← Chapters

အခန်း ၁၀၄၅

Vol. 70 Ch. 1045

အခန်း ၁၀၄၅

Vol. 70 Ch. 1045

အခန်း (၁၀၄၅) နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း ပွင့်လာခြင်း။

ချင်ယွင်သည် ရှဟောင်ချင်း၏ စကားကို မည်သို့တုန့်ပြန်ရမည်ကို အမှန်တကယ် မသိခဲ့ပေ။ ကံကောင်းစွာပင်, သူ ရှက်ရွှံ့နေစဉ်မှာ, နောက်ထပ် လှိုင်းလုံးများများက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့ပြန်သည်။

ဘန်း..။

ပုံရိပ်နှစ်ခုက လေထဲမှာ ပေါ်လာပါသည်။ ဤပုံရိပ်နှစ်ခုကို မြင်လျှင်၊ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်အမူအရာ ပေါ်လာသည်။

သူတို့သည် သူ၏ဆရာသခင် ရှေးဟောင်းတာအိုနှင့် သူ၏စီနီယာအစ်မ လျှိုထန်းမှလွဲ၍ အခြားလူများ မဟုတ်ကြပေ။

ရှေးဟောင်းတာအို ဆရာသခင်နှင့် လျှိုထန်းတို့၏ ထွက်ပေါ်လာခြင်းက ချက်ချင်းပင် ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။ အထူးသဖြင့် ကျင်းရှန်သည် ရှေးဟောင်းတာအို ကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည် ။

"ဆရာကြီး" ကျင်းရှန်က မခေါ်ခင် တုန့်ဆိုင်းနေသေးသည်။

သို့သော်လည်း ရှေးဟောင်းတာအို ဆရာသခင်က ထိုခေါ်သံကို ကြားသည့်ပုံမပေါ်ပါဘူး။ သူက သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး သူရုပ်အသွင်က ပုံရိပ်ယောင် အဆင့်ဆင့် ပြောင်းလဲသွားကာ ချင်ယွင်၏ရှေ့မှာ ပေါ်လာပါသည်။

လျှိုထန်းသည် ကျင်းရှန်ကို အေးစက်စွာ ကြည့်လိုက်ပြီး ချင်ယွင်၏ဆီသို့ ရှေးဟောင်း တာအိုဆရာသခင်နောက်မှ လိုက်ပါလာခဲ့သည်။

ကျင်းရှန်အနေဖြင့်, သူ၏အမူအရာက ဝက်အသည်းလိုဖြစ်သွားပြီး၊ ဆိုးရွားသည့် အအေးဓာတ်က သူ၏မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာမှ တောက်လောင်နေခဲ့ပါသည်။

"ဆရာကြီး၊ စီနီယာအစ်မ..." ချင်ယွင်က လေးလေးစားစား နှုတ်ဆက်လိုက်သည်။

ရှေးဟောင်းတာအိုက ခေါင်းညိတ်လိုက်သည်။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး ပြောသည် "မင်းရဲ့ ခွန်အားတွေ ထပ်ပြီး တိုးလာပြန်ပြီလား?"

ချင်ယွင်က ခေါင်းညိတ်ပြီး "ကျွန်တော် မတော်တဆ အောင်မြင်မှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်" ဟု ဆိုလိုက်သည်။

ရှေးဟောင်းတာအို ဆွံအသွားရသည်။ ဤတပည့်တော်အား သူပင် မမြင်နိုင်တော့ပေ။ ချင်ယွင်၏ အလားအလာသည် မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သည့် အရာဖြစ်သည်ကို သူ သိပါသည်။ သို့သော် သူ၏စွမ်းအားများ တိုးလာသည့် အရှိန်ဟုန်သည် သူ၏စိတ်ကူးထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

အခြားလူများဆိုလျှင်, နောက်ပိုင်းရောက်လေလေ, သူတို့၏ စွမ်းအား တိုးတက်လာမူက နှေးကွေးလာလေပင်။ သူကတော့ အဆင်ပြေနေခဲ့သည်။ ဆေးသောက်ထားသလိုမျိုး သူ၏စွမ်းအားက ခုန်ပျံကျော်လွှာ တိုးမြင့်လာနေခဲ့သည်။

ဟုတ်ပါသည်။ ဤအရာက ရှေးဟောင်းတာအိုအတွက် ကောင်းမွန်သည့်အရာတစ်ခုလည်း ဖြစ်ပါသည်။ သူ၏တပည့် အစွမ်းထက်လာကတည်းက သူလည်း မျက်နှာရပါသည်။

ရှဟောင်ချင်းသည် ရှေးဟောင်းတာအို ရောက်ရှိလာသည်ကို မြင်သောအခါ၊ သူက ရှေးဟောင်းတာအိုကို အနည်းငယ် ဦးညွှတ်ပြီး နောက်ပြန် ဆုတ်သွားခဲ့သည်။

အတိအကျပြောရလျှင်, ရှေးဟောင်းတာအိုသည် သူ၏စီနီယာ ဖြစ်သည်။ ဤနေရာတွင် ရှေးဟောင်းတာအိုနှင့်ဆိုလျှင်, သူသည် ချင်ယွင်ကို သဘာဝအတိုင်း ဘာမှ မလုပ်နိုင်တော့ ပေ။ ထို့ကြောင့် သူသည် ချင်ယွင်ထံမှ ပြန်လည်ဆုတ်ခွာလာခဲ့ပြီး၊ နောင်အနာဂတ်တွင် လက်စားချေရန်သာ ရွေးချယ်နိုင်ခဲ့ပါသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူနှင့် ရှရှန်းယုသည် ထိုအဆင့်သို့ မရောက်ရှိသေးဘဲ၊ ရှရှန်းယုကို လက်ထပ်ရမည်ဆိုလျှင်, သူသည် အနည်းငယ်တော့ တွန့်ဆုတ်နေဆဲ ဖြစ်ပါသည်။

"ဆရာကြီး၊ ဆရာတို့လည်း ဒီကို ရောက်လာကြီပြီ။ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းမှာ အထွက်အထိပ်ပုဂ္ဂိုလ် ဖြစ်လာဖို့ တကယ်ပဲ အခွင့်အရေး ရှိနေလို့လား?။" ချင်ယွင်က စိတ်ဝင်တစား မမေးမြန်းဘဲ မနေနိုင်ခဲ့ပါချေ။

"နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းမှာ အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ အခွင့်အလမ်းတော့ ရှိတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးသိန်းက ဒီနေရာမှာ အခုလို အခွင့်အရေး မျိုး ရရှိခဲ့တဲ့ ပညာရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက မကြာခင်မှာပဲ အဓိပတိ ဉသျှောင် နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့တယ်။" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

"ဒါဆို အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ အဲဒီအခွင့်အရေးက အတိအကျ ဘာလဲ" ချင်ယွင်က ထပ်မေးသည်။

သို့သော် ရှေးဟောင်းတာအို ဆရာသခင်က ခေါင်းခါသည်။ ထင်ရှားစွာပင်၊ အထွက်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ဤအခွင့်အရေးသည် မည်သည့်အရာ ဖြစ်သည်ကို သူ မသိပါချေ။

"ဒါပေမယ့် အဲဒီပညာရှင်က နောက်ဆုံးမှာ စကားတစ်ခွန်းကို ချန်ထားခဲ့တယ်ကွ။ သူက ‘နတ်ဘုရားသင်္ချိုင်းထိပ်ကို တက်လှမ်းနိုင်တာနဲ့ အဓိပတိဉသျှောင်နယ်ပယ်ကို ဝင်ရောက်နိုင်တယ်ဆိုတာပဲ။" ရှေးဟောင်းတာအို ဆရာသခင်က ထပ်ပြောလိုက်ပါသည်။

"နတ်ဘုရားသင်္ချိုင်းထိပ်ကို တက်လှမ်းနိုင်တာနဲ့, အဓိပတိဉသျှောင် နယ်ပယ်ကို ဝင်ရောက်နိုင်တာလား?" ချင်ယွင်က ထပ်ပြီး မေးလိုက်ပြန်သည်။

"ဒီနေရာမှာ နတ်ဘုရားသင်္ချိုင်းထိပ်ကို တက်လှမ်းခြင်းဆိုတာက နတ်ဘုရားမြုပ်နှံခြင်း တောင်ထိပ်ကို တက်ဖို့ ရည်ညွှန်းတာများလား?" ချင်ယွင်က ကမန်းကတန်း မေးလိုက်ပါ သည်။

"မဖြစ်ပါဘူး" ရှေးဟောင်းတာအိုက ခေါင်းယမ်းပြပြီး ပြောသည် "အရင်တုန်းက တစ်စုံ တစ်ယောက်ဟာ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းရဲ့ တောင်ထိပ်ကို တက်ခဲ့ပေမယ့် အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ဘာအခွင့်အလမ်းမှ မတွေ့ခဲ့ရဘူး"။

ထိုစကားကို ကြားပြီး၊ ချင်ယွင်၏စိတ်နှလုံးက အတွေးထဲ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။

အမှန်ဆို, ထိုစကားက အပေါ်ယံမြင်ရသလောက် ရိုးရှင်းမည်မဟုတ်ဟု သူလည်း ယုံကြည် သည်။ အကယ်၍, နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ တောင်ထိပ်ပေါ်ကို တက်ရောက် နိုင်ရုံမျှဖြင့် အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်နိုင်မည်ဆိုလျှင်, အဓိပတိဉသျှောင် နယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့သည့် အရေတွက် မည်မျှများပြားစွာရှိနေသည်ကို မည်သူမှ မသိမှာကိုပင် သူ စိုးရိမ်မိပါသည်။ (ဤနေရာ၌ ပြန်ဆိုရသည်မှာ အနည်းငယ် မချောမွေ့သော်လည်း၊ ဆိုလိုရင်းအဓိပ္ပာယ်မှာ တောင်ထိပ်ပေါ် တက်နိုင်ရုံဖြင့် အထွက်အထိပ်ပုဂ္ဂိုလ်တွေဖြစ်လာရန် အခွင့်ရေးရခဲ့မည်ဆိုလျှင်, အထွက်အထိပ် ပုဂ္ဂိုလ်တွေ များလွန်းသည့်အတွက် မရေတွက်နိုင်မှာ စိုးမိသည်ဟု ဆိုလိုပါသည်)။

အကယ်၍၊ သူ၏ ခန့်မှန်းချက်သာ မမှားခဲ့ပါက ဤ နတ်ဘုရားသင်္ချိုင်းထိပ်ကို တက်လှမ်း ခြင်းဟူသည် အခြားအရာတစ်ခုခုကို ရည်ညွှန်းနေခြင်း ဖြစ်သင့်ပါသည်။ သို့သော်၊ သူသည် ထိုအရာကို နားမလည်နိုင်ခင် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းတွင်းသို့ ဝင်ရောက်ရန် လိုအပ်နေမည်ကို သူ စိုးမိပါသည်။

ဘန်း...။

​ထိုအခိုက်တန့်တွင်, ကောင်းကင်ယံမှာ နောက်ထပ် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာပါသည်။

ဤသည်မှာ အနက်ရောင်ဝတ်ရုံကို ၀တ်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်ကာ၊ လူတိုင်းအား နှလုံးသားထဲမှ ကြောက်ရွံ့မှု ဖြစ်ပေါ်လာစေသည်။

"ဒါ သူပဲလား?။ သူလည်း ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။" လျှိုထန်းက မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားစွာ အော်ပြောလိုက်မိသည်။

"ဟင်း..၊ သူပေါ်လာဖို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။" ရှေးဟောင်းတာအို ဆရာသခင်လည်း ပြောသည် ။

ချင်ယွင် အံ့သြသွားသည်။ သူ့ဆရာသခင်၏ အာရုံကို စွဲဆောင်နိုင်သူများသည် အလွန်နည်းပါးပါသည်။ သို့သော်၊ သူသည် ရှေးဟောင်းတာအို ဆရာသခင်၏ မျက်နှာပေါ် မှ လေးနက်သော အမူအရာကို ယခုလေးပင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤလူသည် အလွန်ကြောက်စရာကောင်းမှန်း သိသာပါသည်။

"သူ့နာမည်က မဟူရာပုံကြမ်းတဲ့။ သူက နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ပဲ။ ဒါပေမယ့် သူက ကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားပေးလိုက်တဲ့ ထူးဆန်းတဲ့ သက်ရှိတစ်မျိုးပဲ" စကားပြောသည့်လူက ရှေးဟောင်းတာအိုမဟုတ်ဘဲ ချင်ယွင်၏ အနားမှ ရှောင်ဘိုင်ဖြစ်ပါ သည်။

ရှောင်ဘိုင်သည် ဟောင်ယန်၏ မှတ်ဉာဏ်များကို ရရှိခဲ့သောကြောင့် သူသည် နတ်ဆိုး သားရဲ မျိုးနွယ်များ၏ အရေးကိစ္စကြီးများကို သေချာစွာ နားလည်ထားခဲ့ပြီး ဤမဟူရာပုံကြမ်းသည် ဟောင်ယန်၏ မှတ်ဉာဏ်များတွင် ရှိနေခဲ့ပါသည်။

"ထူးဆန်းတဲ့ သက်ရှိတစ်မျိုးလား?" ချင်ယွင်၏ မျက်လုံးများက အံ့ဩသော အမူအရာ ပေါ်လာသည်။

"ထူးဆန်းတဲ့သက်ရှိတွေဟာ နတ်ဆိုးသားမျိုးနွယ်ဝင်တွေ ဖြစ်ကြပေမယ့်၊ များသောအား ဖြင့် သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရကနေ ပေါက်ဖွားလာကြတယ်။ ဥပမာအနေနဲ့၊ ဒီမဟူရာပုံကြမ်းက မဟူရာငွေလဝံပုလွေရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား တယ်။ သူက လရဲ့ထူးဆန်းတဲ့အနှစ်သာရကနေ ပေါက်ဖွားလာတဲ့ သက်ရှိတစ်မျိုး ဖြစ်တယ်။ ဒီလိုသက်ရှိမျိုးတွေဟာ များသောအားဖြင့် အလွန်အစွမ်းထက်ပြီး၊ ကျင့်ကြံရာမှာလည်း ထူးဆန်းတဲ့အစွမ်းကို ပိုင်ဆိုင်ထားတယ်။ သူက မွေးရာပါနတ်ဘုရား စွမ်းရည်တွေကိုတောင် ပိုင်ဆိုင်နိုင်လောက်တယ်။" ရှောင်ဘိုင်က ပြောသည် ။

ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

စကြာဝဠာကြီးသည် အလွန်ကျယ်ပြောပြီး အံ့ဩစရာများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ချင်ယွင်သည် ဤထူးဆန်းသော သက်ရှိများကို လျင်မြန်စွာ လက်ခံနိုင်ခဲ့သည်။

"ဒါပေမယ့် ဒီထူးဆန်းတဲ့ သက်ရှိတွေက ဒီစကြာဝဠာတစ်ခုလုံးမှာတောင် အလွန်မင်း ရှားပါးလှတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ မျိုးနွယ်စုအစဉ်ဆက်ကို မဆက်ခံနိုင်ကြဘူး။ ဒီထူးဆန်းတဲ့ သက်ရှိတွေဟာ များသောအားဖြင့် တစ်ယောက်တည်းသမားတွေပဲ" ရှောင်ဘိုင်က ဆက်ပြောသည် ။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ထူးဆန်းသော သက်ရှိတွေ အကြောင်း သေချာနားလည်သွားပြီး အနက်ရောင်ဝတ် အမျိုးသားကို လှည့်ကြည့်လိုက်ပါ သည်။

အနက်ရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ အငွေ့အသက်သည် အလွန်မင်း အစွမ်းထက်သည်။ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားပါသည်။

ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်မှာရှိနေသည့် ထူးဆန်းသော သက်ရှိတစ်မျိုးသည် ထူးလွန်ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်ထားရမည်။

မဟူရာပုံကြမ်း၏ရုပ်အသွင်သည် လူအုပ်ထဲကြားမှာ လွင့်မျောလာခဲ့ပြီး၊ လူအုပ်ကြီးသည် အလိုအလျောက် လူစုကွဲသွားသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ဤထူးဆန်းသော သတ္တဝါကို အလွန်ကြောက်ကြသည်။

မဟူရာပုံကြမ်းသည် အမြဲတမ်း အထီးကျန်ဆန်သူ ဖြစ်သည်။ သူသည် လွတ်လပ်ပြီး အထိန်းအကွပ်မဲ့ နေရသည်ကို သဘောကျသည်။ သင်တို့၏ နောက်ခံအခြေအနေ၊ သို့မဟုတ် သင်တို့မည်သည့်နေရာက လာနေပါစေ, သူ့ကို ဒေါသဖြစ်အောင် လုပ်မိသည် နှင့်, သူက သင်တို့ကို တိုက်ခိုက်ရန် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ထို့ကြောင့်, သူသည် သူတို့အနေဖြင့် ရန်စနိုင်ရန် ခက်ခဲလွန်းသူ ဖြစ်သည်။

မဟူရာပုံကြမ်းသည် သူ၏ပတ်ဝန်းကျင်မှ လူတွေကို တော်ရုံနှင့် အာရုံမစိုက်ပါဘူး။ သူ၏ အကြည့်တွေက ရှေးဟောင်းတာအိုနှင့် ငွေရောင်ဆံပင်အဖိုးအိုတို့ကို ဖြတ်ကျော်ပြီး၊ မရပ်တော့ပါဘူး။

အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး၊ ပို၍အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာကြပါသည်။ ၎င်းတို့အားလုံးသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပါသည်။

ရုတ်တရက် ကျွမ်းကျင်များ စုရုံးလာကြသည်။ လူတိုင်းသည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပျောက်ကွယ်သွားရန် စောင့်မျှော်နေကြပါသည်။

အချိန်တွေက အလျင်အမြန် ကုန်ဆုံးသွားပြီ။ ချင်ယွင်နှင့် အခြားသူများသည် လေးနာရီ နီးပါးကြာအောင် စောင့်ဆိုင်းပြီးနောက်၊ အမြဲတမ်း ငြိမ်သက်နေခဲ့သော နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းသည် နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့သည်။

ဘန်း…။

ကျယ်လောင်သောအသံနှင့်အတူ၊ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းကို မူလက ဖုံးကွယ် ထားသည့် ခရမ်းရောင် စွမ်းအင်အတက်အကျ လှိုင်းများသည် တစ်စုံတစ်ခုက စုပ်ယူသွား သကဲ့သို့ ထိုလှိုင်းကြီးတစ်ခုအလား အမှန်တကယ် ဆုတ်ယုတ်သွားသည်။ နတ်ဘုရား မြုပ်နှံခြင်းတောင်တန်း၏ အသွင်အပြင်သည် လူတိုင်း၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်း ပေါ်လာပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး၏ မျက်လုံးတွေက စိတ်အားတက်ကြွသည့် အမူအရာအပြည့် ရှိလာကြပါသည်။

"နတ်ဘုရားမြုပ်နှံခြင်း တောင်တန်း ပွင့်ပြီ။ အားလုံး မြန်မြန်တက်ကြ" တစ်ယောက် ယောက်က ထအော်လိုက်ပါသည်။

ထိုအင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များသည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းဆီသို့ အရူးအမူး ပြေးလာရင်း မြစ်ရေပြင်ကြီးကို ဖြတ်ကူးသွားပုံရသည်။

All Chapters