← Chapters

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း (၁၀၃၃) ဗာမီလီယမ်ငှက်တောင်တန်း။

ဗာမီလီယမ်ငှက်တောင်တန်းသည် မွန်းစတားတိုက်ကြီး အလယ်ဗဟိုတွင် တည်ရှိပါသည်။ တောင်တန်းတစ်ခုလုံးသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး နေရာတိုင်းတွင် တောင်တန်းများနှင့် ကျောက်တုံးများ ပြန့်ကျဲနေပါသည်။

အရေးအကြီးဆုံးအချက်က, ထိုတောင်တန်းကြီး၏ အဓိကကိုယ်ထည်ကို ဗာမီလီယမ်ငှက် ကျောက်တုံးများဖြင့် စုပုံထားပါသည်။ ၎င်းတောင်တန်း၏ ကိုယ်ထည်တစ်ခုလုံးသည် ကြက်သွေးရောင်သမ်းနေဖြစ်ပြီး တောင်တန်းတစ်ခုလုံးသည် တောက်လောင်နေသော အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိနေပါသည်။

ဒဏ္ဍာရီတွေအရ, ၎င်းသည် ရှေးခေတ်က ဗာမီလီယမ်ငှက်မျိုးနွယ်စု တစ်ခုလုံးကို ကာကွယ်ပြီး သေဆုံးသွားခဲ့သည့် ဗာမီလီယမ်ငှက်၏ ခန္ဓာကိုယ်ကို ပုံဖော်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။

ဗာမီလီယမ်ငှက်တောင်တန်း၏ အဓိကတောင်ထွတ်ဖြစ်သော ကျူးထန်းဖန်တောင်ထိပ် သည် ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ အဓိကနေရာ ဖြစ်ပါသည်။ ဗာမီလီယမ်ငှက် တောင်တန်းတစ်ခုလုံးသည် တိမ်များပေါ်တွင်ရှိနေသည့် မြင့်မားပြီး ကြီးမားလှသော မျှော်စင်ကြီးကဲ့သို့ တည်ရှိနေပါသည်။

ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ မြင့်မြတ်သောနန်းတော်ဖြစ်သည့် ကျူးထန်းနန်းတော်သည် ကျူးထန်းတောင်ထိပ်ပေါ်တွင် တည်ရှိနေပါသည်။ အောက်ဘက်တွင် ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ မြင့်မြတ်သော နန်းတော်သို့ တက်ရောက်ရာ လမ်းကြောင်းတစ်ခု ရှိနေပါသည်။ ဤလမ်းကြောင်းသည် တောင်ထိပ်မှ တောင်ခြေအထိ လှေကားထစ်ပေါင်း ၁၀၈၀၀၀ ဖြင့် ခင်းထားပါသည်။ မြင်ကွင်းက အလွန်မင်း ခမ်းနားထည်ဝါလွန်းသည်။

ထိုအချိန်တွင်၊ ကျူးထန်းနန်းတော်၏ ပင်မခန်းမရှေ့ ရင်ပြင်၌ လူနှစ်ယောက် ရပ်နေသည်။ တစ်ယောက်ကတော့ ခပ်ချောချော လူငယ်လေးတစ်ယောက် ဖြစ်ပါသည်။

အကယ်၍, ချင်ယွင်သာ ဤနေမှာရှိနေခဲ့လျှင်, ထိုခပ်ချောချော လူငယ်လေးကို သေချာပေါက် မှတ်မိပါလိမ့်မည်။

မှန်ပါသည်။ ဤလူငယ်ကတော့ နဂါးမျိုးနွယ်စု၏ တတိယမင်းသား အောင်းဟန်မှလွဲလို့ တခြားလူ မဟုတ်ပါဘူး။ သူ၏ဘေးမှာရပ်နေသည့် အသက်လတ်ပိုင်းအရွယ်လူက ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကျူးထန်းချန် ဖြစ်ပါသည်။

ဟိုတချိန်တုန်းက ချင်ယွင် သတ်ဖြတ်ခဲ့သော ကျူးယဲ့သည် ကျူးထန်းချန်၏သား ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ ဗာမီလီယမ်ငှက်မျိုးနွယ်စုသည် ကျူးထန်းချန်၏ အမိန့်ကြောင့် ရှောင်ကျင်းနှင့် အခြားလူများကို ဖမ်းဆီးခဲ့သည်။ ရည်ရွယ်ချက်ကတော့ ချင်ယွင်ကို ဆွဲဆောင်ပြီး သတ်ပစ်ရန်ပင် ဖြစ်ပါသည်။

"ခေါင်းဆောင်ကျူး ဒီချင်ယွင်က မင်းရဲ့သား ကျူးယဲ့ကို သတ်ပစ်ခဲ့တယ်။ ငါတို့ ဒီတစ်ကြိမ်တော့ သူ့ကို မလွတ်ပေးလို့မရဘူး" အောင်းဟန်က ကျူးထန်းချန်ကို ပြောသည်။

ထိုစကားကို ကြားတော့ ကျူးထန်းချန်၏ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါသည်။

ကျူးယဲ့သည် သူ၏တစ်ဦးတည်းသော သားဖြစ်ပြီး၊ သူ့အပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့သည်။ နောင်တချိန်တွင် ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို အမွေဆက်ခံရန် မျှော်လင့်ခဲ့သော်လည်း၊ ချင်ယွင်က သူ့ကို သတ်ဖြတ်ခဲ့သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။

ချင်ယွင်က သူ၏သားကို သတ်ပစ်လိုက်ကြောင်း သူ သိရှိစဉ်ကတည်းက, သူသည် ကလဲ့စားချေလိုသော်လည်း အခွင့်အလမ်းကို ရှာမတွေ့ခဲ့ပေ။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် မွန်းစတားတိုက်ကြီးသို့ လာရောက်ရန် အစပြုခဲ့သည်။ ကျူးထန်းချန်က ဤအခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မည်နည်း?။

"ဟမ့်၊ ငါက ဗာမီလီယမ်ငှက် တောင်တန်းမှာ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ကို တပ်ဆင်ထားပြီးပြီ။ ဒီချင်ယွင် ထွက်ပေါ်လာဖို့ သတ္တိရှိသရွေ့ သူ့ကို ဒီနေရာမှာ သေချာပေါက် ထာဝရ နေခိုင်းရလိမ့်မယ်။" ကျူးထန်းချန်က အေးစက်စွာ ပြောလိုက်သည်။

"နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်လား..? မင်းရဲ့ ဗာမီလီယမ်ငှက်မျိုးနွယ်စု ရရှိထားခဲ့တဲ့ ရှေးဟောင်း အစီအရင်ဝင်္ကပါတစ်ခုပဲလား။" အောင်းဟန်က အံ့သြစွာ ပြောလိုက်သည်။

"မှန်တယ်။ ဒီနတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်က ငါတို့ရဲ့ ဗာမီလီယမ်ငှက်မျိုးနွယ်စု ဘိုးဘေးတွေက ရှေးဟောင်းအပျက်အစီးနယ်မြေဆီကနေ ရရှိထားတဲ့ ကြီးမားတဲ့ အစီအရင်ဝင်္ကပါတစ်ခုပဲ။ သူ့ရဲ့စွမ်းအားက ကြီးမားလွန်းတယ်။ အဲဒါက အစီအရင်ဝင်္ကပါ အသုံးပြုအပေါ်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို စုစည်းပေးနိုင်တယ်။ ဒီအစီအရင်ဝင်္ကပါရဲ့စွမ်းအားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။" ကျူးထန်းချန်က မောက်မာစွာ ပြောသည်။

"ဒါက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်တွေနဲ့တောင် ယှဉ်နိုင်တာလား?။ ဒီလောက်တောင် အစွမ်းထက်တာလား?" အောင်းဟန်က အံ့သြစွာ ပြောသည်။

ကျူးထန်းချန်၏ စွမ်းအားက မသန်မာပါဘူး။ သူသည် ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ တွင်သာ ရှိနေပါသေးသည်။ သို့သော်၊ ဤနတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင် ၏ အကူအညီဖြင့် သူသည် ပေါက်ကွဲနိုင်ခဲ့သည်။ ဤအစီအရင်ဝင်္ကပါသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။

"ဒါတောင် အစီအရင်ဝင်္ကပါက မပြည့်စုံသေးလို။ တကယ်လို့, အစီအရင်ဝင်္ကပါသာ ပြီးပြည့်စုံနေခဲ့ရင်၊ သူ့ရဲ့ စွမ်းအားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်နဲ့ တောင် ယှဉ်နိုင်လိမ့်မယ်" ကျူးထန်းချန်က ဆက်ပြောသည်။

အောင်းဟန်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ကို သူ၏ သိချင်စိတ်က ပို၍ ပြင်းထန်လာသည်။

"ဒီဆိုဆိုမှတော့ ဒီချင်ယွင် ဒီတစ်ခါ သေမှာ သေချာတယ်" အောင်းဟန် ပြုံးလိုက်သည်။ သူ စကားပြောနေစဉ်, သူ၏မျက်လုံးများက မျဉ်းတစ်ကြောင်းလို ကျဉ်းမြောင်းသွားသော် လည်း သူ၏မျက်လုံးများတွင် မာန်မာနတစ်ခု ရှိနေသည်။

"ဟုတ်တယ်။ သူပေါ်လာတာနဲ့ ငါ သူ့ကို သင်္ချိုင်းမြေမပါဘဲ သေစေရမယ်။ ငါရဲ့ ယဲ့အာကို ဂုဏ်ပြုဖို့ သူ့သွေးကို ငါ အသုံးပြုမယ်။" ကျူးထန်းချန်သည် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ ပျံ့နှံ့လာရင်း သူ၏လက်သီးများကို တင်းတင်းဆုပ်ထားသည်။

အောင်းဟန်လည်း မထီမဲ့မြင်ပြုဟန် ပြုံးလိုက်ပါသည်။ သူသည် ကောင်းကင်ယံကို မော့ကြည့်ကာ ချင်ယွင်၏ထွက်ပေါ်လာခြင်းကို စောင့်မျှော်နေသည်။

ယခင်က ချင်ယွင်သည် သူ့ကို မြွေမျိုးနွယ်စုတွင် အနိုင်ယူခဲ့ပြီး သူ မျက်နှာပျက်ခဲ့ရသည်။ ဤနာကြည်းမှုကို သူ မည်ကဲ့သို့ အလွယ်တကူ မျိုချနိုင်မည်နည်း။ ထို့ကြောင့်၊ သူသည် နဂါးမျိုးနွယ်စုသို့ ပြန်လာပြီးနောက်၊ ဗာမီလီယမ်ငှက်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကို ချက်ချင်းတွေ့ရှိခဲ့ပြီး ချင်ယွင်၏အချက်အလက်များကို သူ့အား ပြောပြခဲ့သည်။

ရှောင်ကျင်းနှင့် အခြားလူများကို ဖမ်းဆီးကာ ချင်ယွင် ထွက်ပေါ်လာစေရန် ဆွဲဆောင်ခြင်းကလည်း သူ၏စိတ်ကူး ဖြစ်ပါသည်။ လုံရွှဲ့က ချင်ယွင်၏ ကိုယ်ပေါ်ရှိ ရတနာတွေကို ရယူခြင်းသည် ရှက်စရာကိစ္စဟု ခံယူထားခြင်းကြောင့် ဖြစ်သည်။

"ချင်ယွင်, မင်း ဒီတစ်ကြိမ် နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ကို တွန်းလှန်ဖို့ ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးတွေ သုံးနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။" အောင်းဟန်သည် သူ၏နှလုံးသားထဲတွင် လှောင်ရယ်ရယ်နေသည်။

…

အချိန်တွေ တဖျပ်ဖျပ်နှင့် ကုန်ဆုးသွားခဲ့သည်။ အချိန်တစ်ရက်သည် ကုန်ဆုံးသွားပါပြီ။ ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် တစ်ရက်တာ ခရီးထွက်ခဲ့ကြပြီး၊ နောက်ဆုံးတွင် ဗာမီလီယမ်ငှက်တောင်တန်းသို့ ရောက်ရှိလာခဲ့ကြသည်။

"အစ်ကိုကြီး, ဟောင်ယန်ရဲ့ မှတ်ဉာဏ်တွေအရဆို, ဒါက ဗာမီလီယမ်ငှက်မျိုးနွယ်စုရဲ့ အဝင်ပေါက်ပဲ။ ငါတို့ ဗာမီလီယမ်ငှက်တောင်တန်းကို တည့်တည့်သွားသင့်လား?။" ရှောင်ဘိုင်က မေးသည်။

ချင်ယွင်သည် အောက်မှာရှိနေသည့် တွားသွားသွားနေသော ဗာမီလီယမ်ငှက်ကြီး တစ်ကောင်ကဲ့သို့ တောင်တန်းကြီး ငုံ့ကြည့်နေသည်။ သူ၏ပါးစပ်ထောင့်စွန်းက သရော်ဟန် ပေါ်လာပြီး ပြောသည် "ငါတို့က ဂါရဝပြုဖို့ ရောက်လာတာလေ။ လက်ဆောင် မပို့လို့ ဘယ်လိုလုပ် ဖြစ်မှာလဲ?”။

ရှောင်ဘိုင်သည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ ချင်ယွင် လုပ်မည့်အရာကို ချက်ချင်း နားလည်သွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အချင်း ၁၀၀ မီတာရှိသော ကြီးမားသော သတ္တုအလုံးကြီးသည် အလွန်မြင့်မားသော အရှိန်ဟုန်ဖြင့် ကောင်းကင်မှ ပျံတက်သွားကာ အောက်ဘက်ရှိ ကျူးထန်းနန်းတော်ဆီသို့ တည့်တည့် ကျရောက်သွား သည်။

ဧရာမ သတ္တုအလုံးကြီးသည် မီးတောက်မီးလျှံအလွှာများဖြင့် ဖုံးအုပ်ထားသည့်အလား လေထုနှင့် ပွတ်တိုက်သွားသည်။ ၎င်း၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်း ကြီးမားပြီး၊ ရပ်တန့်၍ မရနိုင်ပေ။

မှန်ပါသည်၊ ဤသတ္တုအလုံးကြီး ချင်ယွင် အရင်တုန်းက ရရှိခဲ့သည့် အလွန်ကြီးမားသော နတ်သံမဏိတုံးကြီးပင် ဖြစ်ပါသည်။

ဤအခိုက်တွင်၊ ကျူးထန်းချန်နှင့် အောင်းဟန်တို့သည် ပင်မခန်းမတွင် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည် ။

ရုတ်တရက် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ကြပြီး ပင်မခန်းမထဲမှ အမြန်ပြေးထွက်လာကာ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလင်းတန်းများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။

သို့သော်လည်း ခန်းမဆောင်ကြီးထဲမှ သူတို့ ထွက်ခွာသွားစဉ်တွင် သူတို့နောက်ကွယ်ရှိ ခမ်းနားသော ကျူးထန်းနန်းတော်ကြီးသည် ကောင်းကင်မှ ကြီးမားသော အလုံးကြီး ကြောင့် ကြေမွသွားခဲ့သည်။ ကျူးထန်းနန်းတော်တစ်ခုလုံး ချက်ချင်း ပျက်စီးသွားပြီး ကောင်းကင်ယံတွင် တုန်ခါနေသည့် ကျယ်လောင်သော ဆူညံသံများ ထွက်လာသည်။

ဤကျယ်လောင်သော အသံသည် ဗာမီလီယမ်ငှက်တောင်တန်းရှိ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များကို ချက်ချင်းပင် ထိတ်လန့်စေခဲ့သည်။

ထိုမျိုးနွယ်စုဝင်များသည် ဖြစ်ပျက်ခဲ့သမျှကို မြင်တွေလိုသည့်အလား ကျူးထန်း တောင်ထိပ်ဆီသို့ ပျံသန်းသွားကြသည်။

ကျူးထန်းချန်သည် ပျက်စီးသွားသော ကျူးထန်းနန်းတော်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူက ကောင်းကင်ယံသို့ မော့ပြီး အော်ပြောလိုက်သည် "ဒါကို ဘယ်သူလုပ်တာလဲကွ၊ ဒီကို ထွက်လာခဲ့စမ်း.."

"ဒါက မင်းအဘိုးရဲ့လက်ချက်ပဲ" ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် ကျူးထန်းတောင်ထိ ပ်ရင်ပြင်ပေါ်တွင် လွင့်မျောပျံဝဲလာကြသည်။

"မင်းက ဘယ်သူလဲ?၊ ဒီနန်းတော်က ဘယ်လိုနေရာလဲဆိုတာ မင်း သိနေတယ် မဟုတ်လား?" ကျူးထန်းချန်က ဒေါသတကြီး ပြောသည်။

ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြုံးရင်း ပြောသည် "ခင်ဗျားပဲ ကျုပ်ကို ဖိတ်ထားတာ မဟုတ်ဘူးလား?"

ကျူးထန်းချန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

"သူက ချင်ယွင်ပဲ" ထိုအချိန်မှာ ဘေးနားမှာ ရပ်နေသည့် အောင်းဟန်က ရှင်းပြသည်။ ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏အကြည့်တွေက သတ်ပစ်ချင်စိတ်တွေ ပြည့်နှက်နေ သည်။

"ဒါဆို မင်းက ချင်ယွင်ပေါ့။ မင်း တကယ်လာဝံ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" အောင်းဟန်၏ စကားကိုကြားတော့ ကျူးထန်းချန်၏ မျက်လုံးများသည် ချင်ယွင်ကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်သော်လည်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် များသာ ရှိနေခဲ့သည်။

"မှန်တယ်၊ ကျုပ်က ချင်ယွင်ပဲ။ ကျုပ် ရောက်နေပြီဆိုတော့ ကျုပ်ရဲ့ အဖော်လေးယောက် ကို လွှတ်မပေးသင့်ဘူးလား?" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက်ပါသည်။

"ဟား…၊ ဟား..၊ ချင်ယွင်၊ မင်းက သိပ်ကိုနုံအလွန်းတယ်။ မင်းရဲ့ အဖော်လေးယောက်ကို ငါတို့ လွှတ်ပေးမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။ သူတို့အားလုံးက နတ်ဘုရား သားရဲတွေရဲ့ မျိုးဆက်တွေပဲ။ ငါက သူတို့အပေါ် စိတ်ဝိညာဉ်အမှတ်အသားတွေ စိုက်ထားပြီးသွားပြီ။ အနာဂတ်မှာ သူတို့က ငါတို့နဂါးမျိုးနွယ်ရဲ့ ကျွန်တွေ ဖြစ်လာပြီး၊ ငါတို့နဂါးမျိုးနွယ်ကို ထာဝရ လုပ်ကျွေးပြုရလိမ့်မယ်။" အောင်းဟန်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ချင်ယွင်၏ မျက်လုံးတွေထဲ သတ်ဖြတ်လိုစိတ်က ချက်ချင်း ဆိုသလို တဟုန်းဟုန်း ထွက်ပေါ်လာခဲ့ပြီး၊ သိမ်းငှက်တစ်ကောင်ကဲ့သို့ အောင်းဟန်ကို စိုက်ကြည့်လိုက်ပါသည်။

အောင်းဟန်သည် ချက်ချင်းပင် သူ၏နှလုံးသားထဲတွင် အေးစိမ့်သွားသည်။ သူသည် ရှေးဟောင်းသားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုက အလိုအလျောက် ပေါ်လာပါသည်။

All Chapters