← Chapters

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း (၁၀၂၇) လျှို့ဝှက်ဆန်းကြယ်သော နှင်းနဂါး။

"အထွက်အထိပ် စွမ်းအားလား?" ချင်ယွင်သည် အောင်းဟန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေ သော တောက်ပသော အလင်းတန်းကို ကြည့်ပြီး သူ၏မျက်လုံးများက အံ့သြသည့် အမူအရာ ပေါ်လာပါသည်။

ချင်ယွင်သည် ကောင်းကင်ယံကို ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏အကြည့်တွေ က ရုတ်တရတ် လေးနက်သွားသည်။

အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား, မှန်ပါသည်။ အောင်းဟန်ကို ဖုံးအုပ်ထားနိုင်သည် စွမ်းအားသည် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင်, သူ၏တိုက်ခိုက်မှုကို လွယ်လွယ်ကူကူနှင့် တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ချင်ယွင်သည် သိပ်မကြာခင်မှာဘဲ အထွက်အထိပ်စွမ်းအားကို ထပ်မံ တွေ့မြင်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုအထွက်အထိပ် စွမ်းအားသည် အခြားသော အဓိပတိဉသျှောင်၏ တမန်တော်ကို ကိုယ်စားပြုပါသည်။

ကောင်းကင်တွင်, အဖြူရောင်ဝတ်စုံရှည်ဝတ်ကို ဝင်ဆင်ထားသည့် အမျိုးသမီးတစ်ဦး သည် ကောင်းကင်ယံမှ လွင့်ပျံလာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် ဂုဏ်သိက္ခာကြီးမားပြီး, သူမပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တုန်ယင်နေပုံရသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ရှေ့မှာ ဤအမျိုးသမီး၏ ရုတ်တရတ် ထွက်ပေါ်လာခြင်းက သူ့ကို အလွန်မင်း အန္တရာယ်များသည့် ခံစားချက်ကို ဖြစ်စေခဲ့သည်။ ဤမိန်းမ၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက်သာလွန်ကြောင်း သူ သေချာပါသည်။

"အဒေါ်.." အောင်းဟန်သည် ဤအဖြူရောင်ဝတ် အမျိုးသမီးကို မြင်သောအခါတွင်, သူ၏ မျက်နှာပေါ်တွင် စိတ်အားတက်ကြွသည့် အမူအရာ ချက်ချင်း ပေါ်လာပြီး၊ လူသားအသွင် သို့ ပြောင်းလဲသွားသည်။

ယင်းကြောင့် ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာက ပို၍လေးနက်လာပါသည်။

အမျိုးသမီးသည် အောင်းဟန်၏ အော်ခေါ်သံကို ကြားသောအခါ၊ သူမသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။

"မင်းက ချင်ယွင်လား?" အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြောလိုက်ပြီး၊ သူမအသံက သိမ်မွေ့နူးညံ့ပြီး၊ နားထောင်ရသည်မှာ ကြည်နူးဖွယ်ကောင်းပါသည်.

"ကျွန်တော့်ကို ခင်ဗျား သိလို့လား?" ချင်ယွင်က သတိကြီးစွာ မေးလိုက်သည်.

အောင်းဟန်၏ အဒေါ်ဟူသော အော်ခေါ်သံက သူ၏ရှေ့မှ ဤအမျိုးသမီး၏ ကိုယ်ရေး အချက်လက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

နဂါးမျိုးနွယ်စု၏ အကြီးဆုံး မင်းသမီးသည် မျိုးနွယ်စုခေါင်းဆောင်, လဲ့ထန်းလုံထက်ပင် အရေးပါ ပါသည်။ သို့သော် ချင်ယွင်သည် ဤပညာရှင်ကို ဆင့်ခေါ်မိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ မမျှော်လင့်ထားသည့် အရာတစ်ခုမှာ နဂါးမျိုးနွယ်စု၏ အကြီးဆုံး မင်းသမီးသည် အမှန်တကယ် အဓိပတိဉသျှောင်၏ တမန်တော်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်ပါသည်။

"သိတာပေါ့၊ မင်းက ဟွမ်ထန်းလုံရဲ့ ဆက်ခံသူ၊ တော်ဝင်ချင် အင်ပါယာရဲ့ အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ရဲ့သား၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ ကောင်းကင် အဆင့်မှာ နံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက်ပဲ။ မင်းလက်ထဲမှာ လူသားမျိုးနွယ်စုနဲ့ နတ်ဆိုးသားရဲမျိုးနွယ်စုတွေရဲ့ ရတနာတွေကို ကိုင်ဆောင်ထားတယ်။" အဖြူရောင်ဝတ် အမျိုးသမီးက အပြုံးမပျက် ပြောသည်။ သူမ၏စကားများသည် တိုတိုတုတ်တုတ် ဖြစ်သော် လည်း ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို လုံး၀ အကျဉ်းချုံး ဖော်ပြနိုင်ပါသည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ သူ တစ်ကြိမ်တစ်ခါ မှ မတွေ့ဖူးသည့် ဤအမျိုးသမီးက သူ့ကို အမှန်တကယ် နားလည်နေလိမ့်မည် သူ မမျှော်လင့်ထားပါဘူး။

"ခင်ဗျား ကျွန်တော့်ကို စုံစမ်းနေတာလား?" ချင်ယွင်က မေးသည်။

"ဒါကို စုံစမ်းဖို့ လိုသေးလို့လား?။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးက မင်းရဲ့ လက်ရှိ ကိုယ်ရေးအချက်လက်ကို မသိသူတစ်ယောက်မှ မရှိမှာကိုတောင် ငါ ကြောက်မိတယ်။" အဖြူရောင်ဝတ် အမျိုးသမီးက ပေါ့ပါးသော အပြုံးကို ထိန်းထားဆဲပင်။

"ဒါဆို ခင်ဗျား ဒီကို ဘာရည်ရွယ်ချက်နဲ ရောက်လာတာလဲ?" ချင်ယွင်က ဆက်မေးသည်။

အဖြူ​ရောင်ဝတ် ​အမျိုးသမီးက ရယ်​ပြီး ချင်​ယွင်​ကို ကြည့်​ကာ မေးလိုက်သည် "မင်းရော​ဘယ်​လိုထင်​လဲ?"

ချင်ယွင်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး၊ သူ၏ရှေ့မှ ဤအဖြူရောင်၀တ် အမျိုးသမီးကို ပို၍ပင် သတိထားလာသည်။

အစကတည်းကနေ အခုအချိန်အထိ သူမသည် အရင်ဆုံး စကားစပြောရန်အတွက် အမြဲတမ်း ထိန်းချုပ်နေခဲ့သည်။ သူမသည် စိတ်မဆိုးသော်လည်း၊ သူမခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က လူတွေကို မမြင်နိုင်သည့် ဖိနှိပ်မှုကို ပေးစွမ်းနေခဲ့ပါသည်။ ချင်ယွင်ပင်လျှင် ယခုလိုဖိနှိပ်မှုမျိုးကို လျစ်လျူမရှုထားနိုင်ပါဘူး။

"အဒေါ်, သူ့ကိုသတ်ပြီး ကျွန်တော်တို့ နဂါးမျိုးနွယ်စုရဲ့ ရတနာကို ပြန်ယူလိုက်ပါ။" အောင်းဟန်သည် ဘေးကနေ ကြားဖြတ်ပြောလိုက်ပြီး၊ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း အဖြူရောင်၀တ် အမျိုးသမီးသည် အောင်ဟန်၏ စကားကို လျစ်လျူရှုခဲ့ သည်။ ယင်းအစား သူမက ချင်ယွင်ကို ဆက်လက်ကြည့်ရှုပြီး ပြောသည် "မင်း စိတ်ပူဖို့ မလိုပါဘူး။ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ပြန်ယူဖို့ ငါ ဒီကိုရောက်လာတာ မဟုတ်ဘူး။ မင်းနဲ့ အောင်းဟန်ကြားက ရန်ငြိုးအတွက်တော့ ငါ မင်းကို တောင်းပန်ဖို့ သူ့ကို စေခိုင်း လိုက်ပါ့မယ်။ ဒီလိုဆိုရင် ရန်ငြိုးတွေ အားလုံးကို ချေဖျက်ပြီးဖြစ်သွားပြီ မဟုတ်လား?။

ချင်ယွင် အနည်းငယ် မှင်သက်သွားပါသည်။ အဖြူရောင်၀တ် ဤအမျိုးသမီးက သူနှင့် အမှန်တကယ် ငြိမ်းချမ်းရေး လုပ်ချင်နေသည်လား?။ သူမက အောင်းဟန်ကိုတောင် တောင်းပန်ခိုင်းဦးမည်လား?။

တစ်ဖက်မှ အောင်ဟန်သည်လည်း အံ့ဩသော အမူအရာဖြင့် မျက်လုံးပြူးသွားသည်။ သူ၏ အမြင်အရဆို, သူ၏ရှေ့မှ အဒေါ်သည် တိုက်ခိုက်လိုက်သည်နှင့် ချင်ယွင်ကို သတ်ပစ်ဖို့က အလွယ်လေးဖြစ်လိမ့်မည်။ သူ အဘယ့်ကြောင့် တောင်းပန်ရမည်နည်း?။

"တောင်းပန်လိုက်ပါ" သို့သော် အောင်းဟန် စကားမပြောခင်မှာ သူ့အဒေါ်၏ ပြင်းထန်သော အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

အောင်းဟန်သည် အဖြူရောင်ဝတ် အမျိုးသမီး၏ စကားကို ကြားသောအခါ ပါးစပ်ထဲ ရောက်လုခါနီး စကားလုံးများကို ချက်ချင်း မျိုချလိုက်သည်။ သူက ချင်ယွင်ကို မလိုလားသည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည် "ငါ တောင်းပန်ပါတယ်"။

ထိုသို့ပြောပြီးနောက် အနည်းငယ် ဦးညွှတ်လိုက်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို သူ၏မျက်လုံးထဲတွင် မြင်လိုက်သော်လည်း သူ၏စိတ်ထဲ တွင် သတိထားမှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ပုံမှန်မဟုတ်သောအရာကို နတ်ဆိုးဟု ခေါ်သည်။ သူ၏ရှေ့မှ ဤအဖြူရောင်ဝတ် အမျိုးသမီးသည် သူ့ကို သတ်ဖြတ်ရန် ခွန်အားတွေ ရှိနေခဲ့သော်လည်း, ရှုံးနိမ့်မှုကို ဝန်ခံနေဆဲပင်။ ဤအရာက သူ့ကို အလွန်စိတ်ရှုပ်ထွေးစေခဲ့သည်။

"ချင်ယွင်, ကြည့်လိုက်ပါ။ အောင်းဟန်က တောင်းပန်ပြီးပြီ။ မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးတွေ ရှင်းသွားပြီလား?" အဖြူရောင်ဝတ် အမျိုးသမီးက ထပ်ပြောပြန်သည်။

"သူ ကျွန်တော့်ကို ထပ်ပြီး မနှောင့်ယှက်သရွေ့တော့, ကျွန်တော်က သူ့ကို ပြဿနာ ရှာမှာ မဟုတ်ဘူး" ချင်ယွင်က အေးစက်စွာ ပြောသည်။

တကယ်ဆို သူနှင့် အောင်းဟန်တို့ကြားမှာ သိပ်ပြီးကြီးကြီးမားမား အမုန်းတရားမျိုး မရှိခဲ့ပါဘူး။ နောက်ဆုံး သူတို့သတ်ဖြတ်လိုသည့်ဆန္ဒ ဖြစ်ပေါ်လာရသည့် အကြောင်းရင်း ကလည်း သူ့ကြောင့် ဟောင်ယန် ထွက်ပြေးလွှတ်မြောက်သွားခြင်းကြောင့်သာ ဖြစ်ပါသည်။

ဘန်း..။

ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ် အမျိုးသမီးက သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ချင်ယွင်၏ ရှေ့တွင် ကြီးမားသော အနီရောင် မြွေရုပ်အလောင်းကြီးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် အလောင်းကြီးကို ကြည့်ရင်း အလွန်အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ဤရုပ်အလောင်းကြီးသည် စောစောက လွတ်မြောက်သွားခဲ့သော ဟောင်ယန်မှလွဲ၍ အခြားလူ မဟုတ်သောကြောင့် ဖြစ်ပါသည်။

အဝေးမှ မြွေမျိုးနွယ်စုဝင်များသည် ထိုရုပ်အလောင်းကြီးကို သူတို့၏ ခေါင်းဆောင် ဟောင်ယန်အဖြစ် မှတ်မိကြပါသည်။ အားလုံးက မျက်လုံးပြူးကျယ်နေကြပြီး မယုံကြည်နိုင်သည် အရိပ်အယောင်တွေ ပေါ်လွင်နေသည်။ ထိုအထဲတွင် ရွှမ်ဟေးလည်း တစ်ယောက်အပါဝင် ဖြစ်သည်။

ချင်ယွင်သည် အဖြူရောင်ဝတ် အမျိုးသမီးကို သံသယရှိစွာ ကြည့်နေသော်လည်း သူ၏ နှလုံးသားက ပို၍ လေးနက်လာခဲ့သည်။

"မင်း သူ့ကို လိုက်ဖမ်းနေတယ်ဆိုတာ ငါ သိတယ်။ လမ်းမှာဆုံတာနဲ့ ငါ သူ့ကို ချက်ချင်း သတ်ပစ်လိုက်တာ။ အခု မင်းကို ပေးလိုက်မယ်။" အဖြူရောင်ဝတ် အမျိုးသမီးက ရယ်မောရင်း ပြောလိုက်သည်။ သူမသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ဆယ် ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်းသည် အလွန်သာမန်ကျသော ကိစ္စတစ်ခုလို တည်ငြိမ်သော အသွင်အပြင်ရှိနေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွင်က ပြောသည်။

ထို့နောက် သူသည် ယဉ်ကျေးမနေတော့ဘဲ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ ဟောင်ယန်၏ ရုပ်အလောင်းကို ကနဦးစကြဝဠာထဲကို ထည့်လိုက်ပါသည်။

ဤအဖြူရောင်ဝတ် အမျိုးသမီးသည် မည်သည့်ရည်ရွယ်ချက်မျိုး ရှိနေသည်ဖြစ်စေ, ဤအရာက ရှောင်ဘိုင်ကို ကယ်တင်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် သူသည် ဟောင်ယန်၏အလောင်းကို လက်ခံရပါလိမ့်မည်။

"မင်းက ငါ့ကို လုံရွှဲ့လို့ ခေါ်လို့ရတယ်။" အဖြူရောင်ဝတ် အမျိုးသမီးက ရယ်မောရင်း ပြောလိုက်သည်။ (လုံရွှဲ့ဟူသည် နှင်းနဂါးဟု အဓိပ္ပာယ်ရပါသည်)။

"ကျေးဇူးတင်ပါတယ် စီနီယာ လုံရွှဲ့" ချင်ယွင်က ပြောသည်။

အဖြူရောင်ဝတ် အမျိုးသမီးက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် "ကောင်းပြီလေ၊ မင်း ငါ့ကို သတိထားနေတယ်ဆိုတာ ငါ သိပါတယ်။ အမှန်အတိုင်းပြောရရင်, ငါ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က အထွက်အထိပ်နဂါးမင်းရဲ့ အမိန့်နဲ့ ဒီကို ရောက်လာခဲ့တာပဲ။ သူက မင်းအတွက် စကားတခွန်းပါးပေးဖို့ ငါ့ကို စေခိုင်းလိုက်တယ်။ မင်းအနေနဲ့ သူ့ရဲ့ တမန်တော်တစ်ဦး ဖြစ်လာဖို့ ဆန္ဒရှိမရှိဆိုတာ စဉ်းစားဖို့ မေးခိုင်းလိုက်တာပါ”။

"အထွက်အထိပ်နဂါးမင်းရဲ့ တမန်တော်တစ်ဦးလား?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပါသည်။

အထွက်အထိပ်နဂါးမင်းဟု ခေါ်ဆိုလိုက်ကတည်းက နားလည်ရ အရမ်းကို လွယ်ကူပါ သည်။ သူသည် နဂါးမျိုးနွယ်စု၏ အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်ပါသည်။ သို့သော် လည်း, နဂါးမျိုးနွယ်၏ အထွက်အထိပ်ပုဂ္ဂိုလ်က သူ့ကို တမန်တော်အဖြစ် ခိုင်းစေလိုသည့် အကြောင်းရင်းကို သူ နားမလည်ပါ။

ထို့အပြင်၊ ချင်ယွင်၏စိတ်နှလုံးသည် တမန်တော်များနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် လက်မခံလိုစိတ် ရှိနေပါသည်။ ဤနည်းဖြင့် သူသည် အခြားလူတစ်ယောက်၏ ကျေးကျွန် တစ်ဦး ဖြစ်သွားသလို ခံစားခဲ့ရသည်။

ဒါပေမယ့်, အကယ်၍, သူ ငြင်းဆန်လိုက်ရင်ရော အထွက်အထိပ် နဂါးမင်းက ဒေါသထွက်မှာလား?။

"ဟား…၊ ဟား…၊ မင်း ငါ့ကို အခုဖြေနေစရာ မလိုပါဘူး။ အထွက်အထိပ်နဂါးမင်းက မင်းကို စဉ်းစားစေချင်ရုံပါ။ တကယ်လို့ မင်း သဘောတူတယ်ဆိုရင် မင်းရဲ့ အင်မော်တယ် အနှစ်သာရကို အသုံးပြုပြီး ကောင်းကင်ပေါ်ကိုမော့ကာ အထွက်အထိပ်နဂါးမင်းရဲ့ နာမည်ကို ခေါ်ဆိုလိုက်ပါ။ အထွက်အထိပ်နဂါးမင်းက ချက်ချင်း သိပါလိမ့်မယ်။" အဖြူရောင်ဝတ် အမျိုးသမီးက ပြုံးပြုံးလေး ပြောလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ လုံရွှဲ့။ ကျွန်တော် ဒီအကြောင်းကို အလေးအနက်ထားပြီး စဉ်းစားပါ့မယ်။" ချင်ယွင်က ပြန်ဖြေသည်။

လုံရွှဲ့က ခေါင်းညိတ်ပြပြီး, သူမဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီးနောက်, ချင်ယွင်၏ ရှေ့မှာပင် အရင်က တစ်ခါမှ မတွေ့ဖူးသည့်အလား အောင်းဟန်နှင့်အတူ ပျောက်ကွယ် သွားခဲ့သည်။

သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်ကို ချင်ယွင်က စောင့်ကြည့်ခဲ့သော်လည်း သူ၏ တစ်ကိုယ်လုံးက အတွေးနက်နက်ထဲ ကျရောက်နေခဲ့ပါသည်။

လုံရွှဲ့၏ထွက်ပေါ်လာမူသည် ချင်ယွင်အတွက် အချက်ပေးသံတစ်ခု ထပ်မံထွက်ပေါ်လာ ခြင်း ဖြစ်ပါသည်။ ဤနဂါးမျိုးနွယ်၏ အင်အားသည် သူထင်ထားသည်ထက် ပို၍ပင် အားကောင်းနေပုံရသည်။

မူလက သူသည် ဤကိစ္စကို ဖြေရှင်းပြီးနောက်၊ လဲ့ထန်းလုံကိုသတ်ပြီး သူ၏ကတိကဝတ် ကို ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမရှိကို ကြည့်ရှုရန်အတွက် နဂါးမျိုးနွယ်စုသို့ သွားရန် စီစဉ်ခဲ့ သော်လည်း ယခုအခါ ချင်ယွင်သည် ထိုအကြံကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပါသည်။

ပထမဆုံးအချက်အနေဖြင့်၊ အထွက်အထိပ်နဂါးမင်းကို မပြောနှင့်ဦး၊ ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သည့် လုံရွှဲ့ကိုတောင် တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ နဂါးမျိုးနွယ် စုကို သွားပြီး လဲ့ထန်းလုံကို သတ်ဖြတ်ချင်သည်ဆိုလျှင်၊ ဤအကြံက ကောင်းကင်ဘုံကို တက်ဖို့ထက်ပင် ခက်ခဲနေပါလိမ့်မည်။ ထို့အပြင် ချင်ယွင်သည် လဲ့ထန်းလုံ၏ ခွန်အား အတိုင်းအတာနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သူသည် ယခင်က လဲ့ထန်းလုံကို မြင်ခဲ့ဖူးသော်လည်း, လဲ့ထန်းလုံ၏ ခွန်အား အစစ်အမှန်ကို ရှာဖွေတွေ့ရှိရန် သူ၏ခွန်အားက မလုံလောက်သေးပါ။

All Chapters