← Chapters

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း (၁၀၃၄) ရှောင်ဘိုင်၏ တိုက်ပွဲစွမ်းရည်

"ဒါဆို မင်းတို့က ရှောင်ကျင်းနဲ့ တခြားလူတွေကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးပေါ့။" ချင်ယွင်က အေးစက်စွာ မေးလိုက်ရင်း သူ၏လေသံက အေးစက်လာသည်။

"မှန်တာပေါ့။ အဲဒီအဖော်လေးယောက်တင်မကဘူး ဒီနေ့ မင်းရဲ့အသက်ကိုလည်း ဒီမှာပဲ ထားခဲ့ရမယ်။" ကျူးထန်းချန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အေးစက်စွာ ပြောလိုက် သည်။

"ခင်ဗျားက ဗာမီလီယမ်ငှက်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သင့်တယ်။ ကျုပ်တို့ ကြားထဲမှာ အမုန်းအာဃာတတွေလည်း မရှိပါဘူး။ ခင်ဗျားက ဘာလို့ ကျုပ်ကို တိုက်ခိုက် နေတာလဲ" ချင်ယွင်က ကျူးထန်းချန်ကို ကြည့်ကာ မေးလိုက်ပါသည်။

ထိုစကားကို ကြားတော့ ကျူးထန်းချန်၏ မျက်လုံးများထဲတွင် ချက်ချင်းဆိုသလို ဒေါသအရိပ်ယောင် ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင်ကို စိုက်ကြည့်ရင်း "ဟမ့်၊ ကျူးယဲ့က ငါ့သားပဲ။ မင်းက သူ့ကိုသတ်ပြီးတာတောင် မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးမရှိဘူးလို့ ပြောနေသေး တာလား?။"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ဤကိစ္စကို သူ မေ့သွားခဲ့ပြီ။

ထိုအချိန်တုန်းက ကျူးယဲ့သည် သူ၏ကိုယ်ပေါ်ရှိ ရတနာများကို သိမ်းယူလိုစိတ်ဖြင့် သူ့ကို ရန်စရန် အစပြုလာခဲ့သည်။ ချင်ယွင်သည်လည်း ကျူးယဲ့၏စိန်ခေါ်ချက်ကို လက်ခံပြီး ကျူးယဲ့ကိုပါ သတ်ပစ်ခဲ့သည်။

မမျှော်လင့်ဘဲ၊ ကျူးယဲ့သည် အမှန်တကယ်ပင် ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်၏သားဖြစ်နေခဲ့သည်။ ဤအရာက ချင်ယွင်ကို အံ့အားသင့်စေခဲ့သည်။

ဟုတ်ပါသည်။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် နောင်တရနေခြင်းမျိုး မရှိခဲ့ပါဘူး။ ကျူးယဲ့က သူ့ကို အရင်ဆုံး ရန်စရန် အစပြုခဲ့ပြီး၊ သူ့ကို သတ်ဖြတ်လိုက်ခြင်းက သူ၏ အပြစ်နှင့်သူပင်။ ထို့အပြင်၊ သူသည် အကယ်ဒမီ၏စိန်ခေါ်တိုက်ပွဲ၌ ကျူးယဲ့ကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ စိန်ခေါ်မှုသည် သတ်ဖြတ်ရန် လိုအပ်သောကြောင့် ကျူးယဲ့၏ သေဆုံးမှုသည် ချင်ယွင်ကို အပြစ်မတင်နိုင်ပေ။

"ဒီတော့, ခင်ဗျားရဲ့သားအတွက်, ခင်ဗျားက လက်စားချေဖို့ စီစဉ်နေတာပေါ့။ အဲ့ဒါကြောင့် ခင်ဗျားက ကျုပ်ညီတွေကို ဆွဲထုတ်ပြီး ကျုပ်ကို သွေးဆောင်လိုက်တာလား?။" ချင်ယွင်က ကျူးထန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"မှန်တယ်။ မင်းက ငါ့သားကို သတ်လိုက်မှတော့, မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်။ မင်းအနေနဲ့ အခုမှ နောင်တရရင်တောင် အရမ်းကို နောက်ကျသွားပြီ။ သွားသေလိုက်တော့ ချင်ယွင်" ကျူးထန်းချန်က ကျယ်လောင်စွာ အော်လိုက်ပြီး ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ သည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ အပူချိန်သည် ရုတ်တရက် အလွန်မင်း မြင့်တက်သွားခဲ့ပြီး၊ ကောင်းကင်နှင့်မြေကြီးသည် တောက်လောင်ခြင်း စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ကျူးထန်းချန်၏ အငွေ့အသက်ကို သတိပြုမိပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရင်း သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

"အစ်ကိုကြီး၊ မင်းကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး။ ငါပဲ လုပ်ပါရစေ။" ရှောင်ဘိုင်က ပြောသည်။

ချင်ယွင်က ရှောင်ဘိုင်ကို လှည့်ကြည့်လိုက်သည်။ သူ တစ်ခုခုပြောခါနီးမှာ ရှောင်ဘိုင်၏ အကြည့်တွေကို သူ မြင်လိုက်ရသည်။ သူက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ရှောင်ဘိုင်က ခေါင်းညိတ်လိုက်ပြီး ကျူးထန်းချန်ကို လှည့်ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ကောင်းကင်ကြီးသည် ချက်ချင်းပင် အသွင်ပြောင်းလာသည်။ တစ်ဖက်မှာ အလွန်ပူပြင်းပြီး အခြားတစ်ဖက် ကောင်းကင်ယံမှာတော့ အေးခဲနေသည်။

"ဟမ့်၊ ကောင်းကင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့်ကတောင် ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းက သေခြင်းတရားကို တောင်းခံနေတာလား။" တိုက်ခိုက်သူသည် ချင်ယွင် မဟုတ်ဘဲ ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း ကျူးထန်းချန် မြင်လိုက်သည်။ သူ၏မျက်လုံးတွေက ရှုတ်ချသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

အောင်းဟန်သည် သူ၏ခြေချောင်းများကို မြေပြင်ပေါ် ထိလိုက်ရင်း နောက်ပြန် လှည့်ပျံသွားကာ ပြပွဲကို ကြည့်နေသည့် ဟန်ဆောင်လိုက်သည်။

"မင်းက ငါ့ညီတွေကို ဖမ်းပြီး ငါ့အစ်ကိုကြီးကို ခြိမ်းခြောက်ရဲတယ်ပေါ။ မင်း သေရမယ်" ရှောင်ဘိုင်၏ အသံက ရေခဲတမျှအေးစက်ပြီး အရိုးထိပါ ထိုးဖောက်နိုင်သည်။ သူ၏ မျက်လုံးတစ်စုံက နှစ်ထောင်သောင်းမက အေးက်နေသည့် သိမ်မွေ့နက်နဲ ရေခဲပြင်လိုပင်။

ဝှီး…။

ထိုသို့ပြောပြီးနောက် ရှောင်ဘိုင်၏ရုပ်အသွင်သည် နောက်ကွယ်မှ ပုံရိပ်ယောင်များ အဖြစ် ပြောင်းသွားပြီး ကျူးထန်းချန်ဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်သည်။

"မင်းက ကြွားလုံးထုတ်နေတာပဲ။ မင်းက သေချင်နေတာပဲ" ကျူးထန်းချန်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြေးထွက်သွားစဉ် မထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက် သည်။

ကောင်းကင်ယံထက်မှာ..။

ပုံရိပ်ယောင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် ထိပ်တိုက်တွေ့မိသွားသည်။ ပုံရိပ်တစ်ခုက မီးလျှံကဲ့သို့နီရဲနေပြီး၊ နောက်တစ်ခုကတော့ သိမ်မွေ့နက်နဲရေခဲတွေနှင့် ဖုံးလွှမ်းနေပါသည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လောင်မြိုက်သော မီးတောက်များနှင့် ပြင်းထန်သော ရေခဲချီတို့သည် အချင်းချင်း တိုက်မိသွားကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား သည့် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အဝေးမှ ကြည့်နေသော ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်လှိုင်းကြောင့် နောက်ပြန် ဆုတ်သွားကြပါသည်။ ရောယှက်နေသော အပူနှင့် အအေး အငွေ့အသက်တို့က ၎င်းတို့အား လွန်စွာမှ စိတ်မသက်မသာ ဖြစ်စေပါသည်။

“ဘုန်း..”။

ရှောင်ဘိုင်နှင့် ကျူးထန်းချန်တို့သည် ထိုနေရာတွင် ရပ်တန့်သွားခဲ့ခြင်း မရှိပေ။ ယင်းအစား၊ သူတို့၏ထိုးစစ်ဆင် တိုက်ခိုက်မူက ပို၍ပင် ပြင်းထန်လာခဲ့သည်။

သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်သည် ချက်ချင်း မည်းမှောင်သွားပြီး လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပါသည်။ အချိန်အတိုင်းအတာ တစ်ခုအထိ မည်သူတစ်ဉီးတစ်ယောက်ကမှ အသာစီးယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ခပ်လှမ်းလှမ်းမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် ဆွေးနွေးစပြုနေရင်း၊ အံ့အားသင့်နေသည့် အမူအရာအသီးသီးကို ထုတ်ဖော်နေကြသည်။

"ဒီလူငယ်က ဘယ်သူလဲ?၊ သူက ငါတို့ရဲ့ ခေါင်းဆောင်နဲ့ တကယ်ကို လက်ရည်တူ တိုက်ခိုက်နိုင်တာပဲ"

"မှန်ပါတယ်။ ဒီလူငယ်က ကောင်းကင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့်မှာ ရှိနေတုန်းပဲ။ ငါတို့ရဲ့ ခေါင်းဆောင်က ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ် တစ်ပါးဖြစ်တယ်။ တွေးကြည့်ရင်, ဒီလူငယ်က သူ့ထက် ပိုမြင့်တဲ့ အဆင့်ကို စိန်ခေါ်နိုင်တယ်။ ဒါက ကောင်းကင်ကို အံတုလွန်းနေပြီ မဟုတ်လား"။

"ဒါဟာ သရေကျရုံလေးပဲလေ။ ခေါင်းဆောင်က သူ့ရဲ့ ခွန်အား အားလုံးကို အသုံးမချတာ လည်း ဖြစ်နိုင်တာပဲ။ သူရဲ့ ခွန်အားကို အကုန်သုံးချပြီးတာနဲ့ ဒီလူငယ်က တိုက်ပွဲမှာ ချက်ခြင်း ရှုံးနိမ့်သွားမှာတောင် ငါ စိုးရိမ်မိသေး။"

အခြား ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များက ခေါင်းညိတ်ပြကြသော်လည်း၊ သူတို့ စိတ်ထဲမှာတော့ သိပ် မသေချာပါဘူး။

ဤအခိုက်အတန့်တွင်, အောင်းဟန်သည် အံ့သြနေသည့် အမူအရာကို ထုတ်ဖော်ထား သည်။ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ အင်မော်တယ် ဧကရာဇ်တစ်ပါး အနေဖြင့်၊ သူသည် သဘဝအတိုင်း ထိုအားနည်းသော ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များ ထက် များစွာပို၍ မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် သူသည် အခြားလူများထက် များစွာ တုန်လှုပ်သွားခဲ့ရသည်။

ကျူးထန်းချန်သည် သူ၏ ခွန်အား အကုန်လုံးကို အသုံးပြုထားပြီး ဖြစ်ကြောင်း သူ ရှင်းရှင်း လင်းလင်း ခံစားနိုင်သော်လည်း ဤကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် လူငယ်ကို မဖိနှိပ်နိုင်သေးပေ။ သူ့ဘက်က အားနည်းသည့် အရိပ်ယောင်မျိုးတောင် ရှိနေပါသေးသည်။

"ဒီလူငယ်က အတိအကျ ဘယ်သူလဲ?။ သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင် မှာလဲ" အောင်းဟန်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ရှောင်ဘိုင်ဆီသို့ကြည့်ရင်း သူ၏ စိတ်ထဲတွင် နိုးကြားလာခဲ့သည်။

မူလက ချင်ယွင်ဆိုသည့် မွန်းစတာတစ်ကောင် ထွက်ပေါ်လာခြင်းကပင် သူ့ကို ပြင်းထန်သော မနာလိုစိတ် ဖြစ်စေခဲ့ပြီးဖြစ်သော်လည်း၊ ယခုအခါတွင် လျှို့ဝှက် ဆန်းကြယ်သော လူငယ်တစ်ဦးသည် ထိုကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်ထားနေသည်။

ထိုအခိုက်တွင် ချင်ယွင်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

ရှောင်ဘိုင်နှင့် ဟောင်ယန်တို့ နှစ်ဦးစလုံးသည် ကောင်းကင်မျိုစပါးအုံးမြွေ နတ်ဘုရား သားရဲများ၏ သွေးမျိုးဆက်မှ ဆင်းသက်လာခဲ့ကြသော်လည်း ရှောင်ဘိုင်၏ ခန္ဓာကိုယ်ရှိ သွေးမျိုးဆက် စွမ်းအားသည် ဟောင်ယန်ထက် များစွာ အားကောင်းနေပါသည်။ အထူးသဖြင့် ဟောင်ယန်၏သွေးမျိုးဆက်စွမ်းအားကို စုပ်ယူပြီးနောက် သူ၏ မူလ သွေးမျိုးဆက် အရင်းမြစ်ကို အသက်သွင်းနိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ သွေးမျိုးဆက်များ သည် ပြီးပြည့်စုံလုနီးပါးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ရှောင်ဘိုင်သည် အဆင့်အတန်း နတ်ဘုရားသားရဲအဆင့်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီး ထိုအချိန်တုန်းက ဟွမ်ထန်းလုံ ရောက်ရှိခဲ့သော အထွက်အထိပ် နတ်ဘုရားသားရဲအဆင့်သို့ ရောက်ရှိ သွားခဲ့သည်။

ထို့ကြောင့် ရှောင်ဘိုင်သည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ ဗာမီလီယမ်ငှက် ကို ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ဖြင့် လုံးလုံးလျားလျား ခုခံနိုင်ခဲ့ပြီး ၎င်းကိုပင် တွန်းလှန်နိုင်ခဲ့သည်။

“ဘုန်း..”။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ တိုက်ပွဲသည် ပြောင်းလဲသွားခဲ့သည်။ ရှောင်ဘိုင်၏ လက်ဖဝါးရိုက်ချက်သည် ကျူးထန်းချန်၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က သူ၏ရင်ဘတ်ပေါ်ရှိ ကြီးမားသော သွေးထွက်သံယို ဒဏ်ရာကြီးအဖြစ် ချက်ချင်း ပွင့်ထွက်သွားသည်။ ကြောက်စရာကောင်း သည့် အင်အားတစ်ခုက သူ့ကို လွင့်ပျံသွားစေပြီး ကျူးထန်းချန်သည် နန်းတော်၏ အပျက်အစီးတွေကြားထဲသို့ ပြင်းပြင်းထန်ထန် ပစ်ကျသွားခဲ့ပါသည်။

"ဘာလဲဟ၊ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များအားလုံး အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်လိုက်ကြပြန်သည်။ ရှင်းရှင်းပြောရရင်၊ သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် ဤလူငယ်ကို ရှုံးနိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။

အောင်းဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ကျူးထန်းချန် သူနှင့် ပြောခဲ့သည့်အကြောင်းအရာကို တွေးမိလိုက်စဉ်မှာ သူ၏မျက်ခုံးများသည် ပြန်လည် ပြေလျော့သွားခဲ့သည်။

ထိုအချိန်မှာ ကျူးထန်းချန်သည် ​​အပျက်အစီးတွေကြားထဲမှာ လဲလျောင်းနေရသည်။ သူ၏ရင်ဘတ် စုတ်ပြဲသွားသော်လည်း ဒဏ်ရာမှ သွေးများသည် အေးခဲနေပြီ ဖြစ်သောကြောင့် သွေးတစ်စက်မှ ထွက်မလာခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အေးဓာတ်တစ်ခုက သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာသည်။

သူ ရှုံးနိမ့်ခဲ့ရပြီ။ ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ် တစ်ပါးကို ရှုံးနိမ့်ခြင်း၊ ဤအရာက သူ၏နှလုံးသားကို ကြီးမားသော ကျောက်တုံးကြီး တစ်ခုက ပိတ်ဆို့ထားသကဲ့သို့ ခံစားရစေကာ သူ၏အမူအရာက ကြောက်မက်ဖွယ် အုံ့မှိုင်းနေပါသည်။

ဘန်း..။

ထိုအခိုက်တွင် ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် တစ်ဖန် တောက်ပလာပြီး သူ၏လက်ထဲတွင် ရေခဲဓားနှစ်ချောင်းက သိပ်သည်းသွားကာ ကျူးထန်းချန်ဆီသို့ တစ်ဖန် ပြေးဝင်သွားခဲ့ သည်။

ရှောင်ဘိုင်ကို ပြေးဝင်လာသည်ကို တွေ့လိုက်သောအခါ ကျူးထန်းချန်၏ မျက်လုံးများ သည် အုံ့မှိုင်းသွားသည်။ သူက ပြုံးပြီး ပြောသည် "အရင်က ချင်ယွင်နဲ့ရင်ဆိုင်ရာမှာ အသုံးပြုခဲ့ချင်ပေမယ့် အခုတော့ မင်းအတွက် အရင် ထုတ်သုံးရတော့မယ်"

ထိုစကားကို ပြောပြီးနောက် ကျူးထန်းချန်သည် ထောင်နှင့်ချီသော လက်ဟန်များကို ချက်ခြင်း ထုတ်ဖော်လိုက်ပြီး၊ ကောင်းကင်နှင့် မြေကြီးထဲမှ ပျက်သုဉ်းခြင်း အငွေ့အသက် က ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

All Chapters