အခန်း ၁၀၃၇
Vol. 70 Ch. 1037
အခန်း (၁၀၃၇) ကျူးထန်းချန်နှင့် တော်ဝင်တိုက်ပွဲကြီး။
ဘန်း…။
ချင်ယွင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်သည် ပြင်းထန်သော နဂါးအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ဧရာမခြေသည်းကြီး တစ်ခုသည် ကြီးမားလှသော စွမ်းအားဖြင့် ကျူးထန်းချန်ဆီသို့ တိုက်ရိုက် ဖမ်းဆုပ်သည်။
ကျူးထန်းချန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ ဧရာမခြေသည်းကြီး တိုက်ခိုက်မှုကို တားဆီးရန် အကာကွယ်အလင်းဒိုင်းတစ်ခုကို ဖွဲ့စည်းကာ ဖျက်ဆီးခြင်း စွမ်းအားသည် ချက်ခြင်း ထွက်ပေါ်လာသည်။
“ဘုန်း..”။
ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးသည် ကျူးထန်းချန်၏ အကာကွယ် အလင်းဒိုင်းနှင့် အပြင်းအထန် တိုက်မိပြီး ကျယ်လောင်သော အသံက ထွက်လာပါသည်။
ကျူးထန်းချန်၏ ဒူးများသည် ချက်ချင်း ကွေးညွှတ်သွားခဲ့ပြီး၊ သူ၏ခြေထောက်အောက်ရှိ မြေကြီး ပြိုကျသွားသည်။ ကျူးထန်းချန်၏ လှေကားထစ်ပေါင်း ၁၀၈၀၀၀၀ သည် တစ်ရှိန်ထိုး ပြိုကျပျက်စီးသွားသည် ။
"ပြိုလဲလိုက်စမ်း..။
ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ကြီးမားလှသော နဂါးခြေသည်းကြီး သည် ကျူးထန်းချန်၏ အကာကွယ် အလင်းဒိုင်းကို ဖိနှိပ်လိုက်သည်။ ပြိုလဲကျမည့် အရိပ်အယောင်များ ပြသနေပြီဖြစ်သော ကျူးထန်းချန်သည် ဤကြောက်မက်ဖွယ် ဖိအားကို မခံနိုင်တော့ဘဲ ပြိုလဲကျသွားသည်။
ကျူးထန်းချန်သည် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ရပြီး၊ သူ၏ရုပ်အသွင်က မြေပြင်ပေါ် ပြိုလဲကျသွားကာ ဖုန်မှုန့်တွေ ထွက်ပေါ်လာခဲ့သည်။
အဝေးမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်တပည့်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ အားလုံး အံသြသွားကြသည်။ ကျူးထန်းချန်သည်ပင် ဤကဲ့သို့ ပြိုကွဲသွားသည့် ဤစွမ်းအားသည် မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း?။
အဝေးမှာ လွင့်မျောပျံသန်းနေသည့် အောင်းဟန်၊ ရှောင်ဘိုင်နှင့် တခြားလူများလည်း လုံးဝပြိုလဲကျသွားသော ကျူးထန်းချန်ကို ကြည့်ရင်း သူတို့မျက်လုံးထဲတွင် အံ့ဩမှုများ ပေါ်လာသည်။
“ဘုန်း..”။
ဤအခိုက်အတန့်တွင်၊ ချင်ယွင် ၏ကြီးမားလှသော နဂါးခြေသည်းသည် တစ်ဖန် ဆန့်ထွက်ကာ ကျူးထန်းချန် ပြိုလဲသွားခဲ့သော အပျက်အစီးများဆီသို့ တိုက်ရိုက် ရိုက်ချသွားသည်။
ကျူးထန်းချန်သည် ဤမျှ လွယ်ကူစွာ မရှုံးနိမ့်နိုင်ကြောင်း သူ သိသည်။ နတ်ဘုရား သတ်ဖြတ်ခြင်း အစီအရင်၏ အကူအညီဖြင့်ဆို ကျူးထန်းချန်သည် ဒဏ်ရာရခဲ့သော်ငြား လည်း သူသည် အလွန်လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်သည်။
"ဟမ့်"
သေချာပါသည်။ ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးသည် အပျက်အစီးတွေကို ရိုက်ခတ်ခါနီးမှာပင်, အပျက်အစီးတွေကြီးဆီမှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပါသည်။ ထို့နောက် ရုပ်အသွင်တစ်ခုသည် နောက်ဆက်တွဲ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးကို ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘုန်း”။
တဟုန်ထိုး မြည်ဟီးအသံက နားကန်းသွားလောက်သည်။ ချင်ယွင်၏ ကျဆင်းနေသော နဂါးခြေသည်းသည် အမှန်တကယ်ပင် ပြင်းထန်စွာ ပိတ်ဆို့ခံလိုက်ရသည်။
ကျူးထန်းချန်၏ ပခုံးအထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်စီးခြင်း အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး ချင်ယွင်၏ နဂါးခြေသည်းကြီးကို နောက်ပြန် ဆုတ်သွားစေသည်။
ကျူးထန်းချန်ကို စိုက်ကြည့်နေစဉ် ချင်ယွင်၏ကြီးမားလှသော နဂါးမျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။
ကျူးထန်းချန်၏ ရုပ်အသွင်သည် လေဟာနယ်ထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်လိုက် ပြီး၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် စုရုံးနေပြီး သူ့အား အချိန်တိုင်း အထွတ်အထိပ်အနေအထားတွင် ရှိနေစေခဲ့သည်။
မိုးကြိုးနှင့် လျှပ်စီးတို့သည် ကောင်းကင်ယံ၌ လင်းလက်နေပြီး ကမ္ဘာတစ်ခုလုံးသည် ပြင်းထန်သော အငွေ့အသက်များဖြင့် ပြည့်နေသည်။
"မင်းက ငါ့ကို အချိန်အကြာကြီး တိုက်ခိုက်နိုင်တယ်ဆိုတော့, မင်းရဲ့ ခွန်အားက တကယ်ကို အစွမ်းထက်လွန်းတယ်။ ဒါပေမယ့် အခုတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။ မင်းကို နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ငါ ခံစားခွင့် ပြုလိုက် မယ်။" ကျူးထန်းချန်က အေးစက်စွာ ပြောလိုက်ပြီး ကောင်းကင်တာအို မီးတောက်မီးလျှံ များ လုံးလုံးလျားလျား ထွက်ပေါ်နေသော ရှည်လျားသော ဆေဘာတစ်ချောင်းက သူ၏လက်ထဲမှာ ပေါ်လာပါသည်။
မီးလျှံဆေဘာသည် အနှိုင်းမဲ့ ပူပြင်းနေပြီး ဖျက်ဆီးခြင်း၏ အလွန်အစွမ်းထက်သော အငွေ့အသက်များလည်း ပါရှိနေသည်။
"ရွှမ်း..…”။
မီးလျှံဆေဘာသည် ဖြည်းညှင်းစွာ ဝှေးယမ်းသွားခြင်းနှင့်အတူ လေဟာနယ်တစ်ခုလုံး သည် ပေတစ်ရာရှည်လျားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခု အဖြစ်သို့ အက်ကွဲသွားခဲ့သည်။ လေဟာနယ် မုန်တိုင်းကြီးများသည် လေဟာနယ်အက်ကွဲကြောင်း ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါက နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲလား?။ ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်လဲ?။" ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင် များ အားလုံးသည် မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏ မျက်လုံးများသည် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"မှန်တယ်။ ဒီနတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ရဲ့ စွမ်းအားက တကယ့်ကို ထူးထူး ခြားခြားပဲ။ ချင်ယွင် လုံးဝ ရှုံးနိမ့်သွားမှာတောင် ကျွန်တော် စိုးရိမ်မိတယ်။" နောက်လူတစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။
သူတို့သည် မိုင်ပေါင်းများစွာ အကွာအဝေးမှပင် အနီရောင်မီးတောက်များတွင် ပါရှိသည့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို ခံစားနိုင်ဆဲဖြစ်ပြီး ၎င်းတို့၏ ဦးရေပြား ကို ထုံကျင်စေသည်။ ထို့ကြောင့် ချင်ယွင်သည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု အားလုံးက ယုံကြည်ခဲ့ကြသည်။
ချင်ယွင်၏ကြီးမားလှသော နဂါးမျက်လုံးများသည် လေးနက်မှုအရိပ်အယောင်ကို ပေါ်လွင် ထင်ရှားစေသည်။ မီးလျှံဆေဘာပေါ်တွင် ပါရှိသော အငွေ့အသက်က သူ့ကို အလွန်မင်း အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းသည်။ ချင်ယွင်သည် နဂါးနတ်ဘုရားအသွင်သို့ ပြောင်းလဲထားစဉ်မှာ သူသည် ပထမဆုံးအကြိမ် ကြောက်ရွံ့မူကို ခံစားရခြင်း ဖြစ်သည်။
"ပြီးဆုံးသွားပါပြီ၊ နတ်ဘုရားသတ်ဖြတ်ခြင်းခုတ်ပိုင်းချက်" ကျူးထန်းချန်က ကျယ်လောင် စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ မီးလျှံဆေဘာသည် ချက်ချင်းပင် ကျဆင်းသွားခဲ့ပြီ။
တခဏအတွင်းမှာပင် ကြောက်စရာကောင်းသော မီးလျှံဆေဘာအလင်းတန်းတစ်ခု ထွက်လာခဲ့ပြီး ချင်ယွင်ဆီ ဦးတည်သွားပါသည်။ ၎င်းအလင်းတန်းရောက်ရှိသည့် မည်သည့်နေရာမဆို ကောင်းကင်နှင့် မြေကြီးသည် ပြိုကျသွားသည်။ မီးလျှံဆေဘာ အလင်းတန်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ ပို၍ပင် ကြောက်စရာကောင်းသည်။
ချင်ယွင်၏မျက်လုံးများသည် ခရမ်းရောင်အလင်းတန်းတစ်ခုဖြင့် ချက်ချင်း တောက်ပလာ သည်။ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သည့် အချိန်ရပ်တန့်ခြင်းသည် ချက်ချင်း အသက်ဝင်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် ချက်ချင်း အေးခဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံအလင်းတန်းသည် ချင်ယွင်နှင့် ဆယ်မီတာအကွာတွင် အေးခဲသွားသည်။
အကယ်၍၊ ချင်ယွင်သည် သူ၏ မွေးရာပါ နတ်စွမ်းအားကို အနည်းငယ် နှေးကွေးစွာ အသုံးပြုခဲ့မည်ဆိုလျှင်၊ မီးလျှံဆေဘာအလင်းတန်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက် နေပြီ ဖြစ်လိမ့်မည်။ ထိုအချိန်ရောက်လျှင်၊ အကယ်၍၊ သူ မသေဘူးဆိုလျှင်ပင် ဒဏ်ရာအပြင်းအထန် ရနိုင်ပါသေးသည်။
ဝှီး…။
ချင်ယွင်၏ ရုပ်အသွင်သည် တောက်ပလာပြီး ဤတိုက်ခိုက်မှုကို ချက်ချင်း ရှောင်တိမ်း လိုက်သည်။
မီးလျှံဆေဘာအလင်းတန်းသည် အဝေးသို့ ထိမှန်သွားခဲ့ပြီး၊ အဝေးရှိတောအုပ်ကြီးသည် ချက်ချင်း မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ မြေပြင်ပေါ်မှာ ပေတစ်ရာ လောက်နက်သည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သော်လည်း၊ သူသည် နဂါးနတ်ဘုရား အသွင်ပြောင်းထားခြင်းမှ ဆုတ်ခွာသွားခဲ့ရသည်။ သူသည် သူ၏ မွေးရာပါ နတ်ဘုရား စွမ်းအားကို အလွန်အကျွံ သုံးစွဲမှုကြောင့် လူသားအသွင်သို့ ပြန်ရောက်သွားခဲ့ရသည်။
သူသည် လှည့်ကြည့်လိုက်တော့ နက်ရှိုင်းသော မီးလျှံတွင်းနက်ကြီးကို မြင်ပြီး၊ သူ၏ မျက်လုံးတွေက အံ့ဩမှုအပြည့် ရှိနေခဲ့သည်။
အကယ်၍, သူသည် အစောပိုင်းက ထိုဆေဘာခုတ်ချက်အား ခုခံခဲ့မည်ဆိုလျှင်၊ ၎င်းကို သူ တားဆီးနိုင်သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံဆေဘာအလင်းတန်း ကြောင့် သူ ဒဏ်ရာရသွားမည် ဖြစ်သည်။ ထိုအချိန်တွင် တိုက်ပွဲသည် အလွန်မင်း စိုးရိမ်ဖွယ် ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
"သူ တကယ်ကို ရှောင်တိမ်းသွားခဲ့တယ်။" ကျူးထန်းချန် ဘေးမှာ ရပ်နေသည့် ချင်ယွင်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးတွေက အံ့သြဟန် အရိပ်အယောင်တွေ ပေါ်လာပါသည်။
အစောပိုင်းက ထိုဆေဘာတိုက်ခိုက်မှုသည် သူ့နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်၏ စွမ်းအား ထက်ဝက်ကျော်နီးပါးကို စုပ်ယူနိုင်ခဲ့သည်။ ၎င်း၏ စွမ်းအားသည် ကောင်းကင်ကို လှုပ်ယမ်းကာ မြေကြီးကိုပ် ပြိုကျစေသည်ဟု ဆိုနိုင်ပြီး၊ ၎င်း၏ အရှိန်ဟုန်သည် အလွန်ပင် လျင်မြန်လွန်းသည်။ ယုတ္တိဗေဒအရပြောရရင်, ဤချင်ယွင်ဟာ လုံးဝ ရှောင်တိမ်း၍ မရနိုင်သည့်အတွက် တန်ပြန်တွန်းအားဖြင့်သာ ခုခံနိုင်သင့်သည်။ သို့သော် ချင်ယွင်သည် ယခုအချိန်တွင် တိတ်တဆိတ် ကျော်ဖြတ်သွားခဲ့သည်။
ခပ်ဝေးဝေးတွင်၊ ချင်ယွင်ကို စူးစိုက်စိုက်ကြည့်ရင်း အောင်းဟန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
"မွေးရာပါ နတ်ဘုရားစွမ်းရည်၊ အချိန်ရပ်တန့်ခြင်းလား?။ ဒီမွေးရာပါ နတ်ဘုရား စွမ်းရည်ကို သူ ဘယ်လိုလုပ် ဆုပ်ကိုင်နိုင်ထားမှာလဲ? ဒီမွေးရာပါဘုရား စွမ်းရည် ထွက်ပေါ်လာဖူးတဲ့အချိန်က နှစ်သန်းပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ မဟုတ်ဘူးလား?" အောင်းဟန်သည် သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများ လှုပ်ခတ် လာသကဲ့သို့ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အခြားလူများသည် အစောပိုင်း မည်သည့်အရာဖြစ်သွားမှန်း မသိနိုင်ကြသော်လည်း၊ ကုန်လွန်ခဲ့တဲ့ အချိန်တစ်စက္ကန့်လောက် ပျောက်ကွယ်သွားမှန်း သူ သိပါသည်။ ယင်းအတွက် ဖြစ်နိုင်သည့် အကြောင်းရင်းတစ်ခုသာ ရှိပါတော့သည်။ ၎င်းမှာ ချင်ယွင်သည် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး အချိန်များကို ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်ပါသည်။
'ဒီချင်ယွင်က ရှေးဟောင်း နဂါးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်ကို သေချာပေါက် ပိုင်ဆိုင်ထားရ မယ်။ ဒီနဂါးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်နဲ့ဆို၊ ငါဟာ နဂါးမျိုးနွယ်စုသမိုင်းမှာ အစွမ်းထက်ဆုံး နဂါးအစစ်ဖြစ်လာမှာ သေချာတယ်။ လုံးဝ ပြန်လည်မွေးဖွားပြီး နတ်နဂါးအစစ်တစ်ကောင် ဖြစ်လာလိမ့်တယ်။" အောင်းဟန်၏ မျက်လုံးများ ချက်ချင်းပင် ပူလောင်လာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် သူ့ကို ဆွဲဆောင်နေသည့် အရာများစွာရှိနေသောကြောင့် ချင်ယွင်ကို သတ်ပစ်မည်ဟု သူ၏စိတ်ထဲတွင် ကျိန်ဆိုလိုက်ပါသည်။
အဝေးမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် စိတ်ရှုပ်ထွေးနေကြပါသည်။ ဖြစ်ပျက်ခဲ့သည့် အရာများကို သူတို့ နားမလည်ခဲ့ကြပါဘူး။ သို့သော် မီးလျှံဆေဘာ အလင်းတန်းကြောင့် ဖန်တီးဖြစ်ပေါ်လာသည့် လျှိုမြောင်ကြီးကို မြင်သောအခါတွင်၊ သူတို့၏ မျက်လုံးများသည် ပြူးကျယ်နေပြီး၊ အေးစက်သော လေကို ရှုရှိုက်လိုက်ကြသည်။
"ချင်ယွင်၊ မင်းက ငါ့ဆေဘာ တိုက်ခိုက်မူကို ရှောင်နိုင်ခဲ့လို့ ကံကောင်းပါတယ်။ ဒါဆို မင်းက ငါ့ရဲ့ ဒုတိယဆေဘာတိုက်ခိုက်မှုကို မင်း ရှောင်နိုင်ဦးမလားဆိုတာ ငါ ကြည့်ချင်မိ တယ်" ကျူးထန်းချန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏လက်ထဲမှ မီးလျှံ ဆေဘာက ပြင်းထန်သည့် ပျက်သုဉ်းခြင်းအငွေ့အသက်များနှင့်အတူ တစ်ဖန် မြင့်တက် လာခဲ့ပါသည်။
“ရွှမ်း..”။
နောက်ထပ် မျဉ်းစောင်းတစ်ချက် ခုတ်ပိုင်းမူနှင့်အတူ ကြက်သွေးရောင် မီးလျှံဆေဘာ အလင်းသည် အနီရောင်ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ဖြတ်သွားပါ သည်။