အခန်း ၁၀၂၉
Vol. 69 Ch. 1029
အခန်း (၁၀၂၉) ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ။
အစောပိုင်းက ဟောင်ယန်သည် စိတ်ဝိညာဉ် တိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် မြွေမျိုးနွယ်စု ကောင်းကင်ဆေးလုံးကို အသုံးပြုသောအခါ၊ ၎င်းမှ ဖန်တီးဖြစ်ပေါ်လာသော စွမ်းအားသည် သေးငယ်သည် မဟုတ်ပေ။ အကယ်၍, ချင်ယွင်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ ကာကွယ်ပေးမှုသာ မရှိခဲ့ပါက၊ သူသည် ဟောင်ယန်၏ တိုက်ခိုက်မူကြောင့် အစိပ်စိပ်မွှာမွှာ ကြေမွသွားပေလိမ့်မည်။ ထို့ကြောင့်၊ ချင်ယွင်သည် ဤမြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံးသည် မည်သည့် ရတနာအမျိုးအစားဖြစ်သည်ကို အလွန် သိချင်နေခဲ့ သည်။
မြွေမျိုးနွယ်စု၏ကောင်းကင်ဆေးလုံးသည် ကြီးကြီးမားမား မဟုတ်ပါ။ ၎င်း၏ ပုံပန်း သဏ္ဌာန်သည် ကြက်ဥအရွယ်အစားမျှသာ ရှိပြီး၊ ကိုယ်ထည်တစ်ခုလုံးသည် သွေးကဲ့သို့ နီရဲနေကာ ပြင်းထန်သော အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်း တစွန်းတစကို ထုတ်လွှတ် ပြီးနောက် မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံးဆီသို့ ပြေးသွားခဲ့သည်။
သို့သော်၊ သူ၏အင်မော်တယ် စိတ်ဝိညာဉ်သည် မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံးနှင့် ထိတွေ့သောအခါ၊ သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံး က စုပ်ယူသွားသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် အံ့သြသွားပါသည်။
ဘန်း..။
ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးလုံး၏ အတွင်းပိုင်းသို့ ဆွဲယူသွားခြင်း ခံလိုက်ရပါသည်။
ဤသည်မှာ လေဟာနယ် နေရာလွတ်တစ်ခု ဖြစ်သည်။ ဤနေရာ၏ အလယ်ဗဟိုတွင် ကြီးမားသော မြွေပုံသဏ္ဍာန် အလောင်းတစ်လောင်း ရှိနေပါသည်။ ဤမြွေရုပ်အလောင်း သည် အလွန်ကြီးမားပါသည်။ ၎င်းသည် တစ်ကိုယ်လုံး နီရဲနေပြီး၊ ဧရာမတောင်ကြီး တစ်ခုလို ဖြစ်နေသည်။ အကယ်၍ ချင်ယွင်သာ ၎င်းကို ဖြန့်ကြည့်လိုက်မည်ဆိုလျှင်, ပေတစ်သောင်း ရှည်ပေလိမ့်မည် ။
ချင်ယွင်သည် ဤမျှကြီးမားသော မြွေမျိုးနွယ်စု၏ ခန္ဓာကိုယ်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသည်။ ဤသည်မှာ ရှေးခေတ်နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။
ဧရာမ အနီရောင်ခန္ဓာကိုယ်ကြီးသည် လှုပ်ရှားခြင်းမရှိဘဲ အလွန်မင်း ကြောက်မက်ဖွယ် ကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤအငွေ့အသက်က လူတွေကို အထွန်းကွပ်မဲ့ ကြောက်ရွံ့မှုခံစားချက်ကို ပေးစွမ်းနေပါသည်။ ချင်ယွင်သည်ပင် သူ၏စိတ်က တော်တော်လေး ထိခိုက်သွားသည်ကို ခံစားရသည်။
ချင်ယွင်သည် နှိုင်းယှဉ်ပြ၍ မရအောင်ပင် ထိတ်လန့်သွားရသည်။ ရုပ်အလောင်း တစ်လောင်းက ထိုသို့သော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်သည်ဟု သူ မယုံကြည်နိုင်ပေ။ မသေခင်အချိန်ကဆိုလျှင်, ထိုသူသည် မည်မျှ အစွမ်းထက်လိုက်မည်နည်း?။
ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ ဧရာမ မြွေမျိုးနွယ်စုဝင်ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကြီးဆီသို့ လျှောက်သွားသည်။ သို့သော် သူသည် ဧရာမမြွေကြီး၏ခန္ဓာကိုယ်ကြီး အနီးသို့ ချဉ်းကပ်လာစဉ်မှာပင် ပြင်းထန်သော စွမ်းအားတစ်ခုသည် ထိုမြွေကြီး၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ် အမျှင်တန်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
ချင်ယွင်၏ စိတ်အစဉ်သည် အပြင်သို့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး၊ သူ၏မျက်လုံးတွေက အံ့သြသွားသည် အမူအရာ ပေါ်လာပါသည်။ မြွေကြီးထံမှ ထုတ်လွှတ်သော စွမ်းအားသည် ဟောင်ယန် သူ့ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့သည့် စွမ်းအားနှင့် အတိအကျ အတူတူပင် ဖြစ်သည်။ သို့မဟုတ် တူညီသော စွမ်းအားတည်းပင် ဖြစ်နိုင်ပါသည်။
"ကြည့်ရတာ မြွေမျိုးနွယ်စုရဲ့ ကောင်းကင်ဆေးလုံးရဲ့ လျှို့ဝှက်ချက်က ဒီမြွေမျိုးနွယ်စုဝင် ဧရာမအလောင်းကောင်ကြီးကနေ ဆင်းသက်လာပုံပဲ။ အဲဒါက ဘယ်လိုမြွေအမျိုးစားလဲ ဆိုတာ ငါ မသိသေးဘူး။" ချင်ယွင်သည် ဤမြွေကြီး၏ ကိုယ်ရေးအချက်လက်ကြောင်းကို ပို၍ပင် သိချင်လာသဖြင့် သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်မိသည်။
"ဒါက ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေပဲ။ အားကောင်းတဲ့ စိတ်ဝိညာဉ် တိုက်ခိုက်နိုင်စွမ်းနဲ့ မွေးဖွားလာခဲ့တာ။" ဧကရာဇ်ဟောက်ချင်း၏ ရုပ်အသွင်က ချင်ယွင်၏ အနားသို့ ရုတ်တရက် ပေါ်လာပြီး ပြောလိုက်၏။
"ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ။ အဲဒါ ဘာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
သူသည် ရှေးဟောင်းနတ်ဘုရားသားရဲများအကြောင်း များများစားစား မသိရှိထားပါဘူး။ ထို့အပြင်, ဧကရာဇ်ဟောက်ချင်း ပြောသည့် ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေကိုလည်း သူ တစ်ခါမှ မကြားဖူးပါဘူး။
"ဒီရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေက ထူးခြားသော သက်ရှိပုံစံတစ်ခု ဖြစ် တယ်။ ရှေးဟောင်းခေတ်ကတည်းကတောင်၊ ၎င်းက အလွန်ရှားပါးတဲ့ တည်ရှိမှုတစ်ခုပဲ။ ဒီကောင်ကြီးက နတ်ဘုရားသားရဲမျိုးနွယ်ရဲ့ မျိုးကွဲတစ်ခုပဲ။" ဧကရာဇ်ဟောက်ချင်းက ရှင်းပြသည်။
ချင်ယွင်က အံ့သြစွာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံး မြွေနှင့် ပတ်သက်၍ သူသည် ပို၍ပင် စူးစမ်းလိုစိတ်ရှိလာခဲ့သည်။ ထို့ကြောင့် သူက မေးမြန်းလိုက်သည် "ဒီရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေရဲ့ ထူးခြားချက်က ဘာလဲ?။ ဒီကောင်ကြီးကို ဒီမြွေမျိုးနွယ်စုရဲ့ ရတနာအဖြစ် ဘာကြောင့် ဒီကောင်းကင် ဆေးလုံးထဲမှာ သိမ်းထားရတာလဲ"။
ဧကရာဇ်ဟောက်ချင်းက ပြုံးလိုက်သည်။ ၎င်းက ဆက်လက် ရှင်းပြပါသည် “ဒီရှေးဟောင်း စိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေက မနှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်တဲ့ ရှေးဟောင်း နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ပြီး သူရဲ့အစွမ်းကတော့ သူက ပြင်းထန်တဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို စတင်နိုင်တာပဲ။ တကယ်လို့, သူ သေသွားရင်တောင်မှ သူ့ခန္ဓာကိုယ်က ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူး။ သူ့ဆီကို ချဉ်းကပ်လာတဲ့ လူတိုင်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေတဲ့ စိတ်ဝိဝိညာဉ်စွမ်းအင် အတက်အကျ လှိုင်းတွေ ကြောင့် တိုက်ခိုက်ခြင်း ခံရလိမ့်မယ်။ ခုနက မင်း မြင်တဲ့အတိုင်းပဲ။ မင်းရဲ့ အင်မော်တယ် စိတ်ဝိညာဉ် အမျှင်တန်းက သူ့ခန္ဓာကိုယ်နဲ့ နီးကပ်သွားတာနဲ့ ကွဲအက်သွားခဲ့တယ်လေ။ ဒါက သူ့ခန္ဓာကိုယ်မှာ ကျန်ရှိနေခဲ့တဲ့ စိတ်ဝိညာဉ် စွမ်းအင် အတက်အကျလှိုင်းတွေကြောင့် ဆိုတာ အတိအကျပဲပေါ့။"
ချင်ယွင်က ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်ပါသည်။ နတ်ဘုရားသားရဲတစ်ကောင်က စိတ်ဝိညာဉ် တိုက်ခိုက်နိုင်သည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပါသည်။
“ကောင်လေး၊ ဒီတခါ၊ မင်းတော့ ရတနာထုပ်ကြီး ကောက်ရမိတာပဲ။ ဒီရှေးဟောင်း စိတ်ဝိညာဉ်သန့်စင်ခြင်း စပါးအုံးမြွေရဲ့အလောင်းက ရတနာတွေနဲ့ ပြည့်နှက်နေတယ်ကွ။ ၎င်းရဲ့ခန္ဓာကိုယ်ထဲမှာ အထူးသလင်းကျောက် အမြုတေတစ်ခု ရှိတယ်။ အဲဒါက သူ့ရဲ့ အဓိက အကျဆုံးနေရာမှာပဲ။ တကယ်လို့ မင်းသာ အဲဒီအရာကို ဝါးမျိုနိုင်မယ်ဆိုရင်, မင်းရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းကလည်း သတ္တမအဆင့်အထိ ဖြတ်ကျော်ဝင်ရောက် သွားနိုင်လိမ့်မယ်" ဟု ဧကရာဇ်ဟောက်ချင်း က ပြောခဲ့သည်။
"ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှု သတ္တမအဆင့်လား..?" ချင်ယွင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာယ်ကိုယ် ကြံ့ခိုင်မှုသည် ဆဋ္ဌမအဆင့်ဖြစ်သော ဖင်းဂေါ့ဂ် နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်တွင် တက်စို့နေခဲ့ပြီ။ အကယ်၍, သူသည် သတ္တမအဆင့် ဖြစ်သော ရှေးဟောင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် ကြီးမားသော အခွင့်ကောင်းမရှိခဲ့ပါက, ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်ပင် ခက်ခဲပေလိမ့်မည်။ ယခုမူ ဧကရာဇ် ဟောက်ချင်းက ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ သလင်းကျောက် အမြုတေက သူ့ကို သတ္တမအဆင့်ထိ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည်ဟု ပြောနေခဲ့ သည်။ သူ မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း?။ (ဤနေရာ၌ သူသည် လျှို့ဝှက်ဆန်းကြယ် သော အဝါရောင်နတ်ဆိုးပညာရပ်ကို စတင်ကျင့်ကြံစဉ်အခါက အဆင့်ခုနှစ်ခုကို နယ်ပယ် ခုနှစ်ခုဖြင့် ခွဲခြားပြခဲ့ပြီး၊ ဆဋ္ဌမအဆင့် နတ်ဆိုးနတ်ဘုရားနယ်ပယ် နောက်ပိုင်းတွင် မြန်မာလိုတိုက်ရိုက်မပြန်တော့ဘဲ ဖင်းဂေါ့ဂ်နယ်ပယ်ဟု အသံထွက်တိုင်း ပြန်ဆိုခဲ့ပါသည်။ ရှေ့မှာတုန်းက သတ္တမအဆင့်ဖြစ်သော လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နယ်ပယ်ဟု မူရင်းပါသည့်အတိုင်း ရေးသားပြန်ဆိုခဲ့ပြီး၊ ယခု ဤအခန်း၌ ရှေးဟောင်းနယ်ပယ်ဟု ပါရှိနေပါသည်။ သူ၏ရုပ်ခန္ဓာကိုယ်ကျင့်စဉ်သည် ကလေးဧကရာဇ်တွန်ဒီနှင့် တွေ့ဆုံခဲ့စဉ် က နည်းလမ်းအသစ် အကြံဉာဏ်အသစ်များ ထပ်မံရရှိခဲ့ပြီး ဆဋ္ဌမအဆင့်ကို ထိုနည်းလမ်း အတိုင်း ကျင့်ကြံခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ သတ္တမအဆင့်ကို နယ်ပယ်အဖြစ် သတ်မှတ်ရာ၌ ရှေးကျင့်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ် အတိုင်း မဟုတ်တော့ဘဲ ကလေးဧကရာဇ်တွန်ဒီထံမှရခဲ့သည့် ကျင့်ကြံမူအတိုင်း သတ်မှတ်သည်ဟု ထင်မိပါသည်။ ထို့ကြောင့် ဤနေရာ၌ ပြန်လည် သုံးသပ်ပြခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဘာသာပြန်ဆိုရေးသား၌ ရှေးနောက်မညီမှာကို အလွန် ဂရုစိုက်ပါသည်။ ထို့နောက် တတ်နိုင်သမျှ တွေးတောကြံဆမိပြီး တင်ပြထားခြင်း ဖြစ်ပါသည်။ နောက်ပိုင်းများ၌မူ မူရင်းပါသည့်အတိုင်း ဉီးစားပေးပြန်ဆိုပါမည်)။
"ဒီရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေရဲ့ သလင်းကျောက် အမြုတေက သတ္တမအဆင့်ဖြစ်တဲ့ ရှေးဟောင်းနယ်ပယ်ရောက်အောင် တကယ် ကူညီပေးနိုင်မှာ လား?။” ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည် ။
“ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်မှာ အရေးကြီးဆုံးအရာက မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို တစ်သားတည်း ပေါင်းစည်းနိုင်ဖို့ပဲ။ ဒါကြောင့် ဒီအဆင့်ကို ရောက်ဖို့က အလွန်ခက်ခဲလွန်းတယ်။ ဒါပေမယ့်, ဒီစပါးအုံးမြွေရဲ့ သလင်းကျောက် အမြုတေကို သန့်စင်နိုင်မယ်ဆိုရင်တော့ ကွဲပြားသွားပြီ။ သူ မင်းရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို မင်းရဲ့အသွေးအသား အစိတ်ပိုင်းအားလုံးနဲ့ လုံးဝ ပေါင်းစပ်နိုင်ပြီး မင်းကို သတ္တမအဆင့်အထိ အောင်မြင်စွာ ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တယ်" ဟု ဧကရာဇ် ဟောက်ချင်း ထပ်လောင်း ပြောကြားလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်နှင့် အတူ ချက်ချင်း ပေါက်ကွဲထွက်လာပါသည်။
ယခုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်သည် ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်တွင် ပိတ်ဆို့နေခဲ့ပြီး၊ သူ၏ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့် အင်မော်တယ် ဧကရာဇ် တစ်ပါးနှင့်သာ ညီမျှပါသည်။ အကယ်၍၊ သူသည် သတ္တမအဆင့်ကို ချိုးဖျက်နိုင်မည်ဆို ပါက, သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် မည်သည့်အဆင့်ထိ ရောက်ရှိလာမည်ကို သူ မသိနိုင်ပေ။ ယင်းက ချင်ယွင်၏ နှလုံးသားကို ပြင်းပြသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေခဲ့သည်။
ဘန်း…။
ချင်ယွင်၏လက်ကို တချက်ဝှေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် သူ၏စကြာဝဠာထဲတွင် ပေါ်လာသည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်ထက်ဝက် နီးပါးကို ဖုံးလွှမ်းထားသည်။
ချင်ယွင်၏ စိတ်နှလုံးက တစ်ချက်လှုပ်ခတ်သွားပြီးနောက် ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်းစပါးအုံးမြွေ၏ ခန္ဓာကိုယ် လုံးလုံးလျားလျား ကွဲအက်သွားခဲ့ပါသည်။
ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ ခန္ဓာကိုယ်သည် တုနှိုင်းမရလောက် အောင် အစွမ်းထက်သော်လည်း ချင်ယွင်၏ စကြာဝဠာတွင် သူသည် အုပ်စိုးရှင် ဖြစ်ပါသည်။ သူ တစ်ခုခုကို လုပ်ချင်နေသရွေ့, သူ မလုပ်နိုင်သည့်အရာ ဘာမှမရှိပါဘူး။
ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကြီး ကွဲအက်သွားပြီး နောက်, အရာနှစ်ခုသည် လေထဲတွင် လွင့်မျောနေပါသည်။
တစ်ခုက ဧကရာဇ်ဟောက်ချင်း ပြောခဲ့ဖူးသည် သခင်းကျောက် အမြုတေ ဖြစ်ပါသည်။ ဤသလင်းကျောက်အမြုတေသည် လူတစ်ယောက်၏ ဦးခေါင်းအရွယ်အစားဖြစ်ပြီး၊ ၎င်းတွင် အလွန်မင်း အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေပါသည်။ အခြားတစ်ခုကတော့ ရှည်လျားသော ကြက်သွေးရောင် မြွေသွေးပြန်ကြောဖြစ်ပြီး၊ ၎င်းသည်လည်း ပြင်းထန်သော စိတ်ဝိညာဉ်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေ သည်။
"ဒါက ဘာလဲ?" ချင်ယွင်က မြွေအရွတ်တွေကို ညွှန်ပြပြီး မေးလိုက်သည်။
အခုလေးတင်, သူသည် ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကို ဖြိုခွဲလိုက်သည့်အခါ, ဤအရွတ်တွေက အလွန်ထူးခြားသည်ဟု တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့ကို ချန်ထားခဲ့ခြင်း ဖြစ်ပါသည်။
"ဒါက ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေရဲ့ မွေးရာပါအရွတ်တွေပေ။ သူ့မှာ အလွန်အစွမ်းထက်တဲ့ စိတ်ဝိညာဉ် တိုက်ခိုက်နိုင်စွမ်းတွေ ရှိနေတယ်။ အဲဒါကို စိတ်ဝိညာဉ် သန့်စင်ခြင်းကြာပွတ်အဖြစ် သန့်စင်ပြီး အင်မော်တယ် စိတ်ဝိညာဉ်တွေကို ရိုက်နှက်ရာမှာ အထူးအသုံးပြုနိုင်တယ်။ သူ့ရဲ့ စွမ်းအားကလည်း ကြီးမားလွန်းတယ်။" ဧကရာဇ် ဟောက်ချင်းက ဆက်ပြောသည်။
"စိတ်ဝိညာဉ် သန့်စင်ခြင်းကြာပွတ်လား?”။ ချင်ယွင်က ပြုံးပြီး ရှေးဟောင်း စိတ်ဝိညာဉ် သန့်စင်ခြင်းစပါးအုံးမြွေ၏ မွေးရာပါအရွတ်များကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူသည် ကြည်လင်သော သလင်းကျောက် အမြုတေကို လှည့်ကြည့်လိုက် သည်။
ချင်ယွင်က သူ၏လက်ကို ဆန့်ထုတ်ပြီး သလင်းကျောက် အမြုတေကို ဆုပ်ကိုင်လိုက် သည်။ သို့သော် သူ၏လက်ချောင်းသည် အသက်သလင်းကျောက် အမြုတေကို ထိလိုက် သည့်အခါ၊ သလင်းကျောက် အမြုတေမှ ဟိန်းဟောက်သံတစ်ခု အမှန်တကယ် ထွက်ပေါ် လာခဲ့သည်။ ပြင်းထန်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုသည် ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ် အနှစ်သာရကို ချက်ခြင်း ထိမှန်သွားသည်။
ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ်က ကာကွယ် ပေးထားခဲ့သော်လည်း၊ ဤကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကြောင့် သူ၏ စိတ်ဝိညာဉ်သည် ဒဏ်ရာရသွားခဲ့ပြီး၊ အင်မော်တယ် စိတ်ဝိညာဉ် အနှစ်သာရ တစ်ခုလုံးပင် ကွဲကြေလုနီးပါး ဖြစ်သွားခဲ့သည်။
"ဘယ်လောက်တောင်မှ ပြင်းထန်လိုက်တဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကြီးလဲ။ သေဆုံးပြီး တာ ဒီလောက် အချိန်တွေကြာခဲ့တာတောင် ဒီစိတ်ဝိညာဉ် တိုက်ခိုက်မှုက အရမ်းကို ပြင်းထန်နေတုန်းပဲ။" ချင်ယွင်က သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်သော်လည်း သူ၏နှလုံးသားက ပို၍ပင် စိတ်လှုပ်ရှားသွားပါသည်။
ဤသလင်းကျောက် အမြုတေ အားကောင်းလေလေ၊ သူ့ကို အဆင့်ဖြတ်ကျော်ရာမှာ ကူညီပေးနိုင်ရန် ပို၍ အလားအလာများလေ ဖြစ်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် သလင်းကျောက် အမြုတေကို နောက်တစ်ကြိမ် ဆုပ်ကိုင်ရန် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး၊ ချင်ယွင်ကို စိတ်ဝိညာဉ် ထပ်မံတိုက်ခိုက်တော့မည့် အလား သလင်းကျောက် အမြုတေမှ ဟိန်းဟောက်သံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန် သည်။
"ဟမ့်၊ မင်း ငါ့ကို သေပြီးတာ ဒီလောက်ကြာနေတာတောင် သတ်ချင်နေသေးတာလား?။ ငါချင်ယွင်ကို သက်သတ်လွတ်သမားလို့ မင်းက ထင်နေတာလား?။" ချင်ယွင်က အေးစက်စွာ ဟစ်ကြွေး လိုက်ပြီး သူ၏မျက်လုံးထဲတွင် အမျက်ဒေါသများ ပျံ့နှံ့လာခဲ့သည်။
ထို့နောက်တွင်၊ စကြာဝဠာ စွမ်းအင် လှိုင်းလုံးက သူ၏လက်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး၊ သလင်းကျောက် အမြုတေသည် သူ၏လက်ထဲသို့ အတားအဆီး ကင်းမဲ့သွားစွာ ရောက်ရှိလာခဲ့သည်။