အခန်း ၁၀၄၉
Vol. 70 Ch. 1049
အခန်း (၁၀၄၉) အဘိုးအိုကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခြင်း။
ဆံပင်ဖြူ အဘိုးအိုသည် ရုတ်တရက် အငွေ့အသက်များ မြင့်တက်လာသော ချင်ယွင်ကို ကြည့်ကာ ပြင်းထန်သော သတ်ပစ်လိုသည့် အရိပ်အယောင်များက သူ၏မျက်လုံးထဲတွင် ပေါ်လာပါသည်။
သူသည် ချင်ယွင်နှင့် ပို၍တိုက်လေ ဤကောင်စုတ်လေး၏ အလားအလာက မည်မျှထိ ကြောက်စရာကောင်းလဲဆိုသည်ကို သူ ပို၍ နားလည်လာလေ ဖြစ်သည်။
အနာဂတ်ကို မပြောနှင့်၊ ယခုအချိန်တွင် သူသည် ဤကောင်စုတ်လေးကို အမှန်တကယ် လွှတ်ပေးလိုက်ပါက၊ မကြာခင်မှာ, သူသည် ဤကောင်စုတ်လေးကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်တော့ပေ။
နှစ်ရာထောင်ပေါင်းများစွာ ရှင်သန်နေထိုင်ပြီးနောက်၊ သူသည် ဤသည်မှာ မျိုးဆက်သစ် လူငယ်တစ်ဦးထံမှ ကြီးမားသောဖိအားကို ခံစားရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ဤဖိအားသည် ထိုလူ၏ အလားအလာတင်မက သူ၏ခွန်အားမှလည်း ရောက်ရှိလာခြင်း ဖြစ်ပါသည်။
ဝှီး…။
ထိုအချိန်တွင် လေနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုက ဆံပင်ဖြူ အဘိုးအို၏ရှေ့မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသလိုမျိုး ချက်ချင်းဆိုသလို ပေါ်လာပါသည်။ သူ၏လက်ထဲမှ ထက်မြက်သော ဓားသည် ပြင်းထန်သော အငွေ့အသက်နှင့်အတူ ဆံပင်ဖြူ အဘိုးအိုဆီသို့ ခုတ်ပိုင်းသွားသည်။
ဓားသည် ကီလိုမီတာ တစ်သောင်းခန့် ခုတ်ပိုင်းသွားခဲ့ပြီး၊ တောင်တန်းများနှင့် မြစ်ရေပြင် များကိုပင် ဝါးမျိုသွားခဲ့သည်။ ထိုဧရိယာအတွင်း ဘာမှမရှိသည်အထိပင် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။
"ဟမ့်" ဆံပင်ဖြူ အဘိုးကြီးသည် မိုးခြိမ်းသံကဲ့သို့ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပါသည်။
ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာအို စွမ်းအားသည် အရှိန်ပြင်းစွာ ပျံ့နှံ့လာခဲ့ပြီး၊ ဤရှေးသစ်တောထဲတွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာကာ သစ်ရွက်များကို ကောင်းကင်ယံတွင် ပျံဝဲသွားစေခဲ့သည်။
ဆံပင်ဖြူ အဘိုးကြီး နှစ်ယောက်သည် တစ်ချိန်တည်းတွင် လှုပ်ရှားသွားသည်။ နှစ်ယောက် စလုံးသည် အလွန်မင်း လျင်မြန်လွန်းသည်။ သူတို့ထဲမှ တစ်ယောက်က ချင်ယွင်၏ ကြည်လင်ကောင်းကင် ဓားကို တားဆီးဖို့ သူ၏တုတ်ကောက်ကို ပင့်မြှောက်လိုက်သည်။
အခြားပုံရိပ်တစ်ခုသည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင် အနားတွင် ပေါ်လာသည်။ သူ၏လက်ထဲမှ တုတ်ကောက်က ချင်ယွင်၏ နောက်ကျောကို နောက်တစ်ကြိမ် ပစ်ရိုက်လိုက်ပြန်သည်။ တုတ်ကောက်ပေါ်တွင်ပါရှိသော စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ မည်သူ့ကိုမဆို သတ်ပစ်ရန် လုံလောက်ပါ သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် ရက်စက်မှုအရိပ်အယောင်များ သူ၏ မျက်လုံးများတွင် တောက်ပလာသည်။ သူသည် သူ၏သွားများကို တင်းတင်းကြိတ် ပြီး တုန့်ဆိုင်းမနေဘဲ လက်ထဲမှ ကြည်လင်ကောင်းကင်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
"ဖျစ်…”။
အဘိုးအို၏ တုတ်ကောက်ကို တိုက်ရိုက် ဖြတ်တောက်ပြီး၊ အဖိုးအိုသည်လည်း ချင်ယွင်၏ ဓားချက်ကြောင့် နှစ်ပိုင်းကွဲထွက်သွားကာ၊ လေထုအမျှင်တန်းအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ချင်ယွင်သည်လည်း သာလွန်ကောင်းမွန်ခြင်း မရှိပေ။ ဤလှုပ်ရှားမှု အားလုံး ပြီးဆုံးသွား ချိန်မှာပင် သူ၏နောက်ကျောကနေ ကြောက်စရာကောင်းသည့် အင်အားတစ်ခု ထွက်ပေါ်လာပါသည်။
“ဘုန်း..”
ချင်ယွင်၏ နောက်ကျောပေါ်သို့ မြေကြီးပြိုကျစေသော စွမ်းအားတစ်ခုက ချက်ခြင်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဤစွမ်းအားတွင် အလွန်အစွမ်းထက်သော ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်တာအို စွမ်းအားများ ပါဝင်နေသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် တပြိုင်နက် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးကို အရူးအမူး ဖျက်ဆီးပစ်လိုက်ပြီး ချင်ယွင်၏ ဆဲလ်များအတွင်းရှိ အင်မော်တယ် စိတ်ဝိညာဉ် အနှစ်သာရများကို ချေမှုန်းပစ်လိုသည်။
“ဖူး..”။
ချင်ယွင်သည် လေးမှလွှတ်လိုက်သော မြှားတစင်းကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး လွင့်ပျံသွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေခဲ့သည့် ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်တာအို စွမ်းအားက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မလှုပ်မယှက် ဖြစ်စေပြီး ပြင်းထန်သည့် နာကျင်မှုက သူ၏ဦးနှောက်ကို တုန်ခါသွားစေခဲ့ပါသည်။
"ဟမ့်၊ ဒီတစ်ခါတော့ မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ကောင်းလာဖို့ အခွင့်အရေး နည်းနည်းမှ မပေးတော့ဘူး။" အဘိုးအိုသည် လေဟာနယ်ပေါ် ခြေလှမ်းလိုက်ပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။ ကောင်းကင်တာအို၏ စွမ်းအားသည် လေထဲသို့ ပျံ့လွင့်သွားကာ သူ၏ရုပ်အသွင်သည် ချက်ချင်း မှီလာခဲ့သည်။
သူ၏လက်ထဲမှ လမ်းလျှောက်တုတ်ကောက်သည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်လာရင်း၊ သူသည် နောက်တကြိမ် ချင်ယွင်ဆီကို အညှာတာကင်းမဲ့စွာ ပြေးဝင်တိုက်ခိုက်သည်။ သူ၏အမူအရာက ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
“ဘုန်း..”။
ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ တုတ်ကောက်သည် တိုက်ရိုက် လွင့်ပျံသွားခဲ့ပြီး ချင်ယွင်သည် အဝေးသို့ ထပ်မံ လွှင့်ထွက်သွားကာ သွေးများပင် အရူးအမူး အန်ထွက်လာခဲ့သည်။
သို့သော်လည်း အဘိုးအိုသည် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူသည် မရပ်တန့်ခင်၊ ချင်ယွင်ကို လုံးဝ သတ်ပစ်ချင်နေသည့်အလား လေထဲသို့ ထပ်မံ ခြေလှမ်းလိုက်သည်။
"လခွမ်းပေါ့" ချင်ယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလာသည်။
ဤအယုတ်တမာအိုကြီးသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်ပြီး သူ့ကို အသက်ရှုရန်ပင် အခွင့်အရေး မပေးခဲ့ပေ။ သူ့ကို တင်းတင်းကျပ်ကျပ် လိုက်ကိုက်နေသလိုပဲ။
နှစ်ကြိမ်တိုက်ခိုက်မှုအတွင်း ချင်ယွင်၏ဆဲလ်တစ်ဝက်နီးပါး ပျက်စီးသွားခဲ့ရသည်။ အကယ်၍ သူသည် နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်ကိုသာ ထပ်ခံရမည်ဆိုလျှင် သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည် ကိုယ်ပွားကို ဤအဘိုးအိုက လုံးဝ သတ်ပစ်နိုင် လိမ့်မည်။
"အယုတ်တမာအိုကြီး၊ ဒီအခွင့်အရေးကို လက်လွှတ်မခံလိုက်နဲ့။ မဟုတ်ရင် ခင်ဗျားကြီးကို အသားပြားဖြစ်သည်အထိ သေချာပေါက် ရိုက်ချိုးပစ်မယ်" ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သူသည် တကယ်ကို ဒေါသဖြစ်သွားခဲ့ပြီး ဤအဘိုးကြီးသည် အဆိပ်ပြင်းသည့် မြွေထက် ပင် ပိုရက်စက်သည်။ သူတိုက်ခိုက်သည့်အခါ ရက်စက်လွန်းသည်ဟု ပြော၍ ရပါသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းမှာ ဒီအခွင့်အရေး မရှိတော့ဘူး။ မင်း ငါ့လက်ထဲမှာ သေဖို့ သတ်မှတ်ထားပြီးသား" ဆံပင်ဖြူ အဘိုးကြီးက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲမှ အစိမ်းပြာရောင် တုတ်ကောက်မှ တောက်ပသည့် အလင်းတန်းတွေ ထွက်ပေါ် လာခဲ့ပြီး ပြင်းထန်သော အငွေ့အသက်က ပျံ့နှံ့သွားခဲ့သည်။
ဤကြောက်စရာကောင်းသော အငွေ့အသက်ကြောင့် ပတ်ဝန်းကျင်ရှိ မြင့်မားသော ရှေးဟောင်းသစ်ပင်များသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပျောက်ကွယ် သွားခဲ့သည်။
ချင်ယွင်သည် သူ၏နှလုံးကို တလှပ်လှပ်ခုန်စေသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။ မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုက သ်၏နှလုံးသားထဲမှာ ပေါ်လာပါသည်။ အကယ်၍ ထိုတိုက်ခိုက်မှုသာ သူ့ကို ထိမှန်သွားခဲ့မည်ဆိုလျှင်, သူသည် လုံးဝ သေဆုံးသွားမည်မှာ သေချာပါသည်။
"အားလုံး ပြီးဆုံးသွားပါပြီ။" အဘိုးအို၏အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး၊ သူ၏ စွမ်းအား သည် လွှမ်းမိုးနိုင်စွမ်းရှိနေပါသည်။
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းနိုင်သော ဧရာမနတ်ဘုရားကဲ့သို့ သူ၏လက်၌ရှိသော တုတ်ကောက်သည် ကောင်းကင်ကို ထိုးဖောက်လာခဲ့သည်။
"ကနဦး စကြာဝဠာထဲမှာ ငါ တကယ်ပဲ ပုန်းနေရတော့မှာလား?။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်နှာက မလိုလားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။
စကြဝဠာတွင် ပုန်းအောင်းခြင်းသည် သူ၏နောက်ဆုံးရွေးချယ်မှု ဖြစ်သည်။ မလိုအပ်လျှင်၊ သူသည် ဤအဆင့်ကို ရွေးချယ်မှာ မဟုတ်ပါဘူး။ သို့သော် သူသည် ဤအဆင့်သို့ ရောက်နေပြီဟု ထင်ရသည်။
ဘန်း..။
သို့သော် ဤအခိုက်အတန့်တွင် ချင်ယွင်၏ စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ တစ်ခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားပါသည်။ အဝေးမှာရှိနေသည့် သစ်ရွက်ခြောက်များသည် လေထဲတွင် ရပ်တန့်သွားကာ တဟုန်ထိုး လွင့်ပျံနေသော လေစီးကြောင်းများလည်း လုံးဝ ရပ်တန့်သွားခဲ့သည် ။
အရေးကြီးဆုံးမှာ ဆံပင်ဖြူအဘိုးကြီးသည် လေထဲတွင် ရှိနေခဲ့ပြီး၊ သူ၏လက်ထဲမှ လမ်းလျှောက်တုတ်သည် ချင်ယွင်၏ မျက်နှာမှ သုံးပေအကွာတွင် ပျံဝဲနေလေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ စိတ်အားကြွသည့် အရိပ်အယောင်များ သူ၏မျက်လုံးများမှတဆင့် တောက်ပလာသည်။
မှန်ပါသည်။ ဤအရာက သူ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်၊ အချိန်ရပ်တန့်ခြင်း ဖြစ်ပါ သည်။
ထိုအချိန်တွင်၊ ချင်ယွင်သည် လူသားအသွင်ဖြင့် ဤနတ်ဘုရားစွမ်းရည်ကို အသုံးချနိုင်မည် လားဟု တွေးလိုက်မိသည်။ အဆုံးတွင်, သူသည် အရင်က တစ်ကြိမ်တစ်ခါမှ မစမ်းဖူး သပ်ပေ။ ထို့ကြောင့် သူသည် စွန့်စားရန် ဆုံးဖြတ်လိုက်ပါသည်။
သို့သော် အောင်မြင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ လူသားအသွင်ဖြင့် သူသည် အမှန်တကယ် ပင် ၎င်း၏မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးချနိုင်ခဲ့သည်။
အချိန်သည် တစ်စက္ကန့်မျှသာ ကြာမြင့်သော်လည်း၊ ဤစက္ကန့်သည် ကျွမ်းကျင်သူများ အတွက် များစွာ လုပ်ဆောင်နိုင်ပါသည်။ ချင်ယွင်၏အဆင့်မျိုးတွင်မူ၊ ၎င်းတို့သည် တစ်စက္ကန့်အတွင်း ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည်။
ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် အဖိုးအိုကို ကြည့်လိုက်ပြီး ချက်ချင်းပင် သတ်ပစ်ရန် ကြံရွယ်ထားသည်။
အဘိုးအိုသည် အခုလေးတင် သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ အခု အဘိုးကြီးကို သတ်ပစ်ရန် အခွင့်အရေးကောင်းပင် ဖြစ်သည်။
ဘန်း…။
ကြည်လင်ကောင်းကင်ဓားသည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ချက်ချင်းဆိုသလိုပင် ကြည်လင်ကောင်းကင်ဓားပေါ်တွင် ပျံ့နှံ့လာကာ ဆံပင်ဖြူ အဘိုးအို၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားသည်။
ထိုအချိန်မှာ ဆံပင်ဖြူ အဘိုးကြီးသည် မလှုပ်နိုင်တော့ပါဘူး။ သူသည် စဉ်းတီတုန်းပေါ်ရှိ ငါးတစ်ကောင်လိုဖြစ်နေပြီး၊ ချင်ယွင်ကို သတ်ဖြတ်ရန် ခွင့်ပြုလိုက်ရသည်။
သို့သော်၊ ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားသည် အဘိုးအိုကို ထိမှန်ခါနီးတွင်ပင်၊ ထိုအဘိုးအို၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် အနည်းငယ် လှုပ်ရှားသွားပြီး ဤပြင်းထန်သော ဓားချက်ကို ရှောင်ရှားလိုက်သည်။
ကြည်လင်ကောင်းကင်ဓားသည် ဆံပင်ဖြူ အဘိုးအို၏ ရင်ဘတ်ကို ဖြတ်သန်းသွားကာ ကြီးမားသော သွေးထွက်သံယို ဒဏ်ရာကြီးအဖြစ် ဆုတ်ဖြဲပစ်လိုက်သည်။ အရိုးတွေကို မြင်တွေ့နိုင်သော်လည်း အသက်သေဆုံးခြင်းမျိုး မရှိခဲ့ပါဘူး။
"ဘာလဲ?" သူသည် ချက်ချင်း နောက်ပြန်ဆုတ်သွားရင်း ချင်ယွင်၏ မျက်နှာသည် အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
ယခုအချိန်သည် အချိန်မစေ့သေးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားသော်လည်း ဤအဘိုးအိုသည် သူ၏အချိန်ထိန်းချုပ်မှ လွတ်မြောက်သွားခဲ့သည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို လက်မအနည်းငယ် ရွှေ့ပြောင်းကာ ပြင်းထန်သော ထိုးနှက်ချက်ကို ရှောင်ရှားလိုက်သည်။
"ဖူး..”။
ကောင်းကင်နှင့်မြေကြီးသည် ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာကာ ဆံပင်ဖြူ အဘိုးအိုသည် သွေးများကို ထွေးထုတ်လိုက်သည်။ သူ၏ အငွေ့အသက်သည်လည်း ချက်ချင်းပင် အားနည်းသွားသည်။
ချင်ယွင်၏ဓားသည် သူ့ကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း၊ ကြည်လင်ကောင်းကင်ဓားပေါ်မှ သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာဒဏ်ရာရစေသည့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ ပါရှိနေသည်။ ထို့အပြင်၊ ကြည်လင်ကောင်းကင်ဓားကိုယ်တိုင်က အားကောင်းပြီး ပြင်းထန်သော အငွေ့အသက်များ ပိုင်ဆိုင်ထားသောကြောင့် ဆံပင်ဖြူ အဖိုးအိုသည် ကောင်းကင်တာအို နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင်ပင် ဤဓားခုတ်ချက်သည် သူ့အတွက် လုံလောက်ဆဲ ဖြစ်သည်။
သူသည် ချင်ယွင်၏ ကောင်းကင်ဘုံကို အံတုနိုင်သော ပြန်လည် ကုသနိုင်စွမ်းမျိုး ပိုင်ဆိုင်မ ထားပေ။ အဝေးမှာ လွင့်မျောနေသော ချင်ယွင်ကို မှိုင်းညို့နေသော မျက်လုံးတစ်စုံက စိုက်ကြည့်သော်လည်း သူ၏မျက်နှာက ထိတ်လန့်တုန်လှုပ်မူ အပြည့်ရှိနေသည်။
"အချိန်စွမ်းရည် ကောင်းကင်တာအိုလား?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဆံပင်ဖြူ အဘိုးကြီးသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အံ့သြစွာဖြင့် မေးလိုက်မိသည်။