အခန်း ၁၀၄၁
Vol. 70 Ch. 1041
အခန်း (၁၀၄၁) နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ပုံကြမ်း။
ချင်ယွင်သည် ဗာမီလီယမ်ငှက်တောင်တန်းမှ ထွက်ခွာလာပြီးနောက်တွင် အတော်အတန် ပုန်းကွယ်၍ကောင်းသည့် တောအုပ်တစ်ခုကို တွေ့ရှိပြီး၊ သူ၏ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန် တင်ပျဉ်ခွေ ထိုင်နေပါသည်။
သူသည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ရန် မရွေးချယ်ခဲ့ပါဘူး။ ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ခြင်းသည် သူ၏ဒဏ်ရာများကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် အရှိန်မြှင့်ပေးနိုင်သော်လည်း ချင်ယွင်သည် ဤအခွင့်အရေးကို အသုံးချပြီး စကြာဝဠာ အပေါ် ဆက်လက်၍ နားလည်ဆင်ခြင်ရန် ရည်ရွယ်ထားသောကြောင့် ထိုကဲ့သို့ မလုပ်ဆောင်လိုခဲ့ပေ။ သူသည် နောက်တကြိမ် အဆင့်ဖြတ်ကျော် သွားကောင်းသွားနိုင်ပါ သည်။
ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သူ၏စိတ်ကို ဤကမ္ဘာကြီးနှင့် လိုက်ဖက်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
ယခုတစ်ကြိမ်တွင်, သူသည် သူ၏ခန္ဓာကိုယ်မှာရှိနေသည့် ခွန်အားအားလုံးကို အကုန်လုံး ညှစ်ထုတ်လုနီးပါး အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှု ပြန်လည် ရရှိအောင် အစွမ်းကုန် ကြိုးစားရပါလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီသည် ချင်ယွင်၏ ခန္ဓာကိုယ်သို့ ဝင်ရောက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တွင်းရှိ ချွေးပေါက်များမှတဆင့် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားကာ၊ သူ၏တစ်ကိုယ်လုံးကို ဖြတ်သန်းသွားသည်။
မူလက ခြောက်သွေ့နေသော ဆဲလ်များသည် ပြန်လည် တက်ကြွလာခဲ့ပြီး၊ လျှိုဝှက် ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို အရူးအမူး မျိုချလာကြပါသည်။ ချင်ယွင်၏ အသားအရေသည် ယခင် နှင်းဆီရောင်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်သည် သူ့ဘာသာသူ လည်ပတ်နိုင် သည်။ ချင်ယွင်သည် ၎င်းအတွက် အားစိုက်ထုတ်ရန် မလိုအပ်သောကြောင့် ချင်ယွင်သည် မျက်လုံးများကို တိုက်ရိုက် မှိတ်ထားပြီး ပတ်ဝန်းကျင်ကို စတင် ဆင်ခြင်လိုက်ပါသည်။
စကြဝဠာအထဲရှိ အရာအားလုံးသည် ယင် နှင့် ယန်တို့မှ ပေါက်ဖွားလာကြပြီး၊ အရာအားလုံးသည် စကြဝဠာ၏ နိယာမများကို လိုက်နာကြရပါသည်။
ဤအချက်က ကျူးထန်းချန် အသုံးပြုခဲ့သည့် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်အား ချင်ယွင်ကို အမှတ်ရသွားစေသည်။ ထိုအချိန်တုန်းက ကျူးထန်းချန်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုပ်ယူလိုက်ပြီး၊ ၎င်းစွမ်းအားနှင့်အတူ သူ့ကိုယ်သူ ကောင်းချီးပေး ကာ ထူးကဲသော တိုက်ခိုက်ရေးစွမ်းအားများဖြင့် ပေါက်ကွဲထွက်နိုင်ခဲ့သည်။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ သူ၏လက်ထဲတွင် သိုလှောင်လက်စွပ် တစ်ကွင်း ပေါ်လာပါသည်။
ဤသိုလှောင်လက်စွပ်သည် ကျူးထန်းချန်၏ဉစ္စာမှလွဲ၍ အခြားမဟုတ်ပေ။ ထိုအချိန်တုန်း က၊ ချင်ယွင်၏ ဓားအလင်းတန်းကြောင့် ကျူးထန်းချန် သေဆုံးပြီး၊ သူ၏ခန္ဓာကိုယ်ကို လေဟာနယ် တွင်းနက်ကြီးက စုပ်ယူသွားခဲ့သည်။ သို့သော် သိုလှောင်လက်စွပ်ကိုတော့ သူ ပြန်လည် စုပ်ယူထားခဲ့သည်။
သူ ဤသိုလှောင်လက်စွပ်ကို ပြန်ယူထားရသည့် အကြောင်းရင်းက သူသည် နတ်ဘုရား သတ်ဖြတ်ခြင်း အစီအရင်ကို တွေးမိ၍ ဖြစ်ပါသည်။ ထိုနတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ပုံကြမ်းသည် ကျူးထန်းချန် သူနှင့်အတူ အမြဲတမ်းထားရှိသည့် သိုလှောင် လက်စွပ်ထဲမှာ ဖြစ်နိုင်ချေ များပါသည်။
ဘန်း..။
ချင်ယွင်သည် သူ၏ အင်မော်တယ် စိတ်အာရုံကို ဖြန့်ထုတ်လိုက်ပြီး၊ သူ၏ အင်မော်တယ် စိတ်အာရုံသည် မည်သည့် အတားအဆီးမှ မရှိဘဲ သိုလှောင်လက်စွပ်ထဲသို့ ဝင်သွားခဲ့ပါ သည်။ ဆိုလိုသည်မှာ ကျူးထန်းချန်သည် အမှန်တကယ် သေဆုံးသွားခဲ့ပြီး သိုလှောင် လက်စွပ်သည် ပိုင်ရှင်မဲ့အရာဝတ္ထုတစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။
သိုလှောင်လက်စွပ်၏ နေရာအလွတ်သည် ချင်ယွင်ထင်ထားသည်ထက် ပိုကျယ်သည်။ ကမ္ဘာငယ်လေး တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး ကုဗမီတာ တစ်သောင်းကျော် ရှိသည်။
ဤကျူးထန်းချန်သည် ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ထိုက်သူ ဖြစ်သည်။ ဤသိုလှောင်လက်စွပ်အတွင်း၌ အင်မော်တယ် ကျောက်စိမ်းများသည် တောင်များကဲ့သို့ စုပုံထားသည်။ အဆင့်အမျိုးမျိုးရှိ မရေမတွက်နိုင်သော အင်မော်တယ် ကျောက်စိမ်းများ ရှိနေခဲ့ပါသည်။ အင်မော်တယ်အဆင့် ပစ္စည်းများ၊ ရတနာများ စသည်တို့ လည်း ရှိနေခဲ့သည်။ ဤသိုလှောင် လက်စွပ်သည် ဘဏ္ဍာတိုက်ဖြစ်သည်ဟု ဆိုနိုင်သည်။
ချင်ယွင်သည် ဤအရာများကို စိတ်မဝင်စားသောကြောင့် လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
“အယ်၊ တကယ်ကို အနက်ရောင်ကျောက်တုံးတစ်ခု ရှိနေတာပဲ" ချင်ယွင်က အံ့သြဟန် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။
သိုလှောင်လက်စွပ်ထဲတွင် အမှန်တကယ် အနက်ရောင်ကျောက်တုံးတစ်တုံးရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ပုံစံသင်္ကေတတွေက သူ ရရှိထားသည့် ကျောက်တုံးတွေနှင့် မတူရုံမှလွဲ၍၊ အခြားပစ္စည်းများနှင့် အကြီးအသေး အရွယ်အစားအာလုံး အတူတူပင် ဖြစ်သည်။
"ကံကောင်းလို့၊ ငါ ဒီသိုလှောင်လက်စွပ်ကို ချန်ထားမိခဲ့တာ။ မဟုတ်ရင် အနက်ရောင် ကျောက်တုံးတစ်တုံး ပျောက်ဆုံးသွားမှာ ငါ ကြောက်မိတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲ တွင် တိတ်တဆိတ် ရွှင်မြူးသွားပါသည်။
သူ၏လက်ထဲမှာ အနက်ရောင်ကျောက်တုံး ငါးတုံးရှိနေခဲ့ပြီး၊ ယခုကျောက်တုံးပါ ထည့်တွက်လျှင် ခြောက်တုံးရှိလာပါပြီ။
ရှေးဟောင်းတာအိုဆရာသခင်သည် ဧရာမလျှို့ဝှက်ချက်တစ်ခု ပါ၀င်နေသည့် ယခုလို အနက်ရောင် ကျောက်တုံး စုစုပေါင်း ၁၂ တုံး ရှိသည်ဟု ပြောခဲ့ဖူးသည်။ ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန်၊ ဤကျောက်တုံး ၁၂ တုံးကို စုဆောင်းရလိမ့်မည်။
"အခု ဒါတွေကို လျစ်လျူရှုထားဉီးမယ်။ နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ပုံကြမ်း ရှိမရှိ အရင် ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ချင်ယွင်၏ အင်မော်တယ် စိတ်အာရုံသည် သိုလှောင်လက်စွပ်ထဲသို့ တစ်ဖန် ပျံ့နှံ့လာ သည်။ ရုတ်တရက် ချင်ယွင်၏ အင်မော်တယ် စိတ်အာရုံသည် ပျက်စီးနေသော သားရဲအရေပြား လိပ်ပေါ်တွင် ရပ်တန့်သွားသည်။
"သေချာပါတယ်၊ ဒီအထဲမှာပဲ။" ချင်ယွင်၏မျက်နှာသည် ရွှင်လန်းမှုအပြည့် ဖြစ်သွားပြီး၊ အတွေးတစ်ချက်ဖြင့် သူ၏လက်ထဲတွင် သားရဲအရေပြားလိပ်က ပေါ်လာသည်။
ဤသားရဲအရေပြား စာလိပ်သည် မူလက စတုဂံပုံစံ ဖြစ်ခဲ့သော်လည်း အမည်မသိ အကြောင်းအရင်းကြောင့်၊ ၎င်းသည် တစ်ဝက်မပြည့်စုံတော့ဘဲ ပုံကြမ်းတစ်ဝက်သာ ကျန်ပါတော့သည်။
ချင်ယွင်သည် သားရဲအရေပြားကို လှမ်းရိုက်ကြည့်လိုက်သည်။ ပြောင်ချော်ချော် ဖြစ်နေ သည်ဟု ခံစားရသော်လည်း ၎င်းသည် အရမ်းကို ကြံ့ခိုင်ပါသည်။ ချင်ယွင်သည် သူ၏ ခွန်အားကို အကုန်အသုံးပြုပြီးသည့်တိုင် စုတ်ဖြဲ၍ မရပါဘူး။
ချင်ယွင်၏ ခွန်အားသည် အင်မော်တယ်တောင်တန်းကိုပင် ချက်ခြင်း ဖျက်ဆီးပစ်နိုင်သည် ကို သိထားရမည် ဖြစ်သည်။ သို့သော် ဤမျှလောက်ကြီးမားသော ခွန်အားကပင် ဤ သားရဲ အရေပြားကို မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ သားရဲအရေပြားသည် မည်မျှ ခိုင်ခံ့သည်ကို တွေးကြည့်နိုင်ပါသည်။ သို့တိုင်, ဤသားရဲအရေပြားသည် မပြည့်မစုံဖြစ်နေသောကြောင့် ချင်ယွင်ကို အလွန်မင်း အံ့သြစေခဲ့သည်။
ဤသားရဲအရေပြားပေါ်တွင် အလွန်မင်း လျှို့ဝှက်ဆန်းကြယ်သည့် စည်းမျဉ်း ဉပဒေသများ ပါ၀င်ပုံရသည့် သိမ်မွေ့နက်နဲသော အစီအရင်ပုံစံများ ရှိနေပါသည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ သက်ရောက်မူကို ခံရတော့မည့် အလား တစ်ချက်ကြည့်လိုက်ရုံဖြင့် မူးဝေသွားခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါလဲ။ ကျူးထန်းချန်ဟာ ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ မှာ ရှိနေပေမယ့်လည်း ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၂ စွမ်းအားနဲ့ ပေါက်ကွဲနိုင်တာ အံ့သြစရာ မရှိတော့ဘူး။ ဒါတောင် ကျူးထန်းချန်က အစီအရင်ဝင်္ကပါကို လုံးဝ နားမလည်ခဲ့ပုံပဲ။ အဲဒီအစား သူက အစီအရင် ဝင်္ကပါ ကြိုတင်ချမှတ်ဖို့ အစီအရင်ဝင်္ကပါပုံကြမ်းကို တိုက်ရိုက်အသုံးပြုခဲ့တယ်” ချင်ယွင် က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူသည် အစီအရင်ဝင်္ကပါများကို ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ သူသည် အချိန်အတော်ကြာအောင် စွန့်ပစ်ထားသော်လည်း၊ အစီအရင်ဝင်္ကပါများအပေါ် ထိုးထွင်း သိမြင်မှုအချို့ ရှိနေဆဲ ဖြစ်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် မည်မျှ အစွမ်းထက်သည်ကို သူ ခံစားနိုင်သည်။
"ဒီလိုအစွမ်းထက်တဲ့ အစီအရင်ကို ဒီကမ္ဘာပေါ်မှာ ဘယ်သူက ဖန်တီးနိုင်တာလဲ? အဲဒီလူက အထွက်အထိပ်ပုဂ္ဂိုလ်များ ဖြစ်နိုင်မလား?။" ချင်ယွင် မှန်းဆလိုက်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ဝင်္ကပါတစ်ခုအနေဖြင့်, အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းကို ပြီးမြောက်အောက်ဖန်တီးရန် မဖြစ်နိုင်ပေ။ ၎င်းကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က တော့ အထွက်အထိပ်ပုဂ္ဂိုလ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ပါလိမ့်မည်။
"ဒီနတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်က တကယ်ကို ကောင်းမွန်တဲ့အရာပဲ။ အထဲမှာ ပါ၀င်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်နိုင်ရင်၊ ငါရဲ့ကနဦးစကြဝဠာမှာ အောင်မြင်မှု တစ်ခုကို ဖန်တီးနိုင်လောက်တယ်” ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက် သည်။
အစီအရင်ဝင်္ကပါဟု ခေါ်ဝေါ်သည့်အရာများသည် ကောင်းကင်နှင့်မြေကြီး၏ ဉပဒေသများ ကို ရှာဖွေတွေ့ရှိရန် နည်းလမ်း ဖြစ်ပါသည်။ အစီအရင်ဝင်္ကပါက အားကောင်းလေလေ၊ ၎င်းထဲတွင်ပါရှိသော ဥပဒေသများက ပို၍ နက်နဲလေ ဖြစ်ပါသည်။
ဥပမာအားဖြင့်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါသည် ကောင်းကင်ယံရှိ ကြယ်များ၏ နိယာမများကို အသုံးချပြီး ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းအစီအရင်ဝင်္ကပါတစ်ခု ဖြစ်သည်။
သူ၏ရှေ့မှ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါထက် လုံးဝ မနိမ့်ကျပါဘူး။ အကယ်၍ ဤအစီအရင်သည် နဂိုအတိုင်း အပြည့်အစုံရှိနေပါက၊ ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါကိုပင် ကျော်လွန်သွား နိုင်ပါသည်။
ချင်ယွင်၏ ဤအစီအရင်ပုံကြမ်း၏ တန်ဖိုးသည် ရှေးဟောင်း ဖရိုဖရဲ ရတနာထက် မနိမ့်ကျဟု ဆိုနိုင်ပါသည်။
ဘန်း…။
ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ကို နားလည် သဘောပေါက်ရန် စိတ်နှလုံးအကြွင်းမဲ့ဖြင့် မြှုပ်နှံထားလိုက်ပါတော့သည်။
ချင်ယွင်၏ ရှေ့တွင် အစီအရင် မှော်သင်္ကတများ ပေါ်လာသည်။ ချင်ယွင်သည် သူ၏ ခေါင်းထဲတွင် ပြင်းထန်သော မူးဝေမှုကို ချက်ချင်း ခံစားလိုက်ရသည်။
"မပြည့်စုံတဲ့ အစီအရင်ပုံကြမ်းက ငါ့ရဲ့စိတ်တွေကို သက်ရောက်မူရှိနေလိမ့်မယ် မထင်ထား မိဘူး။" ချင်ယွင်သည် အံတင်းတင်းကြိတ်ပြီး မခံမရပ်နိုင်ဖြစ်သည့် ပြင်းပြသော ခံစားချက်တွေက သူ၏နှလုံးသားထဲမှာ ချက်ချင်း ပေါ်လာပါသည်။
ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းသည် ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ချက်ချင်း ကောင်းချီးပေးလာခဲ့သည်။ ချက်ခြင်းဆိုသလိုပင်၊ ချင်ယွင်၏ မူလက ရှုပ်ထွေးနေသောစိတ်အစဉ်သည် ချက်ချင်းပင် ကြည်လင်လာသည်။
သားရဲအရေပြားပေါ်ရှိ အစီအရင်သင်္ကေတပုံစံများကို ချင်ယွင်သည် သူ၏ စိတ်ထဲတွင် လုံးဝ ရေးထွင်းထားလိုက်သည်။
အစီအရင် မှော်သင်္ကတများတွင် အစီအရင်မှော်သင်္ကတ ဘာသာစကားနှင့် ကောင်းကင် နှင့် မြေကြီး၏နိယာမ ပြောင်းလဲမှုများ ပါရှိနေပါသည်။ အစီအရင် မှော်သင်္ကတ၏ လျှို့ဝှက် နက်နဲသော အရာများကို နားလည်နိုင်ရန်မှာ, အစီအရင်မှော်သင်္ကတ၏ အဓိပ္ပါယ်ကို နားလည်ရန် လိုအပ်ရုံသာမက ထိုအဓိပ္ပါယ်များ၏ နောက်ကွယ်မှ သဘောတရားများကို လည်း နားလည်ရန် လိုအပ်ပါသည်။ သို့မှသာ အစီအရင်မှော်သင်္ကတများကို စေ့စေ့စပ်စပ် ဆုပ်ကိုင်နိုင်သည်ဟု ယူဆနိုင်ပါသည်။
ချင်ယွင်၏ မျက်လုံးများက တင်းတင်းစေ့ထားသည်။ သူ၏ပတ်ဝန်းကျင်ကို အာရုံစိုက်ထား ခြင်းအပြင်၊ အခြားစိတ်များကိုတော့ အစီအရင်ပုံကြမ်းကို နားလည်ဆင်ခြင်ရာမှာ လုံးလုံး မြုပ်နှံထားပါသည်။
သူသည် ထိုနေရာတွင် ထိုင်နေခဲ့သည်မှာ ရက်နှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သည်။