အခန်း ၁၀၂၈
Vol. 69 Ch. 1028
အခန်း (၁၀၂၈) ရှောင်ဘိုင် နိုးထခြင်း။
လုံရွှဲ့, အောင်းဟန်တို့ ထွက်သွားပြီးဖြစ်သလို ဟောင်ယန်လည်း သေဆုံးသွားခဲ့ပြီ။ ဤတိုက်ပွဲသည် ပြီးသွားပြီဟု ယူဆ၍ရသော်လည်း, ဤတိုက်ပွဲအတွင်း ကျန်ရစ်ခဲ့သည့် အဖြစ်ပျက်တွေအရ နောက်ဆုံးရလာဒ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန် သွားခဲ့ပါပြီ။
မြွေမျိုးနွယ်စု၏ လူများသည်လည်း ကြောက်ရွှံ့ထိတ်လန့်စ ပြုလာကြပါပြီ။ သူတို့၏ ခေါင်းဆောင်ကြီး အသတ်ခံလိုက်ရပြီးနောက်, သူတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြပါသည်။
ထုံးစံအတိုင်း၊ ချင်ယွင်သည် ဤမြွေမျိုးနွယ်စုဝင်များကို ဂရုစိုက်ရန် နှလုံးသား မရှိပေ။ ယင်းအစား, သူသည် ရွှမ်ဟေးအား သူတို့ကို သူ့စိတ်တိုင်းကျ စီမံခွင့် ပေးလိုက်ပါသည်။
ဟောင်ယန်သည် သေဆုံးသွားပြီဖြစ်သည်။ ရွှမ်ဟေးသည် မူလကတည်းက မြွေမျိုးနွယ်စု ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ သူကိုယ်တိုင်ကလည်း အလွန်အစွမ်းထက်ပါသည်။ ထို့ကြောင့်, ရွှမ်ဟေးသည် မြွေမျိုးနွယ်စု၏ ခေါင်းဆောင်အသစ်အဖြစ် လျင်မြန်စွာ ရွေးချယ်ခံခဲ့ရသည်။
ချင်ယွင်အတွက်မူ သူသည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်လာခဲ့သည်။ ရှောင်ဘိုင်ကို ကယ်တင်ရန် သူ ရည်ရွယ်ထားခဲ့သည်။
ဘန်း…။
အတွေးတစ်ချက်ဖြင့် ဟောင်ယန်၏ ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲသွားပြီး လေထဲတွင် လွင့်နေသည့် ထူထပ်သော သွေးမြူအခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။
ချင်ယွင်၏ လက်တစ်ချက် ဝှေ့ယမ်းမူနှင့်အတူ ချင်ယွင်၏ လက်ထဲတွင် သွေးမှုန်မွှားများ စုရုံးလာခဲ့ပြီး လက်သီးဆုပ်အရွယ် သွေးအလုံးတစ်လုံးက သူ၏လက်ထဲတွင် ထပ်မံ ဖြစ်ပေါ်လာပါသည်။
"အယ်? ဒီသွေးအနှစ်သာရထဲမှာ ကောင်းကင်တာအိုနဲ့ပတ်သက်ပြီး ဟောင်ယန်ရဲ့ နားလည်မှု အားလုံး ပါဝင်နေတာပဲ။” ချင်ယွင်သည် အံ့သြသွားဟန် အမူအရာ ထုတ်ဖော် လိုက်သည်။
ဤဟောင်ယန်သည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်သည်။ ယခုလေးတင်၊ ချင်ယွင်သည် ဟောင်ယန်၏ ကောင်းကင်တာအိုအပေါ် ထိုးထွင်းသိမြင်မှုအားလုံးကို ထုတ်ယူပြီး ၎င်းတို့ကို ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးမျိုးဆက် သွေးအနှစ်သာရနှင့် ပေါင်းစပ်ထားလိုက်သည်။ ထို့နောက် ၎င်းတို့ကို ရှောင်ဘိုင် မည်မျှချေဖျက်နိုင်မလဲဆိုသည့်အပေါ် မူတည်ပါတော့သည်။
အကယ်၍ သူသည် ဤသွေးအနှစ်သာရတွင် ပါဝင်နေသည့် ကောင်းကင်တာအိုအပေါ် နားလည်နိုင်မှု အားလုံးကို ချေဖျက်နိုင်ခဲ့ပါက၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည် ဖြစ်သည်။ ဤအားလုံးကို ချေဖျက်ရန် လွယ်ကူမည် မဟုတ်ပေ။ သို့သော် ရှောင်ဘိုင်၏ ပင်ကိုယ်စွမ်းရည်ကြောင့် အမြင့်မြတ်ဆုံး အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာခြင်းသည် လုံလောက်သည်ထက် ပိုသည်ဟု ချင်ယွင်က ယုံကြည်ထားပါသည်။
"ရှောင်ဘိုင်ရေ, မင်းရဲ့ ကံဆိုးမှုကနေ ဒီလိုအကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အခု မင်းရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်။" ချင်ယွင်က ရယ်မောပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ လက်သီးဆုပ် အရွယ်ရှိ သွေးအနှစ်သာရ အလုံးသည် ရှောင်ဘိုင်၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းသွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပါသည်။
ချင်ယွင်လည်း ရှောင်ဘိုင်ကို စိုးရိမ်စွာ ကြည့်နေမိသည်။ မထင်မှတ်သည့်အရာ တစ်ခုခု ဖြစ်လာသည်နှင့်၊ သူသည် ချက်ချင်းပင် လှုပ်ရှားပြီး အချိန်ကို အေးခဲထားရလိမ့်မည်။
သူ၏စကြာဝဠာအတွင်းမှာ, သူကိုယ်တိုင်က နောက်ဆုံး ပြောစကား ဖြစ်သည်။
ဘန်း..။
သွေးအနှစ်သာရတစ်စက်က ရှောင်ဘိုင်၏ ခန္ဓာကိုယ်ထဲကို ဝင်လာပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ရှောင်ဘိုင်၏ခန္ဓာကိုယ်သည်လည်း နွေဦး၏အလယ်တွင် ရှိနေပုံရသည်။ သူသည် သွေးအနှစ်သာရတစ်စက်ကို အရူးအမူး စုပ်ယူလာပြီး ရှောင်ဘိုင်၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်နေလိုက်သည်။ ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို လိမ်ညာပြောခဲ့ပုံမရပေ။ သေချာသည်မှာ, ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးအနှစ်သာရကို ဝါးမျိုးပြီးသည်နှင့်, ရှောင်ဘိုင်ကို ကယ်တင်နိုင်လိမ့်မည်။
"အား…"
သို့သော်လည်း ထိုအချိန်တွင် ရှောင်ဘိုင်သည် ရုတ်တရက် သနားစဖွယ် အော်ဟစ်သံကို ထုတ်အော်လိုက်သည်။ သူသည် မျက်လုံးများကို တင်းတင်းမှိတ်ထားသော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာက အလွန်နာကျင်နေပုံရပါသည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်ကို အလျင်အမြန် ကြည့်ရူလိုက်ရင်း ချင်ယွင်၏ အမူအရာက ပြောင်းလဲသွားသည်။
ဤဟောင်ယန်၏ သွေးအနှစ်သာရသည် အစွမ်းထက်နေပုံရပါသည်။ ရှောင်ဘိုင်သည် အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိနေပါသေးသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုကဲ့သို့သော သွေးမျိုးဆက်စွမ်းအားကို အမှန်တကယ် ခံနိုင်ရည် မရှိခဲ့ပေ။ ထိုအချိန်တွင် ရှောင်ဘိုင်၏သွေးမျိုးဆက်စွမ်းအားများသည် သူ့ခန္ဓာကိုယ်၏ နေရာတိုင်းတွင် လှည့်ပတ်နေခဲ့ပြီး ရှောင်ဘိုင်၏ ချီစွမ်းအင်လမ်းကြောင်းများကို ကြုံရာ ကျပန်း ဖျက်စီးပစ်လိုက်သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍၊ ရှောင်ဘိုင် နိုးထနေခဲ့ လျှင်, ကောင်းပေလိမ့်မည်။ သူသည် သူ၏ကျင့်ကြံခြင်းကျင့်စဉ်ကို လှည့်ပတ်ခြင်းဖြင့် ဖြည်းညှင်းစွာ ချေဖျက်ပြီး၊ သွေးမျိုးဆက် စွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်။ သို့သော်, ယခုအချိန်တွင်, ရှောင်ဘိုင်သည် သတိလစ်နေဆဲဖြစ်ပြီး၊ သူ၏ကျင့်စဉ်ကို သူ့ဘာသာသူ မဖြန့်ကျက်နိုင်ခဲ့ပေ။
အကယ်၍၊ သူသာ ထိုသွေးမျိုးဆက် စွမ်းအားကို လွတ်လွတ်လပ်လပ် ကြုံရာကျပန်း ချဲ့ထွင်ခွင့် ပြုလိုက်မည်ဆိုလျှင်, ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် သူ မနိုးထနိုင်ခင်မှာ ပေါက်ကွဲသွားနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် လှုပ်ရှားရန် လိုအပ်နေပါပြီ။
"ဟမ့်၊ အဲဒါက သေးငယ်တဲ့ သွေးမျိုးဆက် စွမ်းအားလေးပဲလေ။ ငါ့ရဲ့စကြာဝဠာမှာ မင်းက ငါ့ညီကို နာကျင်အောင် လုပ်ချင်တုန်းပဲလား။ အေးအေးဆေးဆေးနေစမ်း" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ထို့နောက်တွင်၊ သွေးမျိုးဆက် စွမ်းအားသည် အလွန် နူးညံ့သိမ်မွေ့လာပြီး ရှောင်ဘိုင်၏သွေးမျိုးဆက်စွမ်းအားကို တဖြည်းဖြည်း အာဟာရ ဖြည့်သွင်းလာခဲ့သည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးဖြင့် ဤမြင်ကွင်းကို ကြည့်နေလေသည်။ ထို့နောက် သူလုပ်ရမည့်အရာမှာ ရှောင်ဘိုင် နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဤသွေးမျိုးဆက် စွမ်းအား ရုတ်တရက် ငြိမ်ကျသွားခြင်း၏ အကြောင်းကတော့, ၎င်းသည် ချင်ယွင်၏ စကားကို နားလည်နိုင်ခြင်းကြောင့် မဟုတ်ဘဲ၊ ချင်ယွင်က စကြဝဠာ၏ စွမ်းအားကို အသုံးပြုပြီး ထိုသွေးမျိုးဆက်စွမ်းအားကို အတင်းအကျပ် ချည်နှောင်ထား သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်သာ, ထိုသွေးမျိုးဆက် စွမ်းအားသည် ဤမျှအထိ နူးညံ့သိမ်မွေ့လာခြင်း ဖြစ်ပါသည်။
ချင်ယွင်၏ စကြာဝဠာတွင် သူမလုပ်နိုင်သောအရာ ဘာမှ မရှိပေ။
ယခုအချိန်တွင် ချင်ယွင်သည် လုံလောက်အောင် မသန်မာသေးပါ။ အကယ်၍ စကြာဝဠာ သည် အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုဆီသို့ ရောက်သွားပါက၊ ကောင်းကင်နှင့် မြေကြီး၏ ဉပဒေသများ အားလုံး ပြီးပြည့်စုံသွားပါလိမ့်မည်။ သူသည် ဖြစ်စဉ်စီးဆင်းမှုကို နောက်ပြန်ဆုတ်ရန် အချိန်ဉပဒေသကို လုံးလုံး အသုံးပြုနိုင်ပြီး၊ လူတစ်ဦးကို သေခြင်း တရားမှပင် ပြန်လည် ယူဆောင်နိုင်ပါလိမ့်မည်။
နောက်ပိုင်းအဆင့်များတွင်ပင်၊ ချင်ယွင်သည် စကြဝဠာ၏ တော်ဝင်တာအိုများကို ကောင်းစွာ နားလည်ခဲ့ပြီး သူ၏ကိုယ်ပိုင်စကြဝဠာအတွင်းမှာ သက်ရှိများကို ဖန်တီးနိုင်စွမ်း ရှိလာလိမ့်မည်။
ဟုတ်ပါသည်၊ ချင်ယွင်၏ လက်ရှိစကြာဝဠာသည် ပြီးပြည့်စုံရန် အလှမ်းဝေး နေပါသေး သည်။ လက်ရှိစကြဝဠာ၏ နိယာမများသည် သန္ဓေတည်သည့် ပုံစံဖြင့်သာ ပေါ်ပေါက် လာပါသေးသည်။ သူသည် စကြဝဠာ၏ နိယာမများကို လုံးလုံးလျားလျား ပြီးပြည့်စုံ စေချင်ပါက၊ ချင်ယွင်အနေဖြင့် ၎င်းတို့ကို အဆက်မပြတ် နားလည်အောင် ဆင်ခြင်နေရန် လိုအပ်နေပါသေးသည်။ ဤလုပ်ငန်းဖြစ်စဉ်သည် အလွန်ရှည်ကြာသည့် လုပ်ငန်းစဉ်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်၏စကြဝဠာ၏ နိယာမများ၏ လက်ရှိအမြန်နှုန်းသည် အလွန်မြန်နေပြီ ဖြစ်သည်။ မိုးပြာဧကရာဇ်သည် ကနဦးစကြာဝဠာကို ဖန်တီးပြီးနောက် သူ၏စကြာဝဠာတစ်ခုလုံး သည် ရပ်တန့်သွားပြီး ၎င်းသည် ဖရိုဖရဲစွမ်းအင် အခြေအနေတွင်သာ ရှိနေပါသေးသည်။
ချင်ယွင်သည် မိုးပြာဧကရာဇ်၏ စကြဝဠာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဉီးမည် မဟုတ်ပါ။ သူ၏အစီအစဉ်က သူ၏စကြဝဠာကို လုံးလုံးလျားလျား ပြီးမြောက်ပြီးနောက်မှ မိုးပြာဧကရာဇ်၏ စကြဝဠာကို ဆင့်ကဲပြောင်းလဲရန် ဖြစ်ပါသည်။ ထိုအချိန်ရောက်မှ ဆိုလျှင်လည်း မိုးပြာဧကရာဇ်၏ စကြဝဠာကို ပြောင်းလဲတည်ဆောက်ရန် အချိန်မနှောင်း သေးပါ။ စကြဝဠာကြီးတစ်ခု တိုးတက်ပြောင်းလဲလာခြင်းနှင့် နှိုင်းစာလျှင် ၎င်းသည် လွှမ်းမိုးနိုင်စွမ်း ရှိနေပါပြီ။ သူ့တွင် စကြဝဠာနှစ်ခုစလုံးကို တစ်ပြိုင်နက် ထိန်းချုပ်ရန် စွမ်းအင် မရှိသေးပါချေ။
ဘန်း…။
ချင်ယွင်သည် သူ၏ စကြာဝဠာအတွင်း အင်မော်တယ်ကမ္ဘာတိုက်ကြီးရှိ ကျောက်ဆောင် ကြီး တစ်ခုပေါ်တွင် ထိုင်နေပါသည်။ သူ၏လက်ထဲမှာ ကြက်ဥအရွယ် အနီရောင် ကျောက်တုံးတစ်ခုကို ကိုင်ဆောင်ထားသည်။
ဤကျောက်တုံးသည် တောက်ပြောင်ပြီး ကြည်လင်တောက်ပနေကာ အစွမ်းထက်သော အင်မော်တယ် စိတ်ဝိညာဉ် စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။
"ဒါက မြွေမျိုးနွယ်စုရဲ့ ကောင်းကင်ဆေးလုံးပဲလား?။" ချင်ယွင်သည် အနီရောင် ကျောက်တုံးကို ဆော့ကစားရင်း သူ့ကိုယ်သူ ပြောလိုက်ပါသည်။