အခန်း ၁၀၄၂
Vol. 70 Ch. 1042
အခန်း (၁၀၄၂) ခွန်အားတိုးတက်မှု။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပါပြီ။ ချင်ယွင် မလှုပ်ရှားဘဲ ရက်နှစ်ဆယ်ကြာ ထိုင်နေခဲ့သည်။
သဲမုန်တိုင်းတိုက်ခတ်မူကြောင့် သူ၏ခန္ဓာကိုယ်ကို ထူထဲသော သဲအလွှာများဖြင့် ဖုံးအုပ်ထားသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် သဲပန်းပုရုပ်ထုတစ်ခုလိုပင်။
သို့သော်လည်း ထိုအခိုက်တန့်တွင်, ချင်ယွင်၏စိတ်အစဉ်သည် လုံးဝအသစ်ဖြစ်သော ကမ္ဘာတစ်ခုကို မြင်လိုက်ရသကဲ့သို့ အစီအရင်ဝင်္ကပါ ပုံစံသင်္ကေတများမှ ရှာဖွေတွေ့ရှိခဲ့ သော အံ့သြဖွယ်ရာ ပြောင်းလဲမှုများတွင် နှစ်မြှုပ်နေခဲ့ပါသည်။
"နားလည်သွားပြီ။ နောက်ဆုံးတော့ ငါ နားလည်သွားခဲ့ပြီ။ တာအိုလို့ခေါ်တဲ့အရာက တစ်ခုကို မွေးဖွားပေးပြီး၊ တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ သုံးခုမှ သက်ရှိပုံစံတွေကို မွေးဖွားပေးခဲ့တယ်။ တစ်ခုဆိုတာက ထိုက်ကျိကို ရည်ညွှန်းပြီး၊ အခြားနှစ်ခုဆိုတာကတော့ ယင်နဲ့ယန်ကို ရည်ညွှန်းတာပဲ။ သုံးခုက ယင်နဲ့ယန်ကို ပေါင်းစပ်ခြင်းကို ညွှန်းဆိုခြင်းပဲ။ စကြဝဠာရဲ့ အဆုံးစွန်သော တော်ဝင်တာအိုကို ရရှိဖို့အတွက်ဆို၊ တစ်ခုကနေ အရာအားလုံးကို မွေးဖွားပေးရမယ်။ အဲဒါကိုပဲ ထိုက်ကျိလို့ခေါ်တာ”။ ချင်ယွင်က စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်ပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပါသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များသည် သူ့ဆီမှ တိုက်ရိုက် လွင့်ထွက်သွားခဲ့ပြီး၊ သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် ဖုန်မှုန့်အလွှာတစ်ခု ဖြစ်လာခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်တွင် ပါရှိသောနိယာမများသည် စကြဝဠာကြီး ဆင့်ကဲဖြစ်စဉ်၏ ရိုးရှင်းသော ဖော်ပြချက်တစ်ခု ဖြစ်နေပါသည်။ တစ်နည်းဆိုရသော်၊ ဤအစီအရင် ဝင်္ကပါသည် ချင်ယွင်ကို စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်အတွက် ပုံစံခွက်တစ်ခု ပေးခဲ့ပြီး၊ စကြဝဠာကြီး၏ တော်ဝင်တာအိုအပေါ် မူလက ဝေဝါးနေသော သူ့ကို ချက်ချင်း ရှင်းလင်းစွာ တွေးတောနိုင်စေခဲ့ပါသည်။
"ထိုက်ကျိ၊ ထိုက်ကျိကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ?။" ချင်ယွင်သည် သူ၏ ကနဦးစကြဝဠာ၏ တော်ဝင်တာအိုများ ဆင့်ကဲဖြစ်စဉ်အပေါ် စတင်တွေးတောရင်း ရေရွတ်လိုက်ပါသည်။
ထိုက်ကျိသည် အကန့်သတ်မဲ့ခြင်းမှ ဆင့်ပွားဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အကန့်သတ်မဲ့ ခြင်းဟု ခေါ်သည့်အရာသည် ဖရိုဖရဲ အခြေအနေမှ စကြာဝဠာ၏ ကနဦးပုံစံ ဖြစ်လာခဲ့ပြီး၊ ထိုက်ကျိသည် ယင်နှင့်ယန်ကို မွေးထုတ်ပေးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ (ပုံစံပျက်ယွင်းနေသည့် အနန္တဒြဗ်စင်များမှတဆင့် ကနဦးစကြာဝဠာ ဖြစ်ပေါ်လာသည့် အခန်းကို သတိပြုမှာပါ)။
"ကြည့်ရတာ, ငါ မတော်တဆ ခလုတ်တိုက်မိပြီး၊ (တင်စားပြောခြင်းဖြစ်) ထိုက်ကျိရဲ့ ရှေ့ပြေးပုံစံကို ဖန်တီးလိုက်မိပုံရတယ်။ ဒါပေမယ့် ဒီထိုက်ကျိက ပြီးပြည့်စုံတဲ့ပုံ မပေါ်သေး ဘူး။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးရင်း ပြောလိုက်မိသည်။
ယခုအချိန်တွင် သူသည် သူ၏စကြဝဠာထဲတွင် ရှိနေခဲ့ပြီ။ သူသည် တိုက်ကြီးတစ်ခုနှင့် ကြယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးနေပြီ ဖြစ်သည်။ ဤသည်မှာ အကန့်အသတ်မဲ့ခြင်း မှ ထိုက်ကျိအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပါသည်။
"အခုအချိန်မှာ, ငါ နည်းနည်းလေး အပြောင်းအလဲလုပ်ဖို့ပဲ လိုတော့တယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ထိုသို့ပြောပြီးသည်နှင့် သူ၏စိတ်အစဉ်သည် သူ၏ကနဦးစကြာဝဠာအပေါ်တွင် လုံးလုံး လျားလျား နစ်မြုပ်သွားခဲ့ပြီး၊ ကနဦးစကြာဝဠာရှိ အရာအားလုံးသည် ပြောင်းလဲလာပါ သည်။
ရှေးဟောင်း ဖရိုဖရဲစွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာကာ အင်မော်တယ်ကမ္ဘာတိုက်ကြီးထဲသို့ စိမ့်ဝင်သွားပြီး၊ ကောင်းကင်ယံမှ ကြယ်များသည် ၎င်းတို့၏လမ်းကြောင်းများအတိုင်း လည်ပတ်စ ပြုလာ ပါသည်။
ဘန်း..။
ချင်ယွင်၏ ကောင်းကင်တာအို ဉပဒေသများသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမ အဆင့်မှ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၀သို့ ချက်ချင်း ဖြတ်ကျော်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပြင်းထန်သည့် စွမ်းအင်အတက်အကျလှိုင်းများဖြင့် ပြည့်နေခဲ့သည်။
"ဟား..၊ ဟား…၊ ပြီးသွားပြီ။ ပြီးသွားပြီကွ။" ချင်ယွင်က စိတ်အားတက်ကြွစွာ ဟစ်ကြွေးလိုက်ပါသည်။
ဤအဆင့်ချိုးဖြတ်မူက သူ၏စွမ်းအားကို ထပ်ပြီး မြင့်တက်သွားမည်ဟု ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ယခုအချိန်တွင်၊ ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ် ဧကရာဇ်များပင်လျှင်, သူ၏ရှေ့မှောက်မှာ ချက်ချင်းပင် အသတ်ခံရလိမ့်မည်။ ကြည်လင် ကောင်းကင်ဓားကို မသုံးမပြုဘဲ ချင်ယွင်သည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်များကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။
သူသည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် အောက်တွင် အသန်မာဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေပြီဟု ဆိုနိုင်ပါသည်။
သူသည် ကောင်းကင်တာအိုဉပဒေသတစ်ခုလုံးကို ဖမ်းဆုပ်နိုင်ခဲ့ပြီး၊ သူ၏စွမ်းအားက ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးမြှင့်လာခဲ့သော်လည်း၊ ချင်ယွင်သည် ကောင်းကင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များအပေါ်တွင်မူ ယုံကြည်မူများစွာ မရှိသေးပေ။
ချင်ယွင်သည် သူ၏နည်းလမ်းတွေ အားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင်ပင်, သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိသေးသလောက်ပင်။ သူတစ်ခါမှ မမြင်တွေ့ဖူးသေးသည့် အဓိပတိဉသျှောင်တစ်ပိုင်း နယ်ပယ် ကျွမ်းကျင်သူများအတွက်မူ, သူသည် ကနဦး စကြာဝဠာထဲသို့ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိကောင်းရှိနိုင်ပါသည်။
သို့သော် ဤဉာဏ်အလင်းက သူ့အား စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်အပေါ် ယေဘုယျ အားဖြင့် အကြံဥာဏ်များပေးခဲ့သောကြောင့် ချင်ယွင်သည် အလွန်ပျော်ရွှင်နေပါသေး သည်။
ယခုအချိန်တွင်၊ သူသည် သူ၏ကိုယ်ခန္ဓာအတွင်းရှိ စကြဝဠာ၏တော်ဝင်တာအိုကို ထိုက်ကျိအဆင့်ကို ဖြည်းဖြည်းချင်း ပြီးပြည့်စုံအောင် စောင့်ဆိုင်းနိုင်သရွှေ့ သူသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပြီး၊ ယင်နှင့်ယန်အကြား ခွဲခြားနိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ စွမ်းအားသည် ကြီးမားသော အဆင့်ချိုးဖြတ်မူကြီးတစ်ခု ရှိလာပါလိမ့်မည်။
အကယ်၍, ချင်ယွင်၏ ခန့်မှန်းချက် မှန်ကန်ပါက၊ သူသည် ယင်နှင့်ယန်ကို ခွဲခြားနိုင်စွမ်း ရှိလာချိန်မှာ, သူ၏ ကောင်းကင်တာအိုအပေါ် နားလည်နိုင်စွမ်းသည် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။
ဘန်း…။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ လှိုင်းလုံးများက သူ၏လက်ထဲမှ ထွက်ပေါ်လာသည်။ လက်တဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ထဲမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဧရာမတောင် ကြီးကို တစ်ခြမ်းကွဲအောင် ဖြတ်တောက်ပစ်လိုက်သည်။
မှန်ပါသည်။ ဤအရာသည် ချင်ယွင်၏ ကနဦးစကြာဝဠာမှာ တဖြည်းဖြည်း မွေးဖွားလာ သည့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားပင် ဖြစ်ပါသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ တဖြည်းဖြည်း မွေးဖွားလာသည်နှင့်အမျှ ချင်ယွင်၏ စွမ်းအားသည်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်။ ထိုပြောင်းလဲမှုမျိုးက သိမ်မွေ့လွန်းပါသည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် စကြာဝဠာ၏တန်ခိုးအစွမ်း မဟုတ်ပေ။ ချင်ယွင် သည် လက်ရှိ သူနေထိုင်ရာစကြဝဠာထဲရှိ စကြဝဠာ၏ စွမ်းအားကို မပိုင်ဆိုင်ထားသရွေ့, ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းသည် မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိမည် မဟုတ်ပါပေ။
ဥပမာအားဖြင့်၊ အကယ်၍ ချင်ယွင်သည် အချိန်ကို ရပ်တန့်ရန်၊ အချိန်ကို အရှိန်မြှင့်ရန်၊ သို့မဟုတ် လက်ရှိစကြာဝဠာအတွင်းရှိ အချိန်ကို ပြောင်းပြန်ဖြစ်စေရန်အတွက် သူ့ကနဦး စကြဝဠာ၏ စကြဝဠာစွမ်းအားကို အသုံးပြုပါက၊ ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းသည် သူ၏ တည်ရှိမှုကို သေချာပေါက် ရှာဖွေတွေ့ရှိမည် ဖြစ်ပါသည်။ သို့ရာတွင်၊ ကောင်းကင်နှင့်မြေကြီး၏အစွမ်းကတော့ ကွဲပြားပါသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးမှ ဆင်းသက်လာခြင်းဖြစ်ပြီး မည်သည့် စကြဝဠာတွင်မဆို ကွဲပြားခြင်းမရှိသောကြောင့် ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လုံးလုံးလျားလျား အသုံးပြုနိုင်ပါသည်။
တစ်နည်းဆိုရသော်၊ ယခုအခါ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် ပြောင်းလဲနိုင်စွမ်း ရှိသော အစီအရင်တစ်ခု ဖြစ်လာခဲ့ပြီး၊ ကနဦးစကြာဝဠာ တိုးတက်ပြောင်းလဲလာသည်နှင့် အမျှ၊ ပြောင်းလဲနိုင်စွမ်းရှိသည့် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ စွမ်းအားသည် လည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။
"ဒီရက်နှစ်ဆယ် တိတ်တဆိတ် နေရခြင်းက တကယ်ကို ထိုက်တန်ပါတယ်။ နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းရဲ့ အလွတ်ကာလအခိုက်တန့်မရောက်မှီ ရက်ပေါင်းများစွာ ကျန်နေဦးမှာ ငါ စိုးရိမ်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ ပြုံးရင်း ပြောလိုက်ပါသည်။
သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ရှောင်ဘိုင်, ရှောင်ကျင်းနှင့် အခြားလူများသည် သူ၏ရှေ့မှာ ပေါ်လာပါသည်။
"အစ်ကိုကြီး၊ မင်း ငါတို့ကို နောက်ဆုံးတော့ လွှတ်ပေးပြီပေါ့။ စောစောက အဲဒီနေရာက ဘယ်နေရာလဲ?။ အင်မော်တယ်ကမ္ဘာတိုက်ကြီးနဲ့ အတူတူပဲဆိုတာ သိသာထင်ရှားပါ တယ်။ ဒါပေမယ့် ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေကို ဘာကြောင့် အသုံးမချနိုင်ရတာ လဲ?။ " ရှောင်ကျင်း ထွက်လာပြီးပြီးချင်း ချင်ယွင်အား ပြောလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီး။ အဲဒီနေရာမှာ သစ်ပင်ပန်းပင်တွေတောင် မရှိဘူး၊ ဆိတ်သုဉ်းနေတဲ့ နေရာတစ်ခုပဲ" အနက်လေးကလည်း ပြောသည်။
"အဲဒါက ငါဖန်တီးထားတဲ့ စကြာဝဠာတစ်ခုပဲ။ အဲဒါက မပြည့်စုံသေးဘူး။ အနာဂတ်မှာ ပြီးပြည့်စုံတဲ့အခါ မင်းတို့ကို အထဲဝင်ခွင့်ပြုပြီး ကျွမ်းကျင်ပညာရှင်တွေ ဖြစ်လာခွင့်ပေး မယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ရှောင်ကျင်းနှင့် အခြားလူများသည် ချက်ချင်းပင် မျက်လုံးပြူးပြီး ချင်ယွင်ကို မယုံကြည်နိုင် စွာ ကြည့်လိုက်ကြပါသည်။
စကြဝဠာကို ဖန်တီးနိုင်တာလား?
ဒါက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ဘယ်လို အပြုအမူမျိုးလဲ?။ သူတို့၏အစ်ကိုကြီးသည် စကြဝဠာကြီးတစ်ခုကို အမှန်တကယ် ဖန်တီးနိုင်မည်ဟု မည်သူကရော ထင်ထားမည် နည်း?။ ယခုတော့ ချင်ယွင်၏ စွမ်းအားသည် အဘယ်ကြောင့် ကောင်းကင်ဘုံကို အံတုပြီး၊ အစွမ်းထက်နေရသည်ရကို နောက်ဆုံး သူတို့ နားလည်လာကြသည်။
ရှောင်ဘိုင်ပင်လျှင် ချင်ယွင်၏ စကားကြောင့် ထိတ်လန့်သွားပုံရသည်။
"အစ်ကိုကြီး၊ ဒါဆို ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်။ မင်းရဲ့ စကြဝဠာကြီး ပြီးသွားတဲ့အခါ ငါက အကြီးမြတ်ဆုံးနတ်ဘုရားတစ်ပါး ဖြစ်လာရလိမ့်မယ်။" ရှောင်ကျင်း က ကမန်းကတန်း ပြောလိုက်သည်။
"ငါရောပဲ။ ငါရောပဲ။" အနက်လေးနှင့် အနီလေးတို့လည်း အော်ပြောလိုက်ကြသည်။
"ကောင်းပြီ, ငါ ကတိပေးတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ရှောင်ကျင်းသည် ချင်ယွင် ၏ စကားကို ကြားသောအခါ သူ၏မျက်နှာသည် စိတ်အား တက်ကြွသည့်အမူအရာ ပေါ်လာသည်။ သူက ရှောင်ဘိုင်ကို မျက်စောင်းထိုးကြည့်ရန် လည်း မမေ့ခဲ့ပေ "အဖြူကောင်အိုကြီး၊ အခု မင်းက ငါ့ထက် ပိုသန်မာနေရင် ဘာဖြစ်လဲ? အနာဂတ်မှာ အစ်ကိုကြီးက သူ့ရဲ့စကြာဝဠာကို ပြီးပြည့်စုံအောင် လုပ်နိုင်တာနဲ့, ငါက စကြဝဠာထဲမှာ အကြီးမြတ်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လာမှာပဲ”။
ထိုစကားကို ပြောနေစဉ် ရှောင်ကျင်း၏ မျက်ခုံးများသည် တောက်ပလာခဲ့သည်။ ဤအချိန် အတောအတွင်းမှာ သူသည် ရှောင်ဘိုင်ကို အတော်လေး ဒေါသထွက်နေခဲ့သည်။ ရှောင်ဘိုင်သည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်သို့ ဖြတ်ကျော်ဝင်ရောက် သွားခဲ့ပြီး ထိုစကားများက သူ့ကို အမြဲ လှုံ့ဆော်မူ ပေးနေခဲ့သည်။
ထို့ကြောင့် ရှောင်ကျင်းသည် ချင်ယွင်၏ ကနဦးစကြာဝဠာထဲတွင် ရှောင်ဘိုင်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သူတို့သည် ကောင်ကင်တာအို၏ဉပဒေသများကို အသုံးမချနိုင်သောကြောင့် ရှောင်ကျင်းသည် ကြီးကြီးမားမား မခံစားခဲ့ရချေ။
ယခု သူသည် ကနဦးစကြဝဠာထဲမှ ပြန်ထွက်လာပြီ ဖြစ်သောကြောင့် ရှောင်ကျင်းသည် ရှောင်ဘိုင်ကို မတိုက်ခိုက်ဝံ့တော့ပေ။ ရှောင်ဘိုင်ကို ဖျစ်ညှစ်နိုင်ရန် ယခုလို စကားလုံးများ ကိုသာ သူ အသုံးချနိုင်ပါတော့သည်။
ရှောင်ဘိုင်က ပြုံးပြီး ဂရုမစိုက်ဘဲ ပြောသည် "ဒါဆို ငါလည်း အကြီးမြတ်ဆုံး နတ်ဘုရား တစ်ပါဖြစ်လာဖို့ အစ်ကိုကြီးကို တောင်းဆိုလိုက်ရင်, အစ်ကိုကြီးက ငါ့အတွက် မလုပ်ပေးဘူးလို့ မင်းထင်နေတာလား?"။
ရှောင်ကျင်းက "ဒါဆိုလည်း မင်းနဲ့ငါက တန်းတူပဲလေ။ မင်း ငါ့ကို အနိုင်ကျင့်လို့ မရတော့ဘူးပေါ့" ဟု လက်သင့်မခံဘဲ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် အခု ငါ အနိုင်ကျင့်နိုင်တယ်လေ။" ရှောင်ဘိုင်က ပြုံးပြီး ပြောလိုက်သည်။
ရှောင်ကျင်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် မှင်တက်သွားပြီး စကားလုံးများဖြင့် မတိုက်ခိုက်ဝံ့တော့ပေ။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့သည် ပို၍ရန်ဖြစ်လေလေ၊ သူတို့၏ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလေလေ ဖြစ်သည်။
"ကောင်းပြီ ရှောင်ဘိုင်၊ ငါတို့ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းကို သွားရမယ့် အချိန်ရောက်ပြီ။ ရှောင်ကျင်း, မင်းတို့ လေးယောက်က ဧရာမမျောက်ဝံမျိုးနွယ်စုကို ပြန်သွားပြီး၊ ငါတို့ကို အရင် စောင့်နေကြ။" ချင်ယွင်က ပြောသည်။
ရှောင်ကျင်းသည် သူ၏စိတ်ထဲတွင် မလိုလားသော်လည်း၊ သူတို့နောက်မှ လိုက်သွားမည် ဆိုလျှင်၊ ချင်ယွင်ကို ဝန်ထုတ်ဝန်ပိုးဖြစ်လာမည်ကို သိသောကြောင့် ခေါင်းညိတ်လိုက်ရပါ သည်။