← Chapters

အခန်း ၁၀၃၆

Vol. 70 Ch. 1036

အခန်း ၁၀၃၆

Vol. 70 Ch. 1036

အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၀)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၀၃၆) တိုက်ပွဲကြီး၏အစ။

“ဘုန်း…”။

ချင်ယွင်၏ ခန္ဓာကိုယ်သည် သူ၏လက်မောင်းမှတဆင့် တိုးဝင်လာသည့် ပြင်းထန်သော စွမ်းအားကြောင့် ချက်ချင်း လွင့်ပျံသွားကာ အဝေးမှ တောင်ထွတ်တစ်ခုကို အပြင်းအထန် တိုက်မိသွားသည်။

တောင်ထိပ်ကြီးသည် အက်ကွဲသွားပြီး ကျောက်တုံးလည်း တဖွဲဖွဲ ပြိုကျသွားပါသည်။

ချင်ယွင်သည် အပျက်အစီးများကြားထဲတွင် လဲလျောင်းနေရပြီး သူ၏မျက်နှာက အံ့သြမှုနှင့်အတူ နာကျင်မှုများဖြင့် ပြည့်နေခဲ့ပါသည်။

အစောပိုင်းက ကျူးထန်းချန်၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းနေပြီး၊ သူသည် တုံ့ပြန်ရန်ပင် အချိန်မရှိသလို၊ ထိုလက်သီး၏အစွမ်းကလည်း ပို၍ပင် ကြောက်စရာ ကောင်းလာသည်။

ထိုအချိန်တွင် သူ၏လက်မောင်းတစ်ဘက်လုံး၏ အရိုးများသည် ကွဲအက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ တိုးဝင်နေခဲ့ပြီး အလွန်မင်း နာကျင်မူကို ခံစားရစေသည်။

ဘန်း..။

ချင်ယွင်သည် ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိရန် အံတင်းတင်းကြိတ်လိုက်ပြီး၊ ကနဦးစကြဝဠာ၏ စုပ်ယူခြင်းစွမ်းအားကို စုစည်းပြီး ထိုဖျက်ဆီးခြင်းစွမ်းအားကို ကနဦးစကြာဝဠာထဲသို့ စုပ်ယူရန် တွန်းအားပေးလိုက်ပါသည်။ သို့မှသာ ဤဖျက်စီးခြင်း အစွမ်းကြောင့် ဖြစ်ပေါ်လာသော ညှဉ်းပန်းနှိပ်စက်မှုကို ဖယ်ရှားနိုင်ပါသည်။

"ဟား..၊ ဟား...၊ မင်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတဲ့ ဖျက်စီးခြင်း စွမ်းအားက ခံစားလို့ မကောင်းဘူးလား?။ ဒါက အစပဲ ရှိသေးတယ်။ တကယ့် ကောင်းတဲ့ ပြကွက်က ဆက်ပြီး လာလေဦးမယ်။ ငါ မင်းကို ဖြည်းဖြည်းချင်း ခံစားရအောင် လုပ်ပေးမယ်။ နောက်ဆုံးကျမှ မင်း သေရလိမ့်မယ်။ နာကျင်စွာနဲ့ မင်းရဲ့သေခြင်းတရားကို နာခံစွာ စောင့်ဆိုင်းလိုက်ပါ။" ကျူးထန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အမူအရာက ရက်စက်လွန်း သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ အမူအရာက ချက်ခြင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားပါ သည်။

ဤနတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်၏ အစွမ်းသည် အမှန်တကယ်ပင် သူ ထင်ထားသည်ထက် များစွာ အားကောင်းနေခဲ့သည်။ ယခုမူ သူသည် ရှေးဟောင်းနယ်ပယ် ကို ဖြတ်ကျော်သွားခဲ့ပြီးဖြစ်သော်လည်း ကျူးထန်းချန်၏ လက်သီးချက်ကြောင့် ပြိုကွဲသွား ခဲ့ရသည်။ ကျူးထန်းချန်၏ လက်သီးချက်သည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင် သည်။

ဝှီး..။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ရှေ့ရှိ လေဟာနယ်ထဲတွင် အပြောင်းအလဲတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ယင်းက သူ၏နှလုံးကို ရင်တလှပ်လှပ် တုန်စေပါသည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ၏ခွန်အားကို တိုက်ရိုက်စုစည်းပြီး ဘေးတဘက်ကို ရှောင်ထွက်သွားသည်။

“ဘုန်း..”။

ချင်ယွင် ဘေးဘက်သို့ ရှောင်တိမ်းသွားစဉ်မှာပင် မူလက သူရပ်နေသော တောင်ထိပ်သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ တောင်ထိပ်တစ်ခုလုံးသည် အလယ်မှ ကွဲထွက်သွားခဲ့ပြီး ကြီးမားသော ကောင်းကင်ဆည် မြောင်းကြီးအသွင် ဖြစ်လာပါသည်။

ချင်ယွင်သည် ထက်ခြမ်းကွဲသွားသော တောင်ထိပ်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများ သည် ချက်ချင်းပင် အံ့အားသင့်သွားသည်။ အကယ်၍ သူသည် စောလျင်စွာ မရှောင်တိမ်းနိုင်ဘဲ နှေးကွေးနေခဲ့မည်ဆိုလျှင်၊ ဤအလင်း၏ ထိမှန်ခြင်း ခံရပေလိမ့်မည်၊ ဤအလင်း ထိမှန်ခြင်း၏ အကျိုးဆက်သည် အလွန်မင်း သနားစဖွယ် အခြေနေမျိုး ဖြစ်မည်မှာ သေချာပါသည်။

"မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ဒီအတိုင်း ရှောင်တိမ်းနိုင်မယ်လို့ မင်း ထင်နေတာလား?။ မင်းက နုံအလွန်းပါတယ်။"

သို့သော် ချင်ယွင် သက်ပြင်းတစ်ချက် မချနိုင်ခင်မှာ အေးစက်စက် ရယ်မောသံတစ်ခုက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

သူ ရုတ်တရက် လှည့်ကြည့်လိုက်တော့ မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိသော ကျူးထန်းချန်သည် ​သူ၏နောက်မှာ ရပ်နေခဲ့ပြီ။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားပြီး၊ ကျူးထန်းချန်နှင့် ခပ်ခွာခွာ နေလိုဟန်ဖြင့် နောက်သို့ အလောတကြီး ပျံသန်းလိုက်သည်။

ကျူးထန်းချန်က ရယ်မောလိုက်ပြီး သူ၏ခြေဖဝါးအောက်က အနည်းငယ် လှုပ်ရှားသွား သည်။ သူ၏ပုံသဏ္ဍာန်သည် ချက်ချင်းပင် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ကျူးထန်းချန်၏ အမြန်နှုန်းသည် အလွန်မင်းကို မြန်ဆန်လွန်းသည်။ ချင်ယွင်သည် ဆယ်မီတာအကွာထိ မဆုတ်နိုင်ခင်မှာ သူ့အား ဖမ်းမှီသွားခဲ့သည်။

"ဟမ်၊ သေလိုက်တော့" ကျူးထန်းချန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်တွင် သေးငယ်သော ကြယ်ပွင့်လေးတစ်ပွင့် သိပ်သည်းလာခဲ့သည်။ သေးငယ်သော ကြယ်လေးသည် အလွန်မင်း အစွမ်းထက်သော ဖျက်ဆီးခြင်း အငွေ့အသက်များ ပါဝင်နေပြီး အနီးပတ်ဝန်းကျင်ရှိ လေဟာနယ်သည်ပင် ပြိုကျသည့် လက္ခဏာများ ပြသနေသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အလျင်အမြန် အသက်သွင်းလိုက်ပြီး၊ နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက် သိုင်းကွက်သည် လည်း တခဏချင်း ပေါက်ကွဲထွက်လာသည်။

"အောင်း..”။

နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ သေးငယ်သော ကြယ်လေးနှင့် အပြင်းအထန် တိုက်မိသွားခဲ့သည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှေနဂါးအရိပ်ကြီးသည် သေးငယ်သော ကြယ်လေးနှင့် အပြင်းအထန် တိုက်မိပြီး ကောင်းကင်တုန်ခါကာ မြေကြီးကွဲအက်သံပင် ထွက်လာပါသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခုသည် ဗာမီလီယမ်ငှက် တောင်တန်းတစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကြီးမားသော စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များအားလုံး ထိတ်လန့်သွားကြသည်။ ဤတိုက်ပွဲ အဆင့်သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေပြီ ဖြစ်သည်။

အောင်းဟန်လည်း ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် ကျူးထန်းချန် တို့၏ တိုက်ပွဲစွမ်းရည်သည် သူ့ထက် သာလွန်သွားခဲ့ပြီ။

ကျူးထန်းချန်သည် ကြီးမားသော အစီအရင်ဝင်္ကပါ၏ အကူအညီဖြင့် ဤအဆင့်သို့ ရောက်ရှိနိုင်သော်လည်း ချင်ယွင်သည် ထိုကြောက်မက်ဖွယ် စွမ်းအားဖြင့် ပေါက်ကွဲလာ နိုင်သေးသည်။ ဤအရာက အောင်းဟန်၏ စိတ်ထဲတွင် ပြင်းထန်သော မနာလိုစိတ်ကို ခံစားရစေသည်။

"သူ့ရဲ့ ခွန်အားက နောက်တကြိမ် အားကောင်းလာပြန်ပြီ။ ဒီချင်ယွင်က သေချာပေါက် အသက်လို့မရနိုင်တော့ဘူး။" အောင်းဟန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင်, သူသည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ရှောင်ဘိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်က ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ လေထုသည် တင်းမာသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်နှင့် ကျူးထန်းချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက် အနေထားဖြင့် ရပ်နေကြကာ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာခဲ့သည်။

"ချင်ယွင်၊ မင်းက နှစ်တစ်သန်းမှာ တစ်ကြိမ် ထွက်ပေါ်လာနိုင်တဲ့ ပါရမီရှင်ဖြစ်တယ်ဆိုတာ ငါဝ န်ခံပါတယ်။ ကျူးထန်းချန်က ချင်ယွင်ကို ကြည့်ပြီး အေးစက်စွာ ပြောသည် "မင်းဟာ အနှစ်တစ်ရာလောက်သာ ကျင့်ကြံရသေးပေမယ့် ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၁ အင်မော်တယ် ဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံမူအဆင့် ရရှိနိုင်ခဲ့တယ်။ အကယ်၍, ဒီသတင်းကိုသာ ဖြန့်လိုက်မယ်ဆိုရင်၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေ မှာ သေချာတယ်။ မင်းက နောက်ထပ် အနှစ်တစ်ရာအတွင်းမှာ ဒဏ္ဍာရီလာ အဓိပတိ ဉသျောင်နယ်ပယ်ကိုတောင် ဖြတ်ကျော်သွားနိုင်လောက်တယ်။ ဒါပေမယ့် မင်းက ငါ့သားကို သတ်ခဲ့မှတော့, မင်း သေရမယ်"။

"ခင်ဗျားရဲ့သားက ကျုပ်ဆီက ရတနာတွေကို သိမ်းယူချင်တဲ့စိတ်နဲ့ ကျုပ်ကို အရင် နှောင့်ယှက်ခဲ့တယ်။ သူ့ကြောင့်ပဲ ကျုပ်က သူ့ကို သတ်လိုက်ရတာ။" ချင်ယွင်က အေးစက်စက် ပြန်ပြောပြီး သူ၏လေသံက နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်းလည်း မရှိခဲ့ပေ။

ချင်ယွင်၏ စကားကိုကြားတော့ ကျူးထန်းချန်၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။

"ဟမ့်၊ ယဲ့အာ ဘာကြောင့် သေဆုံးရလဲဆိုတာကို ငါ ဂရုမစိုက်ပါဘူး။ မင်း သူ့ကို သတ်ဖြတ်ခဲ့တယ်။ ဒီတော့ မင်း ပြန်ပေးဆပ်ရမှာပဲ" ကျူးထန်းချန်က အေးစက်စွာ ပြောသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်စီးခြင်း အငွေ့အသက်က သူ၏ခန္ဓာကိုယ် မှ ချက်ချင်း ထွက်ပေါ်လာပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။

ယခုတစ်ခါမှာတော့ သူ၏အငွေ့အသက်က ယခင်ကထက် ပိုကြောက်စရာကောင်းပါ သည်။ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားသည်။ ရွှံ့ရုပ်ဆိုလျှင်ပင် ဒေါသအနည်းတော့ ရှိနေတုန်းပင်။ ကျူးထန်းချန်က သူ့ကို အကြိမ်ကြိမ် သတ်ချင်နေခဲ့ သည်။ ဆိုတော့ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။ ထိုအပြင် ရှောင်ဘိုင်လည်း ဒဏ်ရာရခဲ့သည်။

"ဟမ့်၊ ခင်ဗျားက ကျုပ်ကို အမြဲတမ်း ထိုးနှက်နိုင်မယ်လို့ ခင်ဗျား တကယ်ထင်နေတာ လား?" ချင်ယွင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုက်စိတ်များ ပြည့်လာနေသည်။

"အခုအချိန်မှာ မင်းက နဂါးကျောက်စိမ်းတံဆိပ်ကို အသုံးပြုရင်တောင် မင်းက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၁ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ ငါက ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ။ မင်းက ငါ့ကို ဆန့်ကျင်ဖို့လား?။" ကျူးထန်းချန်က အထင်သေးစွာ ပြောသည်။

"တကယ်လား ဒါဆို ခင်ဗျား ကျုပ်ကို ဘယ်လိုသတ်လဲဆိုတာ ကျုပ် ကြည့်ချင်မိတယ်" ချင်ယွင်က ရယ်မောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် နဂါးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် ကြီးမားသော ခရမ်းရောင် နဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

နဂါးကြီးသည် ပေနှစ်ထောင်ရှည်လျားပြီး ကောင်းကင်ထက်ဝက်နီးပါးကို ဖုံးလွှမ်းထား သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးအငွေ့အသက်သည် ကမ္ဘာမြေကို ပို၍ပင် ကွဲအက်သွား သည်။

"အောင်း..”။

ချင်ယွင်သည် ပါးစပ်ကိုဖွင့်ကာ ဟောက်လိုက်သည်။ ဗာမီလီယမ်ငှက် တောင်တန်းကြီး တစ်ခုလုံး မြေကြီးလှုပ်သွားသည်အထိ တုန်လှုပ်သွားသည်။ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် ထိတ်လန့်သော အပြုအမူများကို ထုတ်ဖော်လာကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်ထံမှ ထွက်ပေါ်လာသော နဂါးအငွေ့အသက်သည် သူတို့အား ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားမိစေသည်။

"ဘာလို့ ထပ်ပြီး ကြီးလာရတာလဲ" အောင်းဟန်သည် ကောင်းကင်တွင် ချင်ယွင် အသွင်ပြောင်းခဲ့သော ဧရာမ ခရမ်းရောင် နဂါးကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများ က အလွန်အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။

မှန်ပါသည်။ ချင်ယွင်၏ နဂါးနတ်ဘုရား ခန္ဓာကိုယ်ကြီးသည် အရင်ကနှင့် နှိုင်းယှဉ်လျှင်၊ နှစ်ဆ တိုးလာပါသည်။ ဤသည်မှာ သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်သည် သတ္တမအဆင့်ဖြစ်သော ရှေးဟောင်းနယ်ပယ်ကို ဖြတ်ကျော်သွားခြင်း၏ ရလာဒ်ဖြစ်သည်။

ဤအခိုက်အတန့်တွင် နဂါးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားခဲ့သော ချင်ယွင်သည် ကျူးထန်းချန်ထက် အားနည်းသူ မဟုတ်တော့ပါ။

ကျူးထန်းချန်လည်း မျက်မှောင်ကြုတ်ကာ သူ၏နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

သူရရှိထားခဲ့သော အချက်အလက်များအရ ချင်ယွင်သည် လူသားတစ်ယောက်ဖြစ်သော် လည်း၊ ယခုအချိန်မှာ နဂါးတစ်ကောင်အဖြစ် မည်သို့ အသွင်ပြောင်းနိုင်ရသနည်း?။ ထို့ပြင် ရှေးဟောင်း နဂါးနတ်ဘုရားတစ်ကောင်အဖြစ် အသွင်ပြောင်းထားကြောင့်၊ သူသည် မည်သို့လျှင် မအံ့သြဘဲ နေနိုင်တော့မည်နည်း?။

"ကျူးထန်းချန်၊ ခင်ဗျားက ကျုပ်ကို သတ်မှာ မဟုတ်ဘူးလား?။ ခင်ဗျား ကျုပ်ကို ဘယ်လို သတ်လဲဆိုတာ ကြည့်ချင်မိတယ်" ချင်ယွင်နဂါးကြီးက လူသားစကားတွေကို ဖွင့်ထုတ်လိုက်ပြီး သ်၏အသံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

All Chapters