အခန်း ၁၀၃၁
Vol. 69 Ch. 1031
အခန်း(၁၀၃၁) ရှောင်ဘိုင်ကို တုန့်ဆိုင်းစေခြင်း။
"အစ်ကိုကြီး၊ မင်းက လက်တစ်ဖက်တည်းဆိုတော့, ငါ့ကို အရမ်းအထင်သေးတာလား?" ရှောင်ဘိုင် ရယ်မောလိုက်သည်။
သူ၏ခွန်အားတွေ တိုးလာပြီး၊ သူလေးစားရသည့် အစ်ကိုကြီးကို ပြန်တွေ့လိုက်ရတော့, သူ၏စိတ်က အထူးကောင်းမွန်နေသည်။ ထိုအကြောင်းကိုတွေးပြီး သူ့ကို စနောက်လိုက် သည်။
"မင်း စမ်းကြည့်ရင် သိမှာပါ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ရှောင်ဘိုင်ကို စိန်ခေါ်ရခြင်း၏ အကြောင်းရင်းမှာ ရှောင်ဘိုင်၏ ခွန်အားကို စမ်းသပ်ရန် ဖြစ်သလို, သူ ရှေးဟောင်းနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်ပြီးနောက် မည်မျှ အစွမ်းထက် လာသည်ကိုလည်း စမ်းသပ်ရန် ဖြစ်သည်။
"ကောင်းပြီ၊ အကိုကြီး၊ ဒါဆိုလည်း ပြိုင်ပွဲကို ငါ မရပ်တန့်တော့ဘူးနော်" ရှောင်ဘိုင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏မျက်လုံးများသည် ရုတ်တရက် အေးခဲသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် တာအို စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏လက်ဖဝါးထဲသို့ တိုးဝင်လာသည်။
သူသည် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် သူ၏ရုပ်အသွင်သည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထက်ရှပြီး အေးစက်သော ဓားသွားကဲ့သို့ လက်ဖဝါးတစ်ဖက်က ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ သူ၏လက်ဖဝါးတွင် ပါရှိသော အေးခဲသော စွမ်းအင် သည် ကြောက်မက်ဖွယ်ကောင်းပြီး လေဟာနယ်သည် သူ၏လက်ဖဝါးဓားကြောင့် နှစ်ပိုင်းကွဲသွားမည့် အရိပ်အယောင်များ ပြသနေသည်။
သို့သော် ချင်ယွင်က လက်ဖဝါးဓားကို ကြည့်ရင်း တဟားဟား ရယ်မောသံနှင့်အတူ ခေါင်းခါလိုက်သည်။ သူသည် လျှပ်စီးလက်သကဲ့သို့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ရှောင်ဘိုင်၏ လက်ဖဝါးဓါးကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
ချွင်….။
စူးရှသော အေးစက်စက်စက် အလင်းရောင်သည် ချင်ယွင်၏လက်ချောင်းနှင့် တိုက်မိသွား သော်လည်း ၎င်းသည် မာကျောသော နတ်သံမဏိနှင့် တိုက်မိသွားသည့်အလား ချင်ယွင်ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ပေ။
ရှောင်ဘိုင်သည် ဤမြင်ကွင်းကိုမြင်သောအခါ အံ့သြသွားသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
"မင်းရဲ့ လှုပ်ရှားမှုတွေက အရမ်းကို နှေးလွန်းတယ်။"
ထိုအချိန်တွင် ချင်ယွင်၏အသံသည် ရှောင်ဘိုင်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာ သည်။ ထို့နောက် ချင်ယွင်၏လက်ချောင်းသည် မမြင်နိုင်လောက်သောသော အရှိန်ဖြင့် သူ၏ရင်ဘတ်ရှေ့တွင် ပေါ်လာသည်ကို ရှောင်ဘိုင် မြင်လိုက်ရသည်။ လက်ချောင်းကို လှုပ်ရှားလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ လက်ချောင်းမှ ထွက်ပေါ်လာသည်။
ရှောင်ဘိုင်သည် သူ၏ ရင်ဘတ်ကို နတ်သံမဏိတူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မရပ်တန့်နိုင်ခင် ပေထောင်ပေါင်းများစွာ ပျံသန်းသွားကာ အထိန်းအကွပ်မရှိ နောက်ပြန် ဆုတ်သွားရသည်။
"ဝေါင်း..၊ အကိုကြီး၊ မင်းရဲ့ ခွန်အားက အရမ်းကောင်းတာပဲ။" ရှောင်ဘိုင်သည် သူ၏ ရင်ဘတ်ကို အပြင်းအထန် ပွတ်သပ်ရင်း သူ၏မျက်နှာမှာ နာကျင်ခြင်းများဖြင့် ပြည့်နေခဲ့ သည်။
ဤမြင်ကွင်းကို အောက်မှာရှိနေကြသည့် လူတိုင်း မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကောင်းကင်တာအိုနယ်ပယ် နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးသည် လွင့်ပျံသွားခဲ့ရသည်။ ဤစွမ်းအားသည် မည်မျှ အစွမ်းထက်လိုက်မည်နည်း?။
ရွှမ်ဟေး၏အမူအရာလည်း အလွန်မင်း တောက်ပနေပါသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ထိတ်လန့်သွားပုံရသည်။ အချိန်အတော်ကြာပြီးနောက် သူက “ကြည့်ရတာ သူလည်း အဆင့်ချိုးဖြတ်သွားပြန်ပုံရတယ်။ ဒီကမ္ဘာကြီးမှာ ဒီလို ပုံမှန်မဟုတ်တဲ့လူ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ” ဆိုသည့် စကားတစ်ခွန်းကို ရေရွတ်ပြောလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် ထိုလူများ၏ အတွေးများကို ဂရုမစိုက်ပေ။ ယင်းအစား သူက ပြုံးပြီး ရှောင်ဘိုင်ကို ပြောသည် "မင်းရဲ့ ခွန်အားကို အပြည့်အဝ အသုံးပြုပါ။ မဟုတ်ရင် မင်းက ငါ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ တကယ်လို့ အစောပိုင်းက ငါ့လက်ချောင်းသာ မင်းရဲ့ မျက်ခုံးကြားနေရာကို ထိသွားခဲ့ရင် မင်း အခုလောက်ဆို သေနေလောက်ပြီ"။
ချင်ယွင် ပြောသည်က အမှန်ပင်။ အစောပိုင်းက သူသည် သူ၏လက်ချောင်းကို ရှောင်ဘိုင်၏ ရင်ဘတ်ပေါ် ထိတွေ့ခဲ့သည်။ အကယ်၍ သူ၏ခေါင်းကိုသာ ထိမိခဲ့ရလျှင်, သူ၏ခေါင်းတစ်ခုလုံး အက်ကွဲသွားမှာ သေချာပါသည်။
"ကောင်းပြီ" ရှောင်ဘိုင်က သဘောတူလိုက်ပြီး သူ၏အကြည့်တွေက ပြင်းထန်လာသည်။ သူ၏စိတ်ထဲတွင်လည်း တိုက်ပွဲဝင်လိုစိတ်များ နိုးကြားလာခဲ့သည်။
ဘန်း…။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ရေခဲလှိုင်းလုံးကြီးသည် ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းမိုးသွားသည် ။
ကြည်လင်သော နေ့တစ်နေ့တွင် ငန်း၏အမွှေးလောက် ထူထပ်သောနှင်းများက ကောင်းကင်ယံမှ လွင့်ပျံလာကာ ရှောင်ဘိုင်၏ ရုပ်အသွင်သည်လည်း ၎င်းတို့ နောက်ကွယ်မှာ ပျောက်ကွယ်သွားသလိုပင်။
ယခုတစ်ကြိမ်မှာတော့ ရှောင်ဘိုင်၏ အရှိန်ဟုန်က ယခင်ကထက် ပိုမြန်လာပါသည်။ သူ၏ လက်ထဲမှာ အေးစက်နေသည့်ဓားက ချင်ယွင်၏လည်ပင်းဆီကို ကြောက်စရာကောင်း သည့် အအေးဓာတ်များကို ယူဆောင်လာပါသည်။
"ဒါက စိတ်ဝင်စားစရာပဲ။" ချင်ယွင် ရယ်မောလိုက်သည်။
သူ၏ခြေဖဝါးက အနည်းငယ် ရွေ့လျားသွားပြီး ရှောင်ဘိုင်၏ အေးစက်နေသော ဓားကို ရှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်သီးသည် ရှောင်ဘိုင်ဆီသို့ အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်လေသည်။
ရှောင်ဘိုင်သည် သဘာဝအတိုင်း ကြိုတင်ပြင်ဆင်ထားပြီး သူ၏ရှေ့တွင် ရေခဲနံရံတစ်ခု ဖုံးအုပ်ထားသည်။
"ဖျစ်… ဖျစ်..”
ချင်ယွင်၏ လက်သီးချက်သည် ရေခဲနံရံကို ဖြိုခွဲလိုက်သော်လည်း ရှောင်ဘိုင်ကိုလည်း တုံ့ပြန်ရန် အချိန်ပေးခဲ့သည်။
ရှောင်ဘိုင်လေးယောက်သည် ချင်ယွင်၏ အနီးတစ်ဝိုက်မှာ ချက်ချင်း ပေါ်လာပါသည်။ ရှောင်ဘိုင်၏လက်လေးချောင်းသည် ချင်ယွင်ဆီသို့ အေးစက်သော အလင်းရောင်များ ကဲ့သို့ တိုက်ခိုက်လိုက်ပါသည်။
ယခုအချိန်တွင်, ချင်ယွင်သည် လက်တစ်ဖက်တည်းသာ အသုံးပြုနေသည်ကို မဆိုထားနှင့်၊ အကယ်၍, လက်နှစ်ချောင်းအသုံးပြုလျှင်ပင် အနိုင်ယူရန် ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။ ရှောင်ဘိုင်သည် ချင်ယွင်ကို တိုက်ခိုက်ရန် ဤအချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းလာပါသည်။
ရှောင်ဘိုင်သည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်တွင်သာ ရှိသော်လည်း၊ သူသည် အလွန်ထက်မြက်သူ ဖြစ်သည်။ ဤတိုက်ပွဲတွင် သူသည် အခြားလူ၏ အားနည်းချက်များကို အချိန်တိုအတွင်း ဆုပ်ကိုင်နိုင်ပြီး ထိရောက်သော တိုက်ခိုက်မှုများ ကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ်ကျွမ်းကျင်သူများထက် ကိုင်တွယ်ရန် ခက်ခဲရာမှာ နိမ့်ကျမည် မဟုတ်ပေ။
ဤသည်မှာ ဦးနှောက်ရှိနှင့် ဦးနှောက်မဲ့သူ တိုက်ပွဲများကြား ခြားနားချက် ဖြစ်သည်။
"ဒီမှာ..”
ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်သည် ပျံ့နှံ့သွားခဲ့ပြီး၊ ချက်ချင်းပင် ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။ ထို့နောက် သူသည် ထိုပုံရိပ်ကို အညှာတာမဲ့ အပြင်းအထန် တိုက်ခိုက်လိုက်သည်။
သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည်မှာ, သူ၏လက်သီးသည် ထိုပုံရိပ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ဤပုံရိပ်သည် အမှန်တကယ်ပင် ရေလူသားအဖြစ်သို့ ပြောင်းလဲ သွားသည်။ ထို့အပြင်၊ ဤရေလူသားသည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ဖြင့် ချင်ယွင်၏လက်သီးချက်ကို အေးခဲသွားစေကာ ရေခဲထဲသို့ ပေါင်းထည့်လိုက်သည်။
"ဟား…၊ ဟား..၊ အကိုကြီး၊ မင်း အလိမ်ခံလိုက်ရပြီ။ ကြည့်ရတာ် အစ်ကိုကြီး ရှုံးနိမ့်တော့်မယ့်ပုံပဲ။" ကျန်ပုံရိပ်သုံးသည် ပျောက်ကွယ်သွားသည်။ ရှောင်ဘိုင်၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ လက်တဖက် ထောင်ချောက်ထဲ ပိတ်မိသွားသော ချင်ယွင်ကို ကြည့်ရင်း ရှောင်ဘိုင်က ရယ်မောကာ ပြောလိုက်သည်။
"တကယ်လား?" ချင်ယွင်သည် ရှောင်ဘိုင်ကို ကြည့်ရင်း ထူးဆန်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
"မကောင်းတော့ဘူး” ရှောင်ဘိုင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ လှည့်စားခံလိုက်ရကြောင်း သိလိုက်ပြီး၊ သူသည် ပတ်ဝန်းကျင်ကို အလျင်စလို အော်ပြော လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားပါသည်။ အေးခဲနေသော သူ၏လက်မောင်းကို ချင်ယွင်က အမှန်တကယ် ချိုးပစ်လိုက်ပြီး၊ လက်အသစ်တဖက်သည် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်သီးချက်က ရှောင်ဘိုင်၏ ဝမ်းဗိုက်ကို အညှာကင်းမဲ့စွာ ထိုးနှက်လိုက်သည်။
သူသည် ရှောင်ဘိုင်အား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှ မပေးတော့ဘဲ ဤအရေးကြီးသော အခိုက်အတန့်တွင် အရာအားလုံး အပြီးသတ်လိုက်သည်။
ရှောင်ဘိုင်၏ဝမ်းဗိုက်တွင် ဒဏ်ရာများစွာ ရရှိသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုသည် ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ သူ၏အော်အသံက မိုင်တစ်ရာလုံး ပဲ့တင်ထပ်နေသည်။
"အကိုကြီး၊ မင်းက တကယ်ကို လိမ်ညှာနေတာပဲ။" ရှောင်ဘိုင်သည် တွင်းနက်ကြီးထဲတွင် ထထိုင်ကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
ချင်ယွင်သည်လည်း ဖျတ်ခနဲ ရွေ့လျားသွားကာ ရှောင်ဘိုင်၏ရှေ့တွင် ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဆွဲတင်လိုက်သည်။
"တိုက်ပွဲမှာ မပျင်းရဘူးကွ။" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည် ။
တကယ်တော့ ရှောင်ဘိုင်၏ အရင်နည်းဗျူဟာတွေက အရမ်းကို ကောင်းမွန်ပါသည်။ အမှန်တကယ်ဆို, သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းသည် ရှေးဟောင်းနယ်ပယ်၏ သတ္တမအဆင့်သို့ ဖြတ်ကျော်သွားခြင်းကြောင်သာ၊ ထိုသို့မဟုတ်ပါက၊ သူသည် အချိန်တို အတွင်း ရေခဲထဲမှ လွတ်မြောက်ရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။
"အစ်ကိုကြီး၊ မင်း အခု ဘယ်လောက် သန်မာနေပြီလဲ?။" ရှောင်ဘိုင်သည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ရွှမ်ဟေးနှင့် အခြားလူများ သွေးအန်စေသည့် စကားတခွန်းကို ထုတ်ပြောလိုက်ပါသည်။ "ငါလည်း မသိဘူး၊ ဘာပဲဖြစ်ဖြစ်, ငါလည်း အခုလေးတင် လေ့ကျင့်ပြီးတဲ့နောက် ပိုသန်မာလာတာပဲ"
ပတ်ဝန်းကျင်မှ လူတွေလည်း ပြောစရာစကားလုံး ရှာမတွေ့တော့ပေ။ လေ့ကျင့်ပြီးတဲ့ နောက် ပိုသန်မာလာတယ်။ ဤစကားက မည်သည့်အရာကို ဆိုလိုပါသနည်း?။ ဒါဆို, သူတို့ကရော လေ့ကျင့်ပြီးနောက် ဘယ်လိုဖြစ်ပြီး သန်မာမလာရတာလဲ?။
"အစ်ကိုကြီး၊ အခု ရှောင်ကျင်းက ငါ အရမ်းသန်မာနေပြီဆိုတာ သိသွားခဲ့ရင်၊ သူ ဘယ်လို တွေးမယ်လို့ မင်းထင်လဲ?။ သူ ဒေါသထွက်ပြီး သွေးများအန်နေမလား?။" ရှောင်ဘိုင်၏ မျက်နှာပေါ်တွင် ညစ်နွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် ညီအစ်ကိုတွေ ဖြစ်နေကြသော်လည်း အမြဲတမ်း တိတ်တဆိတ် ပြိုင်ဆိုင်နေခဲ့ကြသည်။ ယခု ရှောင်ဘိုင်သည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ် နယ်ကို ဖြတ်ကျော်သွားခဲ့ပြီး၊ ရှောင်ကျင်းသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမ အဆင့်တွင်သာ ရှိသေးသည်။ သူတို့ကြားမှ ကွာဟချက်က ပေါင်းကူးတံတားထိုးရန်ပင် မလွယ်ကူတော့ပါဘူး။
ရှောင်ကျင်းသည် ရှောင်ဘိုင်၏ ကျင့်ကြံမူအဆင့်ကို သိရှိသွားပြီးနောက်တွင် သူသည် အဖေအမေတပြီး အော်ငိုရုံသာ တတ်နိုင်ပါတော့မည်။
"အစ်ကိုကြီး၊ ငါ မင်းကို ပြောပြချင်တာ တစ်ခုရှိတယ်။ ဟောင်ယန်ရဲ့ သွေးအနှစ်သာရနဲ့ ပေါင်းစပ်ပြီးနောက်၊ သူ့ရဲ့ မှတ်ဉာဉ်တချို့က ငါ့စိတ်ထဲမှာ ပေါ်လာတယ်။" ရှောင်ဘိုင်က ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် စပ်စုလိုသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။