← Chapters

အခန်း ၁၀၅၀

Vol. 70 Ch. 1050

အခန်း ၁၀၅၀

Vol. 70 Ch. 1050

အခန်း (၁၀၅၀) အဘိုးအိုကို ခြောက်လှန့်၍ ထွက်ပြေးစေခြင်း။

အချိန်စွမ်းရည် ကောင်းကင်တာအိုသည် စိတ်ကူးယဉ်မှုကို ကျော်လွန်နေသော ဥပဒေသ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီလာ အချိန်စွမ်းရည် ကောင်းကင်တာအိုကို မဆိုထားနှင့်။ လေဟာနယ်စွမ်းရည် ကောင်းကင်တာအိုကို နားလည်နိုင်သူများသည်ပင် ရှားပါးလှပါ သည်။

ဒဏ္ဍာရီအရဆို, အချိန်စွမ်းရည် ကောင်းကင်တာအိုကို နားလည်သဘောပေါက်သည့် လက်ရွေးစင် ပါရမီရှင်တစ်ဦးသည် ဟိုးရှေးရှေးတုန်းက ပေါ်ထွန်းခဲ့ဖူးသည်။ သူသည် အချိန်စွမ်းရည် ကောင်းကင်တာအိုကို အသုံးပြု၍ အင်မော်တယ် ဧကရာဇ်နယ်ပယ်ထဲသို့ ခြေလှမ်းဝင်ရောက်စမှာပင် သူ၏ကျင့်ကြံမူအဆင့်ဖြင့် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ်ဧကရာဇ်များကို သတ်ဖြတ်ခဲ့သည်။ သူသည် ကောင်းကင် တာအိုနယ်ပယ်၏ ဒုတိယအဆင့်သို့ ဝင်ရောက်လာသောအခါတွင်၊ သူသည် အင်မော်တယ် ဧကရာဇ်များကြားမှာ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပြီ၊ သူ၏အင်အားသည် အဓိပတိဉသျှော င်တစ်ပိုင်းနှင့်ပင် နှိုင်းယှဉ်နိုင်ခဲ့သည်။

ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်အရောက်တွင်, သူသည် ကြယ်အထွက် အထိပ်ပုဂ္ဂိုလ်ကို စိန်ခေါ်ပြီး ရှုံးနိမ့်သွားခဲ့သည်။

မှန်ပါသည်။ သူရှုံးနိမ့်ပြီး နောက်ဆုတ်ခဲ့ရသော်လည်း အနိုင်ရလုနီးနီးပင်။

ထို့ကြောင့် လူတိုင်း၏ အမြင်မှာ, အချိန်စွမ်းရည် ကောင်းကင်တာအိုကို နားလည် သဘော ပေါက်သော အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အထွက်အထိပ်ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်ပြီး၊ အလားအလာအရဆိုလျှင်၊ သူသည် အထွက်အထိပ် ပုဂ္ဂိုလ်များ အထက်မှာပင် ရှိနေပါသည်။

ချင်ယွင်သည် အစောပိုင်းက သူ၏အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးလိုက် စဉ်မှာ, ဆံပင်ဖြူ အဘိုးကြီးသည် အချိန်စွမ်းရည် ကောင်းကင်တာအို ဉပဒေသကို ချက်ခြင်း တွေးတောလိုက်မိသည်။ အဆုံးတွင်, သူ၏အမြင်အရဆို၊ ချင်ယွင်သည် လူသားတစ်ဦး ဖြစ်ပြီး၊ လူသားများသည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် နတ်ဘုရားစွမ်းရည်ကို ဘယ်သောအခါမျှ ရရှိပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် အဖိုးအို၏ မှားယွင်းစွာပြောစကားကို ကြားလိုက်ရပြီးနောက် သူသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ လူသားအသွင်ဖြင့် သူ၏မွေးရာပါ နတ်ဘုရား စွမ်းရည် ကို အသုံးပြုနိုင်မည်ဟု သူမျှော်လင့်မထားသော်လည်း ဤအဘိုးအိုက သူသည် အချိန်စွမ်းရည် ကောင်းကင်တာအို ဉပဒေသကို အသုံးပြုနေခြင်းဟု လွဲမှားစွာထင်မြင်နေ ခဲ့သည်။ ဤအရာက ချင်ယွင်ကို သူ၏စိတ်ထဲတွင် မထိန်းနိုင်သည်အထိ ရယ်မောစေခဲ့ သည်။

အဘိုးအိုသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း၊ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီးနောက်တွင် သူသည်လည်း ကြိုးတစ်ချောင်း၏အဆုံးထိ ရောက်ရှိနေခဲ့သည်။ ထို့ကြောင့်၊ အကယ်၍, ဤအဘိုးအိုသည် သူ့ကို အမှန်တကယ် သတ်ချင်လာခဲ့လျှင်, သူသည် ကနဦးစကြာဝဠာထဲတွင်သာ ပုန်းနေနိုင်ပါသည်။

သို့သော်လည်း, အခု သူသည် ထိုအတိုင်းလုပ်ဆောင်ရန် မလိုအပ်တော့ပါချေ။ အဘယ့်ကြောင့်ဆိုသော်, သူသည် အဘိုးအိုကို အလိုအလျောက် ဆုတ်ခွာသွားစေရန် အလွန်ကောင်းမွန်သည့် နည်းလမ်းကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။

"အဲဒါကို ခင်ဗျား မြင်တွေ့နိုင်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။ မှန်တယ်။ ကျုပ် အခုလေး တင် အသုံးပြုလိုက်တာက အချိန်စွမ်းရည် ကောင်းကင်တာအိုစွမ်းအားပဲ" ချင်ယွင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါသည်။

သင်တို့၏ ခန့်မှန်းချက်က မှန်ကန်ပါသည်။ ချင်ယွင်၏နည်းလမ်းကတော့ တင်းမာစွာ ပြုမူလှုပ်ရှားပြီး ဤအဘိုးအိုကို အဝေးသို့ မောင်းထုတ်ရန် ဖြစ်ပါသည်။

ချင်ယွင်၏စကားကို ကြားသောအခါ အဘိုးအို၏မျက်ခုံးများက ချက်ချင်း တွန့်သွားခဲ့သည်။ ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုကို ကြားလိုက်ရသလိုပင်။ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေက ပို၍ပင် ကြောက်ရွံ့လာဟန်ရသည်။

အဘိုးအိုသည် သူ့အား ကြောက်ရွှံ့ထိတ်လန့်နေသည်ကို ချင်ယွင် မြင်လိုက်ရသောအခါ၊ သူသည် ချက်ခြင်းပင် သူ၏စိတ်ထဲမှာ ရယ်မောလိုက်သည်။ သို့သော် သူ၏မျက်နှာကတော့ တည်ငြိမ်နေသည်။ ထို့နောက် သံကိုရိုက်နှက်ရန် အပူပေးအချိန်ကို အခွင့်ကောင်းယူကာ ပြောလိုက်သည် "ဟမ့်၊ ကျုပ်က အထွက်အထိပ်ပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဆွဲဆောင်ခံရမှာ ကြောက်လို့ ထုတ်ဖော်မပြချင်ခဲ့ပေမယ့် အခုလေးတင် ခင်ဗျားက ကျုပ်ကို အချိန် အတော် ကြာအောင် ရိုက်နှက်ခဲ့တယ်။ တကယ်လို့ ကျုပ်သာ အဲဒီစွမ်းရည်ကို အသုံးမပြုဘူးဆိုရင်, ကျုပ်လည်း ခင်ဗျားသတ်တာ ခံနေရလောက်ပြီ။ ဘယ်လိုလဲ၊ စောစောက အချိန်ရဲ့ ခံစားချက်က မဆိုးဘူး မဟုတ်လား။

ချင်ယွင်၏ အသံသည် အေးစက်ပြီး မောက်မာသထက် မောက်မာပုံပေါက်လာသည်။

ဆံပင်ဖြူ အဘိုးအို၏ အမူအရာက မည်းမှောင်သွားသည်။ အစောပိုင်းက သူသည် ချင်ယွင်၏ သတ်ဖြတ်ခံရလုနီးပါး ဖြစ်နေခဲ့ပြီဆိုသည့် အတွေးကဝင်ရောက်လာခဲ့ပြီး၊ ကြောက်ရွံ့မှုက ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။

အသက်ကြီးလာလေလေ သူ၏အသက်ကို ပို၍ မြတ်နိုးလာလေပင်။

"မဖြစ်နိုင်ပါဘူး၊ အချိန်စွမ်းရည် ကောင်းကင်တာအိုကို နားလည်သဘောပေါက်ဖူးတဲ့ တစ်စုံတစ်ယောက် ထွက်ပေါ်လာခဲ့တာတောင်မှ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပါပြီ။ အချိန် စွမ်းရည် ကောင်းကင်တာအိုကို မင်းက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။" ဆံပင်ဖြူ အဘိုးကြီးသည် ချင်ယွင် အချိန်စွမ်းရည် ကောင်းကင်တာအိုကို နားလည်ထားသည်ကို မယုံကြည်သည့်အလား လျင်မြန်စွာ ရှင်းပြလိုက်သည်။

"မှန်တယ် အကြီးယု၊ သူက အကြီးအကဲယုကို လိမ်နေတာ။ သူက အနှစ်တစ်ရာတောင် မကျင့်ကြံရသေးဘူး။ ဒီတော့ အချိန်စွမ်းရည် ကောင်းကင်တာအိုကို ဘယ်လိုလုပ် နားလည် နိုင်မှာလဲ" ဟူဖန်းသည် အဝေးကနေ ကြားဖြတ်ပြောလိုက်သည်။

ထိုစကားများကို ကြားတော့ ဆံပင်ဖြူအဘိုးကြီးသည် သံသယဖြစ်ဟန် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး ကျီစားလိုဟန်ဖြင့် ပြောလိုက်သည် "အိုး၊ ခင်ဗျားတို့ မယုံဘူးဆိုရင်လည်း ကျုပ်ရဲ့ အချိန်ကုန်လွန်ခြင်းစွမ်းရည်ကို ခံစားခွင့်ပြုမယ်"

ထိုသို့ပြောပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော ပြောင်းလဲမှုတစ်ခု ထွက်လာ ပြီး ဆံပင်ဖြူ အဘိုးကြီးနှင့် ဟူဖန်းတို့ နှစ်ဦးစလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။

ဘန်း..။

ဆံပင်ဖြူအဘိုးကြီးနှင့် ဟူဖန်းတို့နှစ်ယောက်စလုံးသည် လျင်မြန်စွာပင် အသက်အရွယ် ကြီးရင့်လာကြပြီး၊ သူတို့၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပို၍ နက်ရှိုင်းလာ သည်။

"အား.." ဟူဖန်းသည် သူမ၏မျက်နှာကို ဖုံးအုပ်ကာ အော်ဟစ်လိုက်ပြီး အသက်ကြီးနေပြီ ဖြစ်သော သူမ၏မျက်နှာသည် ပို၍ပင် အသက်ကြီးလာခဲ့သည်။

ဆံပင်ဖြူအဘိုးကြီး၏ မျက်လုံးများသည်လည်း ထိတ်လန့်မှု အပြည့်နှင့်ပင်။ ထိုအချိန်တွင်၊ ချင်ယွင်သည် အချိန်စွမ်းရည် ကောင်းကင်တာအိုဉပဒေသများကို သုံးနိုင်သည်ကို သူသည် အနည်းငယ်မျှပင် သံသယမရှိတော့ပေ။

"သွားကြရအောင်!"

ဆံပင်ဖြူ အဘိုးကြီးသည် ဟူဖန်းကို အမြန်ဆွဲကိုင်လိုက်ပြီး၊ ချင်ယွင်သည် အချိန်၏ စွမ်းအားကို အသုံးပြု၍ သုတ်သင်ပစ်မည်ကို ကြောက်ရွံ့နေသကဲ့သို့၊ ကောင်းကင်ဘုံ ချိုးဖျက်ခြင်းသော့ကို ချက်ချင်း အသုံးပြုကာ ပျောက်ကွယ်သွားလေသည်။

ချင်ယွင်သည် ဆံပင်ဖြူအဘိုးကြီးနှင့် ဟူဖန်းတို့ ပျောက်ကွယ်သွားသည့် နေရာကို သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်အပြုံးဖြင့် ကြည့်လိုက်ပါသည်။

"မြေခွေးအိုကြီး၊ ခင်ဗျားလည်း လှည့်စားခံရမယ့် အချိန်တွေ ရှိနေသေးတာပဲ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

အခုလေးတင် သူ အသုံးပြုခဲ့သည့်စွမ်းအားက အချိန်စွမ်းရည် ကောင်းကင်တာအိုလား?။ သူသည် အချိန်စွမ်းရည် ကောင်းကင် တာအိုကို အသုံးပြုရန် ကနဦးစကြဝဠာ၏ စွမ်းအားကို ငှားရမ်းနိုင်သော်လည်း၊ ထိုသို့ပြုလုပ်ပါက, ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်း သည် ချက်ချင်း ရှာဖွေတွေ့ရှိသွားမည် ဖြစ်သည်။ သူသည် ယခုအချိန်တွင် ကောင်းကင်ဘုံ ကို မတိုက်ချင်သေးပါ။

သူ အခုလေးတင် အသုံးပြုခဲ့သည့် အရာက သစ်သားစွမ်းရည်ကိုယ်ပွား ကျွမ်းကျင်စွာ တတ်ကျွမ်းထားသည့် အသက်၏ နယ်မြေတစ်ခု ဖြစ်ပါသည်။ အသက်နယ်မြေသည် နယ်မြေအတွင်းရှိ သက်ရှိအားလုံးကို ဝါးမြိုသွားနိုင်ပြီး အချိန်၏အကျိုးသက်ရောက်မှုကို လျင်မြန်စွာ ကုန်ဆုံးသွားစေနိုင်ပါသည်။ ထိုမှသာ ဆံပင်ဖြူ အဘိုးအိုသည် မျက်စိလည် သွားပေးလိမ့်မည်။

သေချာသည်မှာ, ဆံပင်ဖြူ အဘိုးကြီးသည် ယခုအချိန်တွင် ချင်ယွင်၏ အချိန်ရပ်တန့်ခြင်း စွမ်းအားကြောင့် သေသည်အထိ ထိတ်လန့်နေခဲ့ပါသည်။ အကယ်၍, အဘိုးအိုသည် အမှန်တကယ် စိတ်တည်ငြိမ်သွားမည်ဆိုလျှင်၊ ဤအရာက လှည့်စားမှုတစ်ခုဟု မြင်လာပါလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည်လည်း အလျင်အမြန် ထွက်ခွာခဲ့ရသည်။ ထိုသို့မဟုတ်ရင်, အဘိုးကြီး ပြန်ရောက်လာပါက ဒုက္ခရောက်လိမ့်မည်။

ဘန်း..။

ချင်ယွင်၏ ရုပ်အသွင်သည် တောက်ပလာပြီး ထိုနေရာမှထွက်ခွာရန် ချက်ချင်းပင် တည်နေရာရွေ့ပြောင်းခြင်းကို အသုံးပြုခဲ့သည်။

သေချာပါသည်။ ချင်ယွင် တယ်လီပို့စနစ်ကို အသုံးပြုကာ ထွက်သွားပြီးနောက်၊ ဆံပင်ဖြူ အဘိုးကြီးနှင့် ဟူဖန်းတို့သည် ချင်ယွင် မတ်တပ်ရပ်နေသည့်နေရာတွင် အမှန်တကယ် ပေါ်လာခဲ့ပါသည်။

ဆံပင်ဖြူ အဘိုးကြီးသည် လွတ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ၊ သူ၏မျက်လုံးများက အေးစက်စက် အလင်းတန်းနှင့်အတူ တဖျပ်ဖျပ်ခတ်နေပါသည်။ သူက ဒေါသတကြီး ကျိန်ဆဲလိုက်သည် "လခွမ်းပေါ့၊ သူ့ကို တကယ်ပဲ လွတ်မြောက်ခွင့် ပေးလိုက်ရတယ်။ ဒီကောင်စုတ်က တကယ် လိမ္မာပါးနပ်ပြီး ရက်စက်တယ်။ သူက ငါ့ကိုတောင် လှည့်စားသွားတယ်"။

"အကြီးကဲယု၊ အကြီးကဲ မြင်တဲ့အတိုင်းပဲ၊ ဒီချင်ယွင် မသက်ရှင်နေလို့ မရဘူးဆိုတာ သေချာတယ်။ တကယ်လို့ သူ အသက်ရှင်ခွင့်ရသွားခဲ့ရင် သူက ကျွန်မတို့ ကောင်းကင်ဘုံဂိုဏ်းရဲ့ ရန်သူကြီးတစ်ယောက် ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။" ဟူဖန်းက ပြောသည်။

အဘိုးအိုက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြီး "ငါ ဒီကလေးကို တကယ်ပဲ ဆက်လက် ရှင်သန်ခွင့် မပေးနိုင်ဘူး။ ဒါပေမယ့် ငါက ဒဏ်ရာအပြင်းအထန် ရနေပြီး ဘုရားမြုပ်နှံခြင်း တောင်တန်းကလည်း အန္တရာယ်များတယ်။ ကမူးရှူးထိုးလုပ်တာက မသင့်တော်ဘူး။ ငါ့ဒဏ်ရာကို အရင်ကုစားပြီးမှ သူ့ကို သွားရှာမယ်။ နောက်တခေါက်တော့ ငါ သူ့ကို အလွတ်မပေးတော့ဘူး”

ထိုသို့ပြောပြီးနောက် ဆံပင်ဖြူအဘိုးကြီးသည် တင်ပျဉ်ခွေထိုင်ကာ ချင်ယွင်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို ကုစားရန် စတင်လိုက်သည်။ ဟူဖန်းသည် အဖိုးအိုကို ကာကွယ်ရန်အတွက် ဘေးတွင်ရပ်နေပါသည်။

ချင်ယွင်သည် ထွက်ခွာရန် တယ်လီပို့စနစ်ကို အသုံးပြုပြီးနောက်တွင် သစ်ပင်ကြီး တစ်ပင်အောက်တွင် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

အရင်တိုက်ပွဲများတွင် သူသည် ဒဏ်ရာအများပြား ရရှိထားခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် သူ၏ အသက်နယ်မြေနှင့် တည်နေရာရွှေ့ပြောင်းခြင်းကို အတင်းအကျပ် အသုံးပြု ခဲ့သည်။ ယခုအချိန်တွင် ချင်ယွင်သည် လွန်ကဲစွာ အားနည်းနေသည်။ ထို့ကြောင့် သူ့အတွက် အရေးကြီးဆုံးအရာက သူ၏ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာရန် ဖြစ်ပါသည်။

ဘန်း..။

ချင်ယွင်သည် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး အန္တရာယ်မရှိသည်ကို တွေ့ရှိသောကြောင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။

ယခင်က ဆံပင်ဖြူ အဘိုးအို၏ တိုက်ခိုက်မှု နှစ်ခုကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စိတ်ဝိညာဉ် အနှစ်သာရ တစ်ဝက်ကျော် သေဆုံးခဲ့ရသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ချင်ယွင်၏ ဒဏ်ရာများက ယခင်ကထက် ပိုမိုပြင်းထန်လာသည်။ ယခုလိုပြင်းထန်သည့် ဒဏ်ရာများကို ပြန်လည်ကုသခြင်းက လွယ်ကူသည့် အလုပ်တော့ မဟုတ်ပါဘူး။ ပြန်လည်ကုသနိုင်ရန် သူသည် အဝါရောင်ချီ အမြောက်အမြား လိုအပ်ပါသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို ဖြန့်ဝေခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်မှ အဝါရောင်ချီ အများအပြားကို အသုံးပြုခဲ့သည်။ အဆုံးတွင်, အဝါရောင်ချီအားလုံးသည် သူ၏ခန္ဓာကိုယ်ပေါ်မှာ စုရုံးလာကြပါ သည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီ ဝင်လာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။

သို့သော်လည်း ချင်ယွင်၏ လှုပ်ရှားမှုများက ဆွဲဆောင်ခံနေရသကဲ့သို့ အမှောင်ထဲတွင် သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်ကို ချင်ယွင် သတိမထားမိခဲ့ပေ။

စာစဉ် (၇၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters