အခန်း ၁၀၂၆
Vol. 69 Ch. 1026
အခန်း (၁၀၂၆) နဂါးတန်ခိုးအစွမ်းက ကမ္ဘာကြီးကို ခြောက်ခြားစေခြင်း။
ဓားအလင်းသည် ကောင်းကင်ကို ဖြတ်သန်းသွားကာ အောင်းဟန်ဆီသို့ ဦးတည်သွားခဲ့ သည်။ ဓားအလင်း၏ တန်ခိုးအစွမ်းသည် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
မူလက လှံရှည်ကိုကိုင်ပြီး ချင်ယွင်ဆီသို့ အပြေးအလွှား ပြေးသွားနေသော အောင်းဟန် သည် ဓားအလင်းကို ကြည့်ရင်း သူ၏အမူအရာက ချက်ချင်း ပြောင်းသွားသည်။ သူသည် သူ၏လက်ထဲရှိ နဂါးစိတ်ဝိညာဉ်လှံကို ဓားအလင်းဆီသို့ ဆောလျင်စွာ ဝှေ့ယမ်းလိုက်ရင်း ဓားအလင်းကို ချိုးဖျက်ပစ်ချင်သည်။
သို့သော် ဤဓားအလင်းတွင် ပါရှိသော စွမ်းအားသည် အောင်းဟန်၏ စိတ်ကူးနိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။ ထို့ကြောင့် သူ၏လှံသည် ဓားအလင်းကို ထိလိုက်သည့် အခိုက် တွင်, လှံမှတဆင့် ပျံ့နှံ့တိုးဝင်လာသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူသည် လွင့်ထွက်သွားခဲ့သည်။
အောင်းဟန်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ သူ၏ခန္ဓာကိုယ်သည် ပေထောင်ပေါင်းများစွာ ဆုတ်သွားခဲ့ရသည်။ ထို့အပြင်, သူသည် ချင်ယွင်ကို အံ့သြတုန်လှုပ် ဟန် မျက်လုံးများဖြင့် ကြည့်ရင်း သူ၏ပါးစပ်ထောင့်စွန်းမှ သွေးစသွေးနများ ယိုစီးကျလာ သည်။
ထိုအချိန်တွင်၊ လှံမှ တန်ပြန်တွန်းကန်အားကြောင့် သူ၏လက်ထဲရှိ နဂါးစိတ်ဝိညာဉ်လှံ သည် လွှတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော လှံမှ စွမ်းအား သည် သူ၏ရင်ဘတ်ကို ထိမှန်သွားပြီး ကောင်းကင်ဘုံကိုးခု၏ လျှပ်စီးထိမှန်သလို ခံစားရစေသည်။
အဝေးမှ မြွေလူမျိုးနွယ်စုဝင်တွေလည်း အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်နေကြသည်။ ချင်ယွင်သည် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် အောင်းဟန်ကို လှုပ်ချောက်ချားစေပြီး ဒဏ်ရာပင်ရစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ကြည်လင်ကောင်းကင်ဓား၏ စွမ်းအားသည် အမှန်တကယ် ထူးထူးခြားခြား ဖြစ်နေပုံရ သည်။
"တတိယမင်းသား၊ ငါ့ရဲ့ ကြည်လင်ကောင်းကင်ဓားကပေးတဲ့ သတင်းစကားက ဘယ်လို လဲ?။ မင်း ကျေနပ်ရဲ့လား?။” ချင်ယွင်က ရယ်မောကာ မေးလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ အောင်းဟန်၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင် သွားပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒသည် အစိုင်အခဲအဖြစ် သိပ်သည်းလုနီးပါး ဖြစ်နေပြီ။
"ဟမ့်၊ အရမ်းလည်း အပျော်မစောဦး။ ငါ့ရဲ့ နဂါးလှံရဲ့ ကြောက်မက်ဖွယ် စွမ်းအားကို မြည်းစမ်းကြည့်စေချင်တယ်။" အောင်းဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူသည် လှံကို ချက်ချင်း ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ တဟုန်ထိုး ပြေးသွားခဲ့သည်။
လှံသည် လေဟာနယ်ကို ဖြတ်သန်းပြီး၊ ကောင်းကင်ယံ၌ အလွန်မြန်ဆန်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ ဤအလင်းတန်းသည် ဟိန်းဟောက်နေသော နဂါးတစ်ကောင်နှင့်တူပြီး ၎င်းတွင်ပါရှိသော စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကိုပင် သတ်ပစ်ရန် လုံလောက်ပါသည်။
"သေလိုက်တော့" အောင်းဟန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ လှံက ကောင်းကင်ကို ဖြိုခွင်းလိုက်ပါသည်။
ချင်ယွင်သည် သူ၏လက်ချောင်းတွေကို အသာအယာ ပွတ်သပ်လိုက်ပြီး၊ အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာသောလှံကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်က ပေါ်လွင်နေသည်။
"အဲဒါဆိုလည်း မင်းကို လေထုကာစီးခြင်းဓားသိုင်းရဲ့ စွမ်းအားကို ငါ မြည်းစမ်းခွင့်ပေး မယ်။" ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ ကြည်လင် ကောင်းကင်ဓားဖြင့် နောက်တကြိမ် ခုတ်ပိုင်းလိုက်ပြန်သည်။
ယခင်အကြိမ်ကထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည့် ဓားအလင်းသည် ချင်ယွင်၏ဓားကနေ ချက်ချင်း ပျံထွက်သွားပြီး အောင်းဟန်၏လက်ထဲမှ လှံနှင့် အပြင်းအထန် ထိတွေ့သွားခဲ့သည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အောင်းဟန်၏ လက်ထဲမှလှံသည် ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ အောင်းဟန်သည် လတ်ဆတ်သောသွေးများကိုပင် အန်ထုတ်လိုက်ရပြီး အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏ ရင်ဘတ်ပေါ်တွင် ကြီးမားသော သွေးထွက်သံယို ဒဏ်ရာကြီးတစ်ခု ရှိနေပြီး၊ သူ၏မျက်လုံးများကို ကြောက်ရွှံ့ ထိတ်လန့်သွားစေခဲ့သည်။
မြွေမျိုးနွယ်စုဝင်မှ လူတိုင်းသည် အေးစက်သည့် လေကို ရှုရှိုက်လိုက်ကြပါသည်။ နဂါးမျိုးနွယ်စု၏ တတိယမင်းသားသည် ထိုကဲ့သို့ ရှုံးနိမ့်သွားပြီလား?။ ယင်းက သူ၏ ရန်သူတော်ဖြစ်သော ချင်ယွင်၏ ဓားချက်ကြောင့် မဟုတ်ပါလား?။
ရွှမ်ဟေးလည်း အံ့အားသင့်သွားသည်။ ချင်ယွင်၏ ဟောင်ယန်ကို အနိုင်ယူနိုင်စွမ်း ရှိခြင်းကပင် သူ့ကို ထိတ်လန့်စေခဲ့ပြီ။ ယခုဆိုလျှင် နဂါးမျိုးနွယ်စု၏ တတိယမင်းသားကို ပင် ရှုံးနိမ့်စေခဲ့ပြီ။ ဤကိစ္စက သူ့ကို မခန့်မှန်းနိုင်အောင်ပင် ခံစားရစေသည်။
ဟောင်ယန်သည် ချင်ယွင်ကို ဗြောင်ကျကျ စိုက်ကြည့်နေရင်း သူ၏မျက်ခုံးတွေက တွန့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ထွက်ပြေးလွတ်မြောက်ရန် စိတ်ကူးကို စိတ်ထဲမှာ မထားဘဲ မနေနိုင်တော့ပေ။ အကယ်၍၊ ချင်ယွင်သာ အောင်းဟန်ကို သတ်လိုက်မည်ဆိုရင် သူသည် အသက်ရှင်ရန် အခွင့်အရေး ရှိမှာ မဟုတ်တော့ပါဘူး။ ထို့ကြောင့် ချင်ယွင်၏ အားလပ်ချိန် မရှိသေးသည်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးခြင်း သည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဝှီး…။
ဟောင်ယန်၏ ရုပ်အသွင်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား ပြီး ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။
ချင်ယွင်သည် အောင်းဟန်ကို တိုက်ခိုက်နေခဲ့သော်လည်း သူ၏ အင်မော်တယ် စိတ်ဝိညာဉ် သည် ဟောင်ယန်အပေါ်မှာ ပစ်မှတ်ထားထားဆဲဖြစ်သည်။ ဤဟောင်ယန်သည် ရှောင်ဘိုင်ကို ကုသရန်အတွက် အဓိကသော့ချက် ဖြစ်သည်။ အကယ်၍, ဟောင်ယန်သာ လွတ်မြောက်သွားခဲ့ပါက, ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဟောင်ယန်သည် ထွက်ပြေးရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အလွန်အလျင်စွာပင် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲပြီး သူ၏နောက်ကို လိုက်ရန် ပြင်ဆင်လိုက်သည်။
"အောင်း..”။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏နောက်ကွယ်မှ နဂါးဟောက်သံတစ်ချက် ထွက်ပေါ်လာ သည်။ ဧရာမ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးကြီးသည် ကောင်းကင်သို့ ပျံတက် သွားပြီး ၎င်း၏ကြီးမားလှသော နဂါးခြေသည်းကြီးက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖမ်းဆုပ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွား ခဲ့သည်။ သူက “ထွက်သွားစမ်း…” ဟု အလျင်အမြန် အော်လိုက်သည်။
အကယ်၍၊ ဟောင်ယန်သာ လွတ်မြောက်သွားပါက၊ နောင်တွင် သူ့ကိုရှာဖွေရန် အလွန်မင်း ခက်ခဲပေလိမ့်မည်။
သူ၏အသံက မိုးချုန်းသလို၊ ဒီရေလှိုင်းများ လှိမ့်တက်လာသလို ထွက်ပေါ်လာသည်။
သို့သော် ထိုအချိန်တွင် အောင်ဟန်၏ မျက်လုံးများသည် လုံးဝ နီရဲနေလေသည်။ သူကရော ချင်ယွင်၏ အကြံဉာဏ်ကို အဘယ့်ကြောင့် နားထောင်ရမည်နည်း?။ ကြီးမားသော နဂါးခြေသည်းကြီးသည် အနည်းငယ် တွန့်ဆုတ်မနေဘဲ ချင်ယွင်ဆီသို့ ဆုပ်ကိုင်လိုက်လေ သည်။
"ထွက်သွားစမ်း..”။
ချင်ယွင်၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားက ချက်ချင်း ခုတ်ပိုင်းသွားခဲ့ပြီး၊ ဓားအလင်းက ကြီးမားလှသော နဂါးခြေသည်းကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားပါသည်။
ရွှေရောင်နဂါးကြေးခွံများသည် ပေါက်ကွဲသွားပြီး ကြေကွဲဝမ်းနည်းဖွယ် ဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာသည်။ အောင်းဟန်၏ ကြီးမားလှသော နဂါးခြေသည်းပေါ်တွင် ကြီးမားသော သွေးစွန်းဒဏ်ရာကြီးတစ်ခု ရှိနေခဲ့ပြီး နဂါးသွေးများသည် သူ၏ နဂါး ခြေသည်းကြီးဆီမှ အဆက်မပြတ် စီးကျလာသည်။
ချင်ယွင်သည် နောက်ပြန် ဆုတ်သွားသော အောင်းဟန်ကို လျစ်လျူရှုကာ ဟောင်ယန် ထွက်ပြေးရာဆီသို့ လိုက်သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ပတ်ဝန်းကျင်၌ ဟောင်ယန်၏ အရိပ်အယောင်ကိုပင် မတွေ့ရ တော့ပေ။ ဤဟောင်ယန်သည် လေဟာနယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်မှာ ကြာလှပါပြီ။
"လခွမ်းကွာ.." ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး၊ ပြင်းထန်သော သတ်ဖြတ်လို သည့်ဆန္ဒက သူ၏နှလုံးသားမှ ထွက်ပေါ်လာသည်။
အစောပိုင်းက သူသည် ဟောင်ယန်ကို ဖမ်းထားနိုင်သော်လည်း အောင်းဟန်ကြောင့် တခဏအကြာ နှောင့်နှေးသွားခဲ့ရပြီး ဟောင်ယန်ကို ထွက်ပြေးလွတ်မြောက်ရန် အချိန် အများကြီး ပေးခဲ့ရသည်။ သူ အာရုံပြန်ရလာသောအခါတွင်၊ ဟောင်ယန်သည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။
ဟောင်ယန်သည် မူလကတည်းက ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။ ထို့ကြောင့် သူသည် လေဟာနယ်ကို ဖြတ်ကျော်ပြီး လွတ်မြောက်နိုင်ပါသေးသည်။ ယခုအချိန်မှာ ချင်ယွင်သည် သူ၏နောက်ကို လိုက်သွားချင်သည်ဆိုလျှင်ပင်, သူ့မှာ မည်သည့်နေရာကို သွားရမှန်း မသိတော့ပါဘူး။
ဤနည်းဖြင့် ဤခရီးစဉ်တွင် ချင်ယွင်လုပ်ခဲ့သမျှသည် အချည်းနှီး ဖြစ်သွားရတော့မည်။
ချင်ယွင်သည် ပြန်လှည့်ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေသည်။
'ဟား..၊ ဟား…၊ မင်း မဖမ်းနိုင်တော့ဘူး မဟုတ်လား။ ချင်ယွင်, ငါ မင်းကို မသတ်နိုင်ခဲ့ပေ မယ့် မင်းအနေနဲ့ ငါ့ရှေ့မှာ ဟောင်ယန်ကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တကယ်လို့, သူ့သွေးအနှစ်သာရကို အသုံးပြုပြီး မင်းညီကို ကယ်တင်ချင်တယ်ဆိုရင်တော့, ဒီဆန္ဒကို မင်းနှလုံးသားထဲမှာပဲ အဆုံးသတ်လိုက်ပေတော့။" နဂါးပါးစပ်ကြီးထံမှ အောင်းဟန်၏ ရိုင်းစိုင်းသော ရယ်မောသံက ချင်ယွင်၏ အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ပျက်ပြားအောင် လုပ်နိုင်သည့်အတွက် အလွန်ပျော်ရွှင်နေပါသည်။
"မင်းက သေချင်နေတာဘဲ" ချင်ယွင်က ဒေါသတကြီး ချက်ချင်း ပြောလိုက်သည်။ သူ၏ အသံက မိုးခြိမ်းသံလိုပင်။ ကောင်းကင်နှင့်မြေကြီးသည် ဒေါသဖြစ်သွားသကဲ့သို့ ကောင်းကင်ယံတွင် တိမ်စိုင်တိမ်မည်းများ လူးလွင့်နေ၏။
"မင်း ငါ့ကိုသတ်လို့ မရဘူး။ ငါက နဂါးမျိုးနွယ်စုရဲ့တတိယမင်းသားပဲ။ တကယ်လို့, မင်း ငါ့ကို သတ်လိုက်ရင်, နဂါးမျိုးနွယ်စုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" အောင်းဟန်က ကမန်းကတန်း ပြောလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူသည် ယခုအချိန်တွင် အနည်းငယ် ကြောက်လန့်နေပုံရသည်။ ချင်ယွင်၏ စူးရှသောအကြည့်များကို သူသည် တည့်တည့်ရင်ဆိုင်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
"ဟမ့်၊ နဂါးမျိုးနွယ်စုလား, ငါက ကြောက်လိမ့်မယ်လို့ မင်း ထင်နေသလား?။ မကြာသေးခင်ကပဲ, မင်းတို့နဂါးမျိုးနွယ်စုရဲ့ လူတိုင်းရှေ့မှာ အဲဒီလဲ့ထန်းလုံကို သတ်ပစ်မယ်လို့ ငါ ပြောခဲ့ပါတယ်။ ဒါပေမယ့် မင်းကတော့ အဲဒီနေ့ရက်ကို မမြင်နိုင်တော့ မှာ ငါ ကြောက်မိတယ်။ ဘာလို့ဆို ဒီနေ့ မင်း သေမှာမို့လို့ပဲ။" ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူ၏အသံက မြေအောက်ငရဲကမ္ဘာမှ နတ်ဆိုးနတ်ဘုရား၏ အသံနှင့်ပင် တူနေသည်။
ထို့နောက်တွင်၊ ချင်ယွင်၏ ရုပ်အသွင်သည်လည်း ပြောင်းလဲသွားသည်ကို လူတိုင်း မြင် လိုက်ရသည်။ ဧရာမ ခရမ်းရောင် နဂါးကြီးတစ်ကောင် ပေါ်လာပါသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အောင်းဟန်အောက်တွင် လုံးဝ ရှိမနေခဲ့ပေ။ ၎င်းသည် အောင်းဟန်ကိုပင် ကျော်တက်သွားခဲ့သည်။
ချင်ယွင်၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်က ပျံ့နှံ့ ထွက်ပေါ်လာသည်။ အဝေးမှ မြွေမျိုးနွယ်စုဝင်များ အားလုံးသည် ချက်ချင်း ဒူးထောက် ထိုင်ချလိုက်ပြီး သူတို့၏နှလုံးသားထဲမှ တုန်လှုပ် ခြောက်ခြားသွားကြသည်။
ဤအခိုက်အတန့်တွင် အောင်းဟန်သည် အလွန်မင်း တုန်လှုပ်နေပြီ ဖြစ်သည်။ သူသည် ဒူးထောက်ရန်ပင် နှိုးဆော်ခံနေရပြီ။
"သွေးမျိုးဆက် ဖိနှိပ်ခြင်းလား၊ လူသားတစ်ယောက်က အစစ်အမှန် နတ်နဂါးအဖြစ် ဘယ်လိုလုပ် ပြောင်းလဲနိုင်ရတာလဲ?။" အောင်းဟန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ယခုအချိန်တွင် သူ၏နှလုံးသားထဲမှ မောက်မာမှုတွေအားလုံး လုံးလုံးလျားလျား ကြွေမွသွားခဲ့ပြီ။
သူ မောက်မာရခြင်း၏ အကြောင်းရင်းမှာ သူ့တွင် နဂါးနတ်ဘုရား၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။ သို့သော် ယခု ချင်ယွင်သည် နဂါးနတ်ဘုရား တစ်ကောင် ဖြစ်လာခဲ့ပြီး၊ သူ၏ မောက်မာခြင်းတည်းဟူသော အဆီးအနှစ်သည် လုံးဝ ပျောက်ကွယ်သွားပေတော့မည်။
"သေလိုက်တော့ အောင်းဟန်" ချင်ယွင်သည် သူ၏နှာခေါင်းမှ အေးစက်စက် နှာချေ မှုတ်ထုတ်သံ ထုတ်ဖော်လိုက်ရင်း အဆုံးမရှိ လွှမ်းမိုးနိုင်စွမ်းကြီးမားသော နဂါးခြေသည်း ကြီးသည် အောင်းဟန်၏ နဂါးခေါင်းဆီသို့ ရိုက်ချလိုက်သည်။
အကယ်၍, ဤခြေသည်းကြီးသာ ရိုက်နှက်ခံလိုက်မည်ဆိုပါက, အောင်းဟန်၏ နဂါးအဆီးအနှစ် တစ်ခုလုံး ကြေမွသွားနိုင်ပါသည်။
"ရပ်လိုက်စမ်း..။ သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှ အေးစက်စက် အော်ဟစ်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုသည် အောင်းဟန်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ချင်ယွင်၏ နဂါးခြေသည်းသည် အလင်းတန်းနှင့် တိုက်မိပြီး အမှန်တကယ်ပင် နောက်သို့ တွန်းထုတ်ခံခဲ့ရသည်။