အခန်း ၁၀၄၃
Vol. 70 Ch. 1043
အခန်း (၁၀၄၃) တိုက်ဆိုင်မှုတစ်ခု။
နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသည် အင်မော်တယ်ကမ္ဘာ၏ မွန်းစတာ တိုက်ကြီးတွင် အန္တရာယ်အရှိဆုံး နေရာတစ်ခု ဖြစ်ပါသည်။ တောင်တန်းတစ်ခုလုံးသည် ထူးဆန်းသော စွမ်းအားများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဝင်ရောက်သူမှန်မျှ မည်သူမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်း မရှိပေ။
ပုံမှန်အားဖြင့်ဆို, ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့် ပညာရှင်များသည် ပင် မဝင်ဝံ့ရဲကြပေ။ အကယ်၍, သူတို့ဝင်ရောက်ချင်သည်ဆိုလျှင်, သူတို့အနေဖြင့် အလွတ်ကာလတစ်ခု မပေါ်ခင် နှစ် ၁၀၀၀၀၀ ကြာသည်အထိ စောင့်နေရပါလိမ့်မည်။
အလွတ်ကာလဆိုသည့်စကား ဖြစ်ပေါ်လာရသ ည့်အကြောင်းအရင်မှာ တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံထားသည့် ထူးဆန်းသော စွမ်းအားများကြောင့် ဖြစ်ပါသည်။ ၎င်းစွမ်းအားသည် နှစ်တစ်သိန်းလျှင်တစ်ကြိမ်, တစ်ကြိမ်လျှင် သုံးရက်အထိ ပျောက်ကွယ် သွားမည် ဖြစ်ပါသည်။
တစ်နည်းဆိုရသော် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက်ချင်သူတိုင်းသည် အထဲမှာ သုံးရက်သာ နေနိုင်ကြပါသည်။ သုံးရက်ရောက်သည်နှင့် တစ်ပြိုင်နက် အတွင်း၌ သာ ရှိနေသေးပါက, သူတို့သည် ထိုစွမ်းအားကြောင့် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ဟုတ်ပါသည်၊ ယင်းက ထိုလျှို့ဝှက်ဆန်းကြယ်သည် စွမ်းအားများ ပျောက်ကွယ်သွားခဲ့ရင်၊ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသည် နည်းနည်းလေးမှ အန္တရာယ်မရှိတော့ဟု မဆိုလိုပါ ဘူး။ ဤနတ်ဘုရားမြုပ်နှံခြင်းတောင်တန်းထဲတွင်၊ ရှေးခေတ်ပညာရှင်များ ချန်ထားရစ်ခဲ့ သည့် ရှေးဟောင်း အစီအရင်ဝင်္ကပါများစွာ ရှိနေပါသေးသည်။ ၎င်းတို့၏ စွမ်းအားသည် နှိုင်းစာ၍မရလောက်အောင် ကြောက်စရာကောင်းပါသည်။ အကယ်၍, ဂရုမစိုက်ဘူးဆို လျှင် ဖွဲ့အစီအရင်ဝင်္ကပါများကြောင့် သေဆုံးရခြေ များပါသည်။
နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသည် ကီလိုမီတာတစ်ရာ ရှည်လျားသည်။ တောင်ထွတ် သည် ပေထောင်ပေါင်းများစွာ မြင့်မားပြီး၊ တိမ်တိုက်များတွင်း မြင့်မားစွာ တည်ရှိနေသည်။ တောင်တန်းတစ်ခုလုံးသည် ရှေးခေတ်က ကျန်ရစ်ခဲ့သော သစ်ပင်များဖြင့် ဖုံးလွှမ်းထား သည်။
အနှစ်တစ်သန်း ဒါမှမဟုတ် နှစ်သန်းပေါင်းများစွာ ရှင်သန်ကြသည့် သစ်ပင်တွေလည်း ရှိနေပါသည်။ ၎င်းတို့ရှေ့မှာ သင် မတ်တပ်ရပ်လိုက်သည့်အခါ သင်မြင်ရသည့် အရာက သစ်ပင်၏ ပင်စည်မဟုတ်ဘဲ နံရံကြီးတစ်ချပ်ကို ကြည့်နေရသလို ထင်မှတ်ရပါလိမ့်မည်။ ၎င်းသည် ရှင်သန်ခြင်း၏ အရင်းအမြစ်တစ်ခုဟု ဆိုနိုင်ပါသည်။
သို့သော် တောင်တန်းတစ်ခုလုံးသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ သည်။ တောင်တန်းထဲမှာ တိရိစ္ဆာန် တစ်ကောင်မှ မရှိပါဘူး။ အင်းဆက်ပိုးမွှားတွေဖြစ်စေ၊ ကျေးငှက်တွေဖြစ်စေ, လူသားတွေဖြစ်စေ, မည်သူမှ မဝင်ရဲကြပါဘူး။
နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ အလွတ်ကာလမတိုင်မီ အချိန်တစ်ရက် ကျန်နေသေး သော်လည်း ယခုအချိန်တွင် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ အဝင်ဝတွင် လူ ၃၀၀ ထက်မနည်း စုဝေးနေပါသည်။
အများစုမှာ အင်မော်တယ် ဧကရာဇ်အဆင့်တွင် ရှိကြပြီး၊ အင်မော်တယ်ဘုရင်အဆင့် အနည်းငယ်လည်း ရှိနေပါသည်။ ထိုအင်မော်တယ်ဘုရင်များပင်လျှင် တော်ဝင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကြပြီး၊ အချိန်ကြာလာသည်နှင့်အမျှ လူများလည်း ပို၍များလာပါသည်။
ဤလူများသည် နတ်ဆိုးသားရဲမျိုးနွယ်မှ ကျွမ်းကျင်သူများနှင့် လူသားများ ဖြစ်ကြပါသည်။ သူတို့အားလုံးသည် တိုက်ကြီးအမျိုးမျိုးမှ ဤနေရာသို့ ရောက်လာခဲ့ကြပြီး၊ အင်အားစုကြီး အသီးသီးမှ လာရောက်ကြခြင်း ဖြစ်ပါသည်။
အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည့် ဤအခွင့်အရေးသည် မည်မျှ ဆွဲဆောင်မှု ရှိလိုက်သနည်း?။ မည်မျှပင် အန္တရာယ်များပါစေ၊ ထိုအန္တရာယ်များကို တွန်းလှန်ရန် ရွေးချယ်ကြသူများ ရှိနေတုန်းပင်။ သူတို့ အောင်မြင်သွားသည်နှင့် ၎င်းသည် ကောင်းကင်ဘုံသို့ ပျံနိုင်တက်နိုင်သည့် မနှိုင်းယှဉ်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်လာလိမ့် မည်။ အထူးသဖြင့် ထိုရုပ်ကြွင်းအဆင့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ သူတို့အနေဖြင့် ယခုလို အခွင့်အရေးမျိုးကို လက်လွှတ်မခံကြပါဘူး။ ထို့ကြောင့် ဤနတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသည် ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေမည်မှာ သေချာပါသည်။ (ရုပ်ကြွင်းအဆင့်ပုဂ္ဂိုလ်များဟူသည်မှာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဆိုလိုပါသည်)။
ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် လေဟာနယ်မှ ထွက်လာပြီး တောင်တန်း၏ အစွန်အဖျားရှိ မြက်ခင်းပြင်ပေါ်တွင် ဆင်းသက်လိုက်ကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်လိုက်ရင်း သူတို့မျက်နှာပေါ်တွင် အံ့ဩသည့်အမူအရာများ ပြည့်နှက်လာပါသည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၌ လူပေါင်းများစွာရှိနေမည်ကို သူတို့သည် အချိန်ကြာမြင့်စွာကတည်းက မှန်းဆခဲ့ကြသော်လည်း ဤမျှ များပြားလိမ့်မည် ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"အစ်ကိုကြီး၊ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း မဖွင့်ခင် အချိန်တစ်ရက်လောက် ကျန်သေးတယ်။ တကယ်ပဲ ဒီမှာ လူတွေအများကြီး ရှိနေခဲ့ပြီ။ ဒီအတိုင်းဆို မနက်ဖြန် ဒီအချိန်ရောက်ရင် လူတစ်ထောင်ကျော်သွားနိုင်တယ် မဟုတ်လား?။" ရှောင်ဘိုင်က ပြောသည်။ ရှင်းနေသည်မှာ၊ ဤနေရာတွင် လူအရေအတွက်သည် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ဒီလူတွေနဲ့ပတ်သက်ပြီး စိတ်အနှောင့်ယှက် ဖြစ်မနေနဲ့။ ငါတို့ အာရုံစိုက်ရမယ့် တစ်ခုတည်းသော အင်အားစုတွေက အဲဒီရုပ်ကြွင်းအဆင့် အကြီးအကဲကြီးတွေပဲ။" ချင်ယွင်က ပြောသည်။
သူ၏အကြည့်များက ပတ်ပတ်လည်ကို ဖြတ်ကျော်သွားခဲ့ပြီး၊ သူတို့ သတိထားရလောက် အောင် ထိုက်တန်သူများကို မတွေ့ခဲ့ရပါဘူး။ ၎င်းတို့အနက် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် ရှိသူမှာ ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည့် ရှောင်ဘိုင်သာ ဖြစ်ပါသည်။
ယခု ချင်ယွင်သည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ကို ချေမှုန်းရမည်ဆိုလျှင်၊ ၎င်းသည် ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းခြင်းနှင့် ထူးမခြားနားပေ။ ထို့ကြောင့်, သူသည် လုံးဝ ဂရုမစိုက်ပေ။
"အစ်ကိုကြီး၊ အဲဒီပညာရှင်တွေ တစ်ယောက်မှ ထွက်ပေါ်လာပုံ မပေါ်သေးဘူး။ သူတို့က အရိပ်ထဲမှာ ပုန်းနေပြီး အပြင်ထွက်ပြဖို့ ငြင်းဆန်နေကြတာ မဟုတ်ဘူးလား?" ရှောင်ဘိုင် က ပြောသည်။ ဤလူများကို သူလည်း ရှာဖွေတွေ့ရှိခဲ့သည်မှာ ထင်ရှားပါသည်။
ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ ပြောစရာမလိုအောင်ပင်၊ အမှောင်ထဲမှာ အလွန်အစွမ်းထက်သည့် အငွေ့အသက်များစွာ ရှိနေသည်ကို သူလည်း အမှန်တကယ် ခံစားမိပါသည်။ အချို့အငွေ့အသက်များဆိုလျှင် ကျူးထန်းချန်၏ နတ်ဘုရား သတ်ဖြတ်ခြင်းအစီအရင် အောက်တွင်ပင် ရှိမနေခဲ့ပါချေ။
"သူတို့အတွက် စိတ်မပူပါနဲ့။ ငါတို့ ငြိမ်ငြိမ်လေး စောင့်နေဖို့လိုတယ်။ အနှေးနဲ့အမြန်ဆို သလို သူတို့လည်း ထွက်လာကြလိမ့်မယ်။" ချင်ယွင်က ရှောင်ဘိုင်အား ပေါ့ပေါ့ပါးပါး ပြုံးပြရင်း ပြောလိုက်သည်။
ရှောင်ဘိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ ချင်ယွင်သည် ထိုနေရာတွင် ထိုင်နေသော်လည်း သူသည် ပတ်ဝန်းကျင်မှ လူများ၏ ပြောဆိုမှုများကို နားထောင်နေသည်။
အချိန်အတော်ကြာ နားထောင်ပြီးနောက်၊ ချင်ယွင်သည် နားထောင်ခြင်းရပ်ကို ရပ်တန့် လိုက်သည်။ အဘယ့်ကြောင့်ဆိုသော်, ဤလူများသည် သူလိုလူများ ဖြစ်ပြီး၊ သူလောက်ပင် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းအကြောင်းကို မသိရှိကြပေ။
လူတိုင်းသည် အထွက်အထိပ်ပုဂ္ဂိုလ် ဖြစ်လာနိုင်သည့် အခွင့်အရေးနှင့် ပတ်သက်၍မူ, မတူညီသော အချက်အမျိုးမျိုးကို ပြောဆိုနေကြသည်။ အချို့က ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ တန်ဖိုးမဖြတ်နိုင်သော ဆေးတစ်မျိုးဟု ဆိုကြပြီး၊ အချို့ကမူ ၎င်းသည် အကြီးမြတ်ဆုံး ပညာရပ်တစ်ခု ဖြစ်သည်ဟု ဆိုကြပါသည်။ အချို့ကလည်း ၎င်းသည် ဒဏ္ဍာရီလာ အဆင့်ကိုး အင်မော်တယ်ဆေးလုံးဖြစ်သည်ဟု ဆိုကြသေးသည်။
ချင်ယွင်သည် ဤစကားများကို ကြားပြီးနောက်တွင် ထိုစကားများသည် အဓိပ္ပာယ်မရှိဟု ခံစားရသည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ဂရုမစိုက်တော့ပေ။
မကြာခင် နောက်နေ့မနက်ခင်းက ရောက်ရှိလာခဲ့သည်။ ယခင်ကတည်းက ရောက်ရှိနေ သည့် ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးမှ လွဲ၍ သူ သတိပြုရမည့် အခြားကျွမ်းကျင်ပညာရှင် တစ်ဦးမျှ မရှိသေးပေ။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်ပါသည်။ ထို့ကျွမ်းကျင် ပညာရှင်များသည် အမှန်တကယ်ပင် ငြိမ်သက်နေခဲ့သည်။ သူတို့ထဲက တစ်ယောက်မှ ထွက်မလာခဲ့ပါဘူး။
"ဘန်း..”။
ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အသံနက်ကြီးတစ်ချက် ထွက်ပေါ်လာသည်။ ခရမ်းရောင်ရွှေရောင် စစ်ရထားတစ်စီးက အဝေးကနေ ဖြတ်သန်းလာခဲ့သည်။
ယခုလေးတင် ၎င်းသည် ကီလိုမီတာ တစ်သောင်း အဝေးမှာဖြစ်သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာ ရောက်ရှိနေပြီ ဖြစ်သည်။
စစ်ရထားပေါ်တွင် ရွှေနဂါးဝတ်ရုံကို ၀တ်ဆင်ထားသော ချောမောခန့်ညားပြီး ဂုဏ်သိက္ခာ ကြီးမားသော အမျိုးသားတစ်ဦး ရပ်နေပါသည်။ သူ၏အငွေ့အသက်သည် အလွန်မင်း ကြောက်မက်ဖွယ် ကောင်းသည်။
"ကြည့်စမ်း၊ မွန်းစတာတိုက်ကြီးတစ်ခုလုံးကို ဦးဆောင်ထားတဲ့ နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စု ခေါင်းဆောင် လဲ့ထန်းလုံ မဟုတ်လား?" အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များ အားလုံးသည် အံ့အားသင့်သွားကြပြီး လေးစားသည့် အမူအရာများကို ဖော်ပြကြသည်။
လဲ့ထန်းလုံ၏ ထွက်ပေါ်လာမူက ၎င်းတို့အား ပြင်းထန်သော ဖိအားကို ခံစားရစေခဲ့သည်။
"ဟမ့်..” လဲ့ထန်းလုံက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်, သူ၏အောက်ရှိ ရွှေရောင် စစ်ရထားကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ဖိအားများကြောင့် အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များသည် လွတ်နေသော နေရာကျယ်ကြီးကို အလိုအလျောက် စွန့်လွှတ်လိုက်ကြသည်။
ပထမဆုံး ရောက်လာသည့်လူက လဲ့ထန်းလုံ ဖြစ်လိမ့်နေလိမ့်မည်ဟု ချင်ယွင်က တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။ ထို့အပြင်၊ ဤလဲ့ထန်းလုံသည် အမှန်တကယ်ပင် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း ချင်ယွင် တွေ့ရှိလိုက်ရပါသည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ တံခါးဝမှာ လဲ့ထန်းလုံကို သူ တွေ့စဉ်အခါတုန်းက, သူ၏ကျင်ကြံမူအဆင့်အကြောင်းကို ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။ သို့သော်၊ သူ၏ စွမ်းအားသည် ကောင်းကင်လေးနတ်ဘုရား အကယ်ဒမီ၏ ဌာနမှူး၏စွမ်းအားနှင့် ယှဉ်လျှင် အတော်ပင် နိမ့်ကျပါသေးသည်။
လဲ့ထန်းလုံသည်လည်း ချင်ယွင်ကို မြင်လိုက်ပုံရပြီး၊ သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်များ ပေါ်လာသည်။
ချင်ယွင်သည် အောင်းဟန်ကိုသတ်ပြီး ဗာမီလီယမ်ငှက်တောင်တန်းကြီးတွင် ဤမျှ ကြီးမား သော ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်ကို သူ မည်သို့ မသိနိုင်ဘဲ ရှိမည်နည်း?။
သို့သော်လည်း သူသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ယင်းအစား၊ သူသည် ချင်ယွင်ကို လျစ်လျူရှုသည့် အမူအရာ တိုက်ရိုက် ဖော်ပြခဲ့သည်။ ဤအချက်က ချင်ယွင်ကို အလွန် အံ့သြသွားစေသည်။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်ယံမှ နောက်ထပ် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ရုပ်အသွင်တစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ထိုလူသည် အရပ်မြင့်မားပြီး၊ သူ၏မျက်နှာက အေးစက်ကာ၊ ဂုဏ်သိက္ခာ ကြီးမားသည်။ သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်ပြီး ထူးခြားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“ဖြစ်နိုင်တာက သူများလား?” အဝေးမှ အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များသည် အံ့အားသင့်ဖွယ် အမူအရာများကို ထုတ်ဖော်လာကြပါသည်။
သို့သော် သူတို့စကားမဆုံးခင်မှာ, ကောင်းကင်ယံမှ နောက်ထပ် လေလှိုင်းတိုးသံများ ထွက်ပေါ်လာကြပြီး ချင်ယွင်၏ ရှေ့တွင် နောက်ထပ် ရုပ်အသွင်နှစ်ခု ပေါ်လာပါသည်။
ချင်ယွင်သည် ကောင်းကင်ယံရှိ ပုံရိပ်သုံးခုကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ မင်းတို့က ဘာလို့ ဒီကို ရောက်လာတာလဲ?။ မင်းတို့က ငါ့ကို ရန်ငြိုးထားနေကြတာလား?။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။
ပထမဆုံး ရောက်ရှိလာသူမှာ တာချင်အင်မော်တယ်မင်းဆက်၏ ဧကရာဇ်မင်းမြတ် ဖြစ်ပြီး၊ သူ၏စီနီယာအစ်ကိုကြီး ကျင်းရှန်မှလွဲ၍ အခြားလူမဟုတ်ပေ။
နောက်လိုက် နှစ်ယောက်တွင် အဘိုးကြီးတစ်ယောက်ကို သူ မသိသော်လည်း၊ ထိုအဘိုးကြီး အနားမှ အမျိုးသမီးတစ်ယောက်ကိုတော့ သူ မှတ်မိပါသည်။
ထိုအမျိုးသမီးသည် သူ၏အစ်ကိုချင်လန်၏ အမျိုးသမီးဖြစ်သည့် ဟူဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ ချင်ယွင်ကို အံ့သြသွားစေသည်မှာ ဟူဖန်း၏ စွမ်းအားသည် ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။