← Chapters

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း (၁၀၄၈)။ အသက်နှင့်လဲ၍ တိုက်ခိုက်ရခြင်း။

ချင်းယွင် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး၊ သူ၏ခန္ဓာကိုယ်က သူနှင့်ပင် မသက်ဆိုင် တော့သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ အရိုးတွေအားလုံး ပြန့်ကျဲသွားခဲ့ သည်။

"ဘာတွေ ဖြစ်နေကြတာလဲ?။ သူတို့သုံးယောက်လုံးက ဘာလို့ အစစ်အမှန်တွေ ဖြစ်နေကြတာလဲ?" ချင်ယွင်သည် အဝေးတွင် ရပ်နေသော တူညီသည့် အဘိုးကြီး သုံးယောက်ကို ကြည့်ကာ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အစောပိုင်းက သူသည် အဖိုးအို၏ခန္ဓာကိုယ် အစစ်အမှန်ကို ပိတ်ဆို့ထားနိုင်လောက် အောင် ကံကောင်းသည်ဟု ထင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် အခြားကိုယ်ပွား နှစ်ယောက်က သူ့ကို အပြင်းအထန် လှုပ်ခါစေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဟမ့်၊ ဒါက ငါ့ရဲ့ထူးခြားတဲ့ စွမ်းရည်ပဲ။ လေပြင်းအရိပ်ကိုယ်ပွားလို့ ခေါ်တယ်။ ကိုယ်ပွား နှစ်ခုစလုံးက ငါနဲ့ထပ်တူ ခွန်အားတွေ ရှိကြတယ်လေ။ အခု မင်း သုံးယောက် တစ်ယောက် တိုက်ခိုက်နေရပြီ။ မင်း ငါ့လက်ကနေ လွတ်မြောက်နိုင်သေးတယ်လို့ ထင်နေသေးလား?" ဆံပင်ဖြူ အဘိုအို သုံးယောက်စလုံး တစ်ချိန်တည်း လှောင်ပြောင်ပြောကြသည်။

"ဘယ်လိုတောင် ကောက်ကျစ်လိုက်တဲ့ မြေခွေးအိုကြီးတစ်ကောင်လဲ။" ချင်ယွင်က သူ၏စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူသည် တစ်ယောက်တည်းကိုပင် အနိုင်မယူခဲ့ပေ။ ယခု နောက်ထပ် နှစ်ယောက် ရှိလာပြန်ပြီ။ အကယ်၍၊ သူ ထွက်ပြေး လွတ်မြောက်ချင် သည်ဆိုလျှင်, ပို၍ပင် ခက်ခဲတော့မည်။

"ကြည့်ရတာ ငါ ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်းရှာရမယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အဘိုးအို၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်အတွက်၊ သူသည် ကနဦးစကြဝဠာထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်သော်လည်း၊ အဘိုးအိုသည် သူရှိနေသည့်နေရာ၌ ရှိနေသရွေ့ သူသည် ကနဦးစကြာဝဠာထဲမှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။ သူ ပေါ်လာတဲ့အခိုက်မှာ သူ့ကို ရှာဖွေတွေ့ရှိလိမ့်မည်။ ဤအရာက အချိန်ဖြုန်းရုံသက်သက် ဖြစ်လိမ့်မည်။

နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ အလွတ်ကာလသည် သုံးရက်သာ ဖြစ်သည်။ ချင်ယွင်သည် ကောင်းကင်တာအိုသစ်သီးကို ရှာဖွေရန် လိုအပ်နေသေးသည်။ ဤကိစ္စ အတွက် သူ၏အချိန်အားလုံးကို မဖြုန်းတီးချင်ပေ။ ထို့ကြောင့်၊ သူသည် ကနဦး စကြဝဠာ ထဲတွင် နောက်ဆုံးအခိုက်အတန့် မရောက်မချင်း ပုန်းအောင်းမနေချင်ပေ။

"ချာတိတ်လေး၊ မင်းရဲ့ ဦးနှောက်ကို သုံးမနေပါနဲ့တော့။ ဒီလူအိုကြီးရဲ့ လက်ကနေ လွတ်မြောက်ချင်ရင်တော့, မင်းက ငယ်ပါသေးတယ်" အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

ထို့နောက်, သူ၏ရှေ့မှ ပုံရိပ်နှစ်ခုသည် လင်းလက်သွားပြီး၊ အခြားအရပ်မျက်နှာနှစ်ဖက်၌ ပေါ်လာကာ၊ ချင်ယွင်၏ ထွက်ပေါက်ကို လုံးလုံးလျားလျား ပိတ်ဆို့ထားဟန်နိုင်မည့် တြိဂံပုံစံ ပေါ်လာပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်က သူ့အမေကိုပင် ကျိန်ဆဲချင်စိတ် ပေါက်သွားပါ သည်။

ခပ်လှမ်းလှမ်းတွင်၊ ဟူဖန်း၏ မျက်နှာသည် ချင်ယွင် အဘိုးအို၏ သတ်ဖြတ်ခြင်းခံရတော့ မည့် မြင်ကွင်းကို ကြိုမြင်ထားပြီးသား ဖြစ်နေသည့်အတိုင်း သူမ၏ မျက်နှာသည် အပြုံးများ ပြည့်နှက်နေသည်။

ဘန်း..။

ထိုအချိန်တွင် နောက်မှ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်သည် သူ၏လက်ထဲမှ လမ်းလျှောက်တုတ်ကောက်နှင့် အတူ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

"အကြွင်းမဲ့အရိပ် သတ်ဖြတ်ခြင်း။" အဘိုးအိုက အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှာရှိနေသည့် လမ်းလျှောက်တုတ်ကောက်သည် လေဟာနယ်ကိုပင် စုတ်ဖြဲပစ်ရန် လုံလောက်သည့် ပြင်းထန်သော ရှေးဟောင်း ဖရိုဖရဲ အတက်အကျလှိုင်းများ ပါဝင်နေပါသည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင် ဓားကို ဆွဲထုတ်ပြီး တုတ်ကောက်ဆီသို့ ခုတ်ပိုင်းလိုက်သည်။

ချွင်…။

တုတ်ကောက်သည် ကြည်လင်ကောင်းကင်ဓားနှင့် အပြင်းအထန် တိုက်မိပြီး၊ အကန့်အသတ်မဲ့ စွမ်းအားက ချက်ချင်း ပေါက်ကွဲသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်းသည် ပတ်ဝန်းကျင်ကိုပါ သက်ရောက်စေခဲ့သည်။

ချင်ယွင်သည် သူ၏လက်မောင်းမှတဆင့် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး၊ သူ၏တစ်ကိုယ်လုံးသည် ပြန်လည် တွန်းထုတ်ခံရသည်။

သို့သော် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ အင်အားကို မဖယ်ရှားနိုင်ခင်မှာ ချင်ယွင်ဆီသို့ နောက်ထပ် တုတ်တစ်ချောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပြန်သည်။

အခု အကြွင်းမဲ့အရိပ် သတ်ဖြတ်ခြင်းကလည်း အရင်ကထက် အားမနည်းခဲ့ပါချေ။

ချင်ယွင်၏ အမူအရာ ပြောင်းသွားသည်။ ယခုအချိန်မှာ သူ၏လက်တွေက ထုံကျင်နေပြီး သူ၏လှုပ်ရှားမှုတွေက စည်းချက်အတိုင်း မလိုက်ပါနိုင်တော့ဘူး။ တုတ်ကောက် သူ၏ ခေါင်းကို ရိုက်နှက်လာသည်ကို ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။

"ကောင်စုတ်လေး၊ ဒါကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ" အဘိုးအိုက ရယ်မောလိုက်သည်။ ဤတုတ်ကောက်ဖြင့်ဆို လူတစ်ယောက်၏ခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ, ၎င်းတို့၏ ဦးခေါင်းခွံများ ပေါက်ကွဲသွားလိမ့်မည်။ သူတို့၏ ဦးခေါင်းခွံတွေ ပေါက်ကွဲသွားခဲ့ လျှင်၊ အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ပါဘူး။

"တကယ်လား?" သို့သော် ဤအခိုက်အတန့်တွင် အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အနက်ရောင်ဆေဘာအလင်းသည် လေထဲတွင် ထူးထူးခြားခြား ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် တုတ်ကောက်၏ တိုက်ခိုက်မှုကို မတားဆီးဘဲ အဘိုးအို၏လည်ပင်းဆီသို့ တိုက်ရိုက် ဖြတ်ပိုင်းသွားခဲ့သည်။ ဆေဘာအလင်း တွင် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေသည်။

အဘိုးအိုသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ တောက်ပနေသေးသည်။

ဘန်း…။

ချင်ယွင်၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး သွေးမိုးများ ရွာသွန်းသွားပါသည်။ အဘိုးအိုသည်လည်း ဆေဘာအလင်းကြောင့် နှစ်ခြမ်းကွဲသွားပြီး၊ လေထုအမျှင်တန်း အဖြစ် ပြောင်းသွားခဲ့သည်။

"ဟား ဟား၊ ကောင်စုတ်လေး၊ မင်းက မင်းရဲ့ကိုယ်ပိုင်အသက်နဲ့ လဲလှယ်ဖို့ တကယ်ကို ရွေးချယ်ခဲ့တာပဲ။ ငါ့ကိုယ်ပွားတွေက အတုတွေဆိုတာ မင်း မသိဘူးလား?။ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ငါ့ကြောင့် ပေါက်ကွဲသွားခဲ့ပြီ။ မင်း လုံးဝ သေသွားမှာတောင် ငါစိုးရိမ်မိတယ်။ ဟုတ်တယ်မဟုတ်လား?" အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်သည်။

သူ၏သေဆုံးသွားခြင်းက ကိုယ်ပွားအတုတစ်ခုသာ ဖြစ်ပြီး၊ ချင်ယွင်၏ သေဆုံးသွားခြင်းက တော့၊ သူ၏အစစ်အမှန် ခန္ဓာကိုယ် ဖြစ်နေခဲ့သည်။ ထို့ကြောင့်, သူသည် အစောပိုင်းက မရပ်တန့်ဘဲတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဟူဖန်းသည် သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးကို ထုတ်ဖော်ထားပြီး၊ ကလဲ့စားချေနိုင်သည့်အတွက် ကျေနပ်နှစ်သက်နေသည်။

ချင်ယွင်၏ဦးခေါင်း ပေါက်ကွဲသွားပါက သူ၏စိတ်ဝိညာဉ် အနှစ်သာရလည်း ပျောက်ကွယ် သွားမည် ဖြစ်သည်။ စိတ်ဝိညာဉ်အနှစ်သာရ မရှိတော့လျှင်, သူသည် လုံးဝ ပျောက်ကွယ် သွားလိမ့်မည်။ ဤသည်မှာ အင်မော်တယ်ကမ္ဘာရှိ လူတိုင်း သဘောတူညီ လက်ခံထား သည့်အရာဖြစ်သည်။ ထို့ကြောင့် ဤချင်ယွင်သည် သံသယဖြစ်ဖွယ်မရှိ သေဆုံးရလိမ့်မည်။

"အဲဒါက တကယ်ရော ဟုတ်လို့လား?" ချင်ယွင်၏ အသံသည် ကောင်းကင်တွင် ထွက်ပေါ်လာသည်။

လျှပ်စီးစွမ်းရည် ကိုယ်ပွားဘေးမှာ ရပ်နေသော ချင်ယွင်သည် ဦးခေါင်းမရှိပေမယ့်လည်း လဲကျသွားခြင်း မရှိသေးပါချေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် အစွမ်းထက်သော တက်ကြွမှုများလည်း ရှိနေပါသေးသည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?" ဟူဖန်းသည် အံ့သြမှင်သက်စွာဖြင့် မရေရွတ်ဘဲ မနေနိုင်ခဲ့ပါချေ။

ဆံပင်ဖြူ အဘိုးကြီးသည် သူ၏မျက်နှာတွင် အံ့သြသည့် အမူအရာ ရှိနေပါသည်။ သူသည် ဤမျှလောက်ကြာအောင် အသက်ရှင်သန် နေထိုင်ခဲ့သော်လည်း၊ ဦးခေါင်းပေါက်ကွဲပြီး အသက်ရှင်နေသေးသည့်လူမျိုး မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့မြင်ခဲ့ဖူးပါ။

"ဟမ့်၊ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာအားလုံးကို မင်းလိုသာမန်လူတစ်ယောက်က ဘယ်လိုလုပ် သိနိုင်မှာလဲ?" လျှပ်စွမ်းရည်ကိုယ်ပွား ချင်ယွင်သည် နတ်ဘုရားသတ်ဖြတ် ခြင်းကို သူ၏လက်ထဲတွင် ကိုင်ထားရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

တစ်ဖက်တွင်မူ, သူ၏ဘေးမှ ကျိုးပဲ့သွားသော ချင်ယွင်၏ ဦးခေါင်းမှာ သွေးအခိုးအငွေ့များ ထွက်ကျလာသည်။ သွေးမှုန်မွှားများသည် သူ၏ပတ်ဝန်းကျင်တွင် တဝဲလည်လည်နှင့် ရစ်ပတ်နေခဲ့ပြီး နောက်ဆုံးတွင်၊ ၎င်းသည် ယခင်ကဲ့သို့ပင် ဦးခေါင်းအသစ်တစ်ခုကို အမှန်တကယ် ပေါင်းစည်းသိပ်သည်းသွားခဲ့သည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်၏ သတ္တမအဆင့်ဖြစ်သော ရှေးဟောင်းနယ်ပယ် သည် တကယ်ကို မသေနိုင်တော့ပါ။

အရင်တုန်းကတော့ သူ၏အင်မော်တယ် စိတ်ဝိညာဉ်အနှစ်သာရသည် ပြီးပြည့်စုံသည့် အင်မော်တယ် စိတ်ဝိညာဉ်အနှစ်သာရ အခြေအနေမျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ အခုကတော့ မတူတော့ပါဘူး။ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်အနှစ်သာရသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်တိုင်းတွင် ပေါင်းစပ်ထားပြီးဖြစ်ကာ၊ ဆဲလ်တိုင်းသည် သီးခြားတည်ရှိနေပါသည်။ ဆဲလ်တစ်ခုမှမကျန်သည်အထိ မပျက်ဆီးသွားသရွေ့, သူသည် တစ်ဖန်ပြန်လည် မွေးဖွားလာနိုင်သည်။

ဤအချက်ကြောင့်လည်း ချင်ယွင်သည် အဖိုးအိုအား အမှားအယွင်းမရှိဘဲ သူ၏ခေါင်းကို ခုတ်ဖြတ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။

"မင်းကြည့်ရတာ ဒဏ္ဍာရီဆန်ဆန် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို သန့်စင်ခြင်းနည်းပညာရပ်ကို လေ့ကျင့်ကြီး မသေမျိုးအင်မော်တယ်နယ်ပယ်ကို ရောက်ရှိနေခဲ့ပုံရတယ်။" နှစ်ပေါင်း များစွာ ရှင်သန်နေထိုင်ခဲ့သော မွန်းစတားအိုကြီးဆိုသည့်အတိုင်း အဘိုးအိုသည် လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး ချင်ယွင်၏လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်ခဲ့သည်။

"ဟုတ်တယ်.." ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

အခုလေးတင် သူသည် ဆံပင်ဖြူ အဘိုးအို၏ ကိုယ်ပွားကို ဖျက်ဆီးရန် အသက်ကို စတေးသည့် တိုက်ပွဲဝင်နည်းလမ်းကို အသုံးပြုခဲ့သဖြင့် ထိုနည်းလမ်းကို ထပ်မံအသုံးပြုရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ချင်ယွင်သည် ဤကဲ့သို့ ကြီးမြတ်လှသည့် မြေခွေးအိုကြီး ရင်ဆိုင်ရန် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်တော့ပေ။

"ဒါဆို မင်းကိုသတ်ချင်ရင် မင်းရဲ့ဆဲလ်တိုင်းမှာရှိတဲ့ အင်မော်တယ် စိတ်ဝိညာဉ်အနှစ်သာရ အားလုံးကို ရှင်းပစ်ရမှာပေါ့" အဘိုးအို၏ မျက်လုံးများသည် ပြင်းထန်သော သတ်ပစ်လို စိတ်များဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး၊ အဖိုးအို၏ ခန္ဓာကိုယ်မှ ဖော်မပြနိုင်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပါသည်။

ချင်ယွင်၏ မျက်နှာလည်း လေးနက်လာခဲ့သည်။ အတွေးတစ်ချက်ဖြင့် လျပ်စီးစွမ်းရည် ကိုယ်ပွားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

"ကြည့်ရတာ ဒီနည်းလမ်းတစ်ခုပဲ ကျန်တော့တယ်ထင်တယ်။" ချင်ယွင်သည် သူ့ကိုယ်သူ အေးစက်စွာ ရေရွတ်လိုက်ပြီး သူ၏ ဒန်တန်ထဲရှိ စကြာဝဠာသည် စတင်ပျံ့နှံ့လာသည်။

ကောင်းကင်နှင့်မြေကြီး၏ အင်အားကြီးမားသော စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ် ထဲသို့ ဖြည်းညှင်းစွာ တိုးဝင်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် တဆင့်ပြီးတဆင့် မြင့်တက်လာခဲ့သည်။

ဤသည်မှာ ချင်ယွင်သည် တုနှိုင်းမရသည့် စွမ်းအားကို ပိုင်ဆိုင်ထားသော နတ်ဘုရား သတ်ဖြတ်ခြင်းအစီအရင်မှတစ်ဆင့် နားလည်သဘောပေါက်ခဲ့သော ထိုက်ကျိတော်ဝင် တာအို၏ စွမ်းအားပင် ဖြစ်ပါသည်။ ဤသည်မှာ ယခုလက်ရှိ ချင်ယွင် ဆုပ်ကိုင်ထားနိုင် သည့် အပြင်းထန်ဆုံးသော စွမ်းအားဖြစ်သည်။

ယခုအချိန်တွင် သူသည် ဤစွမ်းအားကို လုံးလုံးလျားလျား ပေါက်ကွဲကာ၊ ကောင်းကင်ဘုံမှ လွတ်မြောက်ရန် လမ်းကြောင်းကို လောင်ကျွမ်းပစ်ချင်မိသည်။

All Chapters