← Chapters

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း (၁၀၃၈) သတ်ဖြတ်လိုသည့်ဆန္ဒ နေရာတိုင်းတွင် ပျံ့နှံ့ထွက်ပေါ်လာခြင်း။

မီးလျှံဆေဘာအလင်းတန်းသည် သွေးကဲ့သို့ အနီရောင်သမ်းနေပြီး ကောင်းကင် ထက်ဝက် ကျော်ကို လင်းလက်တောက်ပနေကာ ၎င်း၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ပင် လှုပ်ခါနေဆဲ ဖြစ်သည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို အမြန် ထုတ်လိုက်ရသည်။ လေနှင့်လျှပ်စီးစွမ်းရည် ကောင်းကင်တာအို စွမ်းအားကိုလည်း ကြည်လင်ကောင်းကင်ဓားတွင် အပြည့်အ၀ ထည့်သွင်းထားသည်။ သူသည် လေထုကာစီးခြင်းဓားသိုင်း၏ ပဉ္စမမြောက်ဓားကွက်ဖြစ်သည့် ရှေးဟောင်း ဖရိုဖရဲ ကမ္ဘာ သုတ်သင်ခြင်းဓားကွက်ကို ချက်ချင်း အသွက်သွင်းလိုက်သည်။

တခဏအတွင်းမှာပင်, ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းက တုန်ခါသွားခဲ့ပြီး၊ ပြင်းထန်သည့် ရှေးဟောင်း ဖရိုဖရဲ အငွေ့အသက်က မီးလျှံဆေဘာအလင်းတန်းနှင့် အပြင်းအထန် တိုက်မိသွားခဲ့သည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်နှင့် မြေကြီး ပြိုဆင်းကျသွားသည်။ အလွန်ကြီးမားသော လေဟာနယ်တွင်းနက်ကြီးတစ်ခုသည် လေထဲတွင် ပေါ်လာပြီး အဆုံးမရှိသော လေဟာနယ်မုန်တိုင်းကြီးက ကမ္ဘာမြေကြီးကို ချက်ချင်း လွှမ်းမိုးသွားသည်။

"လခွမ်း၊ အဲဒါက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ သူတို့ ဒီအတိုင်း ဆက်တိုက် နေမယ်ဆိုရင် ဗာမီလီယမ်ငှက်တောင်တန်း တစ်ခုလုံး ကြေမွသွားလိမ့်မယ်။" အဝေးမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များ အားလုံး အံသြသွားကြသည်။ ဤကြောက်မက်ဖွယ် ကောင်းသော လေဟာနယ်မုန်တိုင်းကြီးက ၎င်းတို့ကို မှုတ်ထုတ်သွားခဲ့ပြီး ၎င်းတို့သည် ကြီးကြီးမားမား ခံစားခဲ့ရသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးကို လေဟာနယ်တွင်းနက်ကြီးက ဝါးမြိုသွားခဲ့ပြီးနောက် လေဟာနယ်တစ်ခုလုံးသည် ၎င်း၏ယခင်အခြေအနေတိုင်း ပြန်လည် ငြိမ်သက်မှုသို့ ရောက်ရှိသွားခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည် အလွန်လျင်မြန်စွာ ပြန်လည်ပြုပြင်နိုင်ကြပြီး၊ ၎င်းအဖြစ်ပျက်သည် ကြာရှည်စွာ တည်ရှိနေမည် မဟုတ်ပေ။

ကျူးထန်းချန်၏ မျက်နှာပေါ်ရှိ အမူအရာသည် အလွန်မင်း အုံ့မှိုင်းနေသည်ဟု ဆိုနိုင်သည်။ ချင်ယွင်သည် ယခင်က အဆိုပါဆေဘာကို တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သော်လည်း ယခုအခါ ချင်ယွင်သည် တိုက်ရိုက် ပိတ်ဆို့တားဆီးခဲ့သည်။ ဤအရာက သူ့ကို တစ်စုံတစ်ယောက်က အပြင်းအထန် ပါးရိုက်လိုက်သလို ခံစားလိုက်ရပါသည်။

"ကျူးထန်းချန် ခင်ဗျားရဲ့တိုက်ခိုက်မှုတွေက ကျုပ်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ရှောင်ကျင်းနဲ့ တခြားသူတွေကို လွှတ်ပေးဖို့ ကျုပ် အကြံပေးချင်တယ်။ မဟုတ်ရင် ခင်ဗျားရဲ့ ဗာမီလီယမ်ငှက်တောင်တန်းကြီး ဒီနေ့ ပျောက်ကွယ်သွားရလိမ့်မယ်။" ချင်ယွင် က ကျူးထန်းချန်ကို ပြောသည်။

အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးသည့်တိုင်, သူသည် ရှောင်ကျင်းနှင့် အခြားလူများကို မတွေ့ရသည့်အပြင်, ရှောင်ကျင်း၏ စိတ်ဝိညာဉ်အငွေ့အသက်ကိုလည်း မခံစားခဲ့ရပေ။ ယင်းကြောင့် ချင်ယွင်သည် ရှောင်ကျင်းနှင့် အခြားလူများအပေါ် စိတ်ပူစ ပြုလာခဲ့သည်။

ချင်ယွင်၊ ရှောင်ကျင်းနှင့် ခြားလူတွေ အားလုံးမှာ စိတ်ဝိညာဉ် စာချုပ်တွေ ရှိထားကြသည်။ အကယ်၍, ရှောင်ကျင်းနှင့် အခြားလူများသည် ဗာမီလီယမ်ငှက်တောင်တန်းတွင် ရှိနေပါက၊ သူသည် ၎င်းတို့၏ စိတ်ဝိညာဉ်အငွေ့အသက်များကို သေချာပေါက် ခံစားရမည် ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဗာမီလီယမ်ငှက်တောင်တန်းသို့ ရောက်ရှိလာကတည်းက ရှောင်ကျင်း၏ စိတ်ဝိညာဉ်အငွေ့အသက်ကို အနည်းငယ်မျှ မခံစားရပေ။ ထို့ကြောင့် ရှောင်ကျင်းနှင့် အခြားလူများသည် သီးခြားလွတ်လပ်သော နေရာတစ်ခုတွင် အကျဉ်းချ ခံထားရသည်။ သို့မဟုတ်, သူတို့သည့် ဗာမီလီယမ်ငှက်တောင်တန်းတွင် ရှိမနေကြောင်း ချင်ယွင် မှန်းဆမိသည်။

"ချင်ယွင်, မင်းရဲ့အဖော်တွေကို ရှာနေတာ မဟုတ်ဘူးလား?။ သူတို့က ဒီမှာ မဟုတ်ဘူး လား?။" သို့သော် ဤအခိုက်အတန့်တွင် အောင်ဟန်၏ အသံသည် အောက်မှ ထွက်ပေါ် လာသည်။

ချင်ယွင်သည် အောင်းဟန်ရှိရာ ဦးတည်ရာအရပ်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပါသည်။ သူ မကြည့်မိလျှင် အဆင်ပြေပါဦးမည်။ လှည့်ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချင်ယွင်၏ တစ်ကိုယ်လုံးကို ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အောင်းဟန်သည် ရှောင်ဘိုင်၏ ရင်ဘတ်ပေါ်သို့ တက်နင်းထားသည်။ ရှောင်ဘိုင်၏ ရင်ဘတ်တွင် အနာကျက်လုနီးပါးဖြစ်သော ဒဏ်ရာများသည် အမှန်တကယ် ပေါက်ပြဲသွားပြန်သည်။ သွေးတွေက သူ၏ရင်ဘတ်တစ်ခုလုံး နီရဲနေပြီ။

ရှောင်ဘိုင်၏ တစ်ကိုယ်လုံးသည် သူ၏ခြေဖဝါးအောက်မှာ နင်းခံထားရပြီး၊ သူသည် မလှုပ်ရှားနိုင်တော့ပါဘူး။ သူ၏ဒန်တန်ကို စည်းတံဆိပ်ခတ်ထားပုံရသည်။ ထိုသို့မဟုတ် လျှင် ရှောင်ဘိုင်၏ ပင်ကိုယ်စရိုက်ကြောင့် လူတစ်ယောက်ကို ခြေထောက်ဖြင့် နင်းခွင့် မပြုသည်မှာ သေချာပါသည်။ အကယ်၍၊ သူ သေသွားမည်ဆိုလျှင်ပင်, တိုက်ပွဲအတွင်းမှာ သေဆုံးခံလိမ့်မည်။

အောင်းဟန်၏ လက်ထဲတွင် တောက်ပသော ဖန်ဘောလုံးတစ်လုံး ရှိနေသည်။ အထဲမှာ အပြစ်သားလေးယောက် ရှိနေခဲ့သည်။ ထိုအပြစ်သားလေးယောက်သည် ရှောင်ကျင်းနှင့် အခြားလူများမှလွဲ၍ အခြားလူများ မဟုတ်ကြပေ။

"ဒါက ငါတို့နဂါးမျိုးနွယ်ရဲ့ ရတနာတစ်ခုပဲ။ ဒီရတာကို လက်ဖဝါးထဲကစကြာဝဠာလို့ ခေါ်တယ်။ သူရဲ့ အပေါ်ယံအသွင်ပြင်ပဲ မကြည့်လိုက်နဲ့ဦး။ သူက ဗာမီလီယမ်ငှက် တောင်တန်းတစ်ခုလုံးကိုတောင် ထည့်ပြီး ထိန်းထားနိုင်တယ်။ ဒါပေမယ့် သူ့မှာ အားနည်းတော့ချက်ရှိတယ်။ သူက အရမ်းကို နုနယ်လွန်းတယ်။ ကွဲကြေသွားတဲ့အခါ အတွင်းမှာရှိတဲ့ အရာအားလုံးလည်း ပျောက်ကွယ်သွားပြီး၊ ဒီကမ္ဘာကြီးကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်” အောင်းဟန်က ချင်ယွင်ကို ပြုံးပြီး ပြောသည်။

သူ ထိုစကားပြောနေစဉ်မှာ, သူသည် ဖန်ဘောလုံးကို ဖြိုခွဲတော့မည့် အရိပ်အယောင်ကို တမင်တကာ လုပ်ပြနေသေးသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ပြင်းထန်သော အေးစက်မှုက သူ၏ မျက်လုံးထဲတွင် ချက်ချင်း ပျံ့နှံ့လာခဲ့ပြီး၊ သူ၏စိတ်နှလုံးထဲတွင် သတ်ပစ်ချင်စိတ်များ တဟုန်ထိုး တိုးမြင့်လာခဲ့သည်။

ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့သည် ဒုက္ခအတူ ခံစားခဲ့ကြရသော သူ၏ညီအစ်ကိုများ ဖြစ်ကြသည်။ အောင်းဟန်က သူ့ကို ခြိမ်းခြောက်ရန်အတွက် တကယ်ပဲ သူတို့ကို အသုံးချခဲ့ သည်။ သူ၏စိတ်နှလုံးထဲမှ သတ်ဖြတ်ချင်စိတ်တွေက ချက်ချင်းကြီး ပြင်းထန်လာခဲ့သည်။

"ပြောပါ။ မင်း သူတို့ကို လွှတ်ပေးဖို့ ငါ့ကို ဘာလုပ်စေချင်လဲ" ချင်ယွင်က အောင်းဟန်ကို ပြောသည်။

အောင်းဟန်သည် သူ့ဆီက တစ်ခုခု လိုချင်၍ ဝင်စွက်ဖက်နေမှန်း သူ သိပါသည်။

"မင်း ငါ့ကို နတ်နဂါး ကျောက်စိမ်းတံဆိပ်ကို လွှဲပေးစေချင်တယ်။" အောင်းဟန်က ပြုံးပြီး ပြောသည်။

"ကောင်းပြီလေ" ချင်ယွင်က ပြတ်ပြတ်သားသား ဖြေသည်။ ပြောပြီးသည်နှင့် သူ၏ လက်ကိုဆန့်လိုက်ပြီး၊ နတ်နဂါး ကျောက်စိမ်းတံဆိပ်သည် သူ၏လက်ထဲတွင် ပေါ်လာ သည်။

နတ်နဂါး ကျောက်စိမ်းတံဆိပ်သည် အလွန်အဖိုးတန်သော်လည်း၊ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့၏ အသက်များနှင့်နှိုင်းယှဉ်ပါက, နတ်နဂါး ကျောက်စိမ်းတံဆိပ်သည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ဖော်ပြရန်ပင် မထိုက်တန်တော့ပါချေ။

"ကြည့်ရတာ မင်းက ချစ်ခြင်းမေတ္တာနဲ့ ဖြောင့်မတ်ခြင်းကို တကယ်တန်ဖိုးထားပုံရတယ်။ မင်းက တကယ်ကို မြန်မြန်ဆန်ဆန် သဘောတူခဲ့တာပဲ။" အောင်းဟန်က ရယ်မောကာ ပြန်ဖြေသည်။

"ဒီနတ်နဂါး ကျောက်စိမ်းတံဆိပ်ကို ငါ ပေးလိုက်မယ်။ မင်း သူတို့ကို လွှတ်လိုက်မယ် ဆိုရင်ရော ဘယ်လိုလဲ?။" ချင်ယွင်က ဆက်ပြောသည် ။

"ဒီလောက် ရိုးရှင်းမယ်လို့ မင်း ထင်နေသလား?။ ဒီထဲမှာ အသက်ငါးချောင်း ရှိနေတယ်။ ဒီနတ်နဂါး ကျောက်စိမ်းတံဆိပ်တစ်ခုနဲ့ သူတို့ကို လဲလှယ်ချင်တာလား?။" အောင်းဟန်က ပြုံးပြီး ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က မျက်မှောင်ကြုတ်ပြီး “ဒါဆို မင်း ဘာလိုချင်သေးလဲ” ဟု မေးလိုက်သည်။

"မင်းရဲ့ နတ်နဂါးကျောက်စိမ်းတံဆိပ်၊ ကြည်လင်ကောင်းကင်ဓားနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နဂါးနတ်ဘုရား စိတ်ဝိညာဉ်ကို လွှဲပေးမှ ငါ လွှတ်ပေးနိုင်မယ်။ မဟုတ်ရင် သူတို့ အားလုံး သေရလိမ့်မယ်။" အောင်းဟန်က ဟစ်အော်လိုက်ပြီး ရှောင်ဘိုင်၏ ရင်ဘတ်ပေါ်ရှိ ခြေထောက်ကို ပို၍ ဖိနှိပ်လိုက်သည်။

ရှောင်ဘိုင်သည် သွေးကွက်များ အန်ထွက်လာလာသည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာ သည် အလွန်မင်း ကြောက်စရာကောင်းနေသည်။ သို့သော် သူက အံတင်းတင်းကြိတ်ကာ ညီးညူအသံတစ်ချက်မျှ မထွက်ပေ။ “အကိုကြီး၊ ငါတို့အတွက်နဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ သူ့ကို ဘာမှ ပေးစရာမလိုဘူး” ဟု ကောင်းကင်ယံသို့ လှမ်းအော်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ၏ရင်ထဲတွင် ဗလောင်ဆူပွက်နေသလို ခံစားလိုက်ရပြီး၊ အမျက်ဒေါသက ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပါတော့သည်။

သတ်ဖြတ်လိုစိတ်၊ ရူးသွပ်ဖွယ်သတ်ဖြတ်လိုစိတ်က တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထား သည့် အားကောင်းသော မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာပါသည်။

ကောင်းကင်မှာ တိမ်မည်းတွေက တဟုန်ထိုး ရွှေ့လျားနေကြပြီး၊ လျှပ်စီးလက်သံတွေ၊ မိုးခြိမ်းသံက တဂျိမ်းဂျိမ်းမည်ဟီးနေကာ ကောင်းကင်ယံမှ မိုးရွာစပင် ပြုလာပါသည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ချင်ယွင်၏ခန္ဓာကိုယ်မှ အမျက်ဒေါသနှင့် သတ်ဖြတ်လိုသည့်ဆန္ဒများ မြင့်တက်လာသည်ကို ခံစားသိရှိနိုင်ကြပြီး၊ သူတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ကျူးထန်းချန်၏ မျက်ခုံးများသည် မှေးမှိတ်သွားကာ ဆိုးရွားသော ကြိုတင် သတိပေးချက် ကို မခံစားရဲ မနိုင်ခဲ့ပါချေ။

တချို့လူတွေက ဒေါသအမျက် အလွယ်တကူ မထွက်တတ်ဘူးဆိုသည်ကို သူ သိပါသည်။ သူတို့ အမျက်ဒေါသ အမှန်တကယ် ထွက်သွားခဲ့ပြီဆိုလျှင်, နောက်ဆက်တွဲဆိုးကျိုးတွေက မှန်းဆ၍ မရတော့ပါဘူး။ သူသည် အောင်းဟန်၏ လှည့်ဖြားခြင်းကို ခံရပြီး ချင်ယွင်၏ အပေါင်းအဖော်များကို ပြန်ပေးဆွဲမိသည့်အဖြစ်ကိုပင် နောင်တရလာမိသည်။

ယခုမူကား သူသည် သတ္တိရှိရှိဖြင့် ရှေ့သို့သာ လျှောက်လှမ်းနိုင်ပါတော့မည်။ အကယ်၍၊ ဒီနေ့ ချင်ယွင်ကိုသာ မသတ်နိုင်ခဲ့ဘူးဆိုလျှင်၊ သူတို့၏ ဗာမီလီယမ်ငှက် မျိုးနွယ်စုသည် ဆိုးရွားသည့် ကပ်ဘေးဒုက္ခကြီးကို ဆောင်ကြဉ်းလာမည်ဆိုသည်ကို သူ သိရှိနေခဲ့ပြီ။

အောင်းဟန်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ကြောက်ရွံ့မှု အရိပ်အယောင်က သူ၏နှလုံးသားထဲတွင် အထိန်းကွပ်မဲ့ ပေါ်လာပါသည်။ သို့သော် ချင်ယွင်၏ အပေါင်းအဖော်များသည် သူ၏လက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း တွေးမိလိုက်စဉ်မှာ, သူသည် ထိုကြောက်ရွံ့မှုကို မျိုသိပ်ထားနိုင်လိုက်သည်။

"ချင်ယွင်, မင်း ငါ့ကို တိုက်ခိုက်ဝံ့ရင် မင်းရဲ့အပေါင်းအဖော်ငါးယောက်စလုံး ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။" အောင်းဟန်က ခြိမ်းခြောက်သည်။

မိုးက သည်းထန်စွာ ရွာသွန်းလာခဲ့ပြီ။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကို တားဆီးရန် သူ၏ခွန်အားကိုပင် အသုံးမပြုခဲ့ပေ။ ယင်းအစား မိုးရေစက်များကို သူ၏ခန္ဓာကိုယ်ပေါ်သို့ ရွာချခွင့်ပြုထားသည်။ သူ၏အဝတ်အစားတွေ အကုန်စိုရွဲနေသော်လည်း သူ၏ မျက်လုံးတွေက အေးစက်နေဆဲပင်။

ချင်ယွင်သည် အောင်းဟန်ကို ကြည့်လိုက်သည်။ အဆုံးမဲ့ သတ်ပစ်ချင်စိတ်တွေက သူ၏မျက်လုံးများ၏ နက်ရှိုင်းရာအရပ်မှာ စီဆင်းနေသည်။ ဤအခိုက်အတန့်တွင် သူသည် အောင်ဟန်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုံးလုံးလျားလျား ဖြတ်တောက်ပစ်ရန်ပင် တွန်းအားရှိနေတော့သည်။

"အောင်းဟန်၊ မင်းက ငါ့ကို ဒီလိုခြိမ်းခြောက်နိုင်မယ်လို့ တကယ် ထင်နေတာလား?။ ငါ ပြောပါရစေ၊ ငါ့အပေါင်းအဖော်တွေ တစ်ယောက်မှ သေမှာမဟုတ်ဘူး။ မင်းပဲ သေရလိမ့် မယ်" ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး သတ်ဖြတ်လိုစိတ် အရှိန်အဟုန်ကြောင့် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဤစကားကို အောင်းဟန် ကြားလိုက်ရချိန်မှာ ချင်ယွင်၏ရုပ်အသွင်သည် အမှန်တကယ် ပျောက်ကွယ်သွားသည်ကို မြင်ပြီး၊ သူ ကျိန်ဆဲမိတော့မည်။

All Chapters