ဒါက နဂါးမျိုးနွယ်စုရဲ့ စိတ်ဝိညာဉ်လှံ ဖြစ်မယ်ထင်တယ်။" မြွေမျိုးနွယ်စုဝင်မှ တစ်ယောက်သည် သတိပေးသံဖြင့် အော်ပြော လိုက်သည်။

"မှန်တယ်၊ ဒါက နဂါးမျိုးနွယ်စုရဲ့ နဂါးစိတ်ဝိညာဉ်လှံပဲ။ ဒဏ္ဍာရီအရ၊ ဒီနဂါးစိတ်ဝိညာဉ် လှံဟာ မူလကတည်းက ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်ဝင် ရတနာတစ်ခုပဲ။ နဂါး စိတ်ဝိညာဉ်ရဲ့ ပံ့ပိုးမှုနဲ့အတူ ၎င်းရဲ့စွမ်းအားက ဖရိုဖရဲ အကြီးမြတ်ဆုံး ရတနာတစ်ခုရဲ့ အကန့်အသတ်အထိ ရောက်ရှိနေခဲ့ပြီ။ အခုလိုရတနာတစ်ခုက အောင်းဟန်ရဲ့လက်ထဲမှာ တကယ်ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားပါဘူး။” တစ်စုံတစ်ယောက်က ပြောပြသည်။

"အောင်းဟန်က နဂါးမျိုးနွယ်စု၏ အပြောင်မြောက်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်တယ်။ ဒီနဂါး စိတ်ဝိညာဉ်လှံ သူ့လက်ထဲမှာရှိနေတာ လုံးဝ မထူးဆန်းပါဘူး။ နတ်နဂါးကျောက်စိမ်း တံဆိပ်နဲ့ နဂါးစိတ်ဝိညာဉ်လှံ ယခုတော့ စိတ်ဝင်စားစရာ ကောင်းနေပြီ။" မြွေမျိုးနွယ်စုဝင် တစ်ယောက်က ထပ်ပြောပြန်သည်။

ချင်ယွင်သည် အောင်းဟန်၏လက်ထဲမှ သတ္တုလှံကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ဤနဂါးစိတ်ဝိညာဉ်လှံ၏ ဂုဏ်ဒြပ်ကို သူ ကြားဖူးသော်လည်း, ၎င်းကို ယခင်က မမြင်ဖူးခဲ့ ပေ။ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ ကျွမ်းကျင်သူတစ်ဦး ဤလှံကို အသုံးပြုပြီး၊ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြပါသည်။

ဤနဂါးစိတ်ဝိညာဉ်လှံသည် ဖရိုဖရဲကောင်းကင်ရတနာတစ်ခု ဖြစ်သော်လည်း၊ ၎င်း၏ စွမ်းအားသည် ဖရိုဖရဲ အကြီးမြတ်ဆုံး ရတနာများထက် များစွာ နိမ့်ကျခြင်း မရှိတော့ပါ။

"ချင်ယွင် မင်းက ငါတို့နဂါးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ရတနာတစ်ခုကို အရှက်မဲ့စွာ သိမ်းပိုက် ထားခဲ့တယ်။ ဒီနေ့ ငါ အဲဒီရတနာကို ကိုယ်တိုင်ကိုယ်ကျ ပြန်သိမ်းပိုက်မယ်။ ငါတို့ နဂါးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ရတနာက မင်းလို နိမ့်ကျတဲ့ လူသားတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ မင်းကို သိစေချင်တယ်။" အောင်းဟန်သည် ချင်ယွင် ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်ပြီး၊ သူ၏လေသံက လွှမ်းမိုးနိုင်သည့် အငွေ့အသက်များ အပြည့်ရှိနေပါသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် ရှုံ့တွသွားသည်။ အောင်းဟန်၏ စကားလုံးက သူ့ကို အလွန်မင်း နားကြားမြင်းကပ်စေသည်။ (ear-piercing) သင့်မယ်ထင်သလို ပြန်ဆိုခြင်း ဖြစ်ပါသည်။

“အရှက်ကင်းမဲ့တယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။?”

ဤနတ်နဂါးကျောက်စိမ်းတံဆိပ်ကို ဟွမ်ထန်းလုံက သူ့ထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုမျှ သာမက၊ ၎င်းကို အသုံးပြုနိုင်ရခြင်း၏ အကြောင်းရင်းမှာ နဂါးကျောက်စိမ်းတံဆိပ်ကို မထိန်းချုပ်နိုင်မီ သူ၏အသက်အန္တရာယ်ဖြင့် စွန့်စားပြီး၊ ဧကရာဇ်ရှန်းလုံ၏ စမ်းသပ်မှုကို အောင်မြင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အောင်းဟန်က ၎င်းကို နဂါးမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး ရတနာဟု တင်စား ခေါ်ဝေါ် နေခြင်းကို ချင်ယွင်က မည်သို့ ယုံကြည်လက်ခံနိုင်မည်နည်း?။

'"နတ်နဂါးကျောက်စိမ်းတံဆိပ်က မူလကတည်းက ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်တယ်။ ဒါပေမယ့်၊ နောက်ပိုင်းမှာ မင်းတို့ရဲ့နဂါးဘိုးဘေးတွေက ရရှိခဲ့ခြင်းသာ ဖြစ်တယ်။ ငါက ငါ့ကိုယ်ပိုင်အစွမ်းအစကို အားကိုးပြီး ဒီရတနာကို ရယူနိုင်ခဲ့တာ။ အဲဒီတော့ ဘာဖြစ်လဲ?။ တကယ်လို့ မင်းအနေနဲ့ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ပြန်ယူချင်တယ်ဆိုရင်၊ တိုက်ရိုက် ပြောလိုက်ပါ။ ဒီလိုအဓိပ္ပာယ်မဲ့ စကားတွေ ပြောနေစရာ မလိုဘူး။” ချင်ယွင်က ပြန်ပြော လိုက်ပြီး သူ၏လေသံက ဒေါသအရိပ်အယောင်တွေ သယ်ဆောင်လာပါသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းကို အနိုင်ယူပြီး ငါတို့နဂါးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ရတနာကို ပြန်ယူမယ်။" အောင်းဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နဂါး စိတ်ဝိညာဉ်လှံကို ကိုင်ဆွဲလျက် ချင်ယွင်ဆီသို့ ပြေးသွားလိုက်သည်။

သတ္တုစွမ်းရည် ကောင်းကင်တာအိုစွမ်းအာက တဟုန်ထိုး မြင့်တက်လာခဲ့သည်။ အောင်းဟန်သည် သူ၏လက်ထဲမှ လှံကို ဝှေ့ယမ်းလိုက်သောအခါ, ရွှေနဂါးကြီးတစ်ကောင် သည် လှံမှ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ဟိန်းဟောက်လိုက်လေသည်။

ဧရာမနဂါးကြီး၏ကိုယ်ထည်တွင် အလွန်အစွမ်းထက်မြက်သော သတ္တုစွမ်းအားများ ပါရှိနေပြီး၊ ၎ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေဟာနယ်သည် တုန်လှုပ်သွားသည်။

“ဘုန်း..”။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားကာ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ထွက်လာသည်။ သူသည် ရွှေနဂါးကြီး၏ခေါင်းကို တိုက်ရိုက် ထိုးချလိုက်သည်။

ရွှေနဂါးကြီးသည် ပေါက်ကွဲပြီး ရွှေရောင်မိုးများ ရွာသွန်းသွားခဲ့သည်။

ဘန်း..။

အလွန်မင်း ပြင်ထန်သည့် တုန်ခါအသံတစ်ချက် ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်း တစ်ခုသည် ချက်ချင်းပင် ရွှေရောင်မိုးများကြားမှ ထိုးဖောက်ဝင်ရောက်ကာ သူ၏နှလုံး တည့်တည့်သို့ တိုးဝင်သွားသည်။

ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားကာ သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲပြီး ဆုတ်ခွာသွားခဲ့သည်။

သို့သော်လည်း ရွှေရောင်အလင်းတန်းများက သူ့နောက်သို့ မဆုတ်မနစ် လိုက်ပါနေဆဲ ဖြစ်ပြီး၊ စူးရှသောလှံဖျားမှ ထုတ်လွှတ်နေသော လှိုင်းလုံးများသည် မြင်ရသူများကို ကြောက်ရွှံ့မူနှင့်အတူ ရင်တုန်သွားစေသည်။

ချင်ယွင်သည် အလွန်လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း လှံသည် ပိုမြန်သောကြောင့် လှံနှင့် ချင်ယွင်တို့အကြား အကွာအဝေးသည် ပို၍နီးကပ်လာသည်ကို လူတိုင်း မြင်လိုက်ရ သည်။

"ဟမ့်၊ ချင်ယွင်၊ မင်းတော သေပြီ။" ထိုမြင်ကွင်းကို မြင်တော့ အောင်းဟန်က ရယ်မော လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး၊ သူ၏လက်ထဲမှ လှံက ရုတ်တရက် အရှိန်မြင့်တက်လာခဲ့သည်။ ၎င်းလှံဖျားသည် ချင်ယွင်၏ နှလုံးကို အေးစိမ့်သွား စေပြီး၊ ချင်ယွင်၏နှလုံးဆီသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများက အေးစက်သွားသည်။ သူသည် အောင်းဟန်က သူ၏နှလုံးကို ထိုးဖောက်မည့်အရေးကို မည်သို့ ခွင့်ပြုနိုင်မည်နည်း?။

သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ဖင်းဂေါ့ဂ်စွမ်းအား ရှိနေသော်လည်း အောင်းဟန်၏ လှံတွင်ပါရှိသော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။ အကယ်၍၊ လှံဖြင့်သာ ထိုးခံရမည်ဆိုလျှင်, သူသည် နည်းနည်းလေးတောင် ပြန်ကောင်းလာမှာ မဟုတ်ပါဘူး။

ချွင်….။

ရွှေရောင်ဒြဗ်စင်ဒိုင်းက ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး နဂါးစိတ်ဝိညာဉ်လှံနှင့် အပြင်းအထန် တိုက်မိသွားသည်။

ချင်ယွင်နှင့် ရွှေရောင်ဒြဗ်စင်ဒိုင်းတို့သည့် သန့်စင်သော သံမဏိအချင်းချင်း တိုက်မိသည့် အသံနှင့်အတူ လွင့်ပျံသွားခဲ့သည်။

ချင်ယွင်၏ ရုပ်အသွင်သည် ခပ်လှမ်းလှမ်းမှ ရေကန်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏ လက်ထဲမှ ရွှေရောင်ဒြဗ်စင်ဒိုင်းကို ကြည့်လိုက်တော့ ရွှေရောင်ဒြဗ်စင်ဒိုင်း၏ အလယ်ဗဟို တွင် သေးငယ်သည့် အပိုင်းတစ်ခု နစ်မြုပ်ဝင်ရောက်သွားခဲ့သည်ကို တွေ့လိုက်ရပါသည်။ ၎င်းဒဏ်ရာသည် စောစောက အောင်းဟန်၏ လှံကြောင့်ဖြစ်ခဲ့ကြောင်း ထင်ရှားပါသည်။

"ဟမ့်၊ ငါ့ရဲ့ နဂါးစိတ်ဝိညာဉ်လှံက ငါတို့ရဲ့ ရှေးဟောင်းနဂါးရေကန်ထဲမှာ နှစ်ပေါင်း သောင်းနဲ့ချီ စိမ်ထားခဲ့ပြီးပြီ။ သာမန် ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်ကို ကျော်လွန်သွား ခဲ့ပြီ။ မင်းရဲ့ဒိုင်းက မာကြောပေမယ့် ငါ့ရဲ့ နဂါးစိတ်ဝိညာဉ်လှံကို ပိတ်ဆို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။" အောင်းဟန်က သူ၏လက်ထဲမှ လှံကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။

နေရောင်အောက်တွင် လှံသည် အလွန်တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် တဖျပ်ဖျပ် ဖျပ်ခတ်နေသည်။ လှံမှထုတ်လွှတ်သော စွမ်းအားသည် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေ၏။

"မင်းရဲ့နဂါးစိတ်ဝိညာဉ်လှံက အရမ်းကို သန်မာပါတယ်လေ။ ဒါပေမယ့် မင်းမှာပဲ အဲဒီလို လက်နက်ရှိတယ်၊ ငါမှာတော့ မရှိဘူးလို့ မင်း ထင်နေတာလား?" ချင်ယွင်က ရယ်မော လိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲတွင် ရှေးဟောင်း ဓားတစ်ချောင်း ပေါ်လာသည်။

ဓားရှည်၏ ထွက်ပေါ်လာမူကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း သက်ရောက်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ အင်မော်တယ်စွမ်းအင်များ အားလုံးသည် ချင်ယွင်ဆီသို့ စုရုံးရောက်ရှိလာပြီး ကြီးမားသော အင်မော်တယ်စွမ်းအင် မုန်တိုင်းကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ကောင်းကင်ကြီးသည် တိမ်စိုင်တိမ်မည်းများ ဖြင့် ပို၍ ထူထပ်သိပ်သည်းလာခဲ့သည်။

ကြည်လင်ကောင်းကင်ဓား၏ အစွမ်းထက်သော အငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး၊ အစွမ်းထက်သော စွမ်းအင်အတက်အကျ လှိုင်းများသည် နဂါး စိတ်ဝိညာဉ်လှံ၏ အငွေ့အသက်ကို ချက်ချင်း လွှမ်းမိုးသွားပါသည်။

မြွေမျိုးနွယ်စုဝင်ထဲက တစ်ယောက်ယောက်က အံ့အားတသင့် အော်ပြောလိုက်သည် "ဖြစ်နိုင်တာက”

"မှန်တယ်။ ဒါကလူသားမျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး ရတနာဖြစ်တဲ့ ကြည်လင်ကောင်းကင် ဓားပဲ။ သူ့လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။" ထိုလူ၏ဘေးနား မှ လူတစ်ယောက်က ချက်ချင်းပြောပြီး သူ၏မျက်လုံးများတွင် အံ့ဩခြင်းအရိပ်ယောင်တွေ ပေါ်လွင်နေသည်။

"လူသားမျိုးနွယ်စုနဲ့ နတ်ဆိုးသားရဲမျိုးနွယ်စုရဲ့ ရတနာတွေလား?" ရွှမ်ဟေးလည်း ချင်ယွင် ကို တအံ့တသြ ကြည့်နေမိသည်။

နဂါးကျောက်စိမ်း တံဆိပ်ဖြစ်စေ သို့မဟုတ် ကြည်လင်ကောင်းကင်ဓား ဖြစ်စေ၊ ၎င်းတို့ အားလုံးသည် လူတိုင်း အိပ်မက်မက်ခဲ့ရသည့် ရတနာများ ဖြစ်ကြသည်။ သို့သော် ချင်ယွင် သည် ၎င်းတို့နှစ်ခုစလုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်နိုင်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ဤအရာက ကောင်းကင်ကို အံတုလွန်းနေသည် မဟုတ်ပါလား?။

ယခုအချိန်တွင် အောင်းဟန်၏အမူအရာမှာလည်း ရုပ်ဆိုးသွားပါသည်။ ချင်ယွင် သည် ကြည်လင်ကောင်းကင်ဓားကို အမှန်တကယ် ထုတ်ယူလိမ့်မည်ဟု မထင်ခဲ့ပေ။

သူ၏ နဂါးစိတ်ဝိညာဉ်လှံသည် ရှေးဟောင်းဖရိုဖရဲရတနာများနှင့် နှိုင်းယှဉ်နိုင်သော်လည်း ၎င်းနှင့် ရှေးဟောင်းဖရိုဖရဲ ရတနာများအကြားတွင် နံပါတ်တစ် အဆင့်ရှိနေသည့် ကြည်လင်ကောင်းကင်ဓားကို မဆိုထားနှင့်။ အစစ်အမှန် ရှေးဟောင်း ဖရိုဖရဲရတနာ တစ်ခုနှင့်ပင် ကွာဟချက် ရှိနေဆဲဖြစ်ပါသည်။

"ဟမ့်၊ ကြည်လင်ကောင်းကင်ဓားက အစွမ်းထက်ပေမယ့်၊ အဲဒါကို ဘယ်သူအသုံးပြုလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်နေတယ်။ ငါက မင်းကို နဂါးစိတ်ဝိညာဉ်လှံနဲ့ အနိုင်ယူ နိုင်သေးတယ်။" အောင်းဟန်က အတင်းကြပ်တွန်းအားပေးကာ ပြောလိုက်သည်။ သူ ပြောပြီးသည်နှင့် သူသည် သူ၏လက်ထဲတွင်ရှိသော လှံကိုလှိမ့်ကစားရင်း ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ ထပ်မံ၍ ပြေးဝင်လိုက်သည်။

ချင်ယွင်သည် သူ့ကို ထပ်မံတိုက်ခိုက်လာသော အောင်းဟန်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ ပေါ်လာသည်။ လက်ထဲမှာ ကြည်လင်ကောင်းကင်ဓားကိုင်ဆောင်ထားသည့် သူနှင့် ကြည်လင်ကောင်းကင်ဓား ကိုင်ဆောင်ထားခြင်းမရှိသည့်သူဟာ လုံးဝကို ကွဲပြားခြားနားသွားသည့် လူနှစ်ယောက် ဖြစ်ပါသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ကြည်လင်ကောင်းကင်ဓားရဲ့ အလုပ်လုပ်ပုံကို ငါ ပြသပေးမယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓား ကို မည်သည့်စိတ်ကူးယဉ်မှုမှ မရှိဘဲ တိုက်ရိုက် ခုတ်ပိုင်းလိုက်ပါသည်။

ဤဓားချက်တိုက်ခိုက်မှုသည် မည်သည့်ဓားပညာရပ်ကိုမျှ အသုံးမပြုခဲ့ပေ။ လေစွမ်းရည် နှင့် လျှပ်စီးစွမ်းရည်တို့ကို ရိုးရှင်းစွာ ထည့်သွင်းအသုံးပြုခြင်း ဖြစ်ပါသည်။ သို့သော် ပျံ့နှံ့ ထွက်ပေါ်လာသော ဓားရောင်ခြည်အလင်းသည် အလွန်မင်း ကြောက်စရာကောင်း၏။

All Chapters