အခန်း ၁၀၃၀
Vol. 69 Ch. 1030
အခန်း (၁၀၃၀) ရှေးဟောင်းနယ်ပယ်။
ဘန်း…။
ချင်ယွင်သည် ရှေးဟောင်းစိတ်ဝိညာဉ် သန့်စင်ခြင်း စပါးအုံးမြွေ၏ သလင်းကျောက် အမြုတေကို ဖမ်းဆုပ်ယူလိုက်သည်။ ချင်ယွင်သည် သလင်းကျောက် အမြုတေအတွင်း ပါရှိသော ကြီးမားသော စွမ်းအားကို ခံစားနိုင်သည်။
"မျိုချလိုက်ပါ။" ဧကရာဇ် ဟောက်ချင်းက ပြောသည်။
ချင်ယွင်သည် ဦးခေါင်းအရွယ်အစားရှိ ဤသလင်းကျောက်အမြုတေကို ကြည့်ပြီး ပြောစရာစကားမရှိ ဖြစ်သွားရပါသည်။ ဤမျှလောက် ကြီးမားသည့် သလင်းကျောက် အမြုတေကို သူ မည်သို့ မျိုချနိုင်မည်နည်း?။
အကူညီမဲ့စွာဖြင့်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ် အရွယ်အစားကို ဆယ်ဆတိုးမြင့်ရန် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာကို အသုံးပြုလိုက်ရပြီး၊ ဦးခေါင်းအရွယ် အစားရှိ သလင်းကျောက် အမြုတေကို မျိုချရပါတော့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ သလင်းကျောက် အမြုတေ ဝင်ရောက်လာသည်နှင့် တပြိုင်နက်၊ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သလင်းကျောက် အမြုတေမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကျိုးပေါက်သွားသော ဆည်တစ်ခုမှ ရေများ လွှမ်းမိုးသွား ကဲ့သို့ပင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ဆေးကြေသန့်စင်ပါတော့သည်။
ချင်ယွင်သည် သူ၏တစ်ကိုယ်လုံးရှိ ဆဲလ်များကို အပ်များဖြင့် ထိုးစွနေသကဲ့သို့ ခံစားခဲ့ရ သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထောင်ပေါင်းများစွာသော တွားသွားသတ္တဝါတွေ ကိုက်နေသလိုပင်။ နာကျင်မှုက နာကျင်လွန်းလို့ လုံးဝ သည်းမခံနိုင်လောက်အောင် ခံစားခဲ့ရသည်။
ချင်ယွင်သည် ဟစ်အော်လိုက်ရသည်။ ပြင်းထန်သော ဝေဒနာက သူ့ကို အော်ဟစ်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို လှည့်ပတ်ပြီး၊ မင်းခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းဖို့အတွက် မင်းရဲ့စိတ်ဝိညာဉ်အနှစ်သာရကို ထိန်းချုပ်လိုက်ပါပါ။" ချင်ယွင်သည် ဧကရာဇ် ဟောက်ချင်း၏ အသံကို ကြားလိုက်ရသည်။
ဧကရာဇ် ဟောက်ချင်း၏ အသံကိုကြားတော့ ချင်ယွင်သည် ဧကရာဇ်တွန်ဒီပေးခဲ့သော ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်၏ သတ္တမအဆင့်ကို ချက်ချင်း ဖြန့်ကျက်ကာ သူ၏စိတ်ဝိညာဉ် အနှစ်သာရကို သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များဆီသို့ ပျံ့လွင့်သွား စေရန် ထိန်းချုပ်လိုက်ပါသည်။
စိတ်ဝိညာဉ် အနှစ်သာရကို ဆဲလ်တိုင်းသို့ ဖြန့်ခွဲခြင်းသည် အလွန်မင်း အန္တရာယ်များသော လုပ်ငန်းစဉ်တစ်ခု ဖြစ်မည်မှာ သံသယဖြစ်စရာပင် မလိုပါချေ။ အနည်းငယ် သတိမထားမိ သည်နှင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ပျောက်ကွယ်သွားစေမည် ဖြစ်ပါသည်။
ဤသည်မှာ ချင်ယွင်အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။
ဘန်း….။
ချင်ယွင်၏ စိတ်ဝိညာဉ် အနှစ်သာရသည် ပြန့်ကျဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသို့ လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။
သလင်းကျောက်အမြုတေ စွမ်းအား၏ အကူအညီဖြင့်၊ ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ဆဲလ်အတွင်းသို့ ကောင်းစွာ ပေါင်းစပ်သွားခဲ့ပြီး ဆဲလ်များနှင့် လုံးလုံး လျားလျား ပေါင်းစပ်သွားခဲ့ပါသည်။
ဤပေါင်းစပ်မှု လုပ်ငန်းစဉ်သည် အလွန်မင်း ရှည်လျားပါသည်။ ဤလုပ်ငန်းစဉ်ကို ပြီးမြောက်ရန် ချင်ယွင်သည် အချိန်သုံးရက် ပြည့်သည်အထိ လုပ်ဆောင်ခဲ့ရပါသည်။
ချင်ယွင်သည် သလင်းကျောက် အမြုတေဖြင့် ပေါင်းစပ်နေစဉ်မှာ၊ ၎င်းသလင်းကျောက် အမြုတေသည် တဖြည်းဖြည်း ကျုံ့သွားပြီး ပျောက်ကွယ်သွားပါသည်။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဤသည်မှာ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း၏ သတ္တမအဆင့်သို့ ဖြတ်ကျော်သွားခြင်း၏ လက္ခဏာ ဖြစ်ပါသည်။
ထိုအချိန်တွင် ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ် အနှစ်သာရသည် သူ၏ခန္ဓာကိုယ်နှင့် လုံး၀ ပေါင်းစပ်သွားခဲ့ပြီ။ သူသည် အမှန်တကယ် မသေနိုင်တော့ဟု ဆိုနိုင်ပါသည်။
တစ်နည်းဆိုရသော်, ချင်ယွင်၏ ဆဲလ်များအတွင်းရှိ အင်မော်တယ် စိတ်ဝိညာဉ် တစ်ခုချင်းစီတိုင်းကို သတ်ဖြတ်နိုင်မှသာ သူသည် ဤကမ္ဘာကြီးမှ အမှန်တကယ် ပျောက်ကွယ်သွားနိုင်ပါလိမ့်မည်။
ဟုတ်ပါသည်။ ဤအရာက အကုန်မဟုတ်သေးပါဘူး။ ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ သူ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ စွမ်းအားတွေနှင့် ပြည့်နေသည်ဟု သူ ခံစားရပါသည်။
သူသည် အောင်းဟန်ကို သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် သတ်နိုင်မည်မှာ သေချာပါသည်။ တစ်နည်းဆိုရသော် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ကောင်းကင် တာအိုနယ်ပယ်၏ အဆင့် ၁၁ အင်မော်တယ် ဧကရာဇ်များနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ နဂါးနတ်ဘုရား၏ စွမ်းအားကို ပေါင်းထည့်ခြင်းဖြင့်၊ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ အင်မော်တယ် ဧကရာဇ်များပင်လျှင် သူ့အတွက် ပြိုင်ဘက်ဖြစ်မည် မဟုတ်တော့ပေ။
သူ၏လက်သီးကို ကြမ်းတမ်းစွာ ပစ်ထိုးလိုက်ရင်း, ချင်ယွင်၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။
လက်သီးတစ်ချက်က ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ပြင်မှ ကြယ်တစ်လုံးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ထိုကြယ်သည် ချက်ခြင်းပေါက်ကွဲပြီး ကြေမွနေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားပါသည်။
ကောင်းကင်တာအို စွမ်းအားကို မသုံးဘဲ ကြယ်တစ်လုံးကို ဖြိုခွဲရန် လက်သီးလေလှိုင်းကို အားကိုခြင်း။ ဤခန္ဓာကိုယ်သည် မည်မျှတောင်မှ ကြောက်စရာကောင်းလိုက်မည်နည်း?။
"ဒါက ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းရဲ့ သတ္တမအဆင့်ပဲလား?။ ဒါက ရှေးဟောင်း နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ပဲရှိသေးတယ်။ ဒါတောင် အရမ်းကို အစွမ်းထက်နေပြီ။ ရှေးဟောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်က အဓိပတိဉသျှောင်နယ်ပဘ်ကို ရောက်နိုင် တယ်လို့ မဆိုလိုဘူးလား?"” ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ၏စိတ်ထဲတွင်၊ ဤဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ် စောင့်မျှော်နေပါသည်။ သူ၏ ခန္ဓာကိုယ်သည် အထွက်အထိပ်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သည်။ ဤအရာက မည်မျှ အစွမ်းထက်နေပြီနည်း?။
ဘန်း…။
ချင်ယွင်သည် သူ၏အောင်မြင်မှုအတွက် ရွှင်မြူးနေချိန်မှာ ပိုးအိမ်ကို ခွဲထွက်လိုက်သည့် လိပ်ပြာတစ်ကောင်ကဲ့သို့ အဝေးမှ ရှောင်ဘိုင်၏ ခန္ဓာကိုယ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒါက အဆင့်ချိုးဖြတ်တစ်ခုလား?။ သူ အင်မော်တယ် ဧကရာဇ်နယ်ပယ်ထဲ ဘယ်လောက် အထိ ခြေလှမ်းနိုင်မလဲ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးရင်း ပြောလိုက် သည်။
ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး, ရှောင်ဘိုင်သည် ကနဦး စကြဝဠာထဲမှ ပျောက်ကွယ်သွားခဲ့ပြီး အပြင်ကမ္ဘာမှာ ပေါ်လာပါသည်။
မြွေမျိုးနွယ်စုများသည် တိုက်ပွဲကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည် ပြုပြင်နေကြသော်လည်း, ထိုအချိန်မှာပင် ကောင်းကင်ကြီးသည် ရုတ်ချည်း ပြောင်းလဲလာသည်။
ဧရာမအဖြူရောင်အရာကြီးသည် လေထဲတွင် ပေါ်လာပြီး အဖြူရောင်မြွေကြီး၏ ထွက်ပေါ်လာမူနှင့်အတူ ကောင်းကင်ယံ၌ ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များ အဆက်မပြတ် ပေါ်လာသည်။
"ဒါက ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခြင်း တိမ်တိုက်တွေ မဟုတ်လား?။ ဘယ်သူက အင်မော်တယ် ဧကရာဇ်နယ်ပယ်ဆီ ဖြတ်ကျော်သွားတာလဲ?" မြွေမျိုးနွယ်စုထဲက လူတိုင်း က ကောင်းကင်ကို မျှော်ကြည့်ကြပြီး ကောင်းကင်မှ ရှောင်ဘိုင်ကို စိုက်ကြည့်နေကြသည်။
ချင်ယွင်၏ ရုပ်အသွင်သည်လည်း ကနဦးစကြဝဠာမှ ထွက်လာခဲ့ပြီး၊ ပြင်ပကမ္ဘာတွင် ပေါ်လာသည်။ ကောင်းကင်မှာ ပျံ့နှံ့နေသော ကောင်းကင်တာအို ကောင်းချီးပေးခြင်း တိမ်တိုက်တွေကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အံ့သြသည့်အမူအရာ ပေါ်လာပါသည်။
"ကောင်းကင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး။ ရှောင်ဘိုင်, မင်းက ငါ့ကို တကယ်အံ့သြသွားစေတယ်။ မင်းက တကယ်ပဲ ဟောင်ယန်ရဲ့ ကောင်းကင် တာအိုအပေါ် နားလည်သဘောပေါက်မှု ၉၀ ရာခိုင်နှုန်း စုပ်ယူနိုင်ခဲ့တာပဲ။" ချင်ယွင်သည် ရှောင်ဘိုင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။
ရွှမ်ဟေးသည် ချင်ယွင်၏ အနားတွင် ပေါ်လာပြီး ကောင်းကင်ယံတွင်ရှိနေသော ရှောင်ဘိုင်၏ ရုပ်အသွင်ကြီးကို စိုက်ကြည့်နေသည်။
အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ခါစဖြစ်သော အင်မော်တယ် ဧကရာဇ် တစ်ပါးသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များ၏ စွမ်းအင်အတက်အကျလှိုင်းများကို အဘယ့်ကြောင့် ထုတ်လွှတ်နိုင်သည်ကို သူ နားမလည် သော်လည်း၊ ဤအရာအားလုံးသည် ချင်ယွင်နှင့် ပတ်သက်နေကြောင်း သူ သိပါသည်။
"စိုးရိမ်နေစရာ မလိုဘူး။ သူက ငါပြောခဲ့တဲ့ ငါညီပဲ။ ငါက ဟောင်ယန် နားလည်ထားတဲ့ ကောင်းကင်တာအိုရဲ့ နားလည်မှုအားလုံးကို သူ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေးလိုက်တာ။ ဒါကြောင့် သူ အဆင့်ချိုးဖြတ်ပြီးတာနဲ့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ်ကို ရောက်ရှိသွားခဲ့တာ။" ချင်ယွင်က ရွှမ်ဟေးကို ရှင်းပြသည်။
ရွှမ်ဟေးသည် ချင်ယွင်၏ စကားကို ကြားလိုက်ရသောအခါတွင် တုန်လှုပ်ချောက်ချားသော လှိုင်းလုံးကြီးများသည် သူ၏နှလုံးသားကို လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
အခြားလူတစ်ဦး၏ ကောင်းကင်တာအိုအပေါ် ထိုးထွင်းသိမြင်မှုကို အခြားလူတစ်ဦး၏ ခန္ဓာကိုယ်သို့ ပေးပို့ခြင်းသည် ကောင်းကင်ဘုံကို အန်တုလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤအရာကြောင့် ချင်ယွင်ကို သူ၏နှလုံးသားထဲမှဦ ပို၍ပင် လေးစားလာစေသည်။
ဘန်း…။
ထိုအချိန်မှာပင်, ကောင်းကင်ယံမှ ရှောင်ဘိုင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားသားရဲ သွေးမျိုးဆက်၏ ဖိအားတစ်ခုနှင့် တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားများက မြွေမျိုးနွယ်စု၏လူများကို အလိုအလျောက် ဒူးထောက်သွားစေသည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မျိုစပါးအုံးမြွေသည် သွေးမျိုးဆက်က ၎င်းတို့၏ သွေးမျိုးဆက်များကို ဖိနှိပ်ထားသည်။ ရှောင်ဘိုင်၏ လက်ရှိ စွမ်းအားဖြစ်သည့် နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားကိုပါ ထည့်လိုက်ခြင်းဖြင့် ဤမျိုးနွယ်စုဝင်များ သည် မည်သို့ ခုခံနိုင်တော့မည်နည်း။ သူတို့အားလုံးသည် မြေပြင်ပေါ်တွင် တွားသွားသွား ကာ ရှောင်ဘိုင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
ယခုအချိန်တွင် ရှောင်ဘိုင်သည် သူ့အောင်မြင်မှုများ၏ ပျော်ရွှင်မှုထဲတွင် နှစ်မြှုပ်နေလေ သည်။ သူ၏ခန္ဓာကိုယ်အတွင်း ရှိနေသည့် အလွန်အစွမ်းထက်သော စွမ်းအားကို သူ ခံစားနိုင်သည်။
ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ ခံစားချက်မျိုး။
"ဟား….၊ ဟား…၊ ဟား…၊ ဟား၊ ရှောင်ဘိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေပါသည်။ သာမန်အားဖြင့် တည်ငြိမ်နေသော သူပင်လျှင် ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် တုန်လှုပ်သွားရသည်။
ဝှီး….။
ထိုအခိုက်အတန့်တွင် လက်သီးပုံသဏ္ဍာန်တစ်ချက် ပေါ်လာပြီး ရှောင်ဘိုင်အား အပြင်းအထန် တရစပ် တိုက်ခိုက်သည်။
အဖြူရောင်ဝတ် လူငယ်လေး၏ မျက်နှာသည် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် ကောင်းသည့် အေးခဲနေသော စွမ်းအင်တစ်ခုက သူ၏လက်ထဲတွင် ချက်ချင်း သိပ်သည်း သွားသည်။ ထို့နောက် သူသည် ထိုလက်ချက်အား အပြင်းအထန် ထိပ်တိုက်တွေ့လိုက် သည်။
“ဘုန်း..”။
ကြောက်စရာကောင်းသည့် စွမ်းအားတွေက ပေါက်ကွဲသွားပြီး ရှောင်ဘိုင်သည် နောက်ပြန် ဆုတ်သွားကာ အဝေးကို ဆင်းသက်လိုက်သည်။
လက်သီးဖြင့်ထိုးလိုက်သော လူငယ်သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက်ဘဲ နေရာတွင် မလှုပ်မယှက် ရပ်နေသည်။
"အစ်ကိုကြီး.." ရှောင်ဘိုင်သည် ထိုလူငယ်ကို မြင်လိုက်သောအခါတွင် စိတ်အားတက်ကြွ သည့် အရိပ်အယောင် ပေါ်လာသည်။ ယခုလေးတင် သူသည် သူ၏အဆင့်ချိုးဖြတ်မူ၏ ပျော်ရွှင်မှုထဲ၌ သူနှစ်မြုပ်နေခဲ့ပြီး၊ သူနှင့်မလှမ်းမကမ်းမှာရှိနေသည့် ချင်ယွင်ကို သူ သတိမထားမိခဲ့ပေ။
"တိုက်ခိုက်ကြည့်ရအောင်။ ငါ လက်တစ်ဖက်ပဲ အသုံးပြုမယ်။ မင်း ဘယ်လောက် သန်မာလဲဆိုတာ ငါ ကြည့်ပါရစေ။" ချင်ယွင်က ပြုံးပြီး သူ၏နောက်ကျောတွင် လက်တစ်ဖက်ယှက်ကာ ပြောလိုက်သည်။ သူက ရှောင်ဘိုင်ကို ကျန်လက်တစ်ဖက် ဝှေ့ပြယမ်းပြီး လှုပ်ရှားရန် အချက်ပြလိုက်သည်။