အခန်း ၁၀၃၅
Vol. 69 Ch. 1035
အခန်း (၁၀၃၅) နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်
ဘန်း..။
ပျက်သုဉ်းခြင်း အငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။ ထို့နောက် ကျူးထန်းချန်၏ ခြေဖဝါးအောက်မှ ထူထပ်သော အစီအရင်ဝင်္ကပါပုံစံတစ်ခုက ချက်ချင်းဆိုသလို ကျူးထန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပါတော့သည်။ ဤအစီအရင်ဝင်္ကပါပုံစံ၏ထွက်ပေါ်လာခြင်းနှင့်အတူ ကျူးထန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း ချက်ချင်းပင် အလွန်မင်း ပြင်းထန်လာခဲ့သည်။
"မကောင်းတော့ဘူး။ ရှောင်ဘိုင်, မြန်မြန်ပြန်ဆုတ်လိုက်။" ချင်ယွင်သည် တစ်ခုခု လွဲချော်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ရှောင်ဘိုင်ရှိရာဆီသို့ ဦးတည်သွား ရင်း ချက်ခြင်းဆိုသလိုပင် သူ၏ရုပ်အသွင်က လှုပ်ရှားသွားသည်။
ရှောင်ဘိုင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ တစ်ခုခုလွဲနေပြီဟု သူလည်း ခံစားမိပါ သည်။ သူသည် ပျံသန်းနေသော အရှိန်ဟုန်ကို အမြန်ရပ်လိုက်ပြီး၊ နောက်သို့ ပျံသန်းသွားခဲ့ သည်။
"ဟမ့်၊ အခုမှ နောက်ပြန် ဆုတ်ချင်နေတယ်။ သိပ်ကို နောက်ကျသွားခဲ့ပြီ" သို့သော် ကျူးထန်းချန်သည် ရုတ်တရက် သရော်ဟန်ဖြင့် ပြောလိုက်ပြီး၊ သရဲတစ္ဆေကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ရှောင်ဘိုင်၏နောက်မှာ သူ ပြန်ပေါ်လာပါသည်။
ရှောင်ဘိုင်သည် ရုတ်တရက် လှည့်ကြည့်လိုက်တော့ ကျူးထန်းချန်က သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပျက်သုဉ်းခြင်း အငွေ့အသက် သည် အလွန်မင်း ကြောက်စရာကောင်းပြီး သူ၏နှလုံးကိုပင် တုန်လှုပ်သွားစေသည်။ ရှောင်ဘိုင်၏ စိတ်ထဲသို့ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ချက်ချင်းပင် ထွက်ပေါ်လာသည်။
"ဟမ့်၊ ငရဲကိုသွားလိုက်တော့" ကျူးထန်းချန်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ရှောင်ဘိုင်၏ ခန္ဓာကိုယ်ထဲသို့ သူ၏ လက်ဖဝါးတစ်ချက်က ထိုးဖောက်ဝင်ရောက်လာ သည်။
“ဖူး..”။
ရှောင်ဘိုင်၏ပါးစပ်မှ သွေးများ လွင့်စင်သါားပြီး သူ၏ ရင်ဘတ်တစ်ခုလုံးကို ကျူးထန်းချန် ၏ လက်မောင်းတဖက်က ထိုးဖောက်ထားသည်။ အလွန်ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာက သူ၏မျက်လုံးထဲတွင် ပေါ်လာပါသည်။
ကျူးထန်းချန်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ခွန်အားသည် အလွန်မင်း ကြောက်စရာကောင်းလွန်းသည်။ ရှောင်ဘိုင်၏ အကာကွယ်သည် အလွန်မင်း အစွမ်းထက် သော်လည်း သူသည် အမှန်တကယ်ပင် တစ်ဖက်လူ၏ ရင်ဘတ် ထိုးဖောက်ခြင်းကို ခံခဲ့ရသည်။
"ရှောင်ဘိုင်..။ ချင်ယွင် ၏ မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာကာ သူ၏ အရှိန်ဟုန် သည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ သူသည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ကျူးထန်းချန်ကို တိုက်ရိုက် ထိုးလိုက်ရင်း ရှောင်ဘိုင်၏ရှေ့မှာ ပေါ်လာသည်။
ကျူးထန်းချန်က ရယ်မောလိုက်ပြီး ရှောင်ဘိုင်ကို ထိုးဖောက်ထားသော သူ၏လက်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သူသည် ထိုလက်သီးချက်ကို တားဆီးရန် ချင်ယွင်ကို လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်ပါသည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သည် ချက်ချင်းပင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကျူးထန်းချန်သည် နောက်ပြန်ဆုတ်သွားခဲ့ရပြီး ချင်ယွင်လည်း ဒဏ်ရာရနေသည့် ရှောင်ဘိုင်ကို သယ်ဆောင်ပြီး အဝေးကို လွင့်ပျံသွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ဘိုင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့သည်။ ကျူးထန်းချန် ၏ လက်ဖဝါးချက်သည် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားကို သယ်ဆောင်ထား သည်။ ထို့ကြောင့် ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး အလွန်မင်း အားနည်းလာခဲ့သည်။
ချင်ယွင်သည် ရှောင်ဘိုင်၏ဒဏ်ရာများကို ကုသရန်အတွက် သူ၏အသက်စွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။ ရှောင်ဘိုင်၏ဒဏ်ရာများကို ပြန်လည်ကုသရန်အတွက် သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်ဉပဒေသကို အသုံးပြုခဲ့သည်။ သို့မှသာ ရှောင်ဘိုင် ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းနိုင်မည် ဖြစ်သည်။
"ဟား..၊ ဟား…၊ ဘယ်လိုလဲ၊ ငါ့ရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ရဲ့ အရသာ ဘယ်လို ခံစားရလဲ?။" ကျူးထန်းချန်သည် ခပ်လှမ်းလှမ်းတွင် ရပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်က တကယ်ပဲ ငါတို့ ဗာမီလီယမ်ငှက် မျိုးနွယ်စုရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါလား?" ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များ အားလုံးသည် အံ့ဩနေသည့်အမူအရာများ ပေါ်လွင်နေကြပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ရှေးခေတ်မှ ဆင်းသက်လာခဲ့သော ဤကြောက်မက်ဖွယ် ကောင်းသည့် ဤကြီးမားသော အစီအရင်ဝင်္ကပါအကြောင်းကို ယခင်က ကြားဖူးထားကြပါလိမ့်မည်။
"ဒါက နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်လား?။ သူ့ရဲ့ စွမ်းအားက တကယ့်ကို ထူးထူး ခြားခြားပဲ။ ဒါက နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ရဲ့ အပြင်းထန်ဆုံး စွမ်းအားတော့ မဖြစ်သင့်ဘူး မဟုတ်လား?" အောင်းဟန်သည် ခပ်ဝေးဝေးတွင် ရပ်ကာ သူ့ကိုယ်သူ ရေရွတ်နေသော်လည်း သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေပါသည်။
ထိုအချိန်တွင် ချင်ယွင်လည်း မျက်မှောင်ကြုတ်ကာ သူ၏အမူအရာ လေးနက်လာသည်။
"နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်လား…?။ ရှေးဟောင်းအစီအရင်ဝင်္ကပါတစ်ခုလား?" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် မူလက အစီအရင်ဝင်္ကပါများကို ကျင့်ကြံခဲ့သည့် လူတစ်ယောက်ဖြစ်သော်လည်း အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက ၎င်းတို့ကို နားလည်သဘောပေါက် အောင်ရန်ကြိုးစားရန် အချိန်မရှိခဲ့ပေ။ သို့သော် သူသည် အစီအရင်ဝင်္ကပါများနှင့် ပတ်သက်ပြီး နားလည်မှုအချို့တော့ ရှိနေပါသေးသည်။ ဤအခိုက်အတန့်တွင်၊ ကျူးထန်းချန်၏ ကြီးမားသော အစီအရင်ဝင်္ကပါအထံမှ ကြောက်မက်ဖွယ်စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။
ကျူးထန်းချန်၏ တကိုယ်လုံးကို လွှမ်းခြုံထားသော ဤအစီအရင်ဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း စုပ်ယူနိုင်ပြီး ဤစွမ်းအား အားလုံးကို ကျူးထန်းချန်ထံသို့ ပေးပို့ကာ ထိုစွမ်းအားဖြင့် ပေါက်ကွဲသွားခြင်း ဖြစ်သည်။
ယခုလို အစီအရင်ဝင်္ကပါများသည် လက်ရှိကျင့်ကြံခြင်းလောကမှ အလွန်မင်းကို ရှားပါးပါ သည်။ မျိုးသုဉ်းပျောက်ကွယ်သွားပြီးဟုပင် ပြော၍ရပါသည်။ ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်သည် ရှေးဟောင်း အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်ခဲ့သည်။
"ချင်ယွင်၊ ဒီအစီအရင်ဝင်္ကပါက မူလကတော့ မင်းအတွက် ပြင်ဆင်ထားခဲ့တာ။ မင်းရဲ့ ညီက လှုပ်ရှားချင်ခဲ့တယ်လေ။ ဒီတော့ ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူး။ အခု မင်းရဲ့ အကြွေးတွေ ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ" ကျူးထန်းချန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်စဉ် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်သွားစေသည်။
ကျူးယွန်တောင်ထိပ်ကို ဖုံးအုပ်ထားသည့် အစီအရင်ဝင်္ကပါသည် အမှန်တကယ်ပင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး၊ ၎င်းသည် ဗာမီလီယမ်ငှက် တောင်တန်းတစ်ခုလုံးနီးပါးကို ဖုံးအုပ်သွားပါတော့သည်။ ကောင်းကင်ကြီးပင်လျှင် ဤလျှို့ဝှက်ဆန်းကြယ်သော အစီအရင်ဝင်္ကပါကြောင့် ဖော်ပြလာရသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ အကန့်အသတ်မရှိသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲ သို့ စိမ့်ဝင်သွားပြီး သူ၏ အငွေ့အသက်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွား ကာ၊ အဆက်မပြတ် မြင့်တက်နေသေးသည်။
ရှေးဟောင်း နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုပ်ယူခဲ့ပြီး၊ အစီအရင်ဝင်္ကပါအတွင်းရှိ အဓိကလူ၏ ခွန်အားကို အထွတ်အထိပ် သို့ ရောက်ရှိစေခဲ့သည်။
“နတ်ဘုရားတစ်ပါးကို တွေ့ရင် နတ်ဘုရားတစ်ပါးကို သတ်။ ဗုဒ္ဓကိုတွေ့ရင် ဗုဒ္ဓကို သတ်” ဤသည်မှာ ရှေးဟောင်း နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်၏ စစ်မှန်သည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါလဲ?။ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အငွေ့အသက်က ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ ကို ရောက်ရှိနေပြီ မဟုတ်လား" ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် အံ့သြစွာ ပြောနေကြ သည်။
"မှန်တယ်။ ဒီနတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင် အကြောင်းကို ဟိုးအရင်ကတည်းက ငါ ကြားဖူးတယ်။ ဒါပေမယ့် ဒီလောက်ကြီး အစွမ်းထက်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဲဒါက မပြည့်စုံတဲ့ အစီအရင်တစ်ခုလို့ ငါ ကြားဖူးတယ်။ ဒီအစီအရင်သာ အပြည့်အစုံဆို ဘယ်အတိုင်းအတာအထိ ရောက်ရှိသွားမယ်ဆိုတာ ကျွန်တော် တကယ် မသိတော့ဘူး။" အခြားမျိုးနွယ်စုဝင်တစ်ဦးက ပြန်ဖြေသည်။
တခဏတာအတွင်း ဗာမီလီယမ်ငှက် တောင်တန်းမှ အချက်ပေး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျူးထန်းချန်ကို ကြည့်ရှုနေကြသော မျိုးနွယ်စုများ၏ အကြည့်များ သည်လည်း လေးစားအားကျမူ အပြည့်ရှိလာသည်။
ကျူးထန်းချန်သည် လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် စုရုံးနေလေသည်။ ပြင်းထန်သော ဖျက်ဆီးခြင်းအငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံကာ ကီလိုမီတာ တစ်ထောင်အကွာအဝေးအတွင်းရှိ သတ္တဝါအားလုံး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု ဖြစ်ပေါ်လာစေသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် လေနှင့် တိမ်တိုက်များက တဟုန်ထိုး လွင့်ပျံလာခဲ့ သည်။ တိမ်စိုင်တိမ်မည်းတွေက ကောင်းကင်ယံမှာ ပြည့်နှက်လာနေပါသည်။ လျှပ်စီးတွေ လင်းလက်ပြီး မိုးခြိမ်းသံတွေကလည်း မြည်ဟီးထစ်ချုန်းနေသည်။ အရာအားလုံးက ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်ကဲ့သို့ပင်။
ကျူးထန်းချန်၏ ဆံပင်များသည် လေထဲတွင် ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ၏ ၀တ်ရုံများက တဖျပ်ဖျပ်ခတ်ကာ တုန်ခါနေသည်။ သူသည် ဤကမ္ဘာလောကကို အုပ်စိုးသူတစ်ဦးကဲ့သို့ သူ၏လက်တော်ကို မြှောက်လိုက်ရာ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲသွားသည်။
"ချင်ယွင်, မင်းက ငါ့သားကို သတ်ခဲ့တယ်။ ယဲ့အာအတွက် မင်းရဲ့သွေးကို ယဇ်ပူဇော်မယ် လို့ ငါ ပြောခဲ့တယ်။ အခု ငါပြောတဲ့အတိုင်း လုပ်တော့မယ်။ နတ်ဘုရား သတ်ဖြတ်ခြင်း အစီအရင်အောက်မှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ" ကျူးထန်းချန်သည် ချင်ယွင် ကို ကြည့်ကာ မောက်မာသောလေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ တော်ဝင်အစီအရင်ဝင်္ကပါက တကယ်ကို အစွမ်းထက်တယ်ဆိုတာ ကျုပ် ဝန်ခံပါတယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို သတ်ဖြတ်နိုင်မယ်လို့ ထင်နေရင်တော့ ကျုပ်ချင်ယွင်ကို ခင်ဗျား အရမ်းကို လျှော့တွက်လွန်းရာ ကျသွားပြီ" ချင်ယွင်သည် ကောင်းကင်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ကျူးထန်းချန်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ မယိမ်းမယိုင်သည့် အကြည့်တွေက သူ၏မျက်လုံးထဲတွင် ပေါ်လာပါ သည်။
ရှေးဟောင်း နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ခြင်းနှင့်ပတ်သက်၍လား?။ သူ ချင်ယွင် ကရော ဘယ်လိုအန္တရာယ်မျိုးကို မကြုံတွေ့ဖူးခဲ့လို့လဲ?။ ကြီးကျယ်ခမ်းနားသည့် စီအရင်အရင် ဝင်္ကပါဆိုတိုင်း သူက ကြောက်ရွှံ့ရမှာလား…?
အကယ်၍ ကျူးထန်းချန်သည် သူ့ကို သတ်ပစ်ဖြတ်ရန်အတွက် ဤအစီအရင်ဝင်္ကပါကို အသုံးပြုလိုပါက, သူသည် ထိုအစီအရင်ကို ဖြိုခွဲရန်အတွက် သူ၏ ခွန်အားကို အသုံးပြုမည် ဖြစ်သည်။
"ဟမ့်၊ ကြွားထားဦးပေါ့။ မင်း ငါ့ရဲ့ တော်ဝင်အစီအရင်ဝင်္ကပါကို ရင်ဆိုင်ဖို့ ဘယ်လို စွမ်းအားမျိုးကို အသုံးနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ သေလိုက်တော့" ကျူးထန်းချန် က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်သည် သူ၏လက်ထဲသို့ တိုးဝင်လာခဲ့သည်။ အလင်းတစ်ချက် လင်းလက်မူနှင့်အတူ သူ၏ရုပ်အသွင်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူသည် ချင်ယွင်၏ရှေ့မှာ ပြန်ပေါ်လာပါသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
အမြန်နှုန်း။ ဤအမြန်နှုန်းသည် တယ်လီပို့ခြင်းမျိုး မဟုတ်ဘဲ လှုပ်ရှားမူပညာရပ် သက်သက် ဖြစ်ပါသည်။ ကြီးမားသော အစီအရင်ဝင်္ကပါကို အသုံးပြုပြီးနောက် ကျူးထန်းချန်၏ အရှိန်အဟုန်သည် အလွန်မင်း ကြောက်စရာကောင်းလာလိမ့်မည်ဟု ချင်ယွင် မမျှော်လင့်ခဲ့ပေ။ ကျူးထန်းချန်သည် သူ့ဆီသို့ မည်သို့မည်ပုံ ရောက်လာမှန်း တောင် သူ မသိလိုက်ပါဘူး။
"ဟမ့်၊ သေလိုက်တော့.." ကျူးထန်းချန်က ကျယ်လောင်စွာ အော်လိုက်ပြီး အဆုံးမဲ့ ဖျက်စီးခြင်း အငွေ့အသက်များနှင့်အတူ လက်သီးချက်က ချင်ယွင်ဆီသို့ ပစ်ဝင်လာပါ သည်။
ချင်ယွင်၏ အမူအရာက ပြောင်းသွားပြီး၊ သူ၏လက်သီးကို အလျင်အမြန် ဝှေ့ယမ်းကာ တုံ့ပြန်လိုက်သည်။
သို့သော်၊ ချင်ယွင်၏ လက်သီးသည် ကျူးထန်းချန်၏ လက်သီးနှင့် ထိတွေ့လိုက်သောအခါ၊ ချင်ယွင်သည် သူ၏ လက်သီးမှတဆင့် ကြောက်မက်ဖွယ် စွမ်းအားများ သွန်းလောင်းလာ သည်ကို ခံစားလိုက်ရပါသည်။
စာစဉ် (၆၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။