အခန်း ၁၀၄၆
Vol. 70 Ch. 1046
အခန်း (၁၀၄၆) ခင်ဗျား မလုံလောက်သေးဘူး။
“ဝှီး.. ဝှီး..။
ချင်ယွင်၏ နားထဲတွင် ကောင်းကင်ယံမှ စူးရှသော လေတိုးအသံများ ထွက်ပေါ်လာသည်။ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များ အားလုံးသည် နတ်ဘုရား မြုပ်နှံခြင်းတောင်တန်း၏ အဝင်ပေါက်ဆီသို့ ပျံသန်းသွားကြသည်။
ကျင်းရှန်၊ လဲ့ထန်းလုံးနှင့် အခြားသူများသည် သဘာဝအတိုင်း ခြွင်းချက်မရှိပေ။ သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသို့ ပျံသန်းသွား ကြသည်။
ချင်ယွင်ကို ကြည့်ပြီးနောက် ဟူဖန်းသည် ဆံပင်ဖြူ အဘိုးအိုနောက်မှ တောင်တန်းထဲသို့ လိုက်ပါသွားခဲ့သည်။
မဟူရာပုံကြမ်း၊ ရှဟောင်ချင်းနှင့် အခြားလူများလည်း နောက်ကနေ အနီးကပ် လိုက်ပါကြပါသည်။
"ဝင်ကြရအောင်။ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေ တယ်။ မင်းတို့ရဲ့သတိကို မပေါ့လျော့စေနဲ့။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။
ချင်ယွင်နှင့် အခြားလူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပြီး၊ သူတို့လေးယောက်သည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းအဝင်ပေါက်ဆီသို့ ပြေးသွား ကြပါသည်။
ဘန်း..။
သို့သော်၊ ချင်ယွင်နှင့် အခြားသူများသည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းအတွင်းသို့ ပျံသန်းသွားစဉ်, အားကောင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် လေဟာနယ်တစ်ခုလုံး ကမောက်ကမ ဖြစ်လာနေသည်ကိုသာ ခံစားလိုက်ရ သည်။ ထို့နောက် သူသည် မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုတွင် ပေါ်လာသည်။ ရှောင်ဘိုင်၊ ရှေးဟောင်းတာအို ဆရာသခင်နှင့် စီနီယာအစ်မလျှိုထန်းတို့ကတော့ ပျောက်ကွယ်သွားခဲ့သည်။
"ဘာဖြစ်နေတာလဲ?။ အဲဒါက လေဟာနယ် အစီအရင်များ ဖြစ်နိုင်မလား?" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ၏အကြည့်တွေ ပတ်ဝန်းကျင်ပေါ် ကျရောက်သွားခဲ့သည်။
ဤသည်မှာ ပေထောင်ပေါင်းများစွာ မြင့်မားသော သစ်ပင်ကြီးများဖြင့် ဝန်းရံထားပြီး ကောင်းကင်နှင့် နေရောင်တို့ကိုပင် ဖုံးအုပ်ထားသည့် ရှေးဟောင်းသစ်တောတစ်ခု ဖြစ်သည်။ အရွက်များကြားမှ နေရောင်ခြည် အနည်းငယ်သာ ထွက်ပေါ်လာပြီး အရိပ်အယောင်မျှ ကျန်ရစ်ခဲ့သည်။
ဘန်း…။
ထိုအခိုက်အတန့်တွင် အမှောင်ထုထဲမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။ ချင်ယွင်၏ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်သည် တောက်ပသော အလင်းရောင်ကြောင့် တစ်ဝက်တစ်ပျက်ကို ပြတ်တောက်သွားပြီး၊ နောက်ဆုံးတွင် ချင်ယွင်ဆီသို့ တည့်တည့် ပစ်ဝင်သွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားပြီး၊ သူ၏ခန္ဓာကိုယ်သည် ရှောင်တိမ်းမသွားခဲ့ပေ။ သူသည် လက်တစ်ဖက်ကို တိုက်ရိုက် ဆန့်ထုတ်ပြီး အလင်းတန်းကို အပိုင်းပိုင်း ထိုးခွဲပစ်လိုက်သည်။
"ဘယ်သူလဲ ထွက်လာခဲ့စမ်း" ချင်ယွင်သည် အလင်းရောင်ထွက်ပေါ်လာရာဆီသို့ ချက်ချင်း အော်လိုက်ပြီး သူ၏မျက်လုံးများက နိုးကြားလာခဲ့သည်။
ယခုလေးတင်, သူသည် ဤနေရာသို့ ရုတ်တရက် တည်နေရာရွှေ့ပြောင်း ပို့ဆောင်ခံရခြင်း က အရမ်းထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော်, သူသည် ကြိုတင် ဖွဲ့စည်းထားပုံရသည့် အစီအရင်ဝင်္ကပါများ၏ စွမ်းအင်အတက်အကျလှိုင်းကို နည်းနည်း လေးမှ မခံစားရသောကြောင့် ဖြစ်ပါသည်။
အခုအချိန်မှာ, ထိုအလင်းတန်းများသည် သူ၏နှလုံးသားထဲမှ ထင်မြင်ယူဆချက်များကို အတည်ပြုပေးခဲ့ပါပြီ။ သူသည် ရှေးဟောင်းတာအို ဆရာသခင်၊ အခြားလူများနှင့် ရုတ်တရက် ကွဲကွာသွားခဲ့ပြီး၊ အမည်မသိ ဤနေရာသို့ ပို့ဆောင်ခံရခြင်း၏ အကြောင်းရင်း မှာ တစ်စုံတစ်ဦးသည် တမင်တကာလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပါမည်။
ယခုလေးတင် တိုက်ခိုက်မှုကြောင့် ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကြိုတင်ခန့်မှန်းထား သည့် တစ်စုံတစ်ဦး ရှိနေပြီဖြစ်ပါသည်။
"ဟူဖန်း၊ ထွက်လာခဲ့စမ်း။" ချင်ယွင်က အရိပ်ထဲသို့ အော်ပြောလိုက်သည်။
အစောပိုင်းက တိုက်ခိုက်မှုသည် သိသိသာသာ မပြင်းထန်လှပါဘူး။ ၎င်းတွင် ကောင်းကင် တာအို နယ်ပယ် တတိယအဆင့်၏စွမ်းအားသာ ပါရှိပါသည်။ ၎င်းသည် သူနှင့် ရန်ငြိုးရှိခဲ့ဖူး ပြီး၊ ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်တွင်သာ ရှိနေခဲ့သည်။ ဟူဖန်းမှလွဲ၍ အခြားမည်သူများ ဖြစ်နိုင်တော့မည်နည်း?။
"ဟမ့်၊ ချင်ယွင်၊ နင်က တော်တော် ဉာဏ်ကောင်းတာတယ်။ နင်က တကယ်ပဲ ငါလို့ ခန့်မှန်း လို့ရနေတယ်။" ဟုတ်ပါသည်၊ ချင်ယွင်အော်ပြောပြီး သိပ်မကြာခင်မှာဘဲ အေးစက်စက် အသံက အရိပ်ထဲကနေ ထွက်လာပါသည်။
ဟူဖန်း၏ပုံရိပ်သည် သစ်ပင်ရိပ်များကြားမှ ထွက်လာခဲ့သည်။ သူမ၏နောက်မှာ ပုံရိပ်တစ်ခုလည်း ရှိနေပါသည်။ ထိုပုံရိပ်ပိုင်ရှင်သည် လမ်းလျှောက်တုတ်ကောက်ကို မှီခိုနေရသည့် ဆံပင်ဖြူ အဘိုးကြီး ဖြစ်ပါသည်။
ချင်ယွင်သည် လမ်းလျှောက်တုတ်နှင့် ဆံပင်ဖြူ အဘိုးအိုကို ကြည့်ပြီး၊ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏ကံက ဤမျှလောက် ဆိုးဝါးလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူသည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသို့ ယခုလေးတင် ဝင်ရောက်ခဲ့ပြီး၊ ယခုအခါ ကောင်းကင် တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင်၊ ထိုလူသည် သက်ရှိရုပ်ကြွင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေပါသည်။
"မင်းက ငါ့ကို ဒီနေရာကိုရောက်အောင် ရွေ့ပြောင်းလိုက်တာလား?" ချင်ယွင်သည် ဟူဖန်း ကို ကြည့်ကာ မေးလိုက်သည်။
"မှန်တာပေါ့။ ငါက နင့်ကို ဒီနေရာရောက်အောင် ပြောင်းရွှေ့ပေးခဲ့တဲ့ လူပဲ။ ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းမှာ ကောင်းကင်ဘုံချိုးဖျက်ခြင်း သော့ရှိတယ်ဆိုတာ နင် မသိဘူး လား။" ဟူဖန်းက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း သဘောပေါက်သွားပါသည်။
ကောင်းကင်ဘုံချိုးဖျက်ခြင်း သော့ကြောင့် ဖြစ်သည်။ သူ လုံးဝ သတိမထားမိခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ဤကောင်းကင်ဘုံ ချိုးဖျက်ခြင်းသော့သည် ဖရိုဖရဲကောင်းကင်ရတနာအဆင့်တွင် အဆင့် ၁၀ ရှိ ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် အစွမ်းထက် တိုက်ခိုက်ရေးရတနာ မဟုတ်သော် လည်း အကောင်းဆုံး လေဟာနယ်အမျိုးစား ရတနာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကမ္ဘာကြီးကို ချက်ချင်း ပြောင်းလဲစေနိုင်ပြီး၊ လူများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင် ပေးနိုင်သည်။ ချင်ယွင်ကို ကောင်းကင်ဘုံချိုးဖျက်ခြင်းသော့က ဤနေရာသို့ လွှဲပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။
"ဟမ့်၊ နင် ချင်လန်ကို သတ်လိုက်ကတည်းက, နင့်ရဲ့သွေးနဲ့ သေချာပေါက် ပြန်ပေးဆပ်ရ မယ်လို့ ငါ ကျိန်ဆိုခဲ့တာကို နင် မမျှော်လင့်ထားဘူး မဟုတ်လား?။" ဟူဖန်းသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်ရင်း, သူမ၏လေသံက အဆုံးမရှိ သတ်ဖြတ်လိုစိတ် ဖြင့် ပြည့်နေခဲ့ပါသည်။
ချင်ယွင်သည် ဤစကားကို မအံ့သြပါဘူး။ သူက လှောင်ပြောင်ပြီး ပြောလိုက်သည် “မင်းရဲ့ ကျင့်ကြံမှုတွေ တိုးမြင့်လာဖို့အတွက် နည်းလမ်းမှန်သမျှ အတင်းအကြပ် အသုံးပြုခဲ့ပြီး၊ ငါ့ကို လက်စားချေဖို့ လိုက်ရှာနေတာလား?။”
'မှန်တယ်။ ငါ့ရဲ့ကျင့်ကြံခြင်း ကောင်းကင်တာအိုအစွမ်းကို အတင်းအကျပ် တိုးမြင့်နိုင်ဖို့ အတွက် ဂိုဏ်းရဲ့ ရှေးဟောင်း အမွေအနှစ်ကို ငါ အသုံးပြုခဲ့တယ်။ နင့်ကို သတ်ပြီး လက်စားချေဖို့အတွက် ငါ့ရဲ့အနှစ် ၁၀၀၀၀ သက်တမ်းကို ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နင့်ကို ငါကိုယ်တိုင်သတ်ပြီး ချင်လန်အတွက် လက်စားချေပေးမယ်။ ဒါပေမယ့် မင်းကို ဒီတကြိမ် ထပ်တွေ့မှ ငါမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ မင်းရဲ့စွမ်းအားက ငါထင်တာထက် ပိုပြီးတော့တောင် ကြောက်စရာကောင်းနေတာပဲ”။ ဟူဖန်းက ပြောလိုက်သည်။ သူမ၏ လေသံက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။
သူမ စကားပြောပြီးသည်နှင့် ပါးစပ်မှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏ အနက်ရောင် ဆံပင်များသည် ချက်ချင်း ငွေဖြူရောင်အဖြစ် ပြောင်းလဲသွားကာ၊ သူမ၏ မူလက လှပသောမျက်နှာသည် ရုတ်တရက်ဆိုသလို မျက်နှာပေါ်တွင် အရေးအကြောင်း အထပ်ထပ်ရှိနေသည့် အဘွားကြီးအဖြစ်သို့ ပြောင်းလဲသွားပါသည်။
ချင်ယွင်သည် အနည်းငယ် ဆွံအသွားရသည်။ ဟူဖန်းသည် သူမ၏ စွမ်းအားကို မြှင့်တင်ရန် အတွက် သူမကို ယခုလိုပုံစံမျိုး ဖြစ်လာမည်ကိုပင် တုံ့ဆိုင်းနေခြင်းမရှိဟု သူ မည်သည့် အခါမှ ထင်မထားခဲ့ပါဘူး။
အမျိုးသမီးများသည် သဘာဝအတိုင်း အလှအပကို နှစ်သက်မြတ်နိုးကြသည်။ အမျိုးသမီး တစ်ဦးသည် သူမ၏ ရုပ်ရည်အသွင်အပြင်ကို စွန့်လွှတ်အနစ်နာခံရန်ပင် ဆန္ဒရှိနေမည်ဆို ပါက သူမ၏ နှလုံးသားထဲတွင် မုန်းတီးမှုက မည်မျှ ကြီးမားနေသည်ကို တွေးကြည့်နိုင်ပါ သည်။
"အခု ငါ နင့်ကို ဘယ်လောက်တောင်မှ သတ်ချင်နေလဲဆိုတာ နင် သိပြီမဟုတ်လား?။ ငါ နင့်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်ရင်တောင်, နင်သေသွားတာကို ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ချင်မိတယ်။ ဒါက ငါ့နှလုံးသားထဲက အမုန်းတရားတွေကို လုံးလုံး လျားလျား မဖယ်ရှားနိုင်ပေမယ့်, အနည်းဆုံးတော့ ငါ့စိတ်ကို နှစ်သိမ့်ပေးနိုင်လိမ့်မယ်။” ဟူဖန်က ပြောသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
ဘန်း…။
ဟုတ်ပါသည်။ ထိုအချိန်မှာပင် ဟူဖန်းအနားမှာ ရပ်နေသော ဆံပင်ဖြူအဘိုးကြီးသည် ရုတ်တရက် ရှေ့ကို တက်လှမ်းလာခဲ့ပြီး၊ သူ၏လက်ထဲမှ လမ်းလျှောက်တုတ်ကောက်ကို မြေပြင်ပေါ်ကို ကြမ်းကြမ်း တမ်းတမ်း ဆောင့်ချလိုက်ပါသည်။
ရုတ်တရက် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ချင်ယွင်ဆီသို့ အင်အားပြင်းထန်သည့် စူပါမုန်တိုင်းကဲ့သို့ လွင့်ပျံလာခဲ့သည်။
"ဘယ်လောက် အစွမ်းထက်တဲ့ အငွေ့အသက်လဲ?။ ဒါက ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားလား?။" ချင်ယွင် ထိတ်လန့်သွားသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်းသည် သူ့ကို မျက်လုံးများ မဖွင့်နိုင်လောက်အောင်ပင် ခံစားရစေသည်။
ဘန်း…။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် နှိုင်းစာ၍မရလောက်အောင် ကြောက်စရာ ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု သူ့ဆီသို့ ပြေးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းသည် ဧရာမတောင်ကြီး တစ်ခုနှင့်တူပေသည်။
ချင်ယွင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ အမြန်နှုန်းအရာ၌ဖြစ်စေ သို့မဟုတ်, စွမ်းအားအရာ၌ဖြစ်စေ ဤအဘိုးအို၏ ရုတ်တရက် တိုက်ခိုက်မှုသည် သူထင်ထားသည်ထက် ပိုကြောက်စရာကောင်းသည်။
ချင်ယွင်သည် လျစ်လျူရှုပြီး ရှေ့ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်ပါသည်။
သို့သော်လည်း သူ၏လက်သီးချက်သည် သူ၏ပြိုင်ဘက်ကို မထိမှန်ခင်မှာ တုတ်ချောင်းက သူ၏ရင်ဘတ်ကို အညှာအတာမဲ့စွာ ရိုက်မိသွားပါသည်။
"ဖူး..”။
ချင်ယွင်၏ပါးစပ်မှ သွေးများ လွင့်စင်သွားခဲ့ပြီး၊ သူ၏ ဦးခေါင်းသည် ကောင်းကင်နှင့် မြေကြီးပင် ချာချာလည်သလို ခံစားလိုက်ရသည်။ ထိုကြောက်မက်ဖွယ်စွမ်းအားသည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ရင်ဘတ်ကို ချိုင့်ဝင်သွားစေ ကာ၊ နံရိုးများ အကြိမ်ကြိမ် ကျိုးသွားခဲ့သည်။
ချင်ယွင်သည် နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားသော်လည်း၊ သူ၏စိတ်ထဲ၌ ကျိန်ဆဲလိုက် သည်။
ဤအဘိုးအိုသည် အမှန်တကယ်ပင် ရုပ်ကြွင်းအဆင့်ရှိ မွန်းစတားအိုကြီး တစ်ယောက် ဖြစ်သည်။ သူသည် ပြတ်ပြတ်သားသားနှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ပြီး၊ အစကတည်းက လုံးဝ ထိန်းချုပ်ထားခြင်း မရှိခဲ့ပေ။
"ဘန်း…။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ခွန်အားကို မဖယ်ရှားနိုင်ခင်၊ နောက်ထပ် မြင့်မားသည့် ရှေးဟောင်းသစ်ပင် ၁၀ ပင်ကို တစ်ပစ်ပြီးတစ်ပင် ခုတ်လှဲလိုက်သည်။ သူ၏ပါးစပ်မှ သွေးများစီးကျနေပြီး သူ၏ရင်ဘတ်က နီရဲနေပြီ။
ချင်ယွင်၏ နောက်ကျောသည် မြင့်မားသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို မှီထားရသည်။ ဤသစ်ပင်သည် သူဝင်တိုက်မူကြောင့် တိမ်းစောင်းနေပြီ။ ထို့ကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်လည်း ဇောက်ထိုးဖြစ်လုနီးပါး တိမ်းစောင်းနေသည်။
ဘန်း…။
သို့သော်၊ ချင်ယွင်သည် သက်ပြင်းမချနိုင်ခင်မှာ, ထိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းသည် အဝေးမှ ရောက်လာပြီး သူ့ဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။
အဘိုးအို၏ ပုံရိပ်သည် လျင်မြန်စွာ ဝှေ့ယမ်းလာခဲ့ပြီး၊ သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက အလွန် ပြတ်သားကာ၊ သူ၏ဆံပင်များကိုပင် အဆုံးထိ ထောင်သွားစေသည်။
ချင်ယွင်သည် သူ့ကို နောက်တစ်ကြိမ် သတ်ဖြတ်ရန် ပြေးလာနေသည့် အဘိုးအိုကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် ပေါ်လာပါသည်။ "ခင်ဗျားကြီး က ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အိုကြီးဆိုရင်ရော ဘာဖြစ်လဲ။ ခင်ဗျား ကျုပ်ချင်ယွင်ကို သတ်ချင်ရင် ဒီလောက်နဲ့ မလုံလောက်သေးဘူး"