အခန်း ၁၀၄၀
Vol. 70 Ch. 1040
အခန်း (၁၀၄၀) ကျူးထန်းချန်ကို သတ်ဖြတ်ခြင်း။
“ဘုန်း..”။
ချင်ယွင်သည် သူ၏ ၁၀၈ ချက်မြောက် လက်သီးကို ထုတ်လွှတ်လိုက်ပြီးနောက် အောင်းဟန်၏ ကြီးမားလှသော ဦးခေါင်းကြီးသည် သွေးမိုးအဖြစ် ရွာသွန်းသွားခဲ့သည်။ ရုန်းကန်လှုပ်ရှားနေသော နဂါးခန္ဓာကိုယ်သည်လည်း လုံးဝ မလှုပ်မယှက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။
အဝေးမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ယခုလေးတင်၊ ချင်ယွင်၏ ရူးသွပ်ဖွယ် တိုက်ခိုက်မှုများသည် သူတို့၏ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်သွားသည်ဟု ခံစားလာရသည်။ ချင်ယွင်၏လက်သီးချက်များက သူတို့၏ နှလုံးသားများကို ထိမှန်သွားသလိုပင်။ ယင်းကြောင့် သူတို့၏နှလုံးများသည် ခုန်ပေါက်သွားသလိုပင်။
ဤအခိုက်အတန့်တွင် အောင်းဟန်သည် မြေပြင်ပေါ်သို့ လုံးဝ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး တိတ်တဆိတ် ညီးညူမိကြသည် ။
အောင်းဟန်သည် သနားညှာတာပေးရန် အမှန်တကယ် တောင်းဆိုချင်ခဲ့သော်လည်း ချင်ယွင်၏ လက်သီးချက်တွေက သူ၏ပါးစပ်ကို မဖွင့်ဟနိုင်စေခဲ့ပေ။ ထို့ကြောင့် အောင်းဟန် သေဆုံးသွားချိန်မှာ, သူသည် အလွန်မင်း စိတ်မချမ်းမြေ့ဖွယ် သေဆုံးသွားခဲ့ရ သည်။ သူသည် အဆုံးမရှိသော နာကျည်းမှုများနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။
ချင်ယွင်သည် အောင်းဟန်၏ ခန္ဓာကိုယ်မှ ဆင်းလိုက်ပြီး သူ၏မျက်နှာသည် ကူကယ်ရာမဲ့ ဟန် အမူအရာ ပေါ်လွင်နေသေးသည်။ သူက ခေါင်းယမ်းပြီး သက်ပြင်းချကာ ညီးတွား ပြောလိုက်သည် "ဟင်း…၊ တကယ်လို့ မင်းသာ ဒူးထောက်ပြီး ငါ့ကို တောင်းပန်နိုင်ခဲ့ရင်၊ ငါလည်း တဒင်္ဂသာ စိတ်ပျော့ပြီး မင်းအသက်ကို ချမ်းသားပေးနိုင်လောက်တယ်"
အဝေးမှာရှိနေကြသည့် ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များထံမှ 'ဖူး…' ဆိုသည့် အသံတွေ က ချက်ခြင်း ထွက်လာပါသည်။ သူတို့သည် သွေးများအန်ထွက်လုမတတ်ပင် ဖြစ်သွားရ သည်။ သူတို့သည် ဤမျှလောက် အရှက်ပင်းမဲ့သည့်လူမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ တဖက်လူက ကရုဏာထား ညှာတာပေးရန် တောင်းဆိုချင်နေသည်ကို သူတို့အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားသော်လည်း, ဤလူသည် တဖက်လူက သနားညှာတာပေးရန် မတောင်းဆိုဟု အမှန်တကယ် ပြောဆိုနေသည်။
အကယ်၍, အောင်းဟန်သာ ထိုစကားကိုကြားလျှင် သူသည် ငရဲမှ ပြေးထွက်ပြီး ချင်ယွင်ကို ကိုက်သတ်နိုင်လောက်သည် ။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေပါသည်။ ဤစကားက ဟာသတစ်ခု သာ ဖြစ်ပါသည်။ အကယ်၍, အောင်းဟန်က အမှန်တကယ် ဒူးထောက်ပြီး တောင်းပန်လျှင် ပင်, သူသည် သူ့ကို ဘယ်တော့မှ ခွင့်မပြုပါဘူး။
သူ၏စိတ်ထဲမှာတော့, သူ၏ဆွေမျိုးများနှင့် ညီအစ်ကိုတွေကို ခြိမ်းခြောက်ခြင်းအတွက် တစ်ခုတည်းသော နည်းလမ်းက သေဆုံးခြင်းပင် ဖြစ်ပါသည်။
ချင်ယွင်သည် ကောင်းကင်ယံ၌ရှိနေသော ကျူးထန်းချန်ကို ဖြည်းညှင်းစွာ မော့ကြည့်ကာ သူ၏အကြည့်များက ယခင် အေးစက်မှုဆီသို့ ပြန်ရောက်သွားခဲ့သည်။
အခု အောင်းဟန် သေဆုံးသွားခဲ့ပြီး၊ ကျူးထန်းချန်တစ်ယောက်သာ ကျန်ပါတော့သည်။ သူနှင့် ကျူးထန်းချန်သည် ယနေ့ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှရမည်ကို သူ သိသည်။
"လုပ်လိုက်ပါ။ ခင်ဗျား ခင်ဗျားသားအတွက် လက်စားချေချင်နေတာ မဟုတ်ဘူးလား?။ ခင်ဗျား လက်စားချေမှာကို ကျုပ် တားဆီးလို့မရနိုင်ဘူး။ ကျုပ်ကတော့ ခင်ဗျားကို သတ်ပစ်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျုပ် စိတ်အေးနိုင်မှာ မဟုတ်ဘူး" ချင်ယွင်သည် ကျူးထန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
ကျူးထန်းချန်၏ လက်စားချေလာခြင်းကို မကြောက်သော်လည်း ကျူးထန်းချန်သည် သူ့ကို မသတ်နိုင်သည့်အတွက် သူ၏ဆွေမျိုးများကို ဒုက္ခပေးလာမည်ကို သူ ကြောက်သည်။ ကျူးထန်းချန်၏ ပင်ကိုယ်စရိုက်ကြောင့် သူသည် ဤသို့ပြုမူမည်မှာ သေချာသည်၊ ထို့ကြောင့်၊ သူသည် သူ့ကိုသတ်ပစ်ရန်သာ ရွေးချယ်နိုင်သည် ။
တကယ်ဆို, ကျူးထန်းချန်က ထိုကိစ္စမျိုးကို တကယ် လုပ်လာပါလိမ့်မည်။ အကယ်၍ သူသည် ချင်ယွင်ကို အမှန်တကယ် မသတ်ဖြတ်နိုင်ခဲ့ပါက၊ ချင်ယွင်နှင့် ပတ်သက်သော လူများကို သတ်ပစ်ပြီး ချင်ယွင်ကို အပြစ်ရှိစွာဖြင့် အသက်ရှင်သန်စေမည် ဖြစ်သည်။
"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။" ကျူးထန်းချန်က အေးစက်စွာ ပြောသည်။
ဤတိုက်ပွဲသည် အချိန်ကြာစွာ ကြာငြောင်းခဲ့ပြီး၊ အလယ်တွင် အလှည့်အပြောင်းများစွာ ရှိခဲ့သည်။ ထိုအရာကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။
“နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်က ရှေးကျသော အစီအရင်တစ်ခု ဖြစ်တယ်။ “ငါက နတ်ဘုရားတွေကို ဖျက်ဆီးပြီး ဗုဒ္ဓတွေကို သတ်ဖြတ်နိုင်တဲ့ တန်ခိုးအစွမ်း ရှိတယ်။ ဒီအစီအရင်က အကြွင်းအကျန်တစ်ခုမျှသာ ဖြစ်ပေမယ့် ဒီအစီအရင်ရဲ့ စွမ်းအားကို လျှော့တွက်လို့ မရဘူး။ ယခုတိုက်ခိုက်မူကစပြီး အစီအရင်တစ်ခုလုံးရဲ့ စွမ်းအားကို ငါ အသုံးပြုမယ်။ တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်တယ်ဆိုရင်တော့ ငါ့အတွက် ကံဆိုးတယ်လို့ပဲ သတ်မှတ်တယ်။ ငါ ယဲ့အာအတွက် လက်စားမချေနိုင်တော့ဘူးပေါ့။ မင်းရဲ့အစွမ်းအရ မင်းဟာ အစီအရင်ဝင်္ကပါရဲ့ နောက်ဆုံးတိုက်ခိုက်မှုကို ခုခံနိုင်ဖို့ မဖြစ်နိုင် ဘူး။"။
သူပြောပြီးသည်နှင့် သူ၏လက်တွေက ထောင်ပေါင်းများစွာသော မှော်သင်္ကေတ ပုံစံများကို ဖန်တီးလိုက်ပါသည်။ ထို့နောက် ကြောက်မက်ဖွယ် အစီအရင်ဝင်္ကပါက လျင်မြန်စွာ ကျယ်ပြန့်လာပြီး၊ ကောင်းကင်ယံရှိ အစီအရင်မှော်သင်္ကေတ ပုံစံတွေက ချက်ချင်းပင် ကောင်းကင်ထက်ဝက်ကျော်ကို ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် အနက်ရောင်နှင့် အဖြူရောင် ဧရာမနဂါးကြီး နှစ်ကောင်အဖြစ်၊ ပြောင်းလဲပြီး၊ ကျူးထန်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ သွန်းလောင်း သွားခဲ့သည်။
ကျူးထန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် တုနှိုင်းမရလောက်အောင်ပင် ကြောက်စရာကောင်းလာခဲ့သည်။ သူ၏မျက်နှာပေါ်ရှိ အရေပြားသည် စတင် အက်ကွဲလာ သည်။ အရေပြားသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို တောင့်ခံနိုင်စွမ်း မရှိတော့ ပေ။ ထိုစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ခန့်မှန်းကြည့် နိုင်ပါသည်။
ဗာမီလီယမ်ငှက်တောင်တန်းတစ်ခုလုံးအတွင်းရှိ လေထုသည် အေးခဲသွားပုံရပါသည်။ ကောင်းကင်ယံသည် ကမ္ဘာကြီး၏အဆုံးသတ် မြင်ကွင်းကဲ့သို့ပင် ဖြစ်နေသည်။ ကမ္ဘာကြီး တစ်ခုလုံးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ လူတိုင်း၏ရင်ထဲတွင် ကြောက်ရွံ့မှု ထွက်ပေါ်လာခဲ့ပြီး အသက်ရူမဝ ဖြစ်စေသည်။
ကျူးထန်းချန်သည် သူ၏လက်မောင်းနှစ်ဖက်ကို ကန့်လန်ဖြတ် တင်လိုက်ပြီး၊ လက်ဖဝါး ကြားတွင် သေးငယ်သော စွမ်းအင်အလုံးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းစွမ်းအင်အလုံး သည် တခြမ်းကအဖြူရောင်နှင့် တခြမ်းကအမည်းအရောင် ပြသနေသည်။
ဤစွမ်းအင်အလုံး ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံး လုံးဝ မှေးမှိန်သွားသည်။ လူတိုင်းသည် အစွမ်းထက်သော စွမ်းအားများဖြင့် လွှမ်းခြုံခံလိုက်ရပါသည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။
"ဒြပ်စင်ငါးခုနဲ့ ကိုယ်ထည်တစ်ရာ၊ ယွမ်စွမ်းအင်တစ်ခုမှ၊ ကိုယ်ထည်လေးခုနဲ့ နှလုံးသား သုံးခုသို့ ပြန်ပေး။ ထို့နောက် ချီစွမ်းအင်တစ်ခု ပြန်လာ။ သေခြင်းတရားကို လက်ခံပါ။ စကြာဝဠာယွမ်စွမ်းအင်အလုံး" ကျူးထန်းချန်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ရုပ်အသွင်သည် ကောင်းကင်မှ ပျံထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အလုံးကို ဖိနှိပ်ပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်တော့သည်။
ထိုစွမ်းအင်အလုံး ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးသည် ချက်ခြင်း ပြိုကျသွားကာ လေဟာနယ်ပင် ပြိုကျသွားသည်။ ၎င်း၏အတွင်း၌ပါရှိသော စွမ်းအားသည် ကောင်းကင်ဘုံကိုပင် ထိတ်လန့်စေခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်လုံးများမှ တဆင့် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သစ်သားစွမ်းရည်ကိုယ်ပွားနှင့် လျှပ်စီးစွမ်းရည် ကိုယ်ပွားတို့သည် တစ်ချိန်တည်းတွင် ပေါ်လာပြီး သူ၏အစစ်အမှန် ခန္ဓာယ်ကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
လေစွမ်းရည် သစ်သားစွမ်းရည် လျှပ်စီးစွမ်းရည်တို့ ပေါင်းစပ်ထားသည့် ကောင်းကင်တာအို စွမ်းအား သုံးမျိုးစလုံးသည် ချင်ယွင်၏ လက်ထဲတွင် စုစည်းထားသည်။ ကောင်းကင်တာအို စွမ်းအားသုံးမျိုး ပေါင်းစပ်လိုက်သောအခါ၊ ၎င်းတို့၏ စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေပါသည်။
သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးများသည် လွင့်ပျံသွားကာ ရှေးဟောင်းနတ်ဘုရား တစ်ပါး ပေါ်ထွက်လာတော့မည်ကဲ့သို့ မြေကြီးသည် တုန်လှုပ်သွားသည်။
ကြည်လင်ကောင်းကင်ဓားသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့ပြီး ကောင်းကင်တာအို စွမ်းအား သုံးမျိုးစလုံးကို ကြည်လင်ကောင်းကင်ဓားထဲသို့ ချက်ချင်း ထည့်သွင်းလိုက်သည်။
တစ်ချိန်တည်းတွင် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသက်သွင်းလိုက်သည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သည့် စွမ်းအားတွေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ သည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။
"လေထုကာစီးခြင်းဓားသိုင်းရဲ့ ဆဋ္ဌမမြောက်သိုင်းကွက် တောင်တန်းနဲ့မြစ် မြုပ်နှံခြင်းဓား” ချင်ယွင်သည် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓား ဆင်းသက်လာချိန်မှာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး ခြောက်သွေ့သွားပုံရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုသည် ဓားမှ ချက်ချင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ချီဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ ပျံထွက်သွားခဲ့သည်။
ဓားအလင်းသည် အနှိုင်းမဲ့ တဖျပ်ဖျပ်လင်းလက်နေပြီး၊ လေထဲတွင် ရင်သပ်ရူမောဖွယ် နို့အနှစ်ရောင်လမ်းကြောင်းအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။
“ဘုန်း..”။
ဓားအလင်းသည် ကျူးထန်းချန်၏ စကြာဝဠာယွမ်စွမ်းအင်အလုံးနှင့် အပြင်းအထန် တိုက်မိခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ ဆက်လက် ဖြစ်ပွားခဲ့ သည်။
အဆုံးမရှိသော စွမ်းအင်ပမာဏသည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်၏ ဓားအလင်း သည်လည်း စွမ်းအင်မုန်တိုင်းကို ကျော်ဖြတ်ကာ ကျူးထန်းချန်ကို အပိုင်းနှစ်ပိုင်းအဖြစ် တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးသည် ပြိုကျသွားခဲ့ပြီး စွမ်းအင်အားလုံးကို လေဟာနယ်မုန်တိုင်း ကြီးက စုပ်ယူသွားခဲ့သည်။ ကျူးထန်းချန်၏ မျက်နှာက အံ့သြခြင်းတွေ ပြည့်နှက်နေသော် လည်း ထိုအချိန်မှာပင် သူ၏အသိစိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးမှာတော့ သူ၏အသက်စွမ်းအား လုံးလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။
သူ၏ခန္ဓာကိုယ်သည် လေဟာနယ် တွင်းနက်ကြီးထဲသို့ စုပ်ယူခံခဲ့ရပြီး လူတိုင်း၏ အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားခဲ့ပါသည်။
ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် ချင်ယွင်၏ဓားအောက်တွင် သေဆုံးသွားခဲ့သည်။
အဝေးမှ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် လုံးဝကို ထိတ်လန့်သွားကြပါသည်။ ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါ၏ စွမ်းအား အားလုံးကို အသုံးပြုပြီးနောက် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါဘူး။
ချင်ယွင်၏ နောက်ဆုံးဓားချက်၏ စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။ ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး မတိုက်ခိုက်ပါက မည်သူမျှ ဤဓားချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု ဆိုနိုင်သည်။
ဟုတ်ပါသည်။ ချင်ယွင်သည် ဤဓားချက်ကို ထုတ်ဖော်လိုက်ရချိန်မှာ သူပေးဆပ်ရသည့် တန်ဖိုးကလည်း သံသယမရှိ ကြီးမားလှပါသည်။ ယခုအချိန်တွင်, သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာရှိနေသည့် စွမ်းအားတွေ ဆုတ်ယုတ်သွားခဲ့ပါပြီ။ ကိုယ်ပွားနှစ်ပါးကိုလည်း သူ၏အစစ်အမှန် ခန္ဓာကိုယ်နှင့် ခွဲထုတ်ပြီး ပြန်လည်ကုစားရန်အတွက် ကနဦး စကြဝဠာထဲ သို့ ထည့်သွင်းထားလိုက်သည်။
သူ၏အစစ်အမှန် ခန္ဓာကိုယ်ကလည်း စွမ်းအား မရှိတော့ပါဘူး။ အခုအချိန်မှာ အင်မော်တယ် ဧကရာဇ် မပြောနှင့်၊ အစစ်အမှန် အင်မော်တယ်တစ်ပါးကတောင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပါသည်။
သို့သော်၊ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် တစ်ယောက်မှ ရှေ့သို့ မတိုးဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတိုသည် အစောပိုင်းက ချင်ယွင်၏ဓားချက်က သူတို့အပေါ် ဖိနှိပ်ထားပုံရသောကြောင့်ပင်။
"မင်းတို့ရဲ့ခေါင်းဆောင် ကွယ်လွန်သွားခဲ့ပြီ။ မင်းတိုရဲ့ ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်တွေ ကို ကျုပ် ဘာရန်ငြိုးမှ မထားခဲ့ဘူး။ မင်းတို့ရဲ့ ခေါင်းဆောင်အတွက် လက်စားချေချင်ရင် အချိန်မရွေး ကျုပ်ကို လာရှာလို့ရတယ်။ ဒါပေမယ့် မင်းတို့ကို ကျုပ် သတိပေးလိုက်ပါရစေ။ မင်းတို့အနေနဲ့ ကျုပ်ကို ကျုပ်ရဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ခြိမ်းခြောက်ဝံ့တယ် ဆိုရင်တော့, ကျုပ်ချင်ယွင်က မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့။ မင်းတို့ ရှင်းရှင်း လင်းလင်း စဉ်းစားပြီးမှ ထွက်လာတာ ပိုကောင်းလိမ့်မယ်။” ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အသံက ဂုဏ်သိက္ခာပြည့်ဝပြီး ဗာမီလီယမ်ငှက် တောင်တန်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
ထိုသို့ပြောပြီးနောက် သူ၏ရုပ်အသွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ သည်။ သို့ရာတွင် မည်သူမျှ ရှေ့ထွက် မရပ်ရဲကြပေ။
မိုင်တစ်ရာအကွာတွင် ချင်ယွင်၏ ရုပ်အသွင်သည် ကောင်းကင်မှ ပြုတ်ကျသွားကာ၊ သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ အခုတိုက်ပွဲက သူ့ကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။ အစောပိုင်းက နောက်ဆုံးအရှိန်သည် လုပ်ဇာတ်တစ်ခုသာ ဖြစ်သည်။ အခုတော့ သူ့မှာ အင်အားလုံးဝ မရှိတော့ပါဘူး။